အလင်းဝန်းကတော့ချွန်
ပုံပန်းသွင်ပြင်
ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
ထူးရှား နှိုင်းရသီအိုရီ (Special Relativity Theory) မှ ပါရှိသော၊ အမှတ်တစ်မှတ်ချင်းစီအဖို့ အလင်း ကန်တော့ချွန် (ခေါ်) သက်ရောက်ဝန်း a (အင်္ဂလိပ်: light cone; null cone) ဟူသည်မှာ -
- ထိုအမှတ် (ထိုအထိုက် ထိုနေရာ) မှ အလင်းများ သို့မဟုတ် အလင်းအလျင်နှင့် သွားမည့် အရာများ အဝေးတည့်တည့်သို့ ဖြာထွက်သော်၊ ဖြစ်အင်ထုတလျှောက် ၎င်းတို့ ရွေ့လျားတည်ရှိသွားမည့် ဖြစ်စဉ်ပြမျဉ်း (worldline)များ ကို အချိန်+နေရာ စံတိုင်တပ် ဆွဲပုံ၌ ကန်တော့ချွန်ပုံနှင့် ဖော်ပြနိုင်သည့် (အသုံးပြုတိုင်းကြောင်း အရေအတွက်အလျောက်) မျဉ်း (သို့) မျက်နှာပြင် (သို့) ထုထည် စသည်တို့ ဖြစ်ကာ၊
- နှိုင်းရသီအိုရီအရ သက်ရောက်ဖြစ်ပျက်မှု (causality) ချိတ်ဆက်နိုင်သမျှသော တည်နေရာများနှင့် အချိန်အခိုက်များကို ဘောင်ခတ်ငုံမိထားသည့် အဝန်းခတ်ဘောင်[၁] ဖြစ်လေ၏။
သို့ဖြင့် ထောင့်သန့် နှိုင်းပုံကျ မင်ခေါ့ဗ်ရှကီး အချိန်+ရပ်ဝန်း (ဖြစ်အင်ထု) ကို ဆွဲသားသော ဒိုင်ယာဂရမ်ပုံများတွင် မတ်ခြင်းနှင့်လဲခြင်းကြား တည့်တည့်ကျသော ၄၅ ဒီဂရီ မျဉ်းတို့ဖြင့် သက်ရောက်ဝန်း (light cone) က ပေါ်ပေါက်ဘောင်ခတ်နေပေမည်။
- သာဓကအားဖြင့် (မိမိအဖို့)အနာဂတ်ပိုင်းရှိ အဖြစ်အပျက်တစ်ခုသော B က မိမိအဖြစ်အပျက်တစ်ခု A ၏ သက်ရောက်ဝန်း ပြင်ပ၌ ရှိအံ့၊ မိမိ၏ ၎င်း A ထံမှ သက်ရောက်မှု အလုံးစုံမှာ (အလင်းအလျင်သာ အမြန်ဆုံး ရှိနိုင်သည့်အလျောက်) ၎င်း B ဟူသော အချိန်နှင့်နေရာ (အဖြစ်အပျက်) ကွက်တိသို့ မရောက်နိုင်ကြောင်း ဆွဲပုံတွင်လည်း ထင်ရှား၍ B အဖြစ်အပျက်၌ မိမိထံမှ အကျိုးသက်ရောက်မှု လုံးဝပါရှိမည်မဟုတ်ဟု ဆိုလို၏။ ၎င်း B ကြုံ ဇာတ်ကောင်၏ သက်ရောက်လောက (Observable Univerese) အတွင်း မိမိ ပါဝင်နေမည်ပင် မဟုတ်ချေ။
- သာဓကအားဖြင့် (မိမိအဖို့)အတိတ်ပိုင်းရှိ အဖြစ်အပျက်တစ်ခုသော B ၏ သက်ရောက်ဝန်း ပြင်ပ၍ မိမိ၏ အဖြစ်အပျက်တစ်ခု A က ရှိအံ့၊ ၎င်းထံမှ သက်ရောက်မှု အလုံးစုံ မိမိထံသို့ ရောက်ရှိမည် မဟုတ်ဟု သိနိုင်၏။ ဤအခါမျိုးတွင် မိမိ၏ သက်ရောက်လောက (Observable Universe) အတွင်း ၎င်း အဖြစ်အပျက် B ပါဝင်နေမည်ပင် မဟုတ်ချေ။
အကိုးအကား
[ပြင်ဆင်ရန်]- ↑ Schutz, Bernard F. | "A First Course in General Relativity"