အလင်းအလျင်

ဝီကီပီးဒီးယား မှ
အလင်းအလျင်
နေမှကမ္ဘာမြေသို့အကွာအဝေးအား ၁၅ဝ မီလီယံ ကီလိုမီတာဖြင့် ဖော်ပြထားသည်
နေရောင်ခြည်သည် နေမှ ကမ္ဘာသို့ ၈ မိနစ် ၁၇ စက္ကန့်ခန့် ခရီးသွားရသည်
တန်ဖိုးအတိအကျ
တစ်စက္ကန့်လျင် မီတာနှုန်း299792458
ပလန့်အချိန်နှုန်းအတိုင်း ပလန့်အကွာအဝေး
(i.e., Planck units)
အနီးဆုံး တန်ဖိုး (ဒသမတန်ဖိုး ၃ နေရာထိ)
တစ်နာရီလျင် ကီလိုမီတာနှုန်း1080 မီလီယံ (၁.၀၈×၁၀)
တစ်စက္ကန့်လျင်မိုင်နှုန်း186000
တစ်နာရီလျင်မိုင်နှုန်း၆၇၁ မီလီယံ (၆.၇၁×၁၀)
တစ်ရက်လျင် AU နှုန်း၁၇၃[၁]
အလင်းဖြတ်သန်းရသည့် ကြာမြင့်ချိန်
အကွာအဝေးအချိန်
၁ ပေ၁.ဝ နာနိုစက္ကန့်
မီတာ၃.၃ နာနိုစက္ကန့်
ဂြိုဟ်ပတ်လမ်းမှ ကမ္ဘာမြေသို့၁၁၉ မီလီစက္ကန့်
ကမ္ဘာ၏ အီကွေတာအရှည်၁၃၄ မီလီစက္ကန့်
လကမ္ဘာ မှ ကမ္ဘာမြေသို့၁.၃ စက္ကန့်
နေ မှ ကမ္ဘာသို့ (၁ AU)၈.၃ မိနစ်
အလင်းနှစ်၁.ဝ နှစ်
parsec၃.၂၆ နှစ်
အနီးဆုံးကြယ်မှ နေသို့ (၁.၃ pc)၄.၂ နှစ်
အနီးဆုံးဂလက်ဆီမှ ကမ္ဘာသို့၂၅ဝဝဝ နှစ်
နဂါးငွေ့တန်းကိုဖြတ်ကာ၁ဝ,ဝဝဝဝ နှစ်
အင်ဒရိုမီဒါမှ ကမ္ဘာသို့၂.၅ မီလီယံနှစ်
ကမ္ဘာမှ လေ့လာနိုင်သော စကြဝဠာအနားစွန်းသို့၄၆.၅ ဘီလီယံနှစ်

အလင်း၏အမြန်နှုန်း ဆိုသည်မှာ ရူပဗေဒတွင် စကြဝဠာလုံးဆိုင်ရာ ပုံသေကိန်းဖြစ်သည်။ ယင်း၏ တန်ဖိုးအတိအကျမှာ တစ်စက္ကန့်လျင် ၂၉၉, ၇၉၂, ၄၅၈ မီတာနှုန်းဖြစ်သည်။ မိုင်အားဖြင့်ဆိုသော် ၁၈၆, ၂၈၂ မိုင်ခန့်ရှိသည်။ သင်္ကေတ c ဖြင့် ဖော်ပြသည်။ အထူးနှိုင်းရသီအိုရီအရ c သည် စကြဝဠာထဲမှ အရာခပ်သိမ်း သတင်းအချက်အလက်မှန်သမျှ အမြင့်ဆုံးအမြန်နှုန်းဖြင့် ခရီးသွားနိုင်သော အမြန်နှုန်းဖြစ်သည်။ c သည် ရင်းမြစ်၏ရွေ့လျားမှုအား မူတည်ခြင်းမရှိဘဲ ပကတိကိန်းသေနှုန်းဖြင့်သာ ရွေ့လျားသည်။ ဥပမာဆိုရသော် နေမှ ကမ္ဘာမြေသို့ ခရီးသွားနေသည့် အလင်းတစ်ခုသည် c တန်ဖိုးဖြင့် (တစ်စက္ကန့်လျင် မိုင်ပေါင်း ၁၈၆ဝဝဝ) ခရီးသွားသည်ဟုဆိုပါစို့။ ကမ္ဘာနှင့်နေကြားမှ အာကာသယာဉ်တစ်စင်းသည် နေဆီသို့ အင်မတန်မြန်သော အမြန်နှုန်းဖြင့် မောင်းနှင်သွားသည်ဟု ထပ်မံတွေးအုံးအံ့။ ကမ္ဘာမြေမှနေ၍ အလင်းအလျင်အား တိုင်းတာလျင် c တန်ဖိုးကို ရမည်ဖြစ်ပြီး အာကာသယာဉ်ပေါ်မှ အလင်းအလျင်အား တိုင်းတာလျင်လည်း ယင်း c တန်ဖိုးကိုသာ မပြောင်းလဲဘဲ တွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့် အလင်းသည် တူရုပြုရာနေရာနှင့်မသက်ဆိုင်ဘဲ ပကတိအလျင်နှုန်းဖြင့်သာ မူသေရွေ့လျားသည်။ သို့သော်လည်း အလင်းဖြတ်သန်းသွားသည့် ကြားခံနယ်မှာ လေဟာနယ်ဟု သတ်မှတ်သည်။ ဆိုရသော် အလင်းသည် ဖန်၊ လေထု အစရှိသော ကြားခံနယ်များအား ဖြတ်သန်းပါက မူလ c တန်ဖိုးထက် အနည်းငယ်လျော့နည်းသည်။ ၁၉၇၅ ခုနှစ်တွင် အလင်းအလျင်သည် ၁ စက္ကန့်လျင် ၂၉၉ ၇၉၂ ၄၅၈ မီတာဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် နိုင်ငံတကာ ယူနစ်အဖွဲ့အစည်းမှ အလင်းအလျင်အား လေဟာနယ်တွင်ဆိုပါက ၁ စက္ကန့်၏ ၂၉၉ ၇၉၂ ၄၅၈ ပုံံ ၁ ပုံ (၁/၂၉၉ ၇၉၂ ၄၅၈) ရှိသည်ဟု သတ်မှတ်ပေးခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. အတိအကျ:
    (299792458 × 60 × 60 × 24 / 149597870700) AU/day
  2. Penrose၊ R (2004)။ The Road to Reality: A Complete Guide to the Laws of the Universe။ Vintage Books။ pp. 410–1။ ISBN 978-0-679-77631-4... the most accurate standard for the metre is conveniently defined so that there are exactly 299,792,458 of them to the distance travelled by light in a standard second, giving a value for the metre that very accurately matches the now inadequately precise standard metre rule in Paris.