မာတိကာသို့ ခုန်သွားရန်

အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေများ

ဝီကီပီးဒီးယား မှ

အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေများ သည် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေ အစိတ်အပိုင်းများဖြစ်ပြီး နိုင်ငံ နယ်မြေဒေသခွဲများကို ကြီးစဉ်ငယ်လိုက် စုဖွဲ့ထားခြင်း ဖြစ်သည်။

ဇုန်များ

[ပြင်ဆင်ရန်]
အိန္ဒိယနိုင်ငံ၏ ဇုန်ကောင်စီများ

ပြည်နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ပြည်နယ်များကို ဇုန်ကြီး ခြောက်ခုအဖြစ် အုပ်စုဖွဲ့ထားသည်။ ဇုန်နယ်ဆိုင်ရာ ကောင်စီများကို ၁၉၅၆ ပြည်နယ်များ ပြန်လည်စီမံရေး အက်ဥပဒေ အပိုင်း ၃ အရ ဖွဲ့စည်းခဲ့သည်။ အရှေ့မြောက်ဘက်ရှိ ပြည်နယ်များ၏ အထူးပြဿနာများကို ၁၉၇၁ အရှေ့မြောက်ပိုင်းကောင်စီ အက်ဥပဒေ အရ သီးခြား သတ်မှတ်ပြဋ္ဌာန်းထားသည်။[] လက်ရှိသတ်မှတ်ဖွဲ့စည်းထားသော ဇုန်နယ်ဆိုင်ရာ ကောင်စီများမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများ

[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံကို ပြည်နယ် ၂၉ ခုနှင့် အမျိုးသားမြို့တော်နယ်မြေ အပါအဝင် ပြည်ထောင်စုနယ်မြေ ၇ ခု ဖြင့် ဖွဲ့စည်းထားသည်။[] ပြည်ထောင်စုနယ်မြေများကို အိန္ဒိယသမ္မတမှ ခန့်အပ်သော အုပ်ချုပ်ရေးမှူးများဖြင့် အုပ်ချုပ်သည်။ ဒေလီနှင့် ပူဒူချယ်ရီ နယ်မြေနှစ်ခုတွင် ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်နှင့် ဝန်ကြီးများပါဝင်သည့် အထူးကောင်စီ ရှိသော်လည်း လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ်ထားသည်။

ပွန်ဒီချယ်ရီပွန်ဒီချယ်ရီပွန်ဒီချယ်ရီပွန်ဒီချယ်ရီပွန်ဒီချယ်ရီပွန်ဒီချယ်ရီပွန်ဒီချယ်ရီဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်ရှိ အငြင်းပွားနယ်မြေဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်ရှိ အငြင်းပွားနယ်မြေ
အိန္ဒိယနိုင်ငံ၏ ပြည်နယ် ၂၈-ခုနှင့် ပြည်ထောင်စုနယ်မြေ ၈-ခု
ပြည်နယ်များ
နံပါတ် ပြည်နယ် ကုဒ် မြို့တော်
အန်ဒရာဒေသပြည်နယ် AP ဟိုက်ဒရာဘတ်မြို့ (၂၀၁၄ အန်ဒရာဒေသပြည်နယ် ပြည်နယ်ပြန်လည်စီမံရေး အက်ဥပဒေ အရ တယ်လန်ဂါနာပြည်နယ် ၏ မြို့တော်လည်း ဖြစ်သည်။)၊ အာမန်ရာဗတီမြို့[] (မြို့တော်သစ်)
အာရန်နာချယ်ဒေသပြည်နယ် AR အီတာနာဂါမြို့
အာသံပြည်နယ် AS ဒစ္စပူမြို့
ဘီဟာပြည်နယ် BR ပတ္တနမြို့
ချဟာတစ်ဂါပြည်နယ် CG နယရိုင်ပူမြို့
ဂိုအာပြည်နယ် GA ပတ်နဂျီမြို့
ဂူဂျာရတ်ပြည်နယ် GJ ဂန်ဒီနာဂါမြို့
ဟာယနပြည်နယ် HR ချန်ဒီဂါမြို့ (ပန်ဂျပ်ပြည်နယ်၏ မြို့တော်လည်း ဖြစ်သလို ပြည်ထောင်စုနယ်မြေလည်း ဖြစ်သည်။)
ဟီမာချယ်ဒေသပြည်နယ် HP ဆင်းမလားမြို့ (နွေရာသီ)၊ ဒါရမ်ဆလာမြို့ (ဆောင်းရာသီ)
၁၀ ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ် JK ဆရီနာဂါမြို့ (နွေရာသီ), ဂျမ်မူးမြို့ (ဆောင်းရာသီ)
၁၁ ဂျဟာခန်ပြည်နယ် JH ရန်ချီမြို့
၁၂ ကာနာတာကာပြည်နယ် KA ဘန်ဂလိုမြို့
၁၃ ကီရာလာပြည်နယ် KL သီရိဝနမ်သတ်ပူရမ်မြို့
၁၄ မဇ္ဈဒေသ ပြည်နယ် MP ဘိုပါမြို့
၁၅ မဟာရဋ္ဌပြည်နယ် MH မွမ်ဘိုင်းမြို့
၁၆ မဏိပူရပြည်နယ် MN အင်ဖာမြို့
၁၇ မိဂါလယပြည်နယ် ML ရှီလွန်မြို့
၁၈ မီဇိုရမ်ပြည်နယ် MZ အိုက်ဇောမြို့
၁၉ နာဂလန်ပြည်နယ် NL ကိုဟီးမားမြို့
၂၀ ဩရိဿပြည်နယ် OD ဘူဘန်နိရှဝါမြို့
၂၁ ပန်ဂျပ်ပြည်နယ် PB ချန်ဒီဂါမြို့ (ဟာယနပြည်နယ်၏ မြို့တော်လည်း ဖြစ်သလို ပြည်ထောင်စုနယ်မြေလည်း ဖြစ်သည်။)
၂၂ ရာဇဌာန်ပြည်နယ် RJ ဂျိုင်ပူမြို့
၂၃ ဆစ်ကင်ပြည်နယ် SK ဂမ်းတော့မြို့
၂၄ တမီးနာဒူပြည်နယ် TN ချန်နိုင်းမြို့
၂၅ တယ်လန်ဂါနာပြည်နယ်[] TS ဟိုက်ဒရာဘတ်မြို့
၂၆ တြိပူရပြည်နယ် TR အာဂါတလာမြို့
၂၇ ဥတ္တရဒေသပြည်နယ် UP လတ်ခနောင်းမြို့
၂၈ အက်ထရာခန်ပြည်နယ် UK ဒီရာဒန်မြို့ (ကြားဖြတ်)
၂၉ အနောက်ဘင်္ဂလားပြည်နယ် WB ကာလကတ္တားမြို့
ပြည်ထောင်စု နယ်မြေများ
နံပါတ် ပြည်ထောင်စု နယ်မြေ ကုဒ် မြို့တော်
A ကပ္ပလီကျွန်းနှင့် နီကိုဘားကျွန်းများ AN ပို့ဘလဲယားမြို့
B ချန်ဒီဂါ CH ချန်ဒီဂါမြို့ (ဟာယနပြည်နယ် နှင့် ပန်ဂျပ်ပြည်နယ်တို့၏ မြို့တော်လည်း ဖြစ်သည်။)
C ဒါဒရာနှင့် နာဂါဟဲဗာလီ DN ဆီလဝတ်ဆမြို့
D ဒါမန်နှင့် ဒီအူး DD ဒါမန်
E လက်ခ်ရှားဝိလ် LD ကာဗာရတ်တီမြို့
F ဒေလီအမျိုးသားမြို့တော်နယ်မြေ DL နယူးဒေလီမြို့
G ပူဒူချယ်ရီ PY ပွန်ဒီချယ်ရီမြို့


ဒေသကြီးများ

[ပြင်ဆင်ရန်]

ဤစာရင်းသည် အိန္ဒိယနိုင်ငံ ဒေသကြီးများ၏ တရားမဝင် စာရင်း သို့မဟုတ် တရားဝင်ယောင်ယောင် ဖြစ်သော စာရင်း ဖြစ်သည်။ အချို့ဒေသကြီးများသည် ပထဝီဝင်အရ ဒေသများဖြစ်ပြီး အချို့မှာ မျိုးနွယ်စုအရ၊ ဘာသာဗေဒအရ၊ စကားပြောလေသံအရ၊ သို့မဟုတ် ယဉ်ကျေးမှုအရ ဒေသကြီးများ ဖြစ်ကြသလို အချို့မှာ သမိုင်းဝင် နိုင်ငံများ၊ ပြည်နယ်များ သို့မဟုတ် စီရင်စုများနှင့် ဆက်စပ်နေသည်။

ဒေသကြီးခြောက်ခု

[ပြင်ဆင်ရန်]
အမည် လူဦးရေ (၂၀၁၁ သန်းခေါင်စာရင်း) အကြီးဆုံးမြို့ ဧရိယာ
(စတုရန်းကီလိုမီတာ)
ပြည်နယ်များ ပြည်ထောင်စုနယ်မြေများ
အလယ်အိန္ဒိယ ၁၀၀,၅၂၅,၅၈၀ အင်ဒိုရီမြို့ ၄၄၃,၄၄၃ -
အရှေ့အိန္ဒိယ ၂၂၆,၉၂၅,၁၉၅ ကာလကတ္တားမြို့ ၄၁၈,၃၂၃
မြောက်အိန္ဒိယ ၃၇၆,၈၀၉,၇၂၈ ဒေလီမြို့ ၁,၀၁၀,၇၃၁
အရှေ့မြောက်အိန္ဒိယ ၄၅,၅၈၇,၉၈၂ ဂူဝါဟာတီမြို့ ၂၆၂,၂၃၀ -
တောင်အိန္ဒိယ ၂၅၃,၀၅၁,၉၅၃ ဘန်ဂလိုမြို့ ၆၃၅,၇၈၀
အနောက်အိန္ဒိယ ၁၇၃,၃၄၃,၈၂၁ မွမ်ဘိုင်းမြို့ ၅၀၈,၀၃၂
အိန္ဒိယနိုင်ငံ၏ ဒေသကြီး ခြောက်ခု
အလယ်အိန္ဒိယ
အရှေ့အိန္ဒိယ
မြောက်အိန္ဒိယ
အရှေ့မြောက်အိန္ဒိယ
တောင်အိန္ဒိယ
အနောက်အိန္ဒိယ


ခရိုင်များ

[ပြင်ဆင်ရန်]

ပြည်နယ်နှင့် နယ်မြေများကို ခရိုင်များ (zilla) အဖြစ် ထပ်မံခွဲခြားထားပြီး ၂၀၁၆ ခုနှစ် စာရင်းများအရ ခရိုင် ၆၉၆ ခုရှိသည်။ ခရိုင်များကို ခရိုင်ရာဇဝတ်တရားသူကြီးများက အုပ်ချုပ်သည်။

ခရိုင်ခွဲများ

[ပြင်ဆင်ရန်]

Tehsils, talukas, mandals, sub-divisions, CD Blocks စသဖြင့် ပြည်နယ်အလိုက် အမျိုးမျိုး ခေါ်ဝေါ်ကြပြီး ယင်းတို့ကို Tehsildar သို့မဟုတ် Talukdar သို့မဟုတ် MRO သို့ Block Development Officer က အုပ်ချုပ်သည်။ ယင်းတို့တွင် ကျေးရွာများ သို့မဟုတ် ကျေးရွာအစုအဖွဲ့များ ပါဝင်သည်။ Tehsil အဆင့်ရှိ အစိုးရ/ ရွေးကောက်ခံအဖွဲ့ကို panchayat samiti ဟု ခေါ်သည်။

ပြည်နယ်များသည် ယင်းတို့၏ ခရိုင်ခွဲများကို အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။[]

ပြည်နယ် ခရိုင်ခွဲ ခရိုင်ခွဲများ
အရေအတွက်
အန်ဒရာဒေသပြည်နယ်Mandal၆၆၄[၁၀]
အာရန်နာချယ်ဒေသပြည်နယ်Circle၁၄၉
အာသံပြည်နယ်Circle၁၅၅
ဘီဟာပြည်နယ်CD Block၅၃၃
ချဟာတစ်ဂါပြည်နယ်Tehsil၉၇
ဂိုအာပြည်နယ်Taluka၁၁
ဂူဂျာရတ်ပြည်နယ်Taluka၂၂၆
ဟာယနပြည်နယ်Tehsil၆၇
ဟီမာချယ်ဒေသပြည်နယ်Tehsil/ Sub-tehsil၁၀၉
ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်Tehsil၅၉
ဂျဟာခန်ပြည်နယ်CD Block၂၁၀
ကာနာတာကာပြည်နယ်Taluka၁၇၅
ကီရာလာပြည်နယ်Taluka၆၃
မဇ္ဈဒေသ ပြည်နယ်Tehsil၂၅၉
မဟာရဋ္ဌပြည်နယ်Taluka၃၅၃
မဏိပူရပြည်နယ်Sub-division၃၈
မိဂါလယပြည်နယ်CD Block၃၉
မီဇိုရမ်ပြည်နယ်CD Block၂၂
နာဂလန်ပြည်နယ်Circle၉၃
ဩရိဿပြည်နယ်Police station၄၈၅
ပန်ဂျပ်ပြည်နယ်Tehsil၇၂
ရာဇဌာန်ပြည်နယ်Tehsil၂၄၁
ဆစ်ကင်ပြည်နယ်
တမီးနာဒူပြည်နယ်Taluka၂၀၁
တယ်လန်ဂါနာပြည်နယ်Mandal၄၅၂
တြိပူရပြည်နယ်CD Block၃၈
ဥတ္တရဒေသပြည်နယ်Tehsil၃၀၀
အက်ထရာခန်ပြည်နယ်Tehsil၄၈
အနောက်ဘင်္ဂလားပြည်နယ်CD Block၃၄၁
ပြည်ထောင်စု နယ်မြေ ခရိုင်ခွဲ ခရိုင်ခွဲများ
အရေအတွက်
ကပ္ပလီကျွန်းနှင့် နီကိုဘားကျွန်းများTehsil
လက်ခ်ရှားဝိလ်Sub-division
ချန်ဒီဂါTehsil
ဒါဒရာနှင့် နာဂါဟဲဗာလီTaluka
ဒါမန်နှင့် ဒီအူးTaluka
ဒေလီမြို့Tehsil၃၄
ပူဒူချယ်ရီCommune Panchayat၁၀

ကျေးလက်နယ်အဆင့်

[ပြင်ဆင်ရန်]

ဘလောက်များ

[ပြင်ဆင်ရန်]

ဘလောက် (block) သို့မဟုတ် လူထုဖွံ့ဖြိုးရေးဘလောက် (Community development block) သို့မဟုတ် C.D.Block သည် tehsil အဆင့်အောက်ရှိ အုပ်ချုပ်ရေးအဆင့်တစ်ခု ဖြစ်သည်။

ပြည်နယ် C.D.Block
C.D.Blocks
အရေအတွက်
မိဂါလယပြည်နယ်C.D.Block၃၉
မီဇိုရမ်ပြည်နယ်C.D.Block၂၂
ဘီဟာပြည်နယ်C.D.Block၅၃၃
ဂျဟာခန်ပြည်နယ်C.D.Block၂၆၃[၁၁]
တြိပူရပြည်နယ်C.D.Block၅၈
အက်ထရာခန်ပြည်နယ်C.D.Block၉၅
အနောက်ဘင်္ဂလားပြည်နယ်C.D.Block၃၄၁

ကျေးရွာများ

[ပြင်ဆင်ရန်]

ကျေးရွာများသည် အိန္ဒိယနိုင်ငံ၏ နယ်မြေအပိုင်းအခြားတွင် အနိမ့်ဆုံးအဆင့် ဖြစ်သည်။ ကျေးရွာအဆင့်ရှိ အုပ်ချုပ်ရေးအဖွဲ့များကို Gram Panchayat ဟုခေါ်ပြီး ၂၀၀၂ ခုနှစ်တွင် ၂၅၆,၀၀၀ ရွာ ရှိသည်။

Gram Panchayat တစ်ခုစီသည် ကျေးရွာကြီးတစ်ခု သို့မဟုတ် လူဦးရေ ၅၀၀ ကျော်သော ကျေးရွာငယ်များ အစုတစ်ခုစီကို အုပ်ချုပ်သည်။ ကျေးရွာအစုများကို တစ်ခါတစ်ရံ Hobli သို့မဟုတ် Patti ဟု ခေါ်သည်။

ရွာသိမ်ရွာငယ် ဇနပုဒ်များကို "habitations" ဟု ခေါ်ဆိုပြီး အိန္ဒိယနိုင်ငံတွင် ၁,၇၁၄,၅၅၆ ခုရှိသည်။[၁၂] အချို့ပြည်နယ်များရှိ ကျေးရွာအများစုတွင် habitation တစ်ခုသာ ရှိသော်လည်း အချို့တွင် အများအပြားရှိသည်။[၁၃]

မက်ထရိုပိုလစ် ဧရိယာ

[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံရှိ မက်ထရိုပိုလစ် မြို့များမှာ မွမ်ဘိုင်းမြို့နယူးဒေလီမြို့ကာလကတ္တားမြို့ချန်နိုင်းမြို့ပူနာမြိုဟိုက်ဒရာဘတ်မြို့နှင့် ဘန်ဂလိုမြို့တို့ ဖြစ်ကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Archived copy 15 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-03-25 တွင် ပြန်စစ်ပြီး။
  2. Archived copy 8 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-03-07 တွင် ပြန်စစ်ပြီး။
  3. Zonal Council | 12 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2018 တွင် ပြန်စစ်ပြီး။
  4. THE STATES REORGANISATION ACT, 1956 (ACT NO.37 OF 1956) PART – III ZONES AND ZONAL COUNCILS (PDF)။ 27 December 2017 တွင် ပြန်စစ်ပြီး။
  5. PRESENT COMPOSITION OF THE SOUTHERN ZONAL COUNCIL (PDF)။ 27 December 2017 တွင် ပြန်စစ်ပြီး။
  6. Archived copy 6 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-07-05 တွင် ပြန်စစ်ပြီး။ States and Union Territories of India - Source - Government of India Official Website
  7. Vijayawada is Andhra Pradesh’s new capital 27 December 2017 တွင် ပြန်စစ်ပြီး။
  8. Appointed Day for Telangana State 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2017 တွင် ပြန်စစ်ပြီး။
  9. Statement showing the Nomenclature and Number of Sub-Districts in States/UTs Office of The Registrar General & Census Commissioner, India, New Delhi (2010–2011)။ 3 October 2011 တွင် ပြန်စစ်ပြီး။
  10. List of Mandals Andhra Pradesh State။ 11 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2016 တွင် ပြန်စစ်ပြီး။
  11. "Names of Blocks of Jharkhand" (in en-US)၊ Jharkhandi Baba၊ 2017-10-21 30 March 2018 တွင် ပြန်စစ်ပြီး Archived from the original on 21 October 2017။
  12. [လင့်ခ်သေ]
  13. Indian Department of Education 21 July 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]


တမ်းပလိတ်:အိန္ဒိယနိုင်ငံ