နှိုင်းရသီအိုရီ

ဝီကီပီးဒီးယား မှ
နှိုင်းရသီအိုရီအရ သုံးဖက်မြင် အာကာသအချိန် ကွေးညွတ်ပုံအား နှစ်ဘက်အမြင်ဖြင့် ဖော်ပြထားပုံ

နှိုင်းရသီအိုရီ ၂ခုရှိပြီး ယင်းတို့မှာ အိုင်းစတိုင်းထူးရှားနှိုင်းရသီအိုရီ နှင့် အထွေထွေနှိုင်းရသီအိုရီတို့ဖြစ်သည်။[၁] အထူးနှိုင်းရသီအိုရီသည် ဒြပ်ဆွဲအားမှလွဲ၍ အခြေခံအမှုန်များနှင့် ယင်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အပြုအမူများကို လေ့လာသည်။ ယေဘုယျနှိုင်းရသီအိုရီမှာ သဘာဝ၌ တည်ရှိသော ဒြပ်ဆွဲအားနိယာမနှင့် ယင်းတို့၏အားများကို ရှင်းပြပေးသည်။ ယင်းသည် စကြဝဠာဗေဒ၊ နက္ခတ္တဆိုင်ရာနယ်ပယ်နှင့် နက္ခတ္တဗေဒတို့ပါဝင်သည်။[၂] သီအိုရီသည် ၂၀ ရာစုနှစ်မှ နယူတန်၏ မူလဘူထ မက္ကင်းနစ်သီအိုရီမှ ဆင်းသက်လာခြင်းဖြစ်သည်။[၂] ယင်းသည် အာကာသနှင့် အချိန်ကို ပေါင်းစပ်ပေးပြီး ဒြပ်ဆွဲအား၊ အချိန် ချဲထွင်မှု၊ အလျား ကျုံ့မှု စသည်တို့ ပါဝင်သည်။ ရူပဗေဒနယ်ပယ်တွင် နှိုင်းရသီအိုရီသည် အခြေခံအမှုန်နှင့် ယင်းတို့၏ အပြန်အလှန်ဆက်နွယ်မှုများကို သိပ္ပံနည်းကျ မွမ်းမံပေးခဲ့ပြီး အဏုမြူခေတ်ကို ဆန်းသစ်စေခဲ့သည်။ နှိုင်းရသီအိုရီဖြင့် ရုပ်ပိုင်းဆိုင်ရာ စကြဝဠာဗေဒနှင့် နက္ခတ္တရူပဗေဒတို့သည် နယူထရွန်ကြယ်တွင်းနက်နှင့် ဒြပ်ဆွဲအားလှိုင်းကဲ့သို့ ထူးဆန်းသောအရာများကို ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သည်။[၂][၃][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Einstein A. (1916)၊ Relativity: The Special and General Theory (Translation 1920)၊ New York: H. Holt and Company
  2. ၂.၀ ၂.၁ ၂.၂ Will, Clifford M (August 1, 2010)။ "Relativity"Grolier Multimedia Encyclopedia။ 21 May 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး2010-08-01 တွင် ပြန်စစ်ပြီး
  3. Will, Clifford M (August 1, 2010)။ "Space-Time Continuum"Grolier Multimedia Encyclopedia။ 25 January 2013 တွင် မူရင်း အား မော်ကွန်းတင်ပြီး2010-08-01 တွင် ပြန်စစ်ပြီး
  4. Will, Clifford M (August 1, 2010)။ "Fitzgerald–Lorentz contraction"Grolier Multimedia Encyclopedia။ 25 January 2013 တွင် မူရင်း အား မော်ကွန်းတင်ပြီး2010-08-01 တွင် ပြန်စစ်ပြီး