သက်ထားသူဇာ
သက်ထားသူဇာ | |
---|---|
ကိုယ်ရေးအချက်အလက် | |
နိုင်ငံ | မြန်မာ |
မွေးဖွား | [၁] ရန်ကုန်မြို့ | ၁၅ မတ်၊ ၁၉၉၉
အရပ် | ၁၅၈ စင်တီမီတာ |
ကိုယ်အလေးချိန် | ၅၈ ကီလိုဂရမ် |
လက်အနေအထား | ညာ |
အမျိုးသမီး တစ်ဦးချင်း | |
လက်ရှိအဆင့် | ၆၄ (၃၀ မတ် ၂၀၂၁) |
သက်ထားသူဇာ (၁၅ မတ် ၁၉၉၉ မွေးဖွား) သည် မြန်မာ့အားကစားသမား ကြက်တောင်မယ်တစ်ဦးဖြစ်သည်။[၂] ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့သူဖြစ်သည်။
ပညာရေးနှင့် မိသားစု
[ပြင်ဆင်ရန်]ဖခင် ဦးထွန်းထွန်းဇော်နှင့် မိခင် ဒေါ်ဝင်းပပထွန်းတို့၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ Myanmar Imperial Universityမှ BA. Honsဘွဲ့ရရှိထားသည်။ မိဘနှစ်ပါးမှာလည်း ကြက်တောင်အားကစားသမားဟောင်းများဖြစ်ကြသည်။ ဖခင်ဖြစ်သူမှာ မြန်မာပြည်တံခွန်စိုက် ကြက်တောင်ရိုက်ချန်ပီယံဆုကို လေးကြိမ်ဆွတ်ခူးခဲ့သူဖြစ်သည်။[၃]
အားကစားလောက
[ပြင်ဆင်ရန်]အသက် ၇ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ ထိုင်းနိုင်ငံသို့သွား၍ ကြက်တောင်နည်းပြအဖြစ် လုပ်ကိုင်ရာ အတူလိုက်ပါသွားပြီး ထိုစဉ်မှပင် စတင်ကစားခဲ့သည်။ ထိုင်းနိုင်ငံဘုရင်မင်းမြတ်က ပေးအပ်သော ဂုဏ်ထူးဆောင်ဆု ၆ ဆုအထိ ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ထိုနှစ်တွင်ပင် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် သုံးကြိမ်ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လတွင် သူမ၏ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၆၄ ဖြစ်သည်။[၁]
အောင်မြင်မှုများ
[ပြင်ဆင်ရန်]BWF International Challenge/Series
[ပြင်ဆင်ရန်]အမျိုးသမီး တစ်ဦးချင်း
- BWF International Challenge tournament
- BWF International Series tournament
- BWF Future Series tournament
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ "Thet Htar Thuzar"၊ BWF။
- ↑ Players: Thet Htar Thuzar။ Badminton World Federation။ 11 July 2019 တွင် ပြန်စစ်ပြီး။
- ↑ မင်္ဂလာမောင်မယ် ရုပ်စုံ၊ အတွဲ(၃၁)၊ အမှတ်-၅၊ (၂၀၁၉ခုနှစ် မေလ)