လှသောင်း၊ (အောင်ဆန်းသူရိယ)
ပုံပန်းသွင်ပြင်
လှသောင်း | |
---|---|
အောင်ဆန်းသူရိယ လှသောင်း ၏ ရုပ်ပုံ | |
မွေးဖွား | မန်ကျည်းတန်းရပ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်တိုင်း၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၂၈ ဧပြီ၊ ၁၉၄၉ ဒိုက်ဦးမြို့၊ ပဲခူးတိုင်း |
သစ္စာခံနိုင်ငံ | ပြည်ထောင်စုမြန်မာနိုင်ငံတော် |
လက်နက်ကိုင်တပ် | မြန်မာ့တပ်မတော် |
အမှုထမ်း ကာလ | ၁၉၄၇-၁၉၄၉ |
ရာထူးအဆင့် | တပ်သား |
တပ်ဖွဲ့ | အမှတ်(၃) ရိုင်ဖယ်တပ်ရင်း |
တိုက်ပွဲ/စစ်ပွဲများ | ရခိုင်ရိုးမ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အင်းစိန်တိုက်ပွဲ ဒိုက်ဦးတိုက်ပွဲ |
ဆုတံဆိပ်များ | အောင်ဆန်းသူရိယဘွဲ့ |
အောင်ဆန်းသူရိယ လှသောင်းသည် အောင်ဆန်းသူရိယဘွဲ့ ရရှိသော စစ်သည်တော် တစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံတော်အတွက် မိမိ အသက်ကို ပဓာန မထားဘဲ အသက်စွန့် တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှင့်ခြင်းခံရသူဖြစ်သည်။
အောင်ဆန်းသူရိယဘွဲ့မှာ မြန်မာ့တပ်မတော်တွင် ဂုဏ်သိက္ခာအားဖြင့် အမြင့်မားဆုံးသော ဆုတံဆိပ် ဖြစ်သည်။
ယနေ့အထိ အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူ ၆ ဦးသာ ရှိသေးသည်။၎င်းတို့မှာ-
- ဗိုလ်မှူးအောင်ဆန်းသူရိယ အေးချို
- တပ်သား အောင်ဆန်းသူရိယ လှသောင်း
- အရပ်သား အောင်ဆန်းသူရိယ စောဘရီ
- တပ်သား အောင်ဆန်းသူရိယ စောမြင့်
- တပ်သား အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း
- ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်းတို့ ဖြစ်သည်။
ဂုဏ်ပြုခြင်း
[ပြင်ဆင်ရန်]အောင်ဆန်းသူရိယ လှသောင်းအမည်အား ချီးကျူးဂုဏ်ပြုသော အားဖြင့် "အောင်ဆန်းသူရိယ လှသောင်း အထက်တန်းကျောင်း" အား ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၌ ဖွင့်လှစ် ခဲ့သည်။
ဒီနေ့ခေတ်တွင် အောင်ဆန်းသူရိယ လှသောင်း၏အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |