မာတိကာသို့ ခုန်သွားရန်

နိရှိခယောရပ်ကွက်၊ ကျိုတို

ဝီကီပီးဒီးယား မှ
နိရှိခယော
西京区
Ward of Kyoto
Katsura Imperial Villa
Katsura Imperial Villa
Location of Nishikyō-ku in Kyoto
Location of Nishikyō-ku in Kyoto
နိရှိခယော သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
နိရှိခယော
နိရှိခယော
Location of Nishikyō-ku in Japan
ကိုဩဒိနိတ်: 34°59′6″N 135°41′36″E / 34.98500°N 135.69333°E / 34.98500; 135.69333ကိုဩဒိနိတ်: 34°59′6″N 135°41′36″E / 34.98500°N 135.69333°E / 34.98500; 135.69333
CountryJapan
PrefectureKyoto
CityKyoto
Founded1976
ဧရိယာ
 • စုစုပေါင်း၅၉.၂၄ စတုရန်းကီလိုမီတာ (၂၂.၈၇ စတုရန်းမိုင်)
အမြင့်ဆုံး နေရာ၆၇၈ မီတာ (၂၂၂၄ ပေ)
အနိမ့်ဆုံး နေရာ၁၈ မီတာ (၅၉ ပေ)
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၁၄၉၈၃၇
 • ခန့်မှန်း (2021)၁၄၈၃၇၀
 • သိပ်သည်းမှု၂၅၀၀/km (၆၆၀၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
ဝက်ဘ်ဆိုဒ်city.kyoto.lg.jp/nishikyo/

နိရှိခယောရပ်ကွက် (西京区) သည် ဂျပန်နိုင်ငံကျိုတိုစီရင်စုကျိုတိုမြို့တွင် တည်ရှိသည့် ရပ်ကွက်တစ်ခု ဖြစ်သည်။ ဤရပ်ကွက်၏ အမည်သည် “မြို့တော်အနောက်ရပ်ကွက်” ဟု အဓိပ္ပါယ်ရသည်။ မြို့၏ အနောက်ဘက်အစွန်းတွင် တည်ရှိသည်။ ရပ်ကွက်ကို ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အုခယောရပ်ကွက်မှ ခွဲထုတ်ကာ တည်ထောင်ခဲ့သည်။ ခဆွတ်ရမြစ်သည် နိရှိခယောရပ်ကွက်နှင့် အုခယောရပ်ကွက်ကို ပိုင်းခြားထားပေးထားသည်။

ခဆွတ်ရဘုရင့်စံအိမ်သည် နိရှိခယောရပ်ကွက်တွင် တည်ရှိသည့် ထင်ရှားသည့်နေရာတစ်ခုဖြစ်သည်။ ဆိုင်းဟိုးဂျိသည် ရပ်ကွက်အတွင်းတည်ရှိပြီး ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာလည်း ဖြစ်သည်။

ရှင်းတိုနတ်ကျောင်းတစ်ခုဖြစ်သည့် မဆွတ်နိုအိုတိုင်းရှသည် နိရှိခယောရပ်ကွက်တွင် တည်ရှိသည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ အချက်အလက်အရ ရပ်ကွက်သည် ၅၉.၂၄ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး လူဦးရေ ၁၄၈,၃၇၀ ဦး နေထိုင်ကြသည်။

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]
သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1980 ၁၀၉၃၂၅—    
1990 ၁၄၂၆၇၇+30.5%
2000 ၁၅၅၉၂၈+9.3%
2010 ၁၅၂၉၇၄−1.9%
2020 ၁၄၉၈၃၇−2.1%
Source: [၁]

ပညာရေး

[ပြင်ဆင်ရန်]
နိုင်ငံတကာဂျပန်ဘာသာစကားလေ့လာမှုသုတေသနစင်တာ

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ Nishikyō-ku, Kyoto နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား

[ပြင်ဆင်ရန်]