မာတိကာသို့ ခုန်သွားရန်

မိနမိရပ်ကွက်၊ ကျိုတို

ဝီကီပီးဒီးယား မှ
မိနမိရပ်ကွက်
南区
ကျိုတိုမြို့ရှိ ရပ်ကွက်
Location of Minami-ku in Kyoto
Location of Minami-ku in Kyoto
CountryJapan
PrefectureKyoto
CityKyoto
Founded1955
ဧရိယာ
 • စုစုပေါင်း၁၅.၈၁ စတုရန်းကီလိုမီတာ (၆.၁၀ စတုရန်းမိုင်)
အမြင့်ဆုံး နေရာ၂၈ မီတာ (၉၂ ပေ)
အနိမ့်ဆုံး နေရာ၁၄ မီတာ (၄၆ ပေ)
လူဦးရေ (October 1, 2020)
 • စုစုပေါင်း၁၀၁၉၇၀
 • ခန့်မှန်း (2021)၁၀၀၇၀၈
 • သိပ်သည်းမှု၆၄၀၀/km (၁၇၀၀၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
ဝက်ဘ်ဆိုဒ်city.kyoto.lg.jp/minami/

မိနမိရပ်ကွက် (南区, Minami-ku) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ရပ်ကွက်တစ်ခု ဖြစ်သည်။ ကျိုတိုမြို့တွင် ရပ်ကွက် (၁၁) ခု ရှိသည်။ ဂျပန်ဘာသာစကားဖြင့် “မိနမိခု” ဟု အသံထွက်ပြီး အဓိပ္ပါယ်မှာ “တောင်ဘက်ရပ်ကွက်” ဟု အဓိပ္ပါယ်ရသည်။ ဤရပ်ကွက်ကို ၁၉၅၅ ခုနှစ်တွင် ရှိမိုဂယောရပ်ကွက်မှ ခွဲထုတ်ခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ရပ်ကွက်ရှိ ခန့်မှန်းလူဦးရေသည် ၁၀၀,၇၈၁ ဦး ရှိသည်။ ခမိုမြစ်နှင့် ခဆွတ်ရမြစ်တို့သည် ရပ်ကွက်ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ဤရပ်ကွက်တွင် များစွာသော သမိုင်းဝင်နေရာများနှင့် ကျောင်းတော်များ တည်ရှိသည်။

မိနမိရပ်ကွက်သည် အကြမ်းဖျင်းအားဖြင့် အရှေ့ဘက်တွင် ခမိုမြစ်၊ အနောက်ဘက်တွင် ခဆွတ်ရမြစ် (အချို့နေရာများတွင် မြစ်ကိုကျော်လွန်တည်ရှိသည်လည်းရှိသည်)၊ မြောက်ဘက်တွင် ဟချိဂျောလမ်းမနှင့် ကျိုတိုဘူတာ၊ တောင်ဘက်တွင် မဲအိရှင်းအဝေးပြေးလမ်းမ (အချို့နေရာများတွင် ဤအဝေးပြေးလမ်းမကိုကျော်လွန်တည်ရှိသည်လည်းရှိသည်)တို့သည် ရပ်ကွက်ကို ဝန်းရံလျက်တည်ရှိသည်။

မိနမိခုအပါအဝင် ကျိုတိုမြို့၏ တောင်ဘက်ခြမ်းကို “ရခုနန်” ဟုလည်း ခေါ်ဆိုကြသည်။ ထိုဧရိယာသည် ကျိုတိုမြို့၏ တောင်များမကာရံထားသည့် တစ်ခုလည်းသော အပိုင်းလည်း ဖြစ်သည်။ သမိုင်းကြောင်းအရ တောင်ဘက်ပိုင်းကို ကျိုတိုမြို့၏ ဝင်ထွက်ပေါက်ဂိတ်အဖြစ် ထားရှိခဲ့ကြသည်။

မိနမိရပ်ကွက်သည် ကျိုတိုမြို့၏ အခြားသောရပ်ကွက်များထက် အလုပ်သမားများ ပိုများသည်။ ဤရပ်ကွက်တွင် “ဇိုင်းနိချိကိုရီးယန်း” ဟု သိကြသည့် ဂျပန်နိုင်ငံတွင်နေထိုင်သည့် ကိုရီးယားလူမျိုးလူဦးရေသည် အများအပြား ရှိသည်။ ခမိုမြစ်ကမ်းဘေးတစ်လျှောက်ရှိ စက်ရုံများနှင့် စက်မှုလုပ်ငန်းများစွာ တည်ရှိသည်။ လူနေဧရိယာများတွင်လည်း သမားရိုးကျအိမ်များနှင့် တိုက်ခန်းများနှင့် အစိုးရလူနေအိမ်ရာစီမံကိန်းများစွာတို့ တည်ရှိသည်။

တိုးဂျိဘူတာမှ ခမိုမြစ်အထိ ခုဂျောလမ်းပတ်ဝန်းကျင်ကို “ဟိဂရှိခုဂျော” ဟု သိကြသည်။ ထိုနေရာတွင် အလုပ်သမားများ၊ ကိုရီးယားနိုင်ငံသားများနှင့် ဂျပန်လုပ်သားများ နေထိုင်ကြသည်။ ထို့အတွက်ကြောင့် ထိုနေရာကို “ကျိုတိုမြို့၏ တစ်ခုတည်းသောနိုင်ငံတကာမြို့တော်” ဟု ခေါ်ကြသည်။

မိနမိရပ်ကွက်သည် ကျိုတိုမြို့၏ အခြားသောရပ်ကွက်များနှင့် နှိုင်းယှဉ်ပါက ခရီးသွားနေရာ နည်းပါးသည်။ ထင်ရှားသည့် ခရီးသွားနေရာမှာ “တိုးဂျိကျောင်းတော်” ဖြစ်သည်။

မိနမိရပ်ကွက်၏ ရပ်ကွက်ရုံးသည် ခုဂျောဘူတာအနီးရှိ လမ်းမအမှတ်-၁ (Route 1) တွင် တည်ရှိသည်။ ကျိုတိုမြို့ဘေးအန္တရာယ်ကာကွယ်ရေးစင်တာသည် မိနမိရပ်ကွက်ရှိ လမ်းမအမှတ် -၁ နှင့် ဂျူးဂျောလမ်းတို့ ဆုံရာအနီးတွင် တည်ရှိသည်။

မိနမိရပ်ကွက်၏ အရှေ့ဘက်တွင် ဟိဂရှိယမရပ်ကွက်နှင့် အရှေ့တောင်ဘက်တွင် ဖုရှိမိရပ်ကွက်တို့ တည်ရှိသည်။

လူဦးရေဆိုင်ရာ[ပြင်ဆင်ရန်]

နှစ်အလိုက်လူဦးရေ
ခုနှစ်လူဦးရေ±%
1960 ၁၀၄၉၁၈—    
1970 ၁၀၈၂၀၀+3.1%
1980 ၁၀၁၇၁၃−6.0%
1990 ၉၈၉၆၂−2.7%
2000 ၉၇၈၂၀−1.2%
2010 ၉၈၇၄၄+0.9%
2020 ၁၀၁၉၇၀+3.3%
Source: [၁]

ကျောင်းတော်နှင့် အထင်ကရနေရာများ[ပြင်ဆင်ရန်]

တိုးဂျိ, မိနမိရပ်ကွက်ရှိ အထင်ရှားဆုံးနေရာ
ယခင် ရရှောမွန် တည်ရှိခဲ့ရာနေရာ ဖြစ်သည်။

စီးပွားရေး[ပြင်ဆင်ရန်]

အောက်ပါကုမ္ပဏီများ၏ ရုံးချုပ်များသည် မိနမိရပ်ကွက်တွင် တည်ရှိသည် -

  • နင်တန်းဒို (Nintendo)
  • Horiba
  • Nidec
  • Wacoal
  • GS Yuasa

ပညာရေး[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]