မာတိကာသို့ ခုန်သွားရန်

အောင်ကို (သံအမတ်ကြီး)

ဝီကီပီးဒီးယား မှ
H.E.

ဦးအောင်ကို
လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ ဇန်နဝါရီ ၂၀၂၄
ခန့်အပ်သူမင်းအောင်လှိုင်
ယခင်လူဦးမြတ်သက်ဦး
နိုင်ငံခြားရေးဝန်ကြီးဌာန
နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
တာဝန်သက်တမ်း
၁၄ အောက်တိုဘာ ၂၀၂၀  ၁၈ ဇန်နဝါရီ ၂၀၂၄
ခန့်အပ်သူနိုင်ငံတော်သမ္မတဦးဝင်းမြင့်
ယခင်လူဦးစိုးဟန်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားရန်ကုန်
လူမျိုးမြန်မာ
ကျွမ်းကျင်မှုသံတမန်

ဦးအောင်ကို သည် မြန်မာလူမျိုးသံအမတ်ကြီးတစ်ဦး ဖြစ်သည်။[] သူသည် ယင်းမတိုင်မီ သမ္မတ ဦးသိန်းစိန် [] [] နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် [] [] တို့ နိုင်ငံတကာခေါင်းဆောင်များ နှင့် တွေ့ဆုံမှုများတွင် အနီးကပ်ရှိနေခဲ့သူအဖြစ် ထင်ရှားသည်။သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

နိုင်ငံခြားရေးဝန်ကြီးဌာန တွင် တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၆ခုနှစ် မတ်လ ၁၁ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး၊ နန်နန်းမြို့ ၏ မြန်မာကောင်စစ်ဝန်ချုပ် အဖြစ် ထမ်းဆောင်သည်။[] [] ယင်းနောက် နိုင်ငံရေးရာဦးစီးဌာန သို့ ပြန်လည် တာဝန်ထမ်းဆောင်ပြီး ထိုဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် အစမ်းခန့် အဖြစ်လည်းကောင်း တာဝန်ထမ်းသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်တွင် နိုင်ငံရေးရာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် အတည်ပြုခန့်အပ် ခြင်းခံရသည်။[]

သံအမတ်ကြီးဘဝ

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား လာအိုနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်လိုက်၍ သံအမတ်ကြီး ဖြစ်လာခဲ့သည်။[] သူသည် လာအိုနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး အဖြစ် ၎င်း၏ခန့်အပ်လွှာ အား ၂၀၂၄ ဖေဖော်ဝါရီ ၅ရက်တွင် လာအိုသမ္မတ ထံသို့ ပေးအပ်ပြီး တရားဝင် စတင်တာဝန်ထမ်းသည်။ [၁၀]

မိသားစုဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်ပြီး ဇနီးဖြစ်သူသည် ဖခင်မှာ မြန်မာနိုင်ငံ၏ ၂၂ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ထမ်းဆောင်နေသူ ဦးသန်းဆွေ ဖြစ်သည်။[၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသားမက် လာအိုသံအမတ်ဖြစ်လာ BBC Burmese (၁၈ ဇန်နဝါရီ ၂၀၂၄)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. U Thein Sein meets with Sheikh Hasina in Nay Pyi Taw Prokerala (3 March 2014)။ 18 January 2024 တွင် ပြန်စစ်ပြီး။
  3. Myanmar President U Thein Sein (R) meets with Nepal's Prime Minister Sushil Koirala in Nay Pyi Taw, Myanmar Alamy (4 March 2014)။ 18 January 2024 တွင် ပြန်စစ်ပြီး။
  4. AP corrects report on Suu Kyi’s ‘illegal immigration’ comment COCONUTS Yangon (22 November 2017)။ 18 January 2024 တွင် ပြန်စစ်ပြီး။
  5. ICJ ကြားနာပွဲတက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့စာရင်း VOA Burmese (၁၁ ဒီဇင်ဘာ ၂၀၁၉)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမှတ်၁၂၄/၂၀၁၆ ကြေညာချက် မြန်မာနိုင်ငံတော်ပြန်တမ်း (၁၁ မတ် ၂၀၁၆)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. လမ်ဆန်မြစ်-မဲခေါင်မြစ် ၆ နိုင်ငံ လူငယ်များ ဆန်းသစ် ဒီဇိုင်းပြိုင်ပွဲ ကျင်းပ CRI Online (၁၈ ဩဂုတ် ၂၀၁၆)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. မြန်မာနိုင်ငံပြန်တမ်း Myanmar Digital News (၁၄ အောက်တိုဘာ ၂၀၂၀)။ 18 January 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ဦးအောင်ကို အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ် MOI Myanmar (၁၈ ဇန်နဝါရီ ၂၀၂၄)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. U Aung Ko presents Credentials to President of Lao People’s Democratic Republic Global New Light of Myanmar (6 February 2024)။ 6 February 2024 တွင် ပြန်စစ်ပြီး။
  11. ရုန်းကန်ရဦးမည့် စစ်ကောင်စီ၏ အသက် ၇၀ အရွယ် နိုင်ငံခြားရေးဝန်ကြီးသစ် Myanmar Now (၁၇ ဖေဖော်ဝါရီ ၂၀၂၃)။ 18 January 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။