ဝါဆောမြို့ဟောင်း
ပုံပန်းသွင်ပြင်
| ဝါဆော သမိုင်းဝင်ဒေသ* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | ii,iv |
| ကိုးကား | ၃၀ |
| ဒေသ** | |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၈၀ (စတုတ္ထအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဝါဆောမြို့ဟောင်း သည် ဝါဆောမြို့တော်၏ ရှေးအကျဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဗစ်စတျူလာမြစ်ကမ်း၊ ဂရော့ဂျ်ကာလမ်း၊ မော့စ်တိုဝါလမ်း၊ ပေါ့ဒ်ဝေး လမ်းတို့က ဝိုင်းရံထားကြသည်။ ဝါဆောရှိ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာတစ်ခု ဖြစ်သည်။
ထိုဒေသ၏ ဗဟိုချက်မ အကျဆုံးမှာ မြို့ဟောင်းဈေးဟု ခေါ်သော နေရာဖြစ်၍ စားသောက်ဆိုင်များ၊ ကဖေးများ နှင့် ဈေးဆိုင်များ အမြောက်အမြား ရှိသည်။ ပတ်ပတ်လည်တွင် ရှိသော လမ်းများတွင် အလယ်ခေတ် ဗိသုကာ လက်ရာများ ဖြစ်သော မြို့တံတိုင်း၊ ဘာဘီကန် နှင့် စိန့်ဂျွန် ကက်သီဒရယ် ဘုရားကျောင်းစသော ဗိသုကာ လက်ရာများကို တွေ့နိုင်သည်။