မာတိကာသို့ ခုန်သွားရန်

ခမဲအိုခမြို့၊ ကျိုတို

ဝီကီပီးဒီးယား မှ
ခမဲအိုခ
Kameoka

亀岡市
City
Top left: A sightseeing train at Sagano Sightseeing Line, Top right: Kameoka Castle site, Middle left: Hozu Valley, Middle right: Kameoka Izumo Shrine, Bottom: A sightseeing boat at Hozu Valley
Top left: A sightseeing train at Sagano Sightseeing Line, Top right: Kameoka Castle site, Middle left: Hozu Valley, Middle right: Kameoka Izumo Shrine, Bottom: A sightseeing boat at Hozu Valley
ခမဲအိုခ Kameoka၏ အလံတော်
အလံတော်
ခမဲအိုခ Kameoka၏ တံဆိပ်တုံး
Emblem
Location of Kameoka in Kyoto Prefecture
Location of Kameoka in Kyoto Prefecture
ခမဲအိုခ Kameoka သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ခမဲအိုခ Kameoka
ခမဲအိုခ
Kameoka
Location in Japan
ကိုဩဒိနိတ်: 35°1′N 135°34′E / 35.017°N 135.567°E / 35.017; 135.567ကိုဩဒိနိတ်: 35°1′N 135°34′E / 35.017°N 135.567°E / 35.017; 135.567
CountryJapan
RegionKansai
PrefectureKyoto
အစိုးရ
 • MayorTakahiro Katsuragawa
ဧရိယာ
 • စုစုပေါင်း၂၂၄.၈၀ စတုရန်းကီလိုမီတာ (၈၆.၈၀ စတုရန်းမိုင်)
လူဦးရေ (January 1, 2022)
 • စုစုပေါင်း၈၇,၅၁၈
 • သိပ်သည်းမှု၃၉၀/km (၁၀၀၀/sq mi)
အချိန်ဇုန်JST (UTC+09:00)
City hall address8 Yasumachi Nonogami, Kameoka-shi, Kyōto-fu 621-8501
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
Kameoka City Hall
Anaoji in Kameoka

ခမဲအိုခမြို့ (亀岡市, Kameoka-shi) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စုရှိ မြို့တစ်ခု ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြို့ရှိလူဦးရေသည် ခန့်မှန်းခြေ ၈၇,၅၁၈ ဦး ရှိသည်။ အိမ်ထောင်စုပေါင်း ၂၉၆၇၆ ခု ရှိသည်။ လူဦးရေသိပ်သည်းမှုသည် တစ်စတုရန်းကီလိုမီတာလျှင် ၃၉၀ ဦး ဖြစ်သည်။[] မြို့၏ စုစုပေါင်းဧရိယာသည် ၂၂၄.၈၀ စတုရန်းကီလိုမီတာ (၈၆.၈၀ စတုရန်းမိုင်) ရှိသည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ခမဲအိုခမြို့သည် ကျိုတိုမြို့နှင့် အနောက်ဘက်တွင် ထိစပ်နေပြီး အိုဆာကာမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ ၎င်းသည် တန်းဘစီရင်စုနှင့် ယာမရှိရိုစီရင်စုတို့ အကြားတွင် တည်ရှိသည်။ ရာစုနှစ်များစွာ ခမဲအိုခမြို့သည် ဆန်းအင်းဒေသနှင့် တန်းဘစီရင်စုများသို့ ပို့ဆောင်ဆက်သွယ်မှုအတွက် အဓိကကျသည့် နေရာတစ်ခုအဖြစ် ရှိခဲ့သည်။ လက်ရှိအချိန်တွင် ခမဲအိုခမြို့သည် ကျိုတိုမြို့၏ ဆင်ခြေဖုံးမြို့ကလေးအဖြစ် တည်ရှိသည်။[]

ခမဲအိုခမြို့သည် ဟိုဇုမြစ်အတွင်း စီးနင်းရသည့် နေရာဖြစ်သည့် ဟိုဇဂဝခုဒရိဖြင့် ထင်ရှားသည်။ ထို့အပြင် ခမဲအိုခမြို့တွင် အနအိုဂျိကျောင်းတော် တည်ရှိသည်။[][]

ကပ်လျက်မြို့များ

[ပြင်ဆင်ရန်]

ကျိုတိုစီရင်စု

  • ကျိုတိုမြို့
  • နန်းတန်းမြို့

အိုဆာကာစီရင်စု

  • အိဘရခိမြို့
  • တခဆွတ်ခိမြို့
  • နိုဆဲမြို့
  • တိုယောနိုမြို့

ရာသီဥတု

[ပြင်ဆင်ရန်]

ခမဲအိုခမြို့သည် စိုထိုင်းကာအပူချိန်လျော့သည့်ရာသီဥတု ရှိသည်။ နွေထွေးသည့် နွေရာသီနှင့် အေးမြသည့်ဆောင်းရာသီရှိသည်။ ဆောင်းရာသီတွင် နှင်းများသည့် အနည်းငယ် သို့မဟုတ် လုံးဝကျလေ့ မရှိပေ။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၃.၅ ဒီဂရီစင်တီဂရိတ် ရှိသည်။ နှစ်ပတ်လည် ပျမ်းမျှမိုးရေချိန်သည် ၁၆၉၀ မီလီမီတာရှိပြီး စက်တင်ဘာလသည် မိုးအရွာသွန်းဆုံးလ ဖြစ်သည်။ ဩဂုတ်လတွင် ပျမ်းမျှအပူချိန်သည် အမြင့်ဆုံးဖြစ်ပြီး ၂၅.၄ ဒီဂရီစင်တီဂရိတ် ရှိသည်။ ဇန်နဝါရီလတွင် အပူချိန်သည် အနိမ့်ဆုံးဖြစ်ပြီး ၂.၁ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင် ရှိသည်။[]

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းများအရ မြို့၏ လူဦးရေသည် ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ထိုအချိန်မှစတင်ကာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။[]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1960 ၄၂၃၅၅—    
1970 ၄၇၁၅၁+11.3%
1980 ၆၉၄၁၀+47.2%
1990 ၈၅၂၈၃+22.9%
2000 ၉၄၅၅၅+10.9%
2010 ၉၂၄၁၆−2.3%
2020 ၈၆၁၇၄−6.8%

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ခမဲအိုခသည် ယခင်တန်းဘစီရင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ယယောအိခေတ်တွင် စပါးစိုက်ပျိုးမှုကို စတင်ခဲ့သည်။ ခမဲအိုခတွင် များစွာသော ခိုဖွန်းများ (kofun) ရှိပြီး အထူးသဖြင့် အိုအိဂဝမြစ် (ဟိုဇုမြစ်) ၏ ဘယ်ဘက်မြစ်ကမ်းဘက်တွင် များစွာတွေ့ရသည်။ ခမဲအိုခမြို့သည် ဆန်းအင်းဒေသမှ ကျိုတိုမြို့သို့ဝင်ရာ အဓိကအချက်အချာကြသည့် ပို့ဆောင်ဆက်သွယ်ရေးမြို့လည်း ဖြစ်သည်။

အုပ်ချုပ်မှု

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

သမိုင်းအစဉ်အလာအရ ဤဒေသတွင် တောင်သူများသည် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ကြပြီး ကျိုတိုမြို့အတွက် စိုက်ပျိုးရေးဆိုင်ရာနေရာတစ်ခု ဖြစ်သည်။ ရာစုနှစ်များစွာ တောင်သူများသည် ကျိုတိုမြို့အတွက် လိုအပ်သည့် သီးနှံများကို ခမဲအိုခမြို့တွင် စိုက်ပျိုးကြသည်။ သီးနှံများသာမက အမဲသား၊ ကြက်သား၊ အယု (sweetfish) များကိုလည်း ခမဲအိုခတွင် မွေးမြူထုတ်လုပ်ကြသည်။ လက်ရှိအချိန်တွင် မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသေးစားထုတ်လုပ်မှုလုပ်ငန်းများ တည်ရှိရာနှင့် ကျိုတိုမြို့၏ လူနေထိုင်ရာနေရာတစ်ခုအဖြစ် တည်ရှိလျက်ရှိသည်။

ပညာရေး

[ပြင်ဆင်ရန်]

မူလတန်းနှင့် အလယ်တန်းကျောင်းများ

[ပြင်ဆင်ရန်]

ခမဲအိုခတွင် အစိုးရမူလတန်းကျောင်း ၁၇ ကျောင်းနှင့် အစိုးရအလယ်တန်းကျောင်း ၇ ကျောင်း ရှိသည်။ အထက်တန်းကျောင်းသည် ၂ ခု ရှိသည်။

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

JR WestSan'in Main Line / Sagano Line

ညီအစ်မမြို့များ

[ပြင်ဆင်ရန်]

ခမဲအိုခမြို့သည် အောက်ပါမြို့များနှင့် ညီအစ်မမြို့များ ဖြစ်ကြသည်။[]

ခရီးသွားနေရာများ

[ပြင်ဆင်ရန်]

အားကစား

[ပြင်ဆင်ရန်]

ထင်ရှားသူများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Kameoka city official statistics (in ja)။
  2. Employed Persons and Persons Attending School 15 Years of Age and Over, based on Place of Usual Residence, by Shi, Ku, Machi or Mura of Working or Schooling and Sex - Prefectures, Shi, Ku, Machi and Mura (in ja)။ 2015 Population CensusMinistry of Internal Affairs and Communications
  3. Anaōji။ Kameoka City။ 6 November 2017 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. Sagano Bamboo Forest -- a most enchanting groveCNN travel (24 June 2017)။
  5. Kameoka climate data
  6. Kameoka population statistics
  7. Sister Cities and Friendship City။ Kameoka City။ 2 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 November 2017 တွင် ပြန်စစ်ပြီး။
  8. You must specify title = and url = when using {{cite web}}. (in ja) (4 November 2017)။[လင့်ခ်သေ]
  9. Diplomfilme - Haru Ichiban (Frühlingssturm)Zürcher Hochschule der Künste။ 2016-03-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-08-09 တွင် ပြန်စစ်ပြီး။