မာတိကာသို့ ခုန်သွားရန်

အောင်သူ (နိုင်ငံရေးသမား)

ဝီကီပီးဒီးယား မှ
(အောင်သူ၊ ဦး မှ ပြန်ညွှန်းထားသည်)
အောင်သူ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် အောင်သူ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဦးအောင်သူ
တိုင်းဒေသကြီး လွှတ်တော်အမတ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ဝမ်းတွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1966-06-09) ၉ ဇွန်၊ ၁၉၆၆ (အသက် ၅၈)
တဲစုရွာဝမ်းတွင်းမြို့နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ဝင်းမြင့်ကြည်
သားသမီးဖြိုးမြင့်အောင်သူ
မိဘဦးထွန်းကြိုင်
ဒေါ်လှညွန့်
ပညာရေးB.Econ (Economics)
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒဗုဒ္ဓဘာသာ

ဦးအောင်သူသည် မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [] သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးလည်းဖြစ်သည်။

အစောပိုင်းဘဝ

[ပြင်ဆင်ရန်]

ဦးအောင်သူကို ၁၉၆၆၊ ဇွန်လ ၉ ရက် မန္တလေးတိုင်းဒေသကြီးဝမ်းတွင်းမြို့နယ်တဲစုရွာတွင် မွေးဖွားခဲ့သည်။

ပညာရေး

[ပြင်ဆင်ရန်]

အခြေခံပညာကို ဝမ်းတွင်းမြို့နယ်တဲစုရွာ မူလတန်းကျောင်း၊ ပင်းတလဲ အလယ်တန်းကျောင်း၊ အ.ထ.က (၁) မိတ္ထီလာမြို့တို့တွင် သင်ယူခဲ့ပြီး အခြေခံပညာအထက်တန်းစာမေးပွဲကို သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။(၁၉၈၃-၈၄)မှ(၁၉၈၆-၈၇) ပညာသင်နှစ်များတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး စီးပွားရေးပညာဘွဲ့ B.Econ (Economics) ကို ရရှိခဲ့သည်။

နိုင်ငံရေး

[ပြင်ဆင်ရန်]

ဦးအောင်သူသည် (၁၉၈၈) ဒီမိုကရေစီလူထုအရေးတော်ပုံတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး (၁၉၈၈) စက်တင်ဘာ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ ဝမ်းတွင်းမြို့နယ်စည်းရုံးရေးကော်မတီ ၂၁ ဦးအဖွဲ့ဝင် (၁၉၉၀) ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာလှအောင်(B.A, D,IR, D,RI,Ph.D) အမှတ်(၂)မဲဆန္ဒနယ်မြေ ဝမ်းတွင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအောင်နိုင်ရေးအတွက် အဖွဲ့ချုပ်လူငယ်တစ်ဦးအနေဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည်။ ပါတီတာဝန်မှာမန္တလေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တိုင်းတောင်သူလယ်သမားရေးရာကော်မတီဝင်ဖြစ်သည်။ [] ယခုလက်ရှိတွင် ဝမ်းတွင်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ []

လူမှုရေးဆောင်ရွက်ချက်

[ပြင်ဆင်ရန်]

(၂၀၁၃-၂၀၁၅)ဩဂုတ်အထိ(၈/၉/၁၀)တန်းအင်္ဂလိပ်စာဘာသာရပ်သင် အလွတ်သင်စေတနာကျောင်းဆရာအဖြစ် ပညာသင်ကြားပေးခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]