အောင်လအန်ဆန်း
| Aung La Nsang | |
|---|---|
| မွေးဖွား | Aung La Nsang မေ ၂၁၊ ၁၉၈၅ မြစ်ကြီးနား၊ ကချင်၊ မြန်မာ |
| နာမည်ပြောင် | The Burmese Python[၁] |
| နိုင်ငံသား | |
| အမြင့် | ၆ ft ၁ in (၁.၈၅ m) |
| ကိုယ်လေးချိန် | ၂၀၄ lb (၉၂.၅ kg; ၁၄.၆ st) |
| ကွဲပြားမှု | Middleweight (205 lbs) Light Heavyweight (225 lbs) Cruiserweight (225 lbs) |
| စတိုင် | ဘရာဇီး ဂျူဂျစ်ဆု၊ လက်ဝှေ့၊ မွေထိုင်း |
| Stance | Orthodox |
| Fighting out of | Fort Lauderdale, Florida, United States |
| အသင်း | Sanford MMA Hard Knocks 365 (former) |
| တက်ကြွသောနှစ်များ | ၂၀၀၅–လက်ရှိ |
| ကိုယ်ခံပညာပေါင်းစုံအတတ် မှတ်တမ်း | |
| စုစုပေါင်း | 38 |
| နိုင်ပွဲများ | 26 |
| By knockout | 12 |
| By submission | 12 |
| By decision | 2 |
| ရှုံးပွဲများ | 11 |
| By knockout | 4 |
| By submission | 3 |
| By decision | 4 |
| No contests | 1 |
| အခြား သတင်းအချက်အလက် | |
| Mixed martial arts record from Sherdog | |
အောင်လအန်ဆန်း (အင်္ဂလိပ်: Aung La Nsang,၂၁ မေ ၁၉၈၅ မွေးဖွား)သည် မြန်မာ့စပါးအုံးမြွေ (Burmese Python) ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ အရပ် ၆ ပေ ၁ လက်မနှင့် ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင်ရှိပြီး ကျောပြင်ပခုံးနေရာတွင် "Jinghpaw" ဟု တက်တူးရေးထိုးထားသော MMA လိုက်ဟဲဗီးဝိတ်တန်းရှင် ၎င်းသည် မြန်မာနိုင်ငံဖွား၊ကချင်လူမျိုး၊ အမေရိကန်နိုင်ငံသားဖြစ်သည်။
သူသည် စင်္ကာပူအခြေစိုက် ဝမ်းချန်ပီယံရှစ် (ONE Championship) အဖွဲ့အစည်းက ကျင်းပသည့် ဝမ်းချန်ပီယံရှစ်ခါးပတ်လုပွဲများတွင် လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းတို့တွင် ချန်ပီယံဖြစ်ခဲ့သည်။ [၃][၄]၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၄ ရက် တွင် အနှစ် ၂၀ ကျော် သက်တမ်းရှိ MMA (mixed martial arts) ဖိုက်တာဘဝကို နိုင်ပွဲဖြင့် နှုတ်ဆက်ရင်း ကစားသမားဘဝမှ အနားယူခဲ့သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]အောင်လသည် ရတနာလုပ်ငန်းရှင် ဦးအင်ဆန်တူးအောင်နှင့် ဒေါ်ရှဒန်နန်ဘူတို့၏ မွေးချင်း ၅ ဦးထဲမှ တတိယမြောက်သား ဖြစ်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ကချင်တိုင်းရင်းသားတဦး ဖြစ်ကာ အတန်းပညာကို ရန်ကုန် International School တွင် တက်ရောက် သင်ကြားခဲ့ပြီး၊ ၂၀၀၁ ခုနှစ်အကုန် ၂၀၀၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတွင် စတင် အခြေချနေထိုင်ခဲ့သည်။
အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ်၊ အင်ဒရူးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘာသာရပ်နှင့် ဘွဲ့ရရှိထားသူ ဖြစ်သည်။
ကစားသမားဘဝ
[ပြင်ဆင်ရန်]၂၀၀၅ ခုနှစ်၊ တက္ကသိုလ် တက်နေစဉ် ကာလမှာပင် အပျော်တမ်း ကလပ်ပွဲများ၌ ယှဉ်ပြိုင် ထိုးသတ်နေခဲ့ပြီး၊ ပညာရှင်လက်ဝှေ့ လောကထဲ ဝင်ရောက်လာသူဖြစ်သည်။
အောင်လသည် No-Gi ခေါ် အားကစား ကို ကောလိပ်ကျောင်းသားဘဝ ၂၀၀၅ ခုနှစ်မှာ စတင် ကစားရာမှ Martial Art သို့ ကူးပြောင်းလာခဲ့သည်။ သူသည် ဘီဂျေဂျေ (B.J.J) ခေါ် ဂျပန်သိုင်း ကစားနည်း တမျိုးမှ ဆင်းသက်လာသော ဘရာဇီးလီးယမ်း ဂျူးဂျစ်ဆု (Brazilian Jiu Jitsu) နှင့် ထိုင်းနိုင်ငံမှ မွေထိုင်းလက်ဝှေ့ (Muay Thai) ကို လိုက်စားခဲ့သူ ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် မေရီလန်းပြည်နယ် ဘော်လ်တီမိုးလ်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ဘရာဇီးလီယမ်း Crazy 88 အမည်ရှိ MMA ကလပ်အသင်းတွင် ဝင်ရောက် လေ့ကျင့်နေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပွဲဦးထွက် Emerson Rushing ရှုံးနှိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ၃ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ မေလ ၂၀၀၉ ခုနှစ် အင်ဒီယားနားပြည်နယ်တွင် ထိုးသတ်ခဲ့သည့် စစ်ပြန်ဟောင်း ပြိုင်ဖက် ခရစ္စပရိုက်စ် (Chris Price) ကို ပထမ အချီမှာပင် Guillotine Choke ဖြင့် အနိုင်ယူခဲ့ကာ နာမည်ရလာခဲ့သည်။ ထိုတိုက်ကွက်မှာ ပြိုင်ဖက်၏ဦးခေါင်းကို ဂျိုင်းအောက်ထဲ ညှပ်ထဲ့ထားကာ အသက်ရှု မရအောင် ညစ်ပြီး ချုပ်တိုက်သော တိုက်ကွက်တစ်ခု ဖြစ်သည်။
၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့ နယူးဂျာစီပြည်နယ် အက်တလန်တစ်မြို့တွင် ကျင်းပသော Ring of Combat XXXIII ပြိုင်ပွဲတွင် Constantinos Philippou ကို ရှုံးနှိမ့်ခဲ့ကာ UFC (Ultimate Fighting Champion) အတန်းဆီ တက်ရောက်နိုင်ရန် နှောင့်နှေးခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နယူးဂျာစီ ပြည်နယ်၊ အတ္တလန်တစ်မြို့တွင် မယ်ဒယ်လ်ဝိတ်တန်း R.O.C -37 ( Ring of Combat - 37) ၌ Casey Manrique နှင့်ယှဉ်ပြိုင် ထိုးသတ်ရာ ဒုတိယ အချီတွင် အနိုင်ရခဲ့သည်။
ONE Championship ချန်ပီယံ ရရှိခြင်း
[ပြင်ဆင်ရန်]၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်သည့် MMA (One Championship) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်က လက်ရှိ ချန်ပီယံ ဘစ်ဒက်ရှ်ကို လက်ရည်အသာဖြင့် ထိုးသတ်ပြီး အမှတ်ဖြင့် အနိုင်ရကာ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်သော ပထမဆုံး မြန်မာတစ်ဦး ဖြစ်လာသည်။[၄]
ကစားသမားဘဝမှအနားယူခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၄ ရက် တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ တွင် အောင်လအန်ဆန်သည် ဆွီဒင်ဖိုက်တာ ကိတ်စတမ်နှင့် ယှဥ်ပြိုင် ထိုးသတ်ခဲ့သည်။မြန်မာအလံကို ခြုံပတ်ပြီး အောင်လအန်ဆန်း ကြိုးဝိုင်းထဲ ဝင်လာချိန် အမဲလိုက်အက သီချင်း၏ အဆိုပိုင်ရှင် တေးသံရှင်လေးဖြူ ကိုယ်တိုင် ပွဲခင်းထဲအထိ သီဆိုပေးခဲ့သည်။
ထိုးသတ်ပွဲသည် ပထမအချီ ၌ အနိုင်အရှုံမပေါ်ခဲ့ဘဲ၊ ဒုတိယအချီ ၂ မိနစ် ၂၀ စက္ကန့် တွင် အောင်လက ကာဒက်စတမ် ကို တရစပ်လက်သီးထိုးလုံးဖြင့် အနိုင်ယူခဲ့သည်။
ဤသို့ဖြင့် အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်ကစပြီး ONE နှင့် လက်တွဲမှုကိုအဆုံးသတ်ပြီး၊ အောင်မြင်သည့်ကစားသမားဘဝမှ အနားယူခဲ့သည်။[၅]
MMA ပြိုင်ပွဲမှတ်တမ်း
[ပြင်ဆင်ရန်]| Professional record breakdown | ||
| 47 matches | 31 wins | 15 losses |
| By knockout | 16 | 6 |
| By submission | 13 | 3 |
| By decision | 2 | 6 |
| No contests | 1 | |
| Res. | Record | ပြိုင်ဘက် | နည်းလမ်း | ပြိုင်ပွဲ | နေ့ရက် | ပွဲချီ | အချိန် | နေရာ | မှတ်ချက် |
|---|---|---|---|---|---|---|---|---|---|
| Win | 31–15 (1) | Zebaztian Kadestam | TKO (punches) | ONE Fight Night 36 | ၃ အောက်တိုဘာ ၂၀၂၅ | 2 | 2:20 | ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ | ကစားသမားဘဝအား နိုင်ပွဲဖြင့် အနားယူ |
| Loss | 30–15 (1) | Shamil Erdogan | KO (head kick) | ONE 171 | ၂၀ ဖေဖော်ဝါရီ ၂၀၂၅ | 1 | 0:28 | Lusail၊ ကာတာနိုင်ငံ | |
| Loss | 30–14 (1) | Shamil Erdogan | TKO (punches) | ONE 168 | ၆ စက်တင်ဘာ ၂၀၂၄ | 2 | 2:48 | Denver, Colorado, အမေရိကန်ပြည်ထောင်စု | |
| Win | 30–13 (1) | Fan Rong | Submission (guillotine choke) | ONE Fight Night 10 | ၅ မေ ၂၀၂၃ | 2 | 0:48 | Broomfield, Colorado,အမေရိကန်ပြည်ထောင်စု | |
| Win | 29–13 (1) | Gilberto Galvão | TKO (punches) | ONE Fight Night 6 | ၁၄ ဇန်နဝါရီ ၂၀၂၃ | 1 | 1:29 | ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ | |
| Win | 28–13 (1) | Yushin Okami | TKO (punches) | ONE 163 | ၁၉ နိုဝင်ဘာ ၂၀၂၂ | 1 | 1:42 | Kallang,စင်ကာပူနိုင်ငံ | |
| Loss | 27–13 (1) | Vitaly Bigdash | Decision (unanimous) | ONE: Full Circle | ၂၅ ဖေဖော်ဝါရီ ၂၀၂၂ | 3 | 5:00 | Kallang,စင်ကာပူနိုင်ငံ | |
| Win | 27–12 (1) | Leandro Ataides | KO (punches) | ONE: Battleground | ၃၀ ဇူလိုင် ၂၀၂၁ | 1 | 3:45 | Kallang,စင်ကာပူနိုင်ငံ | |
| Loss | 26–12 (1) | Reinier de Ridder | Decision (unanimous) | ONE on TNT 4 | ၂၈ ဧပြီ ၂၀၂၁ | 5 | 5:00 | Kallang,စင်ကာပူနိုင်ငံ | |
| Loss | 26–11 (1) | Reinier de Ridder | Submission (rear-naked choke) | ONE: Inside the Matrix | ၃၀ အောက်တိုဘာ ၂၀၂၀ | 1 | 3:26 | Kallang,စင်ကာပူနိုင်ငံ | |
| Win | 26–10 (1) | Brandon Vera | TKO (punches) | ONE: Century – Part 2 | ၁၃ အောက်တိုဘာ ၂၀၁၉ | 2 | 3:23 | တိုကျိုမြို့၊ဂျပန်နိုင်ငံ | |
| Win | 25–10 (1) | Ken Hasegawa | TKO (punches) | ONE: A New Era | ၃၁ မတ် ၂၀၁၉ | 2 | 4:41 | တိုကျိုမြို့၊ဂျပန်နိုင်ငံ | |
| Win | 24–10 (1) | Mohammad Karaki | TKO (punches) | ONE: Pursuit of Greatness | ၂၆ အောက်တိုဘာ ၂၀၁၈ | 1 | 2:21 | ရန်ကုန်၊မြန်မာနိုင်ငံ | |
| Win | 23–10 (1) | Ken Hasegawa | KO (punch) | ONE: Spirit of a Warrior | ၂၉ ဇွန် ၂၀၁၈ | 5 | 3:13 | ရန်ကုန်၊မြန်မာနိုင်ငံ | |
| Win | 22–10 (1) | Alexandre Machado | TKO (head kick and punches) | ONE: Quest for Gold | ၂၃ ဖေဖော်ဝါရီ ၂၀၁၈ | 1 | 0:56 | ရန်ကုန်၊မြန်မာနိုင်ငံ | |
| Win | 21–10 (1) | Alain Ngalani | Submission (guillotine choke) | ONE: Hero's Dream | ၃ နိုဝင်ဘာ ၂၀၁၇ | 1 | 4:31 | ရန်ကုန်၊မြန်မာနိုင်ငံ | |
| Win | 20–10 (1) | Vitaly Bigdash | Decision (unanimous) | ONE: Light of a Nation | ၃၀ ဇွန် ၂၀၁၇ | 5 | 5:00 | ရန်ကုန်၊မြန်မာနိုင်ငံ | |
| Loss | 19–10 (1) | Vitaly Bigdash | Decision (unanimous) | ONE: Quest for Power | ၁၄ ဇန်နဝါရီ ၂၀၁၇ | 5 | 5:00 | ဂျာကာတာမြို့၊အင်ဒိုနီးရှားနိုင်ငံ | |
| Win | 19–9 (1) | Michal Pasternak | Decision (unanimous) | ONE: State of Warriors | ၇ အောက်တိုဘာ ၂၀၁၆ | 3 | 5:00 | ရန်ကုန်၊မြန်မာနိုင်ငံ | |
| Win | 18–9 (1) | Aleksei Butorin | Submission (arm-triangle choke) | ONE: Dynasty of Champions (Anhui) | ၂ ဇူလိုင် ၂၀၁၆ | 2 | 1:57 | ဟဲဖေးမြို့၊အန်းဟွေးပြည်နယ်၊တရုတ်နိုင်ငံ | |
| Win | 17–9 (1) | Mohamed Ali | Submission (guillotine choke) | ONE: Union of Warriors | ၁၈ မတ် ၂၀၁၆ | 1 | 2:38 | ရန်ကုန်၊မြန်မာနိုင်ငံ | |
| Win | 16–9 (1) | Mahmoud Salama | KO (punches) | ONE FC: Era of Champions | ၁၄ ဇွန် ၂၀၁၄ | 1 | 1:07 | ဂျာကာတာမြို့၊အင်ဒိုနီးရှားနိုင်ငံ | |
| Loss | 15–9 (1) | Jonavin Webb | TKO (knee) | Cage Fury FC 28 | ၂၆ ဩဂုတ် ၂၀၁၃ | 1 | 2:41 | Atlantic City၊ နယူးဂျာစီပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 15–8 (1) | Shedrick Goodridge | Submission (guillotine choke) | Cage Fury FC 26 | ၁၇ ဩဂုတ် ၂၀၁၃ | 2 | 1:44 | Atlantic City၊ နယူးဂျာစီပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| NC | 14–8 (1) | Kyle Baker | No Contest | Cage Fury FC 23 | ၁၃ ဧပြီ ၂၀၁၃ | 1 | 0:24 | King of Prussia, ပန်ဆယ်ဗေးနီးယားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 14–8 | Jason Louck | KO (punch) | Cage Fury FC 17 | ၁၃ အောက်တိုဘာ ၂၀၁၂ | 1 | 2:30 | Dover, ဒယ်လာဝဲပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 13–8 | Jesus Martinez | TKO (punches) | Bellator 68 | ၁၁ မေ ၂၀၁၂ | 1 | 0:36 | Atlantic City၊ နယူးဂျာစီပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Loss | 12–8 | Sam Oropeza | Submission (guillotine choke) | Matrix Fights 5 | ၂၆ မတ် ၂၀၁၂ | 2 | 0:56 | Philadelphia, ပန်ဆယ်ဗေးနီးယားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Loss | 12–7 | Drew Puzon | Decision (unanimous) | Ring of Combat 38 | ၁၈ နိုဝင်ဘာ ၂၀၁၁ | 3 | 4:00 | Atlantic City၊ နယူးဂျာစီပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 12–6 | Casey Manrique | TKO (punches) | Ring of Combat 37 | ၉ စက်တင်ဘာ ၂၀၁၁ | 2 | 1:03 | Atlantic City၊ နယူးဂျာစီပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Loss | 11–6 | Uriah Hall | KO (punch) | Ring of Combat 35 | ၈ ဩဂုတ် ၂၀၁၁ | 3 | 1:37 | Atlantic City၊ နယူးဂျာစီပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 11–5 | Mitch Whitesel | Submission (guillotine choke) | Ring of Combat 34 | ၂၄ ဖေဖော်ဝါရီ ၂၀၁၁ | 1 | 3:09 | Atlantic City၊ နယူးဂျာစီပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Loss | 10–5 | Costas Philippou | TKO (punches) | Ring of Combat 33 | ၃ ဒီဇင်ဘာ ၂၀၁၀ | 1 | 0:11 | Atlantic City၊ နယူးဂျာစီပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 10–4 | Chris Price | Submission (guillotine choke) | C3: Furious | ၉ မေ ၂၀၀၉ | 1 | 1:37 | Hammond,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 9–4 | Steve Evan Dau | Submission (armbar) | C3: Domination | ၂၂ နိုဝင်ဘာ ၂၀၀၈ | 2 | 1:47 | Hammond,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 8–4 | Josh Mix | Submission (armbar) | Michiana Fight League | ၈ ဩဂုတ် ၂၀၀၈ | 1 | 1:03 | Plymouth,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Loss | 7–4 | James Lee | Submission (heel hook) | KOTC: Explosion | ၁၅ ဇွန် ၂၀၀၇ | 1 | 3:51 | Mount Pleasant, မီချီဂန်ပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 7–3 | Shawn McCully | Submission (armbar) | CFC 1 | ၃၁ မတ် ၂၀၀၇ | 1 | 0:59 | အမေရိကန်ပြည်ထောင်စု | |
| Loss | 6–3 | Julio Paulino | Decision (unanimous) | 3 | 5:00 | ||||
| Win | 6–2 | Erik Brettin | KO | Heartland: Ground n Pound | ၂၃ ဖေဖော်ဝါရီ ၂၀၀၇ | 1 | 0:18 | South Bend,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Loss | 5–2 | Jim Martens | Decision (unanimous) | KOTC: Mass Destruction | ၂၆ ဇန်နဝါရီ ၂၀၀၇ | 2 | 5:00 | Mount Pleasant,မီချီဂန်ပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 5–1 | Brandon Griffin | Submission (armbar) | KOTC: Meltdown | ၇ အောက်တိုဘာ ၂၀၀၆ | 1 | 0:52 | Indianapolis,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 4–1 | Jason Law | Submission | United Fight League 2 | ၂၅ ဩဂုတ် ၂၀၀၆ | 1 | Indianapolis,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | ||
| Win | 3–1 | Steve Lapear | KO (punches) | Heartland: Ground n Pound | ၇ ဇွန် ၂၀၀၆ | 1 | 0:40 | South Bend,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 2–1 | Noel Gomez | Submission (armbar) | Ultimate Throwdown | ၁၃ မေ ၂၀၀၆ | 1 | 2:25 | Mishawaka,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Win | 1–1 | Halton Flowers | KO | Champions Factory | ၁၁ မတ် ၂၀၀၆ | 1 | 0:00 | South Bend, အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | |
| Loss | 0–1 | Emerson Rushing | TKO (doctor stoppage) | Total Fight Challenge 3 | ၂၅ မတ် ၂၀၀၅ | 1 | 2:24 | Hammond,အင်ဒီယားနားပြည်နယ်၊အမေရိကန်ပြည်ထောင်စု | Light Heavyweight debut. |
ရရှိခဲ့သောဆုများ
[ပြင်ဆင်ရန်]- ONE Championship
- ONE Middleweight World Championship (One time, former)
- Three successful title defenses
- ONE Light Heavyweight World Championship (One time, current)
- One successful title defense
- ၂၀၁၈ နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ လာ့ဗီးဂတ်မြို့၌ ကျင်းပခဲ့သည့် World MMAAwards 2018 ဆုပေးပွဲတွင် ၂၀၁၈ နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆု (2018 International Fighter of the Year) ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ထိုဆုကို ဗြိတိန်တွင် အခြေစိုက်သည့် Fighter Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်ခြင်း ဖြစ်သည်။ဆုပေးပွဲတွင် အောင်လအန်ဆန်းသည် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၏ ဆန်ကာတင်စာရင်းတွင်လည်း ထည့်သွင်းခံရသည်။[၆][၇][၈]
- Hall of Fame
၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၁၆ ရက် တွင် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများကျင်းပနေသည့် ONE Championship အဖွဲ့အစည်းသည် ကစားသမားဘဝမှ အနားယူသွားသည့် မြန်မာဖိုက်တာဟောင်း အောင်လအန်ဆန်းအား Hall of Fame တွင် ထည့်သွင်းဂုဏ်ပြုခဲ့သည့်အတွက်၊ ONE Hall of Fame တွင် ထည့်သွင်းဂုဏ်ပြုခံရသည့် တတိယမြောက် ဖိုက်တာဖြစ်လာခဲ့သည်။၎င်းမတိုင်မီတွင် အမေရိကန်ဖိုက်တာ ဂျွန်ဆင် နှင့် ဘရာဇီးဖိုက်တာ ဘီဘီယာနိုဖာနန်ဒက်စ် နှစ်ဦးသာရှိခဲ့သည်။ [၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Aung La N Sang Profile။ October 17, 2018 တွင် ပြန်စစ်ပြီး။
- ↑ Aung La Nsang profile at ONE Championship
- ↑ အောင်လအန်ဆန်း မစ်ဒယ်ဝိတ်ချန်ပီယံအဖြစ် ဆက်လက်အောင်ပွဲခံမှာလား
- 1 2 ချစ်ဝိုင်း၊ ရွှေဘုတ် (၁ ဇူလိုင် ၂၀၁၇). "အောင်လအန်ဆန် မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးပေး". ၇ ရက်နေ့စဉ်သတင်းစာ (၁၄၉၀). Retrieved on ၁ ဇူလိုင် ၂၀၁၇. မော်ကွန်းတင်ပြီးမိတ္တူ။ 2 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 July 2018 တွင် ပြန်စစ်ပြီး။
- ↑ အောင်လအန်ဆန် - တိုင်းပြည်ကို ပျော်စေချင်သူ။ BBC (၄ အောက်တိုဘာ ၂၀၂၅)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "အောင်လအန်ဆန် နိုင်ငံတကာအကောင်းဆုံး ဖိုက်တာဆု ဆွတ်ခူး" . ၇ ရက်နေ့စဉ်သတင်းစာauthor=ရွှေဘုတ်. မော်ကွန်းတင်ပြီးမိတ္တူ။ 5 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2019 တွင် ပြန်စစ်ပြီး။
- ↑ ခါဘစ်ကိုကျော်ဖြတ်ပြီး INTERNATIONAL FIGHTER OF THE YEAR ဆုကိုအောင်လအန်ဆန်ဆွတ်ခူး
- ↑ Bryan Tucker (July 4, 2019)။ World MMA Awards 2019 Results။ mmafighting.com။
- ↑ ကစားသမားဘဝမှ အနားယူခဲ့သည့် အောင်လအန်ဆန်အား ONE Championship အဖွဲ့အစည်း၏ Hall of Fame တွင် ထည့်သွင်းဂုဏ်ပြု။ Myanmar Digital News (၁၆ နိုဝင်ဘာ ၂၀၂၅)။ ၈ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ကချင်အမျိုးသား အောင်လနှင့် ရောသမမွှေတိုက်ပွဲ။ ဧရာဝတီဘလော့ဂ် (၂၂ ဖေဖော်ဝါရီ ၂၀၁၂)။[လင့်ခ်သေ]
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ အောင်လအန်ဆန်း