ဝါဆောမြို့
ဝါဆောမြို့ Warszawa (ပိုလန်) | |||||
---|---|---|---|---|---|
နိုင်ငံမြို့တော် နှင့် ကောင်တီ | |||||
ဝါဆောနိုင်ငံ၏ မြို့တော် ပိုလန်: miasto stołeczne Warszawa | |||||
| |||||
နာမည်ပြောင်(များ): ဖီးနစ်မြို့တော်[၁] | |||||
ဆောင်ပုဒ်: Semper invicta (Latin "ထာဝရ ကျရှုံးခြင်းမရှိ") | |||||
Page တမ်းပလိတ်:Maplink/styles-multi.css has no content. | |||||
ကိုဩဒိနိတ်: 52°13′48″N 21°00′40″E / 52.23000°N 21.01111°Eကိုဩဒိနိတ်: 52°13′48″N 21°00′40″E / 52.23000°N 21.01111°E | |||||
နိုင်ငံ | ပိုလန် | ||||
Voivodeship | Masovian Voivodeship | ||||
ကောင်တီ | မြို့တော် ကောင်တီ | ||||
တည်ထောင် | ၁၃ ရာစု | ||||
City rights | ၁၃၂၃ | ||||
မြို့တော်ခန်းမ | Commission Palace | ||||
Districts | 18 districts | ||||
အစိုးရ | |||||
• အမျိုးအစား | မြို့တော်-ကောင်စီ အစိုးရ | ||||
• အစိုးရအဖွဲ့ | ဝါဆောမြို့တော်ကောင်စီ | ||||
• မြို့တော်ဝန် | Rafał Trzaskowski | ||||
• Sejm of Poland | 20 members | ||||
• ဥရောပ ပါလီမန် | ဝါဆော အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ | ||||
ဧရိယာ | |||||
• နိုင်ငံမြို့တော် နှင့် ကောင်တီ | ၅၁၇.၂၄ စတုရန်းကီလိုမီတာ (၁၉၉.၇၁ စတုရန်းမိုင်) | ||||
• မြို့ပြကြီး | ၆,၁၀၀.၄၃ စတုရန်းကီလိုမီတာ (၂၃၅၅.၃၉ စတုရန်းမိုင်) | ||||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၇၈–၁၁၆ မီတာ (၃၂၈ ပေ) | ||||
လူဦးရေ (၂၀၂၂) | |||||
• နိုင်ငံမြို့တော် နှင့် ကောင်တီ | ၁,၈၆၃,၀၅၆ (ပထမ)[၂] | ||||
• အဆင့် | ပိုလန်နိုင်ငံတွင် ပထမ ဥရောပသမဂ္ဂတွင် ဆဌမ | ||||
• သိပ်သည်းမှု | ၃၆၀၁/km၂ (၉၃၃၀/sq mi) | ||||
• မြို့ပြကြီး | ၃၁၀၀၈၄၄[၃] | ||||
• မြို့ပြကြီး သိပ်သည်းမှု | ၅၀၉.၁/km၂ (၁၃၁၉/sq mi) | ||||
Demonym(s) | Varsovian | ||||
အချိန်ဇုန် | CET (UTC+1) | ||||
• နွေရာသီ (DST) | CEST (UTC+2) | ||||
Postal code | 00-001 to 04-999 | ||||
ဧရိယာကုဒ် | +48 22 | ||||
မြို့တော်ရန်ပုံငွေ | zł 24.368 billion (€5.4 billion)[၄] | ||||
အပြည်ပြည်ဆိုင်ရာလေဆိပ်များ | Chopin (WAW) Modlin (WMI) | ||||
Rapid transit system | Metro | ||||
ဝက်ဘ်ဆိုဒ် | warszawa.pl | ||||
တရားဝင်အမည် | ဝါဆောမြို့ သမိုင်းဝင်နေရာ | ||||
အမျိုးအစား | Cultural | ||||
ရွေးချယ်သည့်စံနှုန်း | ii, vi | ||||
ရွေးချယ်ခြင်း | 1980 (4th session) | ||||
ရည်ညွှန်းနံပါတ် | 30 | ||||
ယူနက်စကို ဒေသ | ဥရောပ |
ဝါဆောမြို့သည် ပိုလန်နိုင်ငံ၏မြို့တော်ဖြစ်၍ ဗစ္စတျူလာ မြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မြေဩဇာကောင်းသော နယ်မြေ၏ အလယ်ဗဟို၌ ရှိ၍လည်းကောင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းတို့ဖြင့် လွယ်ကူစွာ ဆက်သွယ်နိုင်သောကြောင့်လည်းကောင်း၊ ဥရောပ တိုက် အရှေ့ပိုင်းတွင် ကုန်သွယ်ရေးလုပ်ငန်း၌ ထင်ရှားသောမြို့ဖြစ်သည်။ စက်ကိရိယာ၊ သတ္တုထည်၊ ရထားတွဲ၊ အိမ်ထောင်ပရိဘောဂနှင့် အထည်အလိပ်တို့ကို ထုတ်လုပ်သည်။ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး လုပ်ငန်း ကိုလည်း အကြီးအကျယ်လုပ်ကိုင်သည်။
ဝါဆောမြို့သည် ယခင်အခါက ရှေးဟောင်း နန်းတော်ကြီးများ၊ ဘုရားရှိခိုးကျောင်းများ၊ ပြတိုက်နှင့် စာကြည့်တိုက်များ၊ ပြည်သူ့ပန်းခြံများ ဖြင့် စည်ပင်သာယာသော မြို့ကြီးဖြစ်ခဲ့သည်။ အထူးသဖြင့် ၁၃ ရာစုနှစ် တည်ဆောက်ခဲ့သော စိန်ဂျွန်းကသီဒရယ် ဘုရားရှိခိုးကျောင်းသည် ထင်ရှား ၏။ သို့ရာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဝါဆောမြို့သည် စစ်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသဖြင့် တစ်မြို့လုံးနီးပါးမျှ ပျက်စီးခဲ့လေသည်။ စစ်ပြီးခေတ်တွင် ပြန်လည်တည်ဆောက်သော အဆောက်အအုံများအနက် ကမ္ဘာကျော် ရူပဗေဒပါရဂူ ပိုလန်အမျိုးသမီး မာရီကျူးရီး အထိမ်းအမှတ် ဆေးရုံမှာ ထင်ရှားသည်။
ဝါဆောမြို့သည် ၁၆၅၅ ခုနှစ်မှစ၍ နိုင်ငံခြားမင်းတစ်လက်မှ အခြားတစ်လက်အောက်သို့ ပြောင်းလဲကျရောက်ခဲ့ရသည်။ ဆွီဒင်နိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ရုရှနိုင်ငံတို့က တစ်လှည့်စီအုပ်စိုးခဲ့ကြပြီးလျှင် ပထမကမ္ဘာစစ်အတွင်းက ဂျာမန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ ၁၉၁၉ ခုနှစ်တွင် လွတ်လပ်သော ပိုလန်နိုင်ငံ၏ မြို့တော်အဖြစ်ကို ပြန်လည်ရရှိလေသည်။ တစ်ဖန် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ ဂျာမန်လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြင်းထန်စွာခံခဲ့ရသည်။ ဂျာမန်တို့သည် ဝါဆောမြို့ကို ငါးနှစ်မျှသိမ်းပိုက်ခဲ့ရာ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလသို့ရောက်ခါမှ ရုရှားတပ်များက တိုက်ခိုက်အောင်မြင်သဖြင့် ဂျာမန်တို့သည် မြို့ကို လက်လွှတ်ခဲ့ကြလေသည်။ ထို့နောက် ဝါဆောမြို့သည် ပိုလန်နိုင်ငံ၏ မြို့တော်ဖြစ်လာပြန်သည်။ လူဦးရေမှာ ၁၉၆၄ ခုနှစ် ခန့်မှန်းခြေအရ ၁၂၄၁ဝဝဝ ယောက်ရှိလေသည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ The city of phoenix – War*saw everything (in pl)။ 27 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2009 တွင် ပြန်စစ်ပြီး။
- ↑ GUS - Bank Danych Lokalnych။
- ↑ Population on 1 January by age groups and sex - functional urban areas။ Eurostat။ 3 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 February 2017 တွင် ပြန်စစ်ပြီး။
- ↑ EXPENDITURE OF THE CAPITAL CITY OF WARSAW BUDGET BY TYPE။ 22 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2023 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၇၂)။ "ဝါဆောမြို့"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၁၂ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။