လှသိန်း
ဦးလှသိန်း | |
---|---|
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၃၁ ဇန္နဝါရီ ၂၀၂၁ | |
ယခင်လူ | ဦး တင်အေး |
ဆက်ခံသူ | ဦး သိန်းစိုး |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မန္တလေးတိုင်း မြစ်သား | ၂၃ ဖေဖော်ဝါရီ၊ ၁၉၄၈
လူမျိုး | မြန်မာ |
ဦးလှသိန်း ( ၂၃ ဖေဖော်ဝါရီ ၁၉၄၈ ဖွား) [၁]သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှ ၂၀၂၂ ဇန်နဝါရီ ၃၁ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဦးလှသိန်းသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် မွေးဖွားခဲ့သည်။ ဆယ်တန်းအောင်မြင်ပြီး ဘူမိဗေဒဘာသာရပ်အထူးပြုဖြင့် တက္ကသိုလ်တက်ခဲ့သည်။ B.Sc(Q),M.Sc,DGS(Netherlands) ဘွဲ့များရရှိခဲ့ပြီး တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ခုနှစ် တွင် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် အဖြစ်မှ အငြိမ်းစားယူခဲ့သည်။[၂]
နိုင်ငံရေးလောကသို့ရောက်ရှိလာခြင်း
[ပြင်ဆင်ရန်]ဦးလှသိန်းသည် အထွေထွေရွေးကောက်ပွဲ ၂၀၁၀၊ ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၂၊ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တို့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၅ မှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ နိုင်ပြီးနောက် နိုင်ငံတော်သမ္မတဦးထင်ကျော် က ၎င်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်အဆိုပြုခဲ့ရာ ပြည်ထောင်စု လွှတ်တော်ကလည်း သဘောတူခဲ့သည့်အတွက် ဦးလှသိန်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[၃] [၄] အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် တပ်မတော်အပါအဝင် အတိုက်အခံများ၏ ဝေဖန်ခြင်းကို ခံရသည်။[၅] [၆] [၇]
ဖမ်းဆီးထိန်းသိမ်းခံရခြင်း
[ပြင်ဆင်ရန်]ဦးလှသိန်း သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် အမှုဖွင့်ခံရသည်။[၈]ထိန်းသိမ်းခံရပြီး ၁နှစ်နှင့်၅လကျော်အကြာ ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးက ၎င်းအား ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်သည်။ ၎င်းနှင့်အတူ အဖွဲ့ဝင် ဦးသန်းဌေး နှင့် ဦးမြင့်နိုင်တို့သည်လည်း ထောင်ဒဏ်သုံးနှစ်စီချမှတ်ခြင်းခံခဲ့ရသည့်အပြင် အဖွဲ့ဝင်ဟောင်း ၁၅ ဦးအကုန်လည်း ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က) ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် လွတ်ငြိမ်းဖြင့် ဦးလှသိန်း ပြန်လွတ်သည်။[၉]
အငြင်းပွားဖွယ်ရာကိစ္စရပ်များ
[ပြင်ဆင်ရန်]ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ အား ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ထိန်းချုပ်မှုများကြားကပင် အောင်မြင်စွာကျင်းပပေးခဲ့သည်။ တပ်မတော်အပါအဝင် နိုင်ငံရေးအတိုက်အခံအင်အားစုများက အဆိုပါ ရွေးကောက်ပွဲကို တရားမျှတမှုမရှိဟု ဝေဖန်ကြသည်။[၁၀] ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများကမူ ရွေးကောက်ပွဲ၌ အားနည်းချက်အချို့ ရှိခဲ့သော်လည်း တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ် ပြုကြသည်။[၁၁] [၁၂]
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုရှိသည်ဆိုသော တပ်မတော်၏ စွပ်စွဲချက်အား ပြန်လည်စစ်ဆေးရန် နိုင်ငံတော်သမ္မတဦး ဝင်းမြင့် ထံတင်ပြခဲ့သေးသည်ဟုလည်းဆိုသည်။[၁၃] ထို့အပြင် ထောင်ဒဏ်ကျခံနေရစဉ် ပြစ်မှုများအပေါ်ဝန်ခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ အသနားခံစာ တင်ပြခဲ့သည့် ကိစ္စလည်း ရှိခဲ့သည်ဟုဆိုသည်။[၁၄]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဇနီးနှင့် သား ၂ ယောက်တို့ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကိုယ်ရေးရာဇဝင်များ။ UEC Myanmar။ 25 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ်အောင် လုပ်မှာပါ – ဦးလှသိန်း။ DVB (၂၅ မတ် ၂၀၁၆)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ခန့်အပ်ရန် ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိ သဖြင့် ပြည်ထောင်စု လွှတ်တော်မှ သဘောတူ။ Xinhua (၂၈ မတ် ၂၀၁၆)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသစ် အဆိုပြုခံရသူ ဦးလှသိန်းနဲ့ မေးမြန်းချက်။ RFA Burmese (၂၅ မတ် ၂၀၁၆)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကိုဗစ်ဘေးနဲ့ ဝေဖန်မှုများကြားက ရွေးကောက်ပွဲကော်မရှင်။ BBC Burmese (၂ နိုဝင်ဘာ ၂၀၂၀)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ UEC ဥက္ကဋ္ဌဦးလှသိန်း စိုးရိမ်စိတ်များနေကြောင်း ပြည်ခိုင်ဖြိုးပါတီဝေဖန်။ People Media (၁၉ နိုဝင်ဘာ ၂၀၁၉)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ စောင့်ကြည့်ရတော့မယ့် ရွေးကောက်ပွဲကော်မရှင်လုပ်ရပ်။ Eleven Media Group (၈ စက်တင်ဘာ ၂၀၁၉)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ UEC အဖွဲ့ခွဲ ဥက္ကဋ္ဌများကို အကျပ်ကိုင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ။ Myanmar Now (၁၂ ဇန်နဝါရီ ၂၀၂၂)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း ပြန်လွတ်။ VOA Burmese (၂၆ အောက်တိုဘာ ၂၀၂၀)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ယခင်နဲ့ ယခု ရွေးကောက်ပွဲကော်မရှင်။ RFA Burmese (၂၃ အောက်တိုဘာ ၂၀၂၀)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၀ ပြည့်နှစ်ထဲက ထင်ရှားသူများ။ The Irrawaddy (၂၉ ဒီဇင်ဘာ ၂၀၂၀)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၃ ဦး ထောင် ၃ နှစ်စီ ချခံရ။ The Irrawaddy (၇ ဇူလိုင် ၂၀၂၂)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့၏ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမဲမသမာမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်ဒဏ်ကျခံရမှုအပေါ် ဖြေလျော့ ကင်းလွတ်ခွင့်ပြုခဲ့သည့် ထုတ်ပြန်ချက်"၊ MWD Webportal၊ 2022-11-9။
- ↑ "UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့က ၎င်းတို့ကျခံနေရသည့် ထောင်ဒဏ်များအား အသက်အရွယ်ကြီးရင့်မှုနှင့် ကျန်းမာရေးအရ ဖြေလျှော့ပေးရန် အသနားခံစာတင်ပြခဲ့သဖြင့် ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း နစကထုတ်ပြန်"၊ Eleven Media Group၊ 2022-11-10။