မာတိကာသို့ ခုန်သွားရန်

အရရှိယာမ

ဝီကီပီးဒီးယား မှ
အရရှိယာမပန်းခြံ နခနိုရှိမဧရိယာ (嵐山公園 中之島地区) ၏ မြင်ကွင်းကျယ်
အရရှိယာမဧရိယာ၏ မြင်ကွင်းကျယ် (嵐山)
အရရှိယာမတောင်နှင့် အိုးအိမြစ်
Iဝတယာမမျောက်ပန်းခြံ
အရရှိယာမဝါးတော

အရရှိယာမ (嵐山, Storm Mountain) သည် ဂျပန်နိုင်ငံကျိုတိုမြို့အနောက်ဘက်ဆင်ခြေဖုံးဒေသ သည်။ ထိုဒေသတွင် အိုးအိမြစ်နှင့် တောင်တန်းများကို တွေ့မြင်နိုင်သည်။ အရရှိယာမကို ဂျပန်နိုင်ငံ၏ သမိုင်းဝင်နေရာနှင့် လှပသည့်သဘာဝနေရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ထင်ရှားသည့်ခရီးသွားနေရာများ

[ပြင်ဆင်ရန်]
  • အရရှိယာမဝါးတော
  • အိဝတယာမမျောက်ပန်းခြံသည် အရရှိယာမတောင်၏ ကုန်းစောင်းတွင် တည်ရှိသည်။ ပန်းခြံတွင် မျောက်အကောင်ရေ ၁၇၀ ကျော် ရှိသည်။ မျောက်များသည် တောရိုင်းတိရစ္ဆာန်များဖြစ်ကြသော်လည်း လူများနှင့် နေသားတကျရှိနေပြီ ဖြစ်သည်။ ပန်းခြံသည် ဆဂ-အရရှိယာမဘူတာနှင့် သိပ်မဝေးသည့်နေရာတွင် တည်ရှိသည်။ လည်ပတ်ကြသူများသည် မျောက်များကို ဓာတ်ပုံရိုက်ယူနိုင်ကြသည်။ တောင်ထိပ်တွင် ခြံဝန်းကာထားသည့်နေရာရှိပြီး ထိုနေရာတွင် လည်ပတ်ကြသူများသည် မျောက်များကို အစာကျွေးနိုင်ကြသည်။
  • တိုဂဆွတ်ခယော (渡月橋, Togetsukyō) - ချယ်ရီပန်းကြည့်ရှုသူများနှင့် ဆောင်းဦးရာသီ သစ်ရွက်များအရောင်ပြောင်းခြင်းကို ကြည့်ရှုကြသူများအကြားတွင် ထင်ရှားသည့် တံတားဖြစ်သည်။
  • တန်းရူးဂျိ
  • မဆွတ်နိုအိုတိုင်းရှ
  • အိုးခိုးချိဆန်းဆိုး

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

အရရှိယာမသို့ အရရှိယာမဘူတာ၊ ခဆွတ်ရဘူတာများမှတဆင့် လမ်းလျှောက်ကာသွားရောက်နိုင်သည်။ ထို့အပြင် ဆဂ - အရရှိယာမဘူတာသည် ထိုဧရိယာတွင်ပင် တည်ရှိသည့်ဘူတာတစ်ခုဖြစ်သည်။

တိုဂဲဆွတ်ခယော

[ပြင်ဆင်ရန်]

တိုဂဲဆွတ်ခယော (渡月橋) သည် မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် တံတားတစ်စင်း ဖြစ်သည်။ ဤတံတားကို ၁၉၃၄ ခုနှစ်တွင် ကွန်ကရစ်ဖြင့် ပြန်လည် တည်ဆောက်ခဲ့သည်။ မူလတံတားသည် သစ်သားတံတားဖြစ်ပြီး ၈၃၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

ဤတံတားဖြတ်သန်းဖောက်လုပ်ထားရာ မြစ်သည် မတူညီသည့်အမည်သုံးမျိုးတွင်လျက်ရှိသည်။ မြစ်၏ နေရာအပေါ်မူတည်ကာ အမည်ခေါ်ဆိုမှု ကွဲပြားသွားခြင်း ဖြစ်သည်။ မြစ်၏ အထက်ဘက်အပိုင်းကို အိုးအိမြစ် (大堰川, Ōi-gawa) ဟု ခေါ်ပြီး၊ အလယ်ဘက်အပိုင်းကို ဟိုဇုမြစ် (保津川, Hozu-gawa) ဟု ခေါ်ပြီး၊ အောက်ဘက်အပိုင်းကို ခဆွတ်ရမြစ် (桂川, Katsura-gawa) ဟု ခေါ်ကြသည်။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

35°00′54″N 135°40′14″E / 35.015096°N 135.670667°E / 35.015096; 135.670667ကိုဩဒိနိတ်: 35°00′54″N 135°40′14″E / 35.015096°N 135.670667°E / 35.015096; 135.670667 (Arashiyama Park)
35°00′46″N 135°40′40″E / 35.012864°N 135.67775°E / 35.012864; 135.67775 (Togetsukyō)
35°01′08″N 135°40′53″E / 35.018761°N 135.681389°E / 35.018761; 135.681389 (JR Station)
35°00′56″N 135°40′42″E / 35.015437°N 135.678306°E / 35.015437; 135.678306 (Randen Station)
35°00′35″N 135°40′56″E / 35.009859°N 135.682347°E / 35.009859; 135.682347 (Hankyū Station)

ကိုးကား

[ပြင်ဆင်ရန်]