လေမဲ့မောင်းနှင်ခြင်း

ဝီကီပီးဒီးယား မှ

လေမဲ့မောင်းနှင်ခြင်း (အင်္ဂလိပ်: Air-independent propulsion)( AIP ) ဆိုသည်မှာ နူကလီးယားစွမ်းအင်းသုံး မဟုတ်သော ရေငုပ်သင်္ဘောကို လေထုအောက်ဆီဂျင်အသုံးမပြုဘဲ မောင်းနှင်သော ရေကြောင်းနည်းပညာ ဖြစ်သည်။ AIP သည် နျူကလီးယားမဟုတ်သော ရေငုပ်သင်္ဘောများ၏ ဒီဇယ်-လျှပ်စစ် မောင်းနှင်မှုစနစ်ကို အဆင့်မြှင့်တင်ခြင်း သို့မဟုတ် အစားထိုးနိုင်သည်။

မျက်မှောက်ခေတ် နျူကလီးယားမဟုတ်သော ရေငုပ်သင်္ဘောများသည် နျူကလီးယား ရေငုပ်သင်္ဘောများထက် ပို၍ တိတ်ဆိတ်သည်။ နျူကလီးယားသင်္ဘော၏ အဏုမြူဓာတ်ပေါင်းဖိုသည် အအေးခံရည်များ အမြဲလည်ပတ်နေရသောကြောင့် ရှာဖွေထောက်လှမ်းနိုင်သော ဆူညံသံ ထွက်ပေါ်သည်။ အခြားတစ်ဖက်တွင် ဘက်ထရီစွမ်းအင် သို့မဟုတ် AIP ဖြင့်လည်ပတ်နေသည့် နျူကလီးယားမဟုတ်သော ရေငုပ်သင်္ဘောများသည် တိတ်ဆိတ်စွာရှိနေနိုင်သည်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် ငုပ်လျှိုးနိုင်ချိန်နှင့် ရေနက်ပိုင်း စွမ်းဆောင်ရည်တွင် ဆက်လက်လွှမ်းမိုးထားဆဲဖြစ်သော်လည်း သေးငယ်၍ အဆင့်မြင့် နည်းပညာသုံး နျူကလီးယားမဟုတ်သော တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများသည် ကမ်းရိုးတန်းစစ်ဆင်ရေးများ၌ အလွန်ထိရောက်ပြီး တိတ်ဆိတ်မှုနှင့် စစ်ကစားနိုင်မှုနည်းသော နျူကလီးယား ရေငုပ်သင်္ဘောများကို ကြီးမားသောခြိမ်းခြောက်မှု ဖြစ်စေသည်။

AIP ကို အများအားဖြင့် ဒီဇယ်အင်ဂျင်သုံး ရေမျက်နှာပြင်မောင်းနှင်မှုနှင့်အတူ အရန်အရင်းအမြစ်အဖြစ် ထည့်သွင်းထားသည်။ ထိုကဲ့သို့သော စနစ်အများစုသည် လျှပ်စစ်ဓာတ်အား ထုတ်ပေးသည်။ ထိုလျှပ်စစ်ဓာတ်အားဖြင့် သင်္ဘော၏ ဘက်ထရီကို အားသွင်းရန် သို့မဟုတ် မောင်းနှင်တွန်းအားပေးရန် လျှပ်စစ်မော်တာကို မောင်းနှင်သည်။ ရေငုပ်သင်္ဘော၏ လျှပ်စစ်စနစ်ကို လေဝင်လေထွက်၊ အလင်းရောင်၊ အပူပေးမှုများအတွက်လည်း အသုံးပြုသည်။ သို့သော် ၎င်းသည် မောင်းနှင်တွန်းအားအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားနှင့်ယှဉ်လျှင် ပမာဏအနည်းငယ်သာဖြစ်သည်။

AIP ကို ရှိပြီးသား ရေငုပ်သင်္ဘော ကိုယ်ထည်တွင် ထပ်မံ၍ ကိုယ်ထည်အပိုင်းကို ပေါင်းထည့်ခြင်းဖြင့် ပြန်လည် တပ်ဆင်နိုင်သည်။ AIP သည် ပုံမှန်အားဖြင့် လေထုအပေါ်မှီခိုသည့် မောင်းနှင်တွန်းအားကို အစားထိုးရန် ခံနိုင်ရည် သို့မဟုတ် စွမ်းအားကို မပေးသော်လည်း သမားရိုးကျမောင်းနှင်သော ရေငုပ်သင်္ဘောထက် ကြာရှည်ငုပ်လျှိုးနိုင်စေသည်။ ပုံမှန်သမားရိုးကျ ရေငုပ်သင်္ဘောတွင် လျှပ်စစ်ဓာတ်အား အများဆုံး ၃ မဂ္ဂါဝပ် ထုတ်ပေး၍ AIP တွင် ၎င်း၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်။ နျူကလီးယား ရေငုပ်သင်္ဘောများတွင် များသောအားဖြင့် ၂၀ မဂ္ဂါဝပ်အထက် ရှိသည်။

အမေရိကန်ရေတပ်သည် AIP စနစ်သုံးသင်္ဘောများကို သတ်မှတ်ရန် ကိုယ်ထည်ခွဲခြားသည့်အမှတ်အသား "SSP" ကိုအသုံးပြုပြီး ဒီဇယ်-လျှပ်စစ် တိုက်ခိုက်ရေးရေငုပ်သင်္ဘောများတွင် "SSK" အဖြစ် ဆက်လက်ထားရှိသည်။ [မှတ်စု ၁]

သမိုင်း[ပြင်ဆင်ရန်]

ဘာစီလိုနာရှိ Monturiol ၏ရှေ့ဆောင်ရေငုပ်သင်္ဘော Ictineo II ၏ပုံတူ

ရေငုပ်သင်္ဘော ဖွံ့ဖြိုးတိုးတက်မှုတွင် ရေအောက် မောင်းနှင်မှု၏ စိတ်ကျေနပ်ဖွယ်ကောင်းသော ပုံစံများကို ရှာဖွေခြင်း ပြဿနာသည် ဆက်လက်ဖြစ်ပေါ်နေသည်။ အစောဆုံးရေငုပ်သင်္ဘောများသည် လူစွမ်းအားသုံးပြီး လက်အားဖြင့်လည်ပတ်သော ပန်ကာများပါရှိသည်။ ထို့ကြောင့် အထဲမှလေသည် အမြန်ပင် ကုန်သွားသည်။ ထိုရေယာဉ်များသည် အပေါက်များဖွင့်၍ ရေမျက်နှာပြင်ပေါ်တွင် အချိန်ကြာမြင့်စွာ ရွေ့လျားရခြင်း သို့မဟုတ် အသက်ရှူပိုက်များ အသုံးပြုရသည်။ နှစ်မျိုးစလုံးသည် အန္တရာယ်ဖြစ်စေပြီး မတော်တဆမှုများစွာ ဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် စက်ဖြင့်မောင်းနှင်သော ရေငုပ်သင်္ဘောများတွင် ဖိသိပ်ထားသောလေ၊ ရေနွေးငွေ့ သို့မဟုတ် လျှပ်စစ်ကို အသုံးပြုပြီး ၎င်းကို ကမ်းခြေ သို့မဟုတ် ရေမျက်နှာပြင်အင်ဂျင်မှ ပြန်လည်ဖြည့်တင်းရသည်။

အောက်ဆီဂျင်မဲ့ လောင်ကျွမ်းစေမည့် လောင်စာဆီအတွက် အစောဆုံးကြိုးစားမှုမှာ ၁၈၆၇ ခုနှစ်တွင်ဖြစ်ပြီး နာစီဆို မွန်ကျူရီယို (Narciso Monturiol)သည် ဓာတုဗေဒစွမ်းအားဖြင့် အောက်ဆီဂျင်မဲ့(သို့) လေမဲ့ရေနွေးငွေ့အင်ဂျင်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ [၁] [၂]

၁၉၀၈ ခုနှစ်တွင် ရုရှားရေတပ်သည် Pochtovy ရေငုပ်သင်္ဘောကို ရေချခဲ့သည်။ ထိုသင်္ဘောတွင် ဖိသိပ်ထားသောလေကို သုံးပြီး ဓာတ်ဆီအင်ဂျင်ကိုမောင်းကာ ရေအောက်အိတ်ဇောကို အသုံးပြုသည်။

ဤချဉ်းကပ်မှုနှစ်ခုတွင် open-cycle စနစ်သို့ လောင်စာဆီအသုံးပြုပြီး စွမ်းအင်ထောက်ပံ့ခြင်းနှင့် close-cycle အတွင်းရှိ အင်ဂျင်ကို အောက်ဆီဂျင် ထောက်ပံ့ပေးခြင်းသည် ယနေ့ AIP ၏ သွင်ပြင်လက္ခဏာ ဖြစ်သည်။

အမျိုးအစားများ[ပြင်ဆင်ရန်]

Open-cycle စနစ်များ[ပြင်ဆင်ရန်]

X-1 midget ရေငုပ်သင်္ဘောကို အမေရိကန်ပြည်ထောင်စုရှိ ရေငုပ်သင်္ဘောတပ်ဖွဲ့ စာကြည့်တိုက်နှင့် ပြတိုက်တွင် ပြသထားသည်

ဒုတိယကမ္ဘာစစ် အတွင်းတွင် ဂျာမန်ကုမ္ပဏီဝေါလ်တာသည် ရေအောက်တွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို အောက်ဆီဂျင် ရင်းမြစ်အဖြစ် သုံးသော ရေငုပ်သင်္ဘောများကို စမ်းသပ်ခဲ့သည်။ ၎င်းတို့၌ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ပိုတက်စီယမ် ပါမန်ဂနိတ် ဓာတ်ကူပစ္စည်းဖြင့် ပြိုကွဲစေကာ ဖြစ်ပေါ်လာသော ရေနွေးငွေ့ / အောက်ဆီဂျင် လေထုထဲတွင် ဒီဇယ်လောင်စာကို လောင်ကျွမ်းပြီး အပူပေးသောရေနွေးငွေ့ဖြင့် မောင်နှင်သော ရေနွေးငွေ့တာဘိုင်များကို အသုံးပြုသည်။

စမ်းသပ်ဆဲသင်္ဘော အမြောက်အမြားကို ထုတ်လုပ်ခဲ့သော်လည်း အလားအလာရှိသော တိုက်ခိုက်ရေးသင်္ဘောများအဖြစ် မရောက်ရှိခဲ့ပေ။ အားနည်းချက်တစ်ခုမှာ မတည်ငြိမ်နိုင်မှုနှင့် ပါဝင်သော လောင်စာဆီရှားပါးမှု ဖြစ်သည်။ နောက်တစ်ခုမှာ စနစ်သည် မြင့်မားသော ရေအောက်အမြန်နှုန်းကို ထုတ်လုပ်နိုင်သော်လည်း ဆီစားလွန်းသည်။ ပထမ သင်္ဘောဖြစ်သော V-80 သည် ၅၀ ရေမိုင် (၉၃ ကီလိုမီတာ) သွားရန် ၂၈ တန် လောင်စာ လိုအပ်ခဲ့ပြီး နောက်ဆုံးဒီဇိုင်းများမှာ အနည်းငယ် ပိုကောင်းခဲ့သည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် နှစ်မြှုပ်ဖျက်ဆီးခဲ့သော Type XVII (U-1407 )ကို ပြန်လည်ဆည်ယူပြီး တော်ဝင်ရေတပ်တွင် HMS Meteorite အဖြစ် အသုံးပြုခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ဗြိတိသျှတို့သည် ပိုမိုကောင်းမွန်သော HMS Explorer နှင့် HMS Excalibur တို့ကို တည်ဆောက်ခဲ့သည်။ HMS Meteorite ကို အန္တရာယ်ရှိပြီး မတည်ငြိမ်သောကြောင့် ၎င်း၏သင်္ဘောသားများ မကြိုက်ကြပါ။ သူမသည် ၇၅ ရာခိုင်နှုန်းသာ လုံခြုံသည်ဟု တရားဝင်ဖော်ပြခဲ့သည်။ Excalibur နှင့် Explorer တို့၏ ဂုဏ်သတင်းမှာ အနည်းငယ် ပိုကောင်းသည်။ ထိုသင်္ဘောများကို Excruciater နှင့် Exploder ဟူ၍ အမည်ပြောင် ပေးခဲ့သည်။

ဆိုဗီယက်ယူနီယံသည်လည်း ဝေါလ်တာအင်ဂျင်တွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကိုအသုံးပြုသော စမ်းသပ် သင်္ဘောတစ်စင်းကို တည်ဆောက်ခဲ့သည်။

ယူအက်စ်သည်လည်း အမျိုးအစား XVII (U-1406 )ကို ရရှိခဲ့ပြီး အလယ်အလတ်တန်းစားရေငုပ်သင်္ဘော ဖြစ်သော X-1 တွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို ဆက်လက်အသုံးပြုခဲ့သည်။ ၎င်းကို ၁၉၅၇ ခုနှစ်မေလ ၂၀ ရက်နေ့ ပေါက်ကွဲမှု မဖြစ်ခင်အချိန်အထိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် / ဒီဇယ်အင်ဂျင်နှင့် ဘက်ထရီစနစ်တို့ဖြင့် အသုံးပြုသည်။ X-1 ကို နောက်ပိုင်းတွင် ဒီဇယ်-လျှပ်စစ် အဖြစ်ပြောင်းလဲခဲ့သည်။ [၃]

ဆိုဗီယက်၊ ယူအက်စ်နှင့် ယူကေတို့သည် ထိုအချိန်က ဤနည်းပညာကို စမ်းသပ်နေသည့် လူသိများသည့် နိုင်ငံများဖြစ်ပြီး ရေငုပ်သင်္ဘောတွင် အသုံးပြုနိုင်လောက်အောင် သေးငယ်သော နျူကလီးယားဓာတ်ပေါင်းဖိုကို တီထွင်နိုင်သောအခါ ၎င်းကို စွန့်ပစ်ခဲ့သည်။ နောက်ပိုင်းတွင် ဂျာမနီနှင့်ဆွီဒင် အပါအဝင် အခြားနိုင်ငံများလည်း AIP ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်လာကြသည်။

ဗြိတိသျှနှင့် ဆိုဗီယက်တို့က တော်ပီဒိုများတွင် အသုံးပြုရန်အတွက် ဆက်လက် ထိန်းသိမ်းထားခဲ့သော်လည်း HMS Sidon အဖြစ်ဆိုးနောက်တွင် အလျင်အမြန် စွန့်ပစ်ခဲ့သည်။ HMS Sidon အဖြစ်ဆိုးနှင့် ရုရှားရေငုပ်သင်္ဘော Kursk ဆုံးရှုံးမှု နှစ်ခုလုံးသည် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်သုံး တိုပီဒိုများပါဝင်သော မတော်တဆမှုများကြောင့် ဖြစ်သည်။

Closed-cycle ဒီဇယ်အင်ဂျင်[ပြင်ဆင်ရန်]

ဤနည်းပညာသည် ဒီဇယ်အင်ဂျင်ကို အသုံးပြုပြီး ရေမျက်နှာပြင်ပေါ်တွင် ပုံမှန်အတိုင်း လည်ပတ်ကာ ရေအောက်တွင် အောက်ဆီဂျင်အရည် အဖြစ်သိုလှောင်ထားသော အောက်ဆီဂျင်နှင့် လည်ပတ်နိုင်သည်။ သန့်စင်သော အောက်ဆီဂျင်သည် အင်ဂျင်၏သတ္တုကိုပါ လောင်ကျွမ်းစေနိုင်သောကြောင့် အောက်ဆီဂျင်ကို အသုံးပြုထားပြီးသော အိပ်ဇောဓာတ်ငွေ့ ဖြင့်ရောစပ်သည်။ အင်ဂျင်ကို စတင်လည်ပတ်သောအခါ အာဂွန်ဓာတ်ငွေ့ကို အိပ်ဇောဓာတ်ငွေ့အဖြစ် အစားထိုးသည်။

၁၉၃၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ဆိုဗီယက်ယူနီယံသည် closed-cycle အင်ဂျင်များကို စမ်းသပ်ခဲ့ပြီး အသေးစား M-class ရေငုပ်သင်္ဘောများကို တည်ဆောက်ခဲ့သည်။ သို့သော် ၁၉၄၁ ဂျာမန်ကျူးကျော်ချိန် မတိုင်မီအထိ တစ်စီးမျှ မပြီးစီးခဲ့ပေ။

ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန် Kriegsmarine သည် ဝေါလ်တာပါအောက်ဆိုဒ်စနစ် အပြင် အခြားရွေးချယ်စရာတစ်ခု အဖြစ်စမ်းသပ်ခဲ့သည်။ XVII U-boat၊ Type XXVIIB Seehund အလယ်အလတ် ရေငုပ်သင်္ဘောအမျိုးအစား၊ XVIIK နှင့် XXVIIK အမျိုးအစားအသီးသီးကို ဒီဇိုင်းဆွဲခဲ့ကြသည်။ စစ်ပြီးဆုံးချိန်မတိုင်မီအထိ မပြီးစီးခဲ့ပေ။

စစ်အပြီးတွင် ဆိုဗီယက်ယူနီယံသည် တန်ချိန် ၆၅၀ရှိ Quebec-class ရေငုပ်သင်္ဘောငယ်များကို ၁၉၅၃ မှ ၁၉၅၆ အကြားတွင် အစီး ၃၀ တည်ဆောက်ခဲ့သည်။ ၎င်းတို့တွင် ဒီဇယ်အင်ဂျင် သုံးလုံးပါရှိပြီး နှစ်လုံးသည် သမားရိုးကျဖြစ်ပြီး တစ်လုံးမှာ အောက်ဆီဂျင်အရည်သုံး closed-cycle အင်ဂျင် ဖြစ်သည်။

"single propulsion system" ဟုခေါ်သော ဆိုဗီယက်စနစ်တွင် အိပ်ဇောဓာတ်ငွေ့များသည် ထုံးအခြေပြု ဓာတုစုပ်ယူမှုမှတစ်ဆင့် စိစစ်ယူပြီးနောက် အောက်ဆီဂျင်နှင့် ပေါင်းစပ် ထည့်သွင်းသည်။ အဆိုပါရေငုပ်သင်္ဘောသည် စနိုကယ် (snorkel) သုံး၍ ဒီဇယ်အင်ဂျင်ကိုလည်း အသုံးပြုနိုင်သည်။ Quebec တွင် မောင်းနှင်ဝင်ရိုး ၃ ချောင်းပါရှိပြီး အလယ်တွင် 32D မြင်းကောင်ရေ ၉၀၀ (၆၇၀ ကီလိုဝပ်) ဒီဇယ်အင်ဂျင်နှင့် M-50P မြင်းကောင်ရေ ၇၀၀ (၅၂၀ ကီလိုဝပ်) ဒီဇယ်အင်ဂျင်များကို အပြင်ဘက် ဝင်ရိုးများတွင် တပ်ဆင်ထားသည်။ ထို့အပြင် ၁၀၀ မြင်းကောင်ရေအား (၇၅ ကီလိုဝပ်) မော်တာကို အလယ်ဝင်ရိုးနှင့် ချိတ်ဆက်ထားသည်။ အလယ်ဒီဇယ်အင်ဂျင်ကိုသာ အသုံးပြု၍ သင်္ဘောကို နှေးကွေးစွာ မောင်းနှင်နိုင်သည်။

အောက်ဆီဂျင်အရည်ကို အကန့်အသတ်မရှိ သိုလှောင်မရနိုင်သောကြောင့် ထိုသင်္ဘောများသည် အခြေစိုက်စခန်းနှင့် ဝေးဝေးမသွားနိုင်ပါ။ အန္တရာယ်ကြီးပြီး အနည်းဆုံးရေငုပ်သင်္ဘော ၇ စီးသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ၎င်းတို့အနက် M-256 မှာ ပေါက်ကွဲမီးလောင်မှုကြောင့် နစ်မြုပ်ခဲ့သည်။ ၎င်းတို့ကို စီးကရက်မီးခြစ်များအဖြစ် နာမည်ပြောင် ပေးထားသည်။ [၄] ဤနည်းပညာကို အသုံးပြုထားသော နောက်ဆုံး ရေငုပ်သင်္ဘောကို ၁၉၇၀ အစောပိုင်းတွင် ဖျက်သိမ်းခဲ့သည်။

ဂျာမန်ရေတပ်၏ Type 205 စမ်းသပ်ရေငုပ်သင်္ဘော U-1 (၁၉၆၇ ခုနှစ်တွင်စတင်ထုတ်လုပ်)သည် ၃,၀၀၀ မြင်းကောင်ရေအား (၂,၂၀၀ ကီလိုဝပ်) တပ်ဆင်ထားသည်။

Closed-cycle ရေနွေးငွေ့ တာဘိုင်များ[ပြင်ဆင်ရန်]

ပြင်သစ်၏ MESMA (Module d'Energie Sous-Marin Autonome) စနစ်ကို ပြင်သစ်သင်္ဘောကျင်း DCNS မှ ထုတ်လုပ်သည်။ MESMA ကို Agosta 90B နှင့် Scorpène-class များအတွင် တပ်ဆင်ထားသည်။ MESMA သည် နျူကလီးယားသုံး တွန်းအားစနစ်ကို အီသနောနှင့် အောက်ဆီဂျင်မှ ထုတ်လုပ်သောအပူဖြင့် ပြုပြင်ထားသော မူကွဲဖြစ်သည်။ အထူးသဖြင့် သမားရိုးကျ ရေနွေးငွေ့တာဘိုင် စွမ်းအင်စက်ရုံကို လေထုဖိအား ၆၀ ဖြင့် သိုလှောင်ထားသော အောက်ဆီဂျင်နှင့် အီသနော လောင်ကျွမ်းခြင်းမှ ထုတ်လွှတ်သော ရေနွေးငွေ့ဖြင့် လည်ပတ်သည်။ ထိုဖိအားမြင့် လောင်ကျွမ်းမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အိတ်ဇောကွန်ပရက်ဆာ မပါဘဲ မည်သည့်ရေအနက်တွင်မဆို သင်္ဘောမှ စွန့်ထုတ်နိုင်သည်။

MESMA စနစ်တစ်ခုစီသည် ဒေါ်လာသန်း ၅၀-၆၀ ခန့်ကုန်ကျသည်။ Scorpèns တွင် ထည့်သွင်းထားသည့်အတိုင်း MESMA သည် ၈.၃ မီတာ (၂၇ ပေ)၊ ၃၀၅ တန်ရှိ ကိုယ်ထည်ဖြတ်ပိုင်းတစ်ခု တပ်ဆင်ရန်လိုအပ်ပြီး ရေငုပ်သင်္ဘောသည် အမြန်နှုန်း ပြောင်းလဲမှုအပေါ် မူတည်၍ ရေအောက်တွင် ၂၁ ရက်ကျော် နေနိုင်သည်။ [၅] [၆]

MESMA သည် အခြားနည်းလမ်းများထက် ထုတ်လုပ်မှုစွမ်းအားကို ပိုမိုပေးနိုင်သော်လည်း ၎င်းသည် AIP စနစ် ၄ မျိုးတွင် စွမ်းဆောင်ရည် အနိမ့်ဆုံးဖြစ်ပြီး အောက်ဆီဂျင်သုံးစွဲမှုနှုန်းမှာလည်း ပိုမိုမြင့်မားသည် ဟု Undersea Warfare မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

စတာလင်အင်ဂျင်များ[ပြင်ဆင်ရန်]

San Diego မှ HSwMS Gotland

ဆွီဒင်သင်္ဘောတည်ဆောက်သူ ကော့ကမ် (Kockums)သည် ဆွီဒင်ရေတပ်အတွက် စတာလင်အင်ဂျင်များ တပ်ဆင်ထားသော Gotland -class ရေငုပ်သင်္ဘော သုံးစီးကို ဆောက်လုပ်ခဲ့သည်။ အောက်ဆီဂျင်အရည်နှင့် ဒီဇယ်လောင်စာကို သုံးသော စတာလင်အင်ဂျင်ဖြင့် ၇၅ ကီလိုဝပ်ရှိသော မီးစက်ကိုမောင်းနှင်ကာ ဘက်ထရီများကို အားသွင်းရန် သို့မဟုတ် မောင်းနှင်တွန်းအားပေးရန် အသုံးပြုသည်။ တန် ၁၅၀၀ ရှိသော ရေငုပ်သင်္ဘောများ၏ ငုပ်လျှိုးနိုင်ချိန်သည် ၁၄ ရက်ခန့်နှင့် ရေမိုင် ၅ မိုင်နှုန်း ခုတ်မောင်းနိုင်သည်။

ကော့ကမ်သည် Stirling AIP plugin အပိုင်းဖြင့် Västergötland -class ရေငုပ်သင်္ဘောများကိုလည်း ပြုပြင်မွမ်းမံခဲ့သည်။ ဆွီဒင်ရေတပ်တွင် Södermanland-class အဖြစ် ၂ စီး ( Södermanland နှင့် Östergötland ) အသုံးပြုနေပြီး စင်ကာပူရေတပ်တွင် Archer-class အဖြစ် ၂ စီး ( Archer နှင့် Swordsman) အသုံးပြုနေသည်။

ကော့ကမ်သည် စတာလင်အင်ဂျင်များကို ဂျပန်နိုင်ငံသို့လည်း ပေးပို့ခဲ့သည်။ ဂျပန်ရေငုပ်သင်္ဘော ၁၀ စင်းတွင် စတာလင်အင်ဂျင်များ တပ်ဆင်ထားသည်။ အတန်းအစားတွင် ပထမဆုံး ဖြစ်သော Sōryū ရေငုပ်သင်္ဘောကို ၂၀၀၇ ခုနှစ်ဒီဇင်ဘာ ၅ ရက်တွင် ရေချခဲ့ပြီး ၂၀၀၉ ခုနှစ်မတ်လတွင် ရေတပ်သို့ ပို့ဆောင်ခဲ့သည်။ ဤအတန်းစား၏ ၁၁ စီးမြောက်သည် စတာလင်အင်ဂျင်မသုံးဘဲ လီသီယမ်အိုင်းယွန်း ဘက်ထရီများ တပ်ဆင်ထားသည့် ပထမဆုံး သင်္ဘောဖြစ်သည်။ [၇]

ဆွီဒင်၏ Blekinge -class ရေငုပ်သင်္ဘော အသစ်တွင် Stirling AIP စနစ်ပါရှိပြီး အဓိကစွမ်းအင် အရင်းအမြစ် ဖြစ်သည်။ AIP ကိုသုံး၍ ငုပ်လျှိုးနိုင်ချိန်သည် ၁၈ ရက်ကျော်နှင့် ရေမိုင် ၅ မိုင်နှုန်း ခုတ်မောင်းနိုင်ပါမည်။

လောင်စာဆဲလ်များ[ပြင်ဆင်ရန်]

ဂျာမနီရေတပ်၏လောင်စာဆဲလ်တွန်းအားသုံး Type 212 ရေငုပ်သင်္ဘော

လောင်စာဆဲလ်သည် လောင်စာတစ်ခုမှ ဓာတုစွမ်းအင်ကို လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲပေးသော ပစ္စည်းဖြစ်သည်။ လောင်စာဆဲလ်များသည် ဘက်ထရီများနှင့် ကွဲပြားပြီး ဓာတုဓာတ်ပြုမှုကို ထိန်းသိမ်းရန် လောင်စာဆီ (ဥပမာ ဟိုက်ဒရိုဂျင်)နှင့် ဖိအားမြင့်ကန်များတွင် သိုလှောင်ထားသော အောက်ဆီဂျင် လိုအပ်သည်။ ဂျာမနီရေတပ်မှ Howaldtswerke Deutsche Werft AG ၏ တန်ချိန် ၁၈၃၀ ရှိသော Type 212A ရေငုပ်သင်္ဘောများတွင် ဆီးမန်း (Siemens)ထုတ် ၃၀-၅၀ ကီလိုဝပ် လောင်စာဆဲလ် ယူနစ် ၉ ခု တပ်ဆင်ထားသည်။ ဤအတန်းစား၏ ပြည်ပပို့ကုန်ဖြစ်သော Dolphin class, Type 209 mod နှင့် Type 214 များတွင် ဆီးမန်းမှထုတ်သော ၁၂၀ ကီလိုဝပ် (၁၆၀ မြင်းကောင်ရေ) မော်ကျူး နှစ်ခု အသုံးပြုသည်။[၈]

Howaldtswerke Deutsche Werft AG ၏ တင်ပို့မှုတွင်အောင်မြင်ပြီးနောက် အခြားတည်ဆောက်သူများသည် ရေငုပ်သင်္ဘောများအတွက် လောင်စာဆဲလ်များ တီထွင်ခဲ့ကြသော်လည်း ၂၀၀၈ ခုနှစ်အထိ အခြားမည်သည့်သင်္ဘောကျင်းတွင်မျှ ရေငုပ်သင်္ဘောတစ်စီးအတွက် စာချုပ်မရရှိခဲ့ပါ။

စပိန်ရေတပ်၏ S-80 class တွင် တပ်ဆင်ထားသော AIP သည် ဘိုင်အိုအီသနောပရိုဆက်ဆာပေါ်တွင် အခြေခံပြီး ဓာတ်ပြုခန်းနှင့် intermediate CO-PrOx reactor များ ပါဝင်ကာ ဘိုင်အိုအီသနောမှ သန့်စင်သော ဟိုက်ဒရိုဂျင်အဖြစ် ပြောင်းလဲသည်။ ထိုဟိုက်ဒရိုဂျင်ကို Collins Aerospace မှထုတ်လုပ်သော လောင်စာဆဲလ်များသို့ ပေးပို့သည်။ (Collins Aerospace သည် အာကာသလွန်းပျံယာဉ်များအတွက် လောင်စာဆဲလ်များကိုလည်း ထောက်ပံ့ပေးသည်)

Reformer သည် ဘိုင်အိုအီသနောကို လောင်စာအဖြစ်အသုံးပြုပြီး အောက်ဆီဂျင် (အရည်အဖြစ်သိုလှောင်ထား)နှင့် ပေါင်းကာ ဟိုက်ဒရိုဂျင်ကို ထုတ်ကုန်ခွဲအဖြစ်ထုတ်လုပ်သည်။ ထုတ်လုပ်ထားသော ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် လောင်စာဆဲလ်များကို ပေးပို့သည်။

Larsen & Toubro၊ Thermax တို့နှင့် ပူးပေါင်း၍ အိန္ဒိယ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO)၏ ရေတပ်ပစ္စည်းများ သုတေသနဓာတ်ခွဲခန်းသည် Scorpène ဒီဇိုင်းကိုအခြေခံထားသော Kalvari-class ရေငုပ်သင်္ဘောများကို စွမ်းအင်ပေးနိုင်ရန် ၂၇၀ ကီလိုဝပ် ဖော့စဖောရက်အက်ဆစ် လောင်စာဆဲလ် (PAFC) ကို တီထွင်ခဲ့သည်။ Kalvari-class ရေငုပ်သင်္ဘောခြောက်စီးစလုံးအား ပထမအကြိမ်အဆင့်မြှင့်တင်စဉ် AIP နှင့် ပြန်လည်တပ်ဆင်မည်ဖြစ်သည်။ ၎င်းသည် ဖော့စဖောရက်အက်ဆစ်ကို လျှပ်လိုက်ရည်အဖြစ် အသုံးပြုကာ ဆိုဒီယမ်ဘိုရိုဟိုက်ဒြိုက် (sodium borohydride) မှ ထုတ်လုပ်သော ဟိုက်ဒရိုဂျင်နှင့် သိုလှောင်ထားသော အောက်ဆီဂျင် ဓာတ်ပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည်။ [၉] [၁၀] [၁၁]

Kalvari-class ရေငုပ်သင်္ဘောအတွက် DRDO AIP (Air Independent Propulsion) ပုံစံ

ပေါ်တူဂီရေတပ်၏ Tridente -class ရေငုပ်သင်္ဘောများကို လောင်စာဆဲလ်များ တပ်ဆင်ထားသည်။

နျူကလီးယားစွမ်းအင်[ပြင်ဆင်ရန်]

လေမဲ့မောင်းနှင်ခြင်း ဆိုသည်မှာသမားရိုးကျ မောင်းနှင်သော ရေငုပ်သင်္ဘောများ၏ စွမ်းဆောင်ရည်ကို တိုးတက်စေရန် အခြေအနေတွင် ပုံမှန်အသုံးပြုသော ဝေါဟာရဖြစ်သည်။ သို့သော် အရန်စွမ်းအင် ထောက်ပံ့မှုတစ်ခုအဖြစ် နျူကလီးယားစွမ်းအင်သည် AIP နည်းပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်သည်။ ဥပမာအားဖြင့် AECL (Atomic Energy of Canada Limited)မှ "နျူကလီးယားဘက်ထရီ" အဖြစ်ဆိုထားသော အပိုပါဝါအတွက် ကီလိုဝပ် ၂၀၀ ဓာတ်ပေါင်းဖိုကို အသုံးပြုရန် အဆိုပြုချက်သည် ကနေဒါရေငုပ်သင်္ဘောများ၏ ရေခဲပြင်အောက်စွမ်းရည်ကို တိုးတက်စေနိုင်သည်။ [၁၂]

နျူကလီးယားဓာတ်ပေါင်းဖိုများကို ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက ရေငုပ်သင်္ဘောများကို စွမ်းအင်ပေးရန် အသုံးပြုခဲ့သည်။ ပထမဆုံးသောရေငုပ်သင်္ဘော USS Nautilus ကို ၁၉၅၄ ခုနှစ်တွင် စတင်တပ်တော်ဝင်ခဲ့သည်။ ယနေ့တွင် တရုတ်ပြင်သစ်အိန္ဒိယရုရှားယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့သည် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများကို အောင်မြင်စွာတည်ဆောက် အသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။

နျူကလီးယားမဟုတ်သော AIP ရေငုပ်သင်္ဘောများ[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်တွင် နိုင်ငံ ၁၀ နိုင်ငံသည် AIP ရေငုပ်သင်္ဘောများတည်ဆောက်နေပြီး နိုင်ငံပေါင်း ၂၀ နီးပါးသည် AIP အခြေခံရေငုပ်သင်္ဘောများ အသုံးပြုနေကြသည်။

Country AIP type Builders Submarines with AIP Operators Numbers with AIP, and notes
 ဂျာမနီ Fuel cell Siemens-ThyssenKrupp class  အစ္စရေး 5 active / 1 under construction
Type 209-1400mod  တောင်ကိုရီးယား

 ဂရိ  အီဂျစ်

1 confirmed retrofit with AIP, up to 9 additional class possibly retrofit.
Type 212  ဂျာမနီ

 အီတလီ

 နော်ဝေ (planned)
10 active / 8 more planned

Norway plans to procure four submarines based on the Type 212 by 2025.

Type 214  တောင်ကိုရီးယား

 ဂရိ

 ပေါ်တူဂီ

 တူရကီ
13 active / 2 under construction / 8 more planned

3 Turkish orders are being built at Gölcük Naval Shipyard. 3 more are planned.

Type 218  စင်ကာပူ 2 under construction / 2 more planned, with first delivery expected in 2020.
 ဆွီဒင် Stirling AIP Kockums class  ဆွီဒင် 3 active
class  စင်ကာပူ 2 active (retrofit of the class)
class  ဆွီဒင် 2 active (retrofit of the class)
အတန်းအစား submarine  ဆွီဒင် 2 planned
 ဂျပန် Stirling AIP Kawasaki-Kockums class  ဂျပန် 1 retrofit: Asashio.
class  ဂျပန် 10 active (of 11 completed) / 3 under construction / 3 more planned
 ပြင်သစ်

MESMA Naval Group Agosta 90B  ပါကစ္စတန် 3 in service
Scorpène-class  ချီလီ

 ဘရာဇီး (planned)
6 active (of 7 completed) / 4 under construction / 3 more planned
 စပိန် Fuel cell Navantia S-80 class  စပိန် 4 under construction / 4 planned
 အိန္ဒိယ Fuel cell Defence Research and Development Organisation class  အိန္ဒိယ All six class will be retrofitted with AIP during their first upgrade
 ရုရှား Fuel cell Rubin Design Bureau

NIISET Krylov
Project 677 Лада (Lada)  ရုရှား Rumoured status: no confirmation that systems are operational on any Russian submarines
Project 1650 Амур (Amur) None
 တရုတ် Stirling AIP 711 Research Institute-CSHGC Type 041 (Yuan class)  တရုတ် 15 completed and 5 under construction
Type 032 (Qing class)  တရုတ် Experimental submarine

ကိုးကားချက်များ[ပြင်ဆင်ရန်]

 

  1. Cargill Hall, R. (1986). History of rocketry and astronautics: proceedings of the third through the sixth History Symposia of the International Academy of Astronautics, Volumen 1. NASA conference publication. American Astronautical Society by Univelt, p. 85. ISBN 0-87703-260-2
  2. A steam powered submarine: the Ictíneo Low-tech Magazine, 24 August 2008
  3. SS X-1။ Historic Naval Ships Association။ 18 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။
  4. Cold War Submarines: The Design and Construction of U.S. and Soviet Submarines By Norman Polmar, Kenneth J. Moore pg 44
  5. DCNS GroupDCNS Group။ 15 November 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 June 2021 တွင် ပြန်စစ်ပြီး။
  6. India Looks to Modify Scorpene Subs With MESMA AIP PropulsionDefense Industry Daily
  7. Japanese Submarines Exchange Stirling Engines for Lithium-ion Batteries
  8. https://www.naval-technology.com/projects/type_212/
  9. "Indian-built Scorpene to carry critical DRDO system"၊ 3 November 2014။ 
  10. "Key indigenous technology for submarines crosses important milestone: DRDO" (in en-IN)၊ 2021-03-09။ 
  11. Dar၊ Younis (2021-03-10)။ Success With New Propulsion Technology Will Greatly Benefit Indian Submarines (in en-US)။
  12. https://books.google.com.sg/books?id=UrgWiHhaHVEC&pg=PA363&redir_esc=y#v=onepage&q&f=false

မှတ်စုများ[ပြင်ဆင်ရန်]

 

  1. United States Navy Glossary of Naval Ship Terms (GNST). SSI is sometimes used, but SSP has been declared the preferred term by the USN. SSK (ASW Submarine) as a designator for classic diesel-electric submarines was retired by the USN in the 1950s, but continues to be used colloquially by the USN and formally by navies of the British Commonwealth and corporations such as Jane's Information Group.