မာတိကာသို့ ခုန်သွားရန်

နန်းတန်းမြို့၊ ကျိုတို

ဝီကီပီးဒီးယား မှ
နန်းတန်း
Nantan

南丹市
City
Nantan City hall
Nantan City hall
နန်းတန်း Nantan၏ အလံတော်
အလံတော်
နန်းတန်း Nantan၏ တံဆိပ်တုံး
Emblem
Location of Nantan in Kyoto Prefecture
Location of Nantan in Kyoto Prefecture
နန်းတန်း Nantan သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
နန်းတန်း Nantan
နန်းတန်း
Nantan
Location in Japan
ကိုဩဒိနိတ်: 35°6′N 135°28′E / 35.100°N 135.467°E / 35.100; 135.467ကိုဩဒိနိတ်: 35°6′N 135°28′E / 35.100°N 135.467°E / 35.100; 135.467
CountryJapan
RegionKansai
PrefectureKyoto
အစိုးရ
 • MayorYohei Nishimura (since April 2014)
ဧရိယာ
 • စုစုပေါင်း၆၁၆.၄၀ စတုရန်းကီလိုမီတာ (၂၃၇.၉၉ စတုရန်းမိုင်)
လူဦးရေ (May 1, 2022)
 • စုစုပေါင်း၃၀,၇၄၄
 • သိပ်သည်းမှု၅၀/km (၁၃၀/sq mi)
အချိန်ဇုန်JST (UTC+09:00)
City hall address47 Kozakura, Sonobe-cho, Nantan-shi, Kyoto-fu 622-8651
ClimateCfa
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
ရုအိခဲစီရင်စုသဘာဝပန်းခြံ

နန်းတန်းမြို့ (南丹市, Nantan-shi) သည် ဂျပန်နိုင်ငံကျိုတိုစီရင်စုတွင် တည်ရှိသည့် မြို့တစ်မြို့ ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် မြို့ရှိလူဦးရေသည် ခန်းမှန်းခြေ ၃၀,၇၄၄ ဦး၊ အိမ်ထောင်စု ၁၄၄၀၆ ခု ရှိသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၅၀ ဦး (တစ်စတုရန်းမိုင်လျှင် ၁၃၀ ဦး) ဖြစ်သည်။ မြို့၏ ဧရိယာမှာ ၆၁၆.၄၀ စတုရန်းကီလိုမီတာ (၂၃၇.၉၉ စတုရန်းမိုင်) ရှိသည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

နန်းတန်းမြို့သည် ကျိုတိုစီရင်စု၏ အလယ်ပိုင်းဖြစ်သည့် တမ်းဘဒေသ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။

အနီးအနားရှိမြို့များ

[ပြင်ဆင်ရန်]

ကျိုတိုစီရင်စု

ဖုခုအိစီရင်စု

ရှိဂစီရင်စု

အိုဆာကာစီရင်စု

ဟယောဂေါ့စီရင်စု

ရာသီဥတု

[ပြင်ဆင်ရန်]

နန်းတန်းမြို့သည် စိုထိုင်းသည့် ရာသီဥတု ရှိသည်။ စိုစွတ်သည့် နွေရာသီနှင့် နှင်းထူကာ အေးမြသည့်ဆောင်းရာသီ ရှိသည်။ နှစ်ပတ်လည် ပျမ်းမျှအပူချိန်သည် ၁၃.၀ ဒီဂရီစင်တီဂရိတ် (၅၅.၄ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ နှစ်ပတ်လည် ပျှမ်းမျှမိုးရေချိန်သည် ၁၈၀၈.၃ မီလီမီတာ (၇၁.၁၉ လက်မ) ရှိပြီး ဇူလိုင်လသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ အပူချိန်များသည် ဩဂုတ်လတွင် အမြင့်ဆုံးဖြစ်ပြီး ၂၅.၂ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင် (၇၇.၄ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ ဇန်နဝါရီလသည် အပူချိန်အနိမ့်ဆုံးဖြစ်ပြီး ၁.၇ ဒီဂရီစင်တီဂရိတ် (၃၅.၁ ဒီဂရီဖာရင်ဟိုက်) ပတ်ဝန်းကျင် ရှိသည်။ မှတ်တမ်းများအရ အနိမ့်ဆုံးအပူချိန်သည် အနှုတ် ၁၁.၈ ဒီဂရီ စင်တီဂရိတ် (၁၀.၈ ဒီဂရီဖာရင်ဟိုက်) ဖြစ်ပြီး ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့သည့် အပူချိန် ဖြစ်သည်။[][]

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းများအရ[] နန်းတန်းမြို့၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ကျဆင်းလျက်ရှိသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1960 ၄၅၂၆၂—    
1965 ၄၁၈၅၃−7.5%
1970 ၃၉၃၁၈−6.1%
1975 ၃၈၄၀၉−2.3%
1980 ၃၈၂၁၅−0.5%
1985 ၃၇၇၀၉−1.3%
1990 ၃၆၆၉၃−2.7%
1995 ၃၇၈၄၁+3.1%
2000 ၃၇၆၁၇−0.6%
2005 ၃၆၇၃၆−2.3%
2010 ၃၅၂၁၄−4.1%
2015 ၃၃၁၄၅−5.9%
2020 ၃၁၆၂၉−4.6%
Nantan population statistics[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လက်ရှိကာလ တန်းနန်းမြို့သည် ယခင်က စီရင်စုနယ်တစ်ခုဖြစ်သည့် တန်းဘစီရင်စုအတွင်းတွင် တည်ရှိနေသည်။ အဲဒိုခေတ်ကာလတွင် ဆိုနိုဘဲပိုင်နက်သည် ဤနယ်မြေအတွင်းတွင် တည်ရှိခဲ့သည်။ ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ခေတ်မီမြို့ပြစနစ်များဖြင့် ဆိုနိုဘဲမြို့ကို တည်ထောင်ခဲ့သည်။ ဆိုနိုဘဲကို ဟိုယောရှိမြို့၊ ယဂိမြို့နှင့် မိယာမမြို့များနှင့် ပေါင်းစပ်ကာ ၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နန်းတန်းမြို့ကို တည်ထောင်ခဲ့သည်။

အစိုးရ

[ပြင်ဆင်ရန်]

စီးပွားရေး

[ပြင်ဆင်ရန်]

နန်းတန်မြို့၏ စီးပွားရေးသည် ဒေသရှိ စီးပွားရေးလုပ်ငန်များ၊ စိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းများပေါ်တွင် အခြေခံထားသည်။ အဓိကထုတ်ကုန်များတွင် မိဇုန (mizuna) နှင့် အခြားသော အသီးအရွက်များ ပါဝင်သည်။

ပညာရေး

[ပြင်ဆင်ရန်]

ကောလိပ်နှင့် တက္ကသိုလ်များ

[ပြင်ဆင်ရန်]

မူလတန်းနှင့် အလယ်တန်းကျောင်းများ

[ပြင်ဆင်ရန်]

နန်းတန်မြို့တွင် အစိုးရမူလတန်းကျောင်း ၇ ကျောင်း၊ အစိုးရအလယ်တန်းကျောင်း ၅ ကျောင်း ရှိပြီး ၎င်းတို့ကို မြို့နယ်အစိုးရက စီမံလျက်ရှိသည်။ အစိုးရအထက်တန်းကျောင်းအနေဖြင့် ၃ ကျောင်းရှိပြီး ကျိုတိုစီရင်စုပညာရေးဌာနက စီမံခန့်ခွဲလျက်ရှိသည်။ ထို့အပြင် ပုဂ္ဂလိကမူလတန်းကျောင်း ၁ ကျောင်းနှင့် အထက်တန်းကျောင်း ၁ ကျောင်းလည်း ရှိသည်။ ထို့အပြင် စီရင်စုအစိုးရသည် ဉာဏ်ရည်မသန်စွမ်းသူများအတွက် အထူးပြုလုပ်ထားသည့် ကျောင်းတစ်ခုကိုလည်း တည်ထောင်ထားသည်။

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ညီအစ်မမြို့များ

[ပြင်ဆင်ရန်]
  • မနီလာမြို့၊ ဖိလစ်ပိုင်နိုင်ငံ
  • Clutha District, နယူးဇီလန်နိုင်ငံ[]

ခရီးသွားနေရာများ

[ပြင်ဆင်ရန်]
Kayabuki no sato

နန်းတန်မြို့၏ ခရီးသွားနေရာများတွင် ရုရိခဲစီရင်စုသဘာဝပန်းခြံနှင့် မိယာမခယဘုခိနိုဆတို (Miyama Kayabuki-no-Sato) တို့ ပါဝင်သည်။ မိယာမခယဘုခိနိုဆတိုသည် သစ်သားအိမ်ကလေးများနှင့် ဂျပန်တို့၏ ခယဘုခိဟု ခေါ်သည့် အမိုးများပါဝင်သည့် အိမ်ကလေးများ တည်ရှိသည်။ []

ထင်ရှားသည့် ပုဂ္ဂိုလ်များ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ You must specify title = and url = when using {{cite web}}.။ JMA။ March 26, 2022 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ You must specify title = and url = when using {{cite web}}.။ JMA။ March 26, 2022 တွင် ပြန်စစ်ပြီး။
  3. You must specify title = and url = when using {{cite web}}.။ JMA။ March 29, 2022 တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}.။ JMA။ March 29, 2022 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Nantan population statistics
  6. Sister cities, towns and villages of Kyoto Prefecture။ 5 February 2015 တွင် ပြန်စစ်ပြီး။
  7. Nnantan Fanantan fan - 公式ホームページ. (n.d.). https://www.city.nantan.kyoto.jp/www/even/122/000/000/45103/00045117002.pdf