ဝေဠုကျော်
| ဝေဠုကျော် | |
|---|---|
| မွေးဖွား | ဝေဠုကျော်စွာ ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့ |
| အလုပ်အကိုင် | သရုပ်ဆောင် |
| မိဘ(များ) | တက္ကသိုလ်ညိုလွင်မောင် + တက္ကသိုလ်ညိုညိုသိမ်း |
| ရရှိသည့်ဆုများ | မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၂၀၁၀) |
| ဝက်ဘ်ဆိုဒ် | ဝေဠုကျော်ဖောင်ဒေးရှင်း |
ဝေဠုကျော် သည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ၂၀၁၀ ခုနှစ် တွင် ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ အမျိုးသားဇာတ်ပို့ဆု ရရှိထားပြီး ပရဟိတလုပ်ငန်းများအတွက် ထင်ရှားသည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဝေဠုကျော်သည် ဧရာဝတီတိုင်း ညောင်တုန်းမြို့ ဇာတိ ဖြစ်သည်။ မိဘများမှာ တက္ကသိုလ်ညိုလွင်မောင် နှင့် တက္ကသိုလ်ညိုညိုသိမ်းတို့ဖြစ်ပြီး ပန်းလှိုင်စာပေ တိုက်ကို တည်ထောင်ခဲ့ကြသူများ ဖြစ်သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးဖြစ်သည်။
သရုပ်ဆောင်ဘဝ
[ပြင်ဆင်ရန်]ဝေဠုကျော်သည် ၁၉၉၇ ခုနှစ်ခန့်က ကလေးသရုပ်ဆောင်အဖြစ် အစိမ်းရောင်တောင်ကြား၊ နှင့် နှလုံးသားဖြင့်ရင်းရသည် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်လောကကို ရောက်ရှိခဲ့သည်။ ခေါင်းဆောင်မင်းသားအဖြစ် ၁၉၉၉ ခုနှစ်က မကြာမီမျှော် ဗီဒီယိုဇာတ်ကားကို ရိုက်ကူးခဲ့သည်။ ဝေဠုကျော်စုံထောက်အသွင် သရုပ်ဆောင်ထားသော ဘကောင်းဇာတ်လမ်းများမှာ ပရိသတ်ကြား ရေပန်းစားခဲ့သည်။ Studio 35မှ ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီ ခင်မောင်ဦးနှင့် စိုးသိမ်းထွဋ်တို့ ရိုက်ကူးသည့် ပင်လယ်ထက်ကနေဝန်းနီ ရုပ်ရှင်ဇာတ်ကားကြီးတွင် တူမလေးအပေါ် မေတ္တာတရားကြီးမားလှသည့် ဦးကြီးတော်ဖြစ်သူ 'ဆလုံ'ကျွန်းသားကြီး ထွဋ်ခေါင်လုအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၂ဝ၁ဝ ခုနှစ်တွင် အကယ်ဒမီရရှိခဲ့သည်။[၁]
လူမှုရေးအလုပ်များ
[ပြင်ဆင်ရန်]ဝေဠုကျော်သည် သွေးမေတ္တာ ပရဟိတအသင်းတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ နာဂစ်မုန်တိုင်းကာလက နာရေးကူညီ မှုအသင်း(ရန်ကုန်)နှင့် တွဲဖက်၍ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လပွတ္တာ၊ မြောင်းမြနယ်တစ်ဝိုက်တွင် အကူအညီပေးခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကြီးတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
ထင်ရှားသော ပရဟိတ ကူညီမှုများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ အကယ်ဒမီ ဝေဠုကျော်။ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။