မာတိကာသို့ ခုန်သွားရန်

အုခယောရပ်ကွက်၊ ကျိုတို

ဝီကီပီးဒီးယား မှ
အုခယောရပ်ကွက်
右京区
Ward of Kyoto
Togetsu Bridge in Arashiyama
Togetsu Bridge in Arashiyama
Location of Ukyo in Kyoto
Location of Ukyo in Kyoto
အုခယောရပ်ကွက် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
အုခယောရပ်ကွက်
အုခယောရပ်ကွက်
Location in Japan
ကိုဩဒိနိတ်: 35°0′37″N 135°42′58″E / 35.01028°N 135.71611°E / 35.01028; 135.71611ကိုဩဒိနိတ်: 35°0′37″N 135°42′58″E / 35.01028°N 135.71611°E / 35.01028; 135.71611
CountryJapan
RegionKinki (Kansai)
PrefectureKyoto
ဧရိယာ
 • စုစုပေါင်း၂၉၂.၀၇ စတုရန်းကီလိုမီတာ (၁၁၂.၇၇ စတုရန်းမိုင်)
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၂၀၂၀၄၇
 • သိပ်သည်းမှု၆၉၀/km (၁၈၀၀/sq mi)
အချိန်ဇုန်JST (UTC+09:00)
City hall addressUzumasa Shimokeibu-chō 12, Ukyo-ku, Kyoto City, Kyoto Prefecture (京都府京都市右京区太秦下刑部町12)
616-8511
ဝက်ဘ်ဆိုဒ်city.kyoto.lg.jp/ukyo/

အုခယောရပ်ကွက် (右京区) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စု၊ ကျိုတိုမြို့ရှိ ရပ်ကွက်တစ်ခု ဖြစ်သည်။ ကျိုတိုမြို့တွင် ရပ်ကွက် (၁၁) ခု ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အုခယော ukyō (右京) ဟူသည့် အဓိပ္ပါယ်သည် “ဘုရင်မင်းမြတ်၏ လက်ယာဘက်” ဖြစ်သည်။ ကျိုတိုအင်ပါယာနန်းတော်တွင် စံမြန်းနေစဉ်အခါက ဘုရင်သည် တောင်ဘက်သို့ မျက်နှာမူ၍ ထိုင်သည့်အတွက် နန်းတော်၏ အနောက်ဘက်တွင် ရှိသည့် ဤရပ်ကွက်သည် “လက်ယာဘက်” ဖြစ်ခဲ့သည်။ ထို့အတူပင် အရှေ့ဘက်တွင် တည်ရှိသည့် ဆခယောရပ်ကွက် Sakyō-ku (左京区) သည် “ဘုရင်မင်းမြတ်၏ လက်ဝဲဘက်” ဟု အဓိပ္ပါယ်ရသည်။ ရှေးအခါက အုခယောဆိုသည်မှာ မြို့တော်၏ အနောက်ဘက်အပိုင်းကို ရည်ညွှန်းခဲ့သည်။

ဤရပ်ကွက်ကို ၁၉၃၁ ခုနှစ်တွင် ကျေးရွာ (၉) ခုကို ပေါင်းစည်းကာ တည်ထောင်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့အချက်အလက်များအရ ရပ်ကွက်နေလူဦးရေသည် ၂၀၂,၀၄၇ ဦး၊ အိမ်ထောင်စု ၉၇,၈၄၉ စု ရှိသည်။ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာ ၆၉၂ ဦး (တစ်စတုရန်းမိုင် ၁၇၉၀) ရှိသည်။

ပထဝီဆိုင်ရာ[ပြင်ဆင်ရန်]

တောင်များ[ပြင်ဆင်ရန်]

မြစ်များ[ပြင်ဆင်ရန်]

အနီးအနားရှိ မြို့ပြနေရာများ[ပြင်ဆင်ရန်]

ခရီးသွားနေရာ[ပြင်ဆင်ရန်]

အုခယောရပ်ကွက်တွင် ထင်ရှားသည့် နေရာများစွာ တည်ရှိသည်။ ၎င်းတို့မှာ -

  • အရရှိယမ - မေပယ်ရွက်များဖြင့် ကျော်ကြားသည့် တောင်ကုန်းတစ်ခု ဖြစ်သည်။ ထို့အပြင် တိုဂဆွတ်ခယော လည်း တည်ရှိသည်။
  • နင်းနဂျိ - ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။
  • ရောအန်းဂျိ - ဇင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်သည်။ ဤကျောင်းတော်တွင် ခရဲဆန်းဆုအိဥယျာဉ်လည်း တည်ရှိသည်။
  • တန်းရူးဂျိ - ရင်းဇိုင်းဇင်ဗုဒ္ဓဘာ၏ တန်းရူးဂိုဏ်းခွဲ၏ ပင်မကျောင်းတော်ဖြစ်သည်။

စီးပွားရေး[ပြင်ဆင်ရန်]

လျှပ်စစ်အစိတ်အပိုင်းများ ထုတ်လုပ်သည့် Rohm နှင့် နိုင်ငံတကာလျှပ်စစ်ပစ္စည်းကုမ္ပဏီဖြစ်သည့် Nissin Electric တို့သည် ဤရပ်ကွက်တွင် ရုံးချုပ်များ တည်ရှိကြသည်။

ပညာရေး[ပြင်ဆင်ရန်]

အထက်တန်းကျောင်းများ[ပြင်ဆင်ရန်]

တက္ကသိုလ်များ[ပြင်ဆင်ရန်]

အလယ်တန်းကျောင်းများ[ပြင်ဆင်ရန်]

အလယ်တန်းကျောင်း (၁၂) ခု ရှိသည်။ နိုင်ငံပိုင်ကျောင်း (၉) ခု ဖြစ်ပြီး (၃) ခုမှာ ပုဂ္ဂလိကကျောင်းများ ဖြစ်သည်။

မူလတန်းကျောင်းများ[ပြင်ဆင်ရန်]

မူလတန်းကျောင်းပေါင်း (၂၁) ခု ရှိသည်။ နိုင်ငံပိုင်ကျောင်း (၂၀) ခု၊ ပုဂ္ဂလိကျောင်း (၁) ခု ရှိသည်။

အခြားသောကျောင်းများ[ပြင်ဆင်ရန်]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "ウリハッキョ一覧" (Archive). Chongryon. Retrieved on October 14, 2015.