ကြက်တောင်ရိုက်ခြင်း

ဝီကီပီးဒီးယား မှ
ကြက်တောင်ရိုက်ခြင်း
Two Chinese pairs compete in the mixed doubles gold medal match of the 2012 Olympics
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်းကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်
ပထမဆုံးကစားခဲ့၁၉ ရာစု
ဝိသေသလက္ခဏာများ
ထိတွေ့မှုမရှိ
အသင်း အဖွဲ့ဝင်များတစ်ဦးချင်း နှင့် အတွဲလိုက်
ကျားမ ရောနှောမှန်
ကဏ္ဍရက်ကက် အားကစား၊ ပိုက်ကျော် အားကစား
ကိရိယာကြက်တောင်၊ ရက်ကက်
အိုလံပစ်၁၉၉၂–လက်ရှိ

ယခုအခါ မြန်မာနိုင်ငံတွင် ဗက်မင်တန်ခေါ် ကြက်တောင်ရိုက် ကစားခြင်း အလေ့သည် မြို့နယ်အနှံ့ပင် ခေတ်စားနေလေသည်။

ကြက်တောင်ရိုက်ကစားခြင်းသည် နူးညံ့သိမ်မွေ့၍ လက်မှခြေထောက်အထိ တစ်ကိုယ်လုံး လှုပ်ရှား ပြေးလွှားရသောကြောင့် ချွေးများထွက်ပြီးလျှင် ဣရိယာပုတ် မျှတသော ကစားမျိုးဖြစ်လေသည်။ အသက်အရွယ်၊ ကျားမ မရွေး ကစားနိုင်ခြင်း၊ နေရာမရွေး ကစားနိုင်ခြင်း၊ ပစ္စည်းကိရိယာ လိုအပ်ချက် အတွက် အကုန်အကျ အသင့်အတင့်သာ ရှိခြင်း တို့ကြောင့် အချို့ ဝါသနာထုံ၍ ကျန်းမာလိုသောသူများမှာ နွေမိုးမရှောင်ဘဲ ကြက်တောင်ရိုက် ကစားကြသည်။

သမိုင်း[ပြင်ဆင်ရန်]

ကြက်တောင်ရိုက်ကစားခြင်းကို ရှေးဦးစွာ အိန္ဒိယနိုင်ငံမှ စထွင်လိုက်သည်။ အိန္ဒိယကို ဗြိတိသျှတို့ စစ်နိုင်သောအခါ အိန္ဒိယမှတစ်ဆင့် အင်္ဂလန်ပြည်သို့ ထိုကစားနည်း ရောက်ရှိသွားသည်။ အင်္ဂလန်ပြည်မှတစ်ဖန် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားလေသည်။ အင်္ဂလန်နိုင်ငံတွင် ၁၈၇၃ ခုနှစ် လောက်ကစ၍ ကြက်တောင်ရိုက်ကစားခြင်းသည် ခေတ်စားလာခဲ့၏။ ဗက်မင်တန်ဟူသောအမည်မှာ အင်္ဂလန်နိုင်ငံတွင် ပထမဆုံး ကြက်တောင်ရိုက်ကစားသော နေရာတစ်ခု၏အမည်ကိုယူ၍ မှည့်ခေါ်ထားခြင်းဖြစ်လေသည်။

စည်းမျဉ်းစည်းကမ်း[ပြင်ဆင်ရန်]

၁၈၉၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကြက်တောင်ရိုက်အသင်းကြီးကို တည်ထောင်၍ ကြက်တောင်ရိုက်ကစားခြင်းနှင့်ဆိုင်သော စည်းမျဉ်းဥပဒေများကို ရေးဆွဲကြလေသည်။ ထိုစည်းမျဉ်းဥပဒေများကို အခြားနိုင်ငံများကလည်း အသိအမှတ်ပြုကာ လိုက်နာလျက်ရှိကြသည်။

ကြက်တောင်ရိုက် ကစားခြင်း စည်းမျဉ်းများမှာ မည်သည့်နိုင်ငံတွင်မဆို အတူတူပင် ဖြစ်သည်။ တစ်ဖက်တစ်ယောက်စီနေ၍ ကစားသည့် ကစားကွင်းမှာ အနံ ၁၇ ပေသာရှိ၍၊ တစ်ဖက် ၂ ယောက်စီ နေ၍ ကစားသည့်ကွင်းမှာ အနံပေ ၂ဝ ရှိသည်။ အလျားမှာမူကား အတူတူပင် ဖြစ်၏။

ပစ္စည်းကိရိယာ[ပြင်ဆင်ရန်]

ကြက်တောင်ရိုက်ကစားရာတွင် လိုအပ်သောဝတ္ထုပစ္စည်းများမှာ ဗက်တံ ၂ ချောင်း သို့မဟုတ် ၄ ချောင်း၊ ကြက်တောင် ဖော့လုံး ၁ ခု၊ အလျား ၁၇ ပေမှ ပေ ၂ဝ နှင့် အနံ ၂ ပေခွဲ ရှိသော ပိုက် ၁ ခုနှင့် ညီညာသော ကစားကွင်းဖြစ်သည်။

ကစားကွင်း[ပြင်ဆင်ရန်]

ကစားကွင်း၏ ပမာဏမှာ အလျား ၄၄ ပေ၊ အနံပေ ၂ဝ သို့မဟုတ် ၁၇ ပေ ရှိသည်။ နယ်နိမိတ်မျဉ်းကြောင်းများ၏ အကျယ်မှာ ၁ ၁/၂ လက်မရှိသည်။ အများအားဖြင့် နယ်နိမိတ် မျဉ်းကြောင်း၏ အရောင်မှာ အဖြူရောင်ဖြစ်သည်။ တဦးချင်း ပွဲ အတွက် နယ်နိမိတ် နှင့် နှစ်ယောက်တွဲ ပွဲ အတွက် နယ်နိမိတ် များကို မျဉ်းများဖြင့် မှတ်သား ထားသည်။ စပေးကြက်တောင် အတွက် အလယ်မျဉ်း နှင့် ရှေ့မျဉ်းများကိုလည်း မှတ်သားထားသည်။[ရှင်းလင်းချက်လိုအပ်သည်။][ကိုးကားချက်လိုသည်]

ပိုက်ကို ကစားကွင်းအလည် တည့်⁠တည့်၌ ကန့်လန့်ဖြတ် ရှိစေရန် ဘေးမျဉ်းကြောင်းများ တစ်ဖက်တစ်ချက်၌ စိုက်ထားသော တိုင် ၂ တိုင်တွင် ချည်နှောင်ထားရသည်။ ပိုက်၏အမြင့်မှာ အလည် ခေါင်တွင် ၅ ပေရှိ၍ ဘေးတစ်ဖက်တစ်ချက်ရှိ တိုင်ထိပ်တို့တွင် ၅ ပေ ၁ လက်မ ရှိသည်။

ကြက်တောင်[ပြင်ဆင်ရန်]

ဖော့လုံးတွင် ကြက်တောင်ဖြစ်စေ၊ ငှက်တောင်ဖြစ်စေ၊ ၁၄ ချောင်းမှ ၁၆ ချောင်းအထိ ပါရှိသည်။ ဖော့လုံး၏ အချင်းမှာ ၁ လက်မမှ ၁ လက်မအထိရှိ၍ ကြက်တောင်များ၏ အရှည်မှာ ၂ ၁/၂ လက်မမှ ၂ ၁/၄ လက်မအထိ ရှိရသည်။

ဗတ်တံ[ပြင်ဆင်ရန်]

ကစားသမားတိုင်းသည် ဗတ်တံ တခုစီဖြင့် ကြက်တောင်ကို ရိုက်ကစားရသည်။ ဘတ်တံ တခု၏ တဖက်စွန်း တွင် လက်ဖြင့်ဆုပ်ကိုင်ထားရန် လက်ကိုင် ရှိသည်။ ဗတ်တံ၏ အခြား အစွန်းဖက်တွင် ကြက်တောင် ကို ရိုက်ခတ်သည့် ဗတ် ပြား ရှိသည်။ ဗတ်ပြား မှာ ရှည်မြောမြော စက်ဝိုင်းပုံရှိ၍ စက်ဝိုင်းအနားသတ်မှာ သေးသွယ် သော ပေါင် (ဘောင်) ဖြစ်သည်။ ဘောင် တလျှောက် အပေါက်ငယ်များ တန်းစီဖောက်ထားသည်။ ပေါင်၏ အပေါက်များတွင် ထည့်သွင်း တပ်ဆင်ထားသော နိုင်လွန်ကြိုးငယ်များကို ပေါင်အတွင်း (စက်ဝိုင်းအတွင်း) နေရာလွတ် တွင် ခပ်တင်းတင်း ဆွဲကာ လေးကွက်ကြား ယက်လုပ်ထားသည်။[ကိုးကားချက်လိုသည်]

ကစားသမား[ပြင်ဆင်ရန်]

ကစားရာတွင် တစ်ဖက်လျှင် တစ်ယောက်စီဖြစ်စေ၊ ၂ ယောက်စီဖြစ်စေ ကစားနိုင်သည်။

ဒိုင်လူကြီး[ပြင်ဆင်ရန်]

ကြက်တောင်ပွဲ တပွဲကစားလျင် ပထမ ဒိုင်လူကြီး တဦး၊ လက်ထောက်ဒိုင်လူကြီး တဦး၊ အမှတ်ရေဒိုင်လူကြီး တဦး၊ နယ်နိမိတ်မျဉ်း ဒိုင်လူကြီး ၆ ဦး၊ ပေါင်း ဒိုင်လူကြီး ၉ ဦး တို့ က ကြီးကြပ်သည်။[ကိုးကားချက်လိုသည်]

အမှတ်[ပြင်ဆင်ရန်]

အရှုံးအနိုင်အမှတ်ကို ရေတွက်ရာတွင် အချို့က ၁၅ မှတ်အထိ ရေတွက်၍ အချို့ကမူ ၂၁ မှတ်အထိ ရေတွက်လေ့ရှိကြသည်။[ရှင်းလင်းချက်လိုအပ်သည်။]

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၅)။ "ကြက်တောင်ရိုက်ခြင်း"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်