မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း
| အတိုကောက် | MRCS |
|---|---|
| ဆောင်ပုဒ် | လူတိုင်းအတွက်အမြဲကူညီ၊နေရာတိုင်းမှာကြက်ခြေနီ |
| ယခင်အဖွဲ့အစည်း | အိန္ဒိယ ကြက်ခြေနီအသင်း (Indian Red Cross Society) |
| ဖွဲ့စည်းခြင်း | ၁၉၃၉ |
| အမျိုးအစား | Humanitarian Organization |
| ဦးတည်ချက် | ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် |
| ဌာနချုပ် | ရာဇသင်္ဂဟလမ်း၊ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မြန်မာနိုင်ငံ |
ဝန်ဆောင်မှုဒေသ | |
အဖွဲ့ဝင် | ၃၀,၀၀၀ ခန့် |
ဥက္ကဋ္ဌ | ပါမောက္ခ ဒေါက်တာမျိုးညွန့် |
အရေးကြီးပုဂ္ဂိုလ်များ | နာယက ၊ နိုင်ငံတော်သမ္မတ |
အဓိကအဖွဲ့အစည်း | အထွေထွေညီလာခံ |
| နှီးနွယ်အဖွဲ့အစည်း | အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ |
ဝန်ထမ်း | ၄၀၀ ကျော် |
စေတနာ့ဝန်ထမ်း | ၄၀,၀၀၀ ကျော် |
| မစ်ရှင် | ပြည်တွင်းပြည်ပရှိ ဘေးအန္တရာယ်ကျရောက်လွယ်သူများအတွက် လူမှုကရုဏာ အကူအညီများ ပေးနိုင်သည့် စွမ်းဆောင်ရည် ပြည့်ဝသော အမျိုးသား ကြက်ခြေနီအသင်း ဖြစ်လာစေရန်။ |
| ဝက်ဘ်ဆိုဒ် | redcross.org.mm https://www.facebook.com/info.mrcs |
| မှတ်ချက် | လုပ်ဆောင်ချက်များ အသင်းသည် အသင်းခွဲအရင်းအမြစ်များ နှင့် စေတနာလုပ်အားရှင် အသင်းဝင်ကွန်ယက်တို့ ပူးပေါင်း ၍ ရပ်ရွာအခြေပြု လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် လူမှုကရုဏာတန်ဖိုးများကို ပြန့်ပွားစေခြင်းဖြင့် ဘေးဒဏ် ပိုမို ကြံ့ကြံ့ခိုင် နိုင်စွမ်းရှိသော ရပ်ရွာလူထုများ ဖြစ်လာ စေရန် နိုင်ငံတော်၏ လူမှုကရုဏာ အခန်းကဏ္ဍတွင် အရန် အင်အားအဖြစ် ဆောင်ရွက်သွားမည်။ |
ယခင်အမည် | Burma Red Cross Society |
မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၂၀ တွင်စတင်ဖွဲ့စည်းပြီး အိန္ဒိယကြက်ခြေနီအသင်းခွဲအဖြစ် ရပ်တည်ခဲ့သည်။ ၁၉၃၇ တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖြစ်တရားဝင်ရပ်တည်နိုင်ခဲ့ပြီး ၁၉၃၉ တွင် အမျိုးသားကြက်ခြေနီအသင်းအဖြစ် (I.C.R.C) ကအသိအမှတ်ပြုခဲ့သည်။ ၁၉၄၆ တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (I.F.R.C) သို့ ဝင်ရောက်ခဲ့သည်။ကို ၁၉၂၀ တွင်စတင်ဖွဲ့စည်းပြီး အိန္ဒိယကြက်ခြေနီအသင်းခွဲအဖြစ်ရပ်တည်ခဲ့သည်။၁၉၃၇ တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖြစ်တရားဝင်ရပ်တည်နိုင်ခဲ့ပြီး ၁၉၃၉ တွင် အမျိုးသားကြက်ခြေနီအသင်းအဖြစ် (I.C.R.C) ကအသိအမှတ်ပြုခဲ့သည်။ ၁၉၄၆ တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (I.F.R.C) သို့ ဝင်ရောက်ခဲ့သည်။
ကြက်ခြေနီစတင်ခြင်း
[ပြင်ဆင်ရန်]ကြက်ခြေနီဖခင် Henry Dunant ကို ၈-မေ-၁၈၂၈ တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မွေးဖွားခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အီတလီနိုင်ငံသို့ ရောက်ရှိခိုက် ဆိုဖာရီနိုစစ်မြေပြင်ကို ကြုံတွေ့ခဲ့ရသည်။ စစ်မြေပြင်တွင်ထိခိုက်ဒဏ်ရာရ၊ သေဆုံး သောစစ်သားများအား ကူညီပေးမည့်သူမရှိပဲ၊ စစ်သားများ၏ ညီးညူသံများကိုကြားခဲ့ရပြီး ရွာနီးချုပ်စပ်မှ လူအများစုဝေးခေါ်ဆောင်ကာ ပြုစုကူညီပေးခဲ့သည်။ ထို့နောက် နေရပ်ပြန်ရောက်ချိန်တွင် သူကြုံတွေ့သိရှိခဲ့သမျှကို A Memory of Solferino စာအုပ်အားရေးသားပြုစုခဲ့သည်။ နိုင်ငံခေါင်းဆောင်များအား ထိုစာအုပ်ကို ရေးသားဖြန့်ဝေခဲ့ပြီးနောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ[၁] (International Committee of the Red Cross, အတိုကောက် I.C.R.C)ကိုတည်ထောင်နိုင်ခဲ့သည်။၁၉၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု [၂] ကို ရရှိခဲ့သည်။ ဟင်နရီဒူးနန့်စတင်မွေးဖွားပေးခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းသည် ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၈၈) နိုင်ငံမှ အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသည်။
ဥပဒေတည်ရှိမှု
[ပြင်ဆင်ရန်]၁၉၅၉ ခုနှစ်တွင် နိုင်ငံတော်က အသင်းကို အမြဲတမ်း လူမှု ကရုဏာအသင်းအဖြစ် အက်ဥပဒေပြဋ္ဌာန်းကာ တာဝန်ပေး အပ်ခဲ့သည်။ အဆိုပါအက်ဥပဒေအရ စိန်ဂျွန်းသူနာပြုတပ်ဖွဲ့ ကို အသင်း၏ ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ပြောင်းလဲ ပါဝင်ဖွဲ့စည်းထားခဲ့သည်။ ၎င်းအက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခု ၁၉၇၁ ခုနှစ်၊ ၁၉၈၈ ခုနှစ် တို့တွင် ပြင်ဆင်မှုများ ပြု လုပ်ခဲ့ပြီးနောက် ယနေ့ခေတ် လိုအပ်ချက်၊ လုပ်ဆောင်ချက် များနှင့်ကိုက်ညီရန် ဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ရာ ၂ဝ၁၅ ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့တွင် ဥပဒေ အမှတ် ၅၂ ဖြင့် ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည်။ ထိုဥပဒေကို အ ကောင်အထည်ဖော်ရန်အလို့ငှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၅) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က အသင်း၏ နည်းဥပဒေကို ထုတ်ပြန်ပေးခဲ့သည်။[၃]
ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]အသင်း၏အမြင့်ဆုံးအုပ်ချုပ်မှုမှာ ကြက်ခြေနီညီလာခံဖြစ်ပြီး ညီလာခံ သက်တမ်းအရ သုံးနှစ်တစ်ကြိမ် ကျင်းပပြုလုပ် ကာ ကောင်စီဝင်(၇၁)ဦးကို ညီလာခံက ရွေးချယ်တင် မြှောက်ပြီး ထိုကောင်စီဝင်များက အသင်း၏ ဆုံးဖြတ်ချက်များ၊ မူဝါဒများကို အတည်ပြု ချမှတ်ပေးသည်။ ထိုချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆိုပါ ကောင်စီဝင်များထဲမှ အလုပ်အမှုဆောင်(၁၁)ဦးကို ရွေးချယ်တင်မြှောက်ကာ အသင်း၏ မူဝါဒဆိုင်ရာနှင့် လမ်းညွှန်မှုလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်သည်။
အသင်း၏ လူမှုကရုဏာလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာအရ တိုင်းနှင့် ပြည်နယ်(၁၇)ခုနှင့် ခရိုင်(၇၄)ခုတို့တွင် ကြက်ခြေနီကြီးကြပ်မှုကော်မတီများ၊ မြို့နယ်အသင်းခွဲပေါင်း(၃၃၀)သင်းတို့ဖြင့် အဆင့်ဆင့် စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်ဖြင့် ဖွဲ့စည်းထားရှိသည့် အပြင် အသင်းတွင် ပါဝင်လှုပ်ရှားနိုင်ရန် ရာသက်ပန်အသင်းသား၊ သာမန်အသင်းသား၊ တပ်ဖွဲ့ဝင်အသင်းသား ဟူ၍ အသင်းသား အမျိုးအစား(၃)မျိုး သတ်မှတ်ထားရှိသည်[၃]
ပိုင်ဆိုင်မှု
[ပြင်ဆင်ရန်]အသင်းတွင်ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံပေါင်း(၃၀) ရှိပြီး တိုင်းနှင့်ပြည်နယ်အလိုက် ဖြန့်ကျက်ထားရှိကာ ဘေးအန္တရာယ်ထိခိုက်ခံစားရသူများအတွက် အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးလျက်ရှိသည်။ ၂၀၂၀ ခုနှစ် စာရင်းဇယားများအရ (၂၁၁)မြို့ နယ်တွင် မြို့နယ်အသင်းခွဲပိုင် မြေကွက်များ ရှိပြီး၊ (၁၄၄)မြို့နယ်တွင် ကြက်ခြေနီ အသင်းခွဲပိုင် ရုံး၊ အဆောက်အဦများ ပိုင်ဆိုင်ထားရှိပါသည်။[၃]
ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်
[ပြင်ဆင်ရန်]- ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်
- အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (I.C.R.C)နှင့် ပူးပေါင်း၍ ခြေတုလက်တုတပ်ဆင်ခြင်း
- သဘာဝဘေးအန္တရာယ် ဆိုင်ရာအကူအညီများ ပေးခြင်း
- ပြည်နယ်/တိုင်းနှင့်မြို့နယ် ကြက်ခြေနီအသင်းခွဲများ တိုးတက်ရေး လုပ်ငန်းဆောင်ရွက်ခြင်း
- အရေးပေါ်သူနာတင်ယာဉ်လုပ်ငန်းဆောင်ရွက်ခြင်း
ဆက်စပ် ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ International Committee of the Red Cross
- ↑ Henry Dunant: The Nobel Peace Prize 1901
- 1 2 3 မြန်မာနိုင်ငံကြက်ခြေနီအသင်း လက်ကမ်းစာစောင် (အစီရင်ခံစာ)။ လူမှုဂရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန။ ၂၀၂၅။