မြန်မာနိုင်ငံသမိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာနိုင်ငံသမိုင်း[ပြင်ဆင်ရန်]

ခရစ်နှစ် ၈ဝဝ လောက်တွင် မြန်မာနှင့် မြန်မာ အနွယ်ဝင်တို့သည် သံလွင်မြစ်ကြောင်း ကိုလိုက်၍ ကျောက်ဆည်မြို့နှင့် အရှေ့တောင်ဘက်ရှိ နတ်ထိပ်တောင်ကြားလမ်းမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ကြသောအခါ၊ သက်နှင့် ကဒူး တို့သည် မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ် အရှေ့ ဘက်ကမ်းရှိ တကောင်းပြည်၌လည်းကောင်း၊ ရှေးရခိုင်တို့သည် မြောက် အရပ်ရှိ ဝေသာလီပြည်၌ လည်းကောင်း၊ မွန်တို့သည် တောင်ဘက်ပင်လယ် ကမ်းခြေရှိ သထုံပြည်၌လည်းကောင်း၊ ပျူတို့သည် ယခုခေတ် ပြည်မြို့၏ အရှေ့ဘက် မှော်ဇာရွာတည်ရာ အရပ်ရှိ သရေခေတ္တရာပြည်၌လည်းကောင်း နေထိုင်လျှက် ရှိကြပြီ။ နောက်ခေတ်များတွင် မွန်တို့ အမြောက်အမြား နေထိုင်ကြသော ဟံသာဝတီ ပဲခူးမြို့သည်လည်း မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားလာသည်။ ပင်လယ်ဆိပ်ကမ်းများ ဖြစ်ကြသော သထုံပြည်၊ သရေခေတ္တရာပြည်၊ ပဲခူးမြို့တို့သို့ အိန္ဒိယနိုင်ငံ မင်္မိဒေသနှင့်အိန္ဒိယနိုင်ငံ တောင်ပိုင်းမှ ကုန်သည်တို့သည်ရွက်သင်္ဘောများဖြင့် လာရောက်ကြရာ၊ ဗုဒ္ဓရဟန်းတော်များလည်း ပါလာ တတ်ကြသည်။ ကာလအတန်ကြာသော် သထုံပြည်သား၊ သရေခေတ္တရာပြည်သား၊ ပဲခူးမြို့သား အများတို့သည် ဗုဒ္ဓဝါဒီများ ဖြစ်လာ ကြသည်။ အချို့တို့သည် မဟာယာနဂိုဏ်းဝင် လောကနာထ ဘုရားကိုလည်းကောင်း၊ ဟိန္ဒူဘုရား များကို လည်းကောင်း ကိုးကွယ်ကြလေသည်။ ထိုအခါဝယ် တရုတ်နိုင်ငံ အတွင်းရှိ ယူနန်ပြည်နယ် တည်ရာအရပ်၌ ရှမ်းနှင့် ရှမ်းအနွယ်ဝင်တို့ အမြောက်အမြား နေထိုင်ကြသော နန်ချောင် တိုင်းပြည်သည် စည်ကားလျှက်ရှိ၏။ ၈၃၂ခုနှစ်တွင် နန်ချောင်မင်းသည် သရေခေတ္တရာပြည်ကို တိုက်၍ များစွာသော ပျူတို့ကို စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင် သွားသည်။ ကျန်ရစ်ခဲ့သော ပျူတို့မှာ အစုအအုပ်ကွဲ ၍ အချို့ သည် စမုန်မြစ်ဝှမ်းရှိ မွန်တို့နှင့် ရောစပ်ကြသည်။ အချို့ကား ရခိုင်ဘက်သို့ ပြေးဝင် ကြသည်။နန်ချောင်စစ်သည်တို့သည် ၈၃၅ ခုနှစ်တွင် သထုံပြည်ကို တိုက်ခိုက်ခဲ့ကြသော်လည်းမွန်တို့သည် နန်ချောင်စစ် သည်တို့ ပြန်ကြသောအခါ၌ သထုံပြည်တွင် ပြန်လည်စုရုံး နေထိုင်ကြလေသည်။ ဤသို့ ပျူနှင့် မွန်တို့သည် နန်ချောင်စစ်သည်တို့ တိုက်ခိုက်မှုကြောင့် ဒုက္ခတွေ့လျှက် ရှိနေကြစဉ် မြန်မာနှင့် မြန်မာ အနွယ်ဝင်တို့သည် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လျှက် ရှိကြ၏။ ကျောက်ဆည်မြို့အနီးရှိ နတ်ထိပ်တောင်ကြားလမ်းက မျှော်ကြည့်သော် ပန်းလောင်မြစ်၊ စမုန်မြစ်၊ ဇော်ဂျီမြစ်တို့စီးဆင်းရာ စိမ်းလန်းသော မြေပြင် ကိုမြင်လျှင် ဝမ်းသာအားရ ထိုမြေပြင်သို့ မြင်းစိုင်း၍ ဆင်းလာကြသည်။ နန်ချောင်းစစ်သည်တို့ကြောင့် ထိုမြေပြင်ဒေသ၌ ပျူ၊ မွန်၊ သက်တို့သည် ဆက်လက်နေထိုင်ခွင့် မရကြချေ။ မြန်မာတို့သည် ထိုမြေပြင်ဒေသ၌ အခြေစိုက်၍ ထိုဒေသကို အုပ်ချုပ်ကြသောအခါ ပျူ။ မွန်၊သက်တို့သည်လည်း မြန်မာတို့နှင့် ရောစပ်ကာ ပြန်လည်နေထိုင် ကြသည်။ ထိုမြေပြင်ဒေသကို မြစ်သားဆယ့်တစ်ခရိုင် ဟူ၍လည်းကောင်း၊ လယ်တွင်းဆယ့်တစ်ခရိုင်ဟူ၍ လည်းကောင်း ခေါ်၏။ကာလအတန်ကြာသော် ပျူ၊ မွန်၊ သက်၊ မြန်မာ အစရှိသော လယ်တွင်း ဆယ်တစ်ခရိုင်သားတို့သည် လူဦးရေ တိုးပွားလာ ကြရာ အချို့တို့သည် တောင်ဘက်ရှိ တောင်တွင်း ကြီးသို့ ရွှေ့ပြောင်းကြ၏။ အချို့တို့သည် ဧရာဝတီမြစ်ကိုကူး၍ ကရင် (ဝါ) ပလောင်တို့ရှိရာ စလင်းချောင်း၊ မုန်းချောင်းဒေသသို့သွား၍ နေထိုင်ကြ၏။ ဤဒေသကို မင်းဘူးခြောက် ခရိုင် ဟုခေါ်၏။ အချို့လည်း ပုံတောင် ပုံညာအပါအဝင် ချင်းတောင်တန်းသို့ သွားကြ၏။ အချို့သည် ရခိုင်ဘက်သို့ ရောက်အောင် သွားကြ၏။အချို့ကား ဧရာဝတီမြစ်ကိုဆန်၍ မူးမြစ်ဝှမ်း ဒေသသို့ သွားကြ၏။ ဤကဲ့သို့ အနှံ့အပြား နေထိုင်ကြသော ခရိုင်သားတို့ကို အုပ်ချုပ်ရန် ပျဉ်ပြားအမည်ရှိသော မင်းသည် ၈၄၉ ခုနှစ်တွင် ပုဂံမြို့ကိုတည်ဆောက်၏


ရှေးဟောင်း အုတ်မြို့ရိုးရှိ သရဗာတံခါးကို ယခုတိုင် တွေ့မြင်နိုင်၏။ ပုဂံမြို့ကနေ၍ အုပ်ချုပ်သော နိုင်ငံသည် မြောက်ဘက် ချင်းတွင်းမြစ်ဝှမ်း မူးမြစ်ဝှမ်းဒေသမှ တောင်ဘက် တောင်တွင်း၊ မင်းဘူးဒေသအထိ၊ အရှေ့ဘက် ရှမ်းတောင်တန်း မှ အနောက်ဘက် ရခိုင်အထိ ကျယ်ဝန်း၍ ပုဂံပြည်ဟု ကျော်စော၏။ပုဂံခေတ် မြန်မာနိုင်ငံကို ဦးစွာ စည်းလုံးအုပ်ချုပ်သော မင်းသည် အနော်ရထာမင်း (ခရစ် ၁ဝ၄၄-၁ဝ၇၃) ဖြစ် သည်။ ပုဂံပြည်ကို သုံးဆယ့်သုံးနှစ်မျှ အုပ်ချုပ်၏။ အထက်၌ နန်ချောင်မင်းတို့၏ ရန်ကို တားဆီး၍ ဗန်းမော် မြစ်ကြီးနား ဒေသအထိ အာဏာပြ၏။ရခိုင်ဘက်တွင် ဝေသာလီပြည်ကို သိမ်းယူ၏။ ထိုအခါ၌ ပုဂံပြည်သားတို့သည် ရတနာသုံးပါးကို သာမက လောကနာထဘုရား၊ နတ်နဂါးနှင့် ဟိန္ဒူဘုရား၊ အကျင့်ဆိုးသော အရည်ကြီးတို့ကိုလည်း အရောရော အနှောနှော ကိုးကွယ်လျှက် ရှိကြ၏။ အနော်ရထာမင်းသည် ခရစ် ၁ဝ၅၇ ခုနှစ်တွင် သထုံပြည်က ပိဋကတ်တော်အစုံကို ပင့်ဆောင်ကာ အနုပညာသည် လက်မှုပညာသည်များကို သိမ်းယူ၍ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းသည်။ ပိဋကတ်တော် အစုံကို ယခုတိုင်ရှိသေးသော ပိဋကတ်တိုက်၌ထား၏။ အနော်ရထာမင်းတည်သော ရွှေစည်းခုံ စေတီသည် ထင်ရှားသော စေတီတစ်ဆူ ဖြစ်သည်။


ကျန်စစ်သားမင်းသည် ( ခရစ် ၁ဝ၈၄-၁၁၁၂ ) အနော်ရထာမင်းကဲ့သို့ပင်လျှင် သထုံပြည်မှ ကြွရောက်လာခဲ့သော ရှင်အရဟံ၏ အဆုံးအမကို ခံယူ၏။


တိုင်းပြည်ကို အုပ်ချုပ်ရာ၌ လူမျိုး မရွေး၊ဘာသာ ဝါဒမရွေး တရားမျှတစွာ ဆောင်ရွက်၏။ ကျောက်စာများကို မွန်ဘာသာဖြင့် ရေးထိုးခြင်းအားဖြင့် မွန်တို့အား အရေးပေး၏။ ပိဋကတ်တို့ကို ပြန်လည်စုဆောင်း၍ တည်းဖြတ်၏။ ကျန်စစ်သားမင်းတည်သော အာနန္ဒာကူ ဘုရားသည် ထင်ရှားသော ဂူဘုရားတစ်ဆူဖြစ်၏။ ကျန်စစ်သားမင်းသည် အိမ်နီးနားချင်း နိုင်ငံများနှင့် င့်မြတ်အောင် ဆက်ဆံ၏။ င်္မိိမဒေသနှင့် တရုတ်နိုင်ငံသို့ သံအမတ်များလွှတ်၍ မိတ်ဖွဲ့၏။ ထို့ကြောင့် ပုဂံပြည်သည် ထိုအခါမှစ၍ နှစ်ပေါင်း နှစ်ရာနီး ပါး အင်အားပြည့်ဝသော နိုင်ငံတစ်ခ ုဖြစ်လာ၏။ ပျူ၊ မွန်၊ မြန်မာတို့သည် ပုဂံပြည် အထက်အောက် အရပ်များနှင့် ရခိုင် ပြည်တွင် အနှံ့အပြား ရှိကြသည်။ သက်နှင့် ကဒူးတို့သည် တူရွင်းတောင်ခြေနှင့် တကောင်းမြို့ဘက်တွင် နေကြသည်။ ကရင် (စကြော) နှင့်ပလောင်တို့သည် မင်းဘူးခြောက်ခရိုင်၌ နေကြသည်။တောင်သူတို့သည် အနှံ့အပြား နေကြသည်။ လဝတို့ သည် ကျောက်ဆည်မြို့ အရှေ့ဘက်တွင် နေကြ၏။ ရှမ်းတို့သည် အနှံ့အပြား နေကြသည်။ အဆိုပါ ပုဂံပြည်သားတို့သည် လယ်ယာ လုပ်ကိုင်သော တောင်သူလယ်သမားများ ဖြစ်ကြ၏။ မိုးကောင်းသော အရပ်များ၌ စပါးစိုက်ကြ၏။ မိုးနည်းသော အရပ်များ၌ လူး၊ ဆပ်၊ ပဲ၊ ပြောင်း၊ နှမ်းတို့ကို စိုက်ကြ၏။ အိန္ဒိယနိုင်ငံမှ ဝါမျိုးစေ့ များကိုရ၍ ဝါကိုလည်း စိုက်ကြ၏။ ဗူး၊ သခွား၊ ခရမ်း၊ ကျောက်ဖရုံ၊ ငရုတ်၊ ကြက်သွန်စသော ကိုင်းအလုပ်ကို လည်း လုပ်ကြ၏။ဥယျာဉ်များတွင် ကွမ်း၊ ကွမ်းသီး၊ အုန်း၊ ထန်း၊ ငှက်ပျော၊ ကြံ၊ သံပရာ၊ မန်ကျည်း၊ သရက် စသည်တို့ ကို စိုက်ကြ၏။ တောင်ကျချောင်းရေကို ဆည်၍ မြောင်းဖောက်ပြီးလျှင် ယာခင်းများသို့ ရေပို့ကြ၏။ လယ်တွင်း ဆယ့်တစ် ခရိုင်နှင့် မင်းဘူး ခြောက်ခရိုင်တွင် ဆည်ဟောင်းများကို ပြင်၍ ဆည်သစ်များ ပြုလုပ်ကြ၏။ ပုဂံပြည်သား လူပညာရှိ ရဟန်းပညာရှိတို့သည် သီဟို။်ကျွန်း၊ င်္မိိမဒေသ၊ အိန္ဒိယ တောင်ပိုင်း တိုင်းပြည်တို့သို့ သွားရောက်၍ ဓမ္မသတ်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း စသော လောကီပညာ ရပ်များကို လည်းကောင်း၊ ပိဋကတ်ဆိုင်ရာ လောကုတ္တရာ ပညာများကိုလည်းကောင်း သင်ကြားကြသည်။ ဤပညာရှင်တို့သည် ပုဂံပြည်တွင် တောကျောင်း ရွာကျောင်း များ၌ တပည့်တို့အား ပညာသင်ပေးကြ၏။မွန်အက္ခရာစဥ ်ကို အခြေပြု၍ မြန်မာဘာသာ အက္ခရာစဉ်ကို ဖန်တီးပြီးလျှင် မြန်မာဘာသာ အရေးအဖတ ်ကိုလည်း သင်ပေးကြ၏။ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ် မင်းသားသည် မြစေတီ ကျောက်စာကို ပါ။ိဘာသာ၊ ပျူဘာသာ၊ မွန်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရေးထိုး၏။

စာပေလောကတွင် ယခုတိုင် ကျော်စောသော သဒ္ဒနီတိ ပါ။ိသဒ္ဒါကျမ်းကို ရှင်အဂ္ဂဝံသက ရေးသည်။ ပုဂံပြည်သားတို့သည် များသောအားဖြင့် ဗုဒ္ဓဝါဒီများ ဖြစ်ကြသည့်အတိုင်း၊ကျောင်းကန်ဘုရား အမြောက်အမြား တည်ဆောက်ကြ၏။ ထိုကျောင်းကန် ဘုရားတို့သည် ဗိသုကာအရာ၌ လည်းကောင်း၊ ပန်းချီအရာ၌ လည်းကောင်း သဒ္ဒါကြည်ညိုဖွယ် ကောင်း၏။ပုဂံပြည်သားတို့သည် စေတီပုထိုးတို့၌ သင်ပုတ်၊ ရေချမ်း၊ ကွမ်း၊ ပန်း တင်လှူ၍လည်းကောင်း၊ ဆီမီးထွန်းညိ|၍ လည်းကောင်း စည်၊ ပတ်သာ၊ ခွက်ခွင်းစသော တူရိယာမျိုးကို တီးမှုတ်၍လည်းကောင်း၊ တံမြက်ဝတ်ပြု၍ လည်းကောင်း ပူဇော်ကြသည်။ ထင်ရှားသော စေတီဘုရားများကား လောကနန္ဒာ၊ ရွှေစည်းခုံ၊ မင်္ဂလာစေတီတို့ ဖြစ်ကြသည်။ ထင်ရှားသော ဘုရားများကား အာနန္ဒာ၊ ဂူပြောက်ကြီး၊ င်္သညု၊ ကန်တော့ပမ္ဖင်တို့ဖြစ်ကြသည်။ ပုဂံ ရွှေကူကြီးကျောက်စာ၌ ၁၁၃ဝ ခုနှစ်တွင် ရေးထိုးထားသော ပါ။ိဂါထာ ၁ဝဝ အဆုံးသတ် သက္ကတဘာသာ သုံးကြောင်းတို့သည် အလောင်းစည်သူ မင်း၏ ပ။နာဖြစ်သည်။ ဤကဲ့သို့ ပုဂံပြည်သားတို့သည် လောကီလောကုတ္တရာ ပညာများကို လေ့လာသင်ကြား၍ လူခပ်သိမ်းအား မျက်မှောက်ဘဝ၊ တမလွန်ဘဝ၌ အကျိုးဖြစ် ထွန်းအောင် ဆောင်ရွက်လျက်ရှိနေသော အချိန်ဝယ် မြန်မာတို့က တရုတ်ဟု ခေါ်သော မွန်ဂိုတာတာ စစ်သည်တို့သည် ၁၂၈၃ ခုနှစ်တွင် ပုဂံပြည်မြောက်ဘက်သို့ ဝင်ရောက်တိုက်ခိုက်ကြ၏။ ပုဂံစစ်သည် တို့သည် ငဆောင်းချမ်း အရပ်သို့ ချီ၍ ခုခံကြသော်လည်း မတတ်နိုင်သဖြင့် တကောင်းမြို့သို့ ဆုတ်ခွာကြရသည်။ ပုဂံပြည် နရသီဟပတေ့ မင်းလည်း ပုသိမ်မြို့သို့ ထွက်ပြေးသည်။ ထိုကြောင့် တရုတ်ပြေးမင်းဟုခေါ်၏။ ပုဂံစစ်သည်တို့သည် တကောင်းမြို့မှ ဆုတ်ကြရပြန်သည်။ လေးနှစ်မျှ ကြာ၍ ပုဂံမြို့ကျဆုံးသောအခါ ပုဂံစစ်သည်တို့သည် လယ်တွင်း ဆဲ့တစ်ခရိုင် ဒေသသို့ဝင်ကြ၏။ စစ်မက်အရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြေားဆိုရန ်အတွက် ရှင်ဒိသာပါမေက္ခရဟန်းသည် တရုတ်ပြည် ပီကင်းမြို့တော်အထိ သွားရောက်၍ တာတာမင်း ကူဗလိုင်ခန်နှင့် တွေ့ဆုံပြီးလျှင်၊ နိုင်ငံရေး သာသနာရေး စကားတို့ကို ပြောဆို၏။


လယ်တွင်း ဆဲ့တစ်ခရိုင်ဒေသတွင် မြင်စိုင်းမြို့စား ရာဇသင်္ကြ၊ မက္ခရာမြို့စား အင်္သခယာ၊ ပင်လယ်မြို့စား သီဟသူ၊ ဤမြို့စားသုံးဦး ဖြစ်သော ရှမ်းညီနောင် သုံးဦးတို့သည် အုပ်ချုပ်လျက်ရှိကြ၏။ဤဒေသတွင် ပုဂံမြို့မှ ဝင်လာကြသော ပုဂံပြည်သားနှင့် ပုဂံစစ် သည်များသာမက နန်ချောင်ပြည်မှ မွန်ဂိုတာတာ ဘေးရန်ကြောင့် တိမ်းရှောင်ခဲ့ကြသော ရှမ်း မျိုးသားများလည်း ရှိကြ၏။ ၁၃ဝဝ ပြည့် နှစ်လောက်တွင် မွန်ဂိုတာတာစစ်သည်တို့သည် ပုဂံပြည်မှ ဆုတ်ခွာကြ၏။ထိုအခါ ပုဂံပြည် နယ်နိမိတ်အတွင်းတွင် ထီးပြိုင် နန်းပြိုင် မင်းငယ်များ ပေါ်ပေါက်လာကြ၏။ ရှမ်းညီနောင် သုံးဦးအနက် တစ်ဦးဖြစ်သော ပင်လယ်မြို့စား သီဟသူ၏ အနွယ်လည်းဖြစ်၊ ပုဂံနန်းရိုး လည်းဖြစ်သော သတိုးမင်းဖျားသည်ဧရာဝတီမြစ်နှင့် မြစ်ငယ်တို့ဆုံရာ အရပ်တွင် အင်းဝမြို့ကို တည်ထောင်၍ မင်းပြု၏။


မွန်ဂို တာတာတို့ ဘေးရန်ကြောင့် နန်ချောင်ပြည်မှ တိမ်းရှောင်လာခဲ့ကြသော ရှမ်းတို့သည် သိန္ဓီနှင့် အရှေ့ပိုင်းရှမ်းနယ်များသို့ လည်းကောင်း၊ အနောက်ဘက်စွန်းရှိ မောနယ်သို့ လည်းကောင်း၊ ကျိုင်းတုံနယ်သို့လည်းကောင်း၊ အုန်းပေါင် (သီပေါ)နယ်သို့ လည်းကောင်း၊ မိုည|င်းနယ်သို့ လည်းကောင်း ဝင်လာကြ၏။ထိုရှမ်းတို့သည် အင်းဝတစ်ဝိုက်ရှိ မွန်၊ မြန်မာ၊ ပျူ၊ သက်စသည် တို့နှင့် ရောစပ်၍ နေထိုင်ကြ၏။ရှမ်းတို့၏အကြီး အကဲဖြစ်သော စော်ဘွားတို့သည် မကြာခဏ အချင်းချင်းသော် လည်းကောင်း၊ အင်းဝမင်းတို့နှင့် သော်လည်းကောင်း စစ်ဖြစ်ကြ၏။ ထိုအခါတွင် လောကရေး ဓမ္မရေးတို့တွင် ကျွမ်းကျင် နှံ့စပ်သော ဝန်စင်းမင်းရာဇာသည် အင်းဝမင်းတို့အား နိုင်ငံရေး နည်းပေးလမ်းပြသူ ဖြစ်၏။

အောက်အကြေတွင် နန်ချောင်မှ ယိုးဒယား နိုင်ငံသို့ တိမ်းရှောင်လာခဲ့ကြသော ရှမ်းအချို့တို့သည် မုတ္တမ ပဲခူးသို့ ကူးလာကြရာ ထိုရှမ်းတို့၏ ခေါင်းဆောင်ဖြစ်သော ဝါရီရှုမင်းသည် မုတ္တမ၌ မင်းပြုလေ၏။ ထိုမင်းသည် ဝါရီရှုဓမ္မသတ်ကျမ်းကို ပြုစု၏။ ထိုမင်း၏ အဆက်အနွယ်များသည် ဟံသာဝတီ ပဲခူးမြို့၌ မင်းပြုကြသည်။ ဤသို့ဖြင့် ရှမ်း၊ မွန်၊ မြန်မာတို့သည် ဟံသာဝတီ ဒေသ တစ်ဝိုက်၌ ရောစပ်နေကြသည်။ ရခိုင်ပြည်ဘက်တွင် ပုဂံနှင့် အဆက်ဖြတ်သော မင်းထီး၏ အဆက်အနွယ်တို့သည် မြောက်ဦးမြို့ကို တည်၍ မင်းပြုကြသည်။အနော်ရထာမင်းသည် ပုဂံပြည်ကို စည်းလုံး ထူထောင်ခဲ့သည့် နည်းတူ ထိုမင်းငယ်တို့ သည်လည်း ကွဲပြားလျက် ရှိသော မြန်မာနိုင်ငံကို ပြန်လည် ထူထောင်လိုကြ၏။ ထိုကြောင့် ထိုမင်းငယ်တို့အနက် အင်းဝမင်းခေါင်နှင့် ဟံသာဝတီ ရာဇာဓိရာဇ်တို့သည် အထက်အောက် စုန်ကာ ဆန်ကာ အကြိမ်ကြိမ် တိုက်ခိုက်ကြ၏။ ထိုသို့ တိုက်ခိုက်ကြသော်လည်း အနော်ရထာမင်း၏ စွမ်းရည်မျိုးမရှိသဖြင့် တစ်ပါးကတစ်ပါးကို အပြတ် အသတ်နိုင်အောင် မတိုက်ခိုက်နိုင်ချေ။ ဤစစ်ကား ယခုခေတ် တိုက်ကြသော စစ်မျိုးနှင့်မတူ။ တိုက်ပုံ တိုက်နည်းမှာ အခြေအနေကိုလိုက်၍ ပြောက်ကျား တိုက်ခြင်း၊ ချောင်း၍ အလစ်တိုက်ခြင်း၊ ခံတပ်ပြု လုပ်၍တိုက်ခြင်း၊ မြို့ကြီးများကို ဝန်းရံပိတ်ဆို့၍ တိုက်ခြင်း၊ တစ်ခါတစ်ရံ တစ်ယောက်ချင်းတိုက်ခြင်း၊ စီးချင်းတိုက်ခြင်း စသည်တို့ ဖြစ်သည်။ စပါး ရိတ်ပြီးချိန်ဖြစ်သော တန်ဆောင်မုန်း၊ နတ်တော်လ များတွင် စစ်တိုက်တတ်ကြ၍ မိုးတွင်း လယ်ထွန်ချိန်ဖြစ်သော ကဆုန်၊ နယုန်လများတွင် နားနေတတ်ကြ၏။ တစ်ခါသော် ရာဇာဓိရာဇ်က အင်းဝမြို့ကို ဝန်းရံ ပိတ်ဆို့ထား၍ စပါးဆန်ရေ ရှားပါးလာသောအခါ စကြိုသူမြတ်သည် ရာဇာဓိရာဇ်ထံသို့ မေတ္တာစာတစ်စောင် ဆက်၏။


ရာဇာဓိရာဇ်လည်း စစ်မတိုက်ဘဲပြန်၏။တစ်ဖန်လည်း ရာဇာဓိရာဇ်နှင့် မင်းခေါင်တို့သည် မဟာမိတ်ဖွဲ့ကာ ပြည်မြို့ရွှေဆံတော်တွင် သစ္စာပြုကြ၏။ သုံးနှစ်လွန်သော် စစ်တိုက်ကြပြန်၏။ဤမင်းနှစ်ပါး တို့ လွန်ကြသောအခါမှ စစ်မီးငြိမ်းစပြု၏။ ထီးပြိုင် နန်းပြိုင် မင်းငယ်တိို့၏ခေတ်၌ အထူးသဖြင့် အင်းဝမင်းခေါင်နှင့် ဟံသာဝတီ ရာဇာဓိရာဇ်တို့ စစ်တိုက်ကြသော အခါ၌ အင်းဝမြို့၊ ဟံသာဝတီ၊ မြောက်ဦးမြို့ရှိ မင်းနှင့် မြို့သူမြို့သားတို့သည် ပုဂံပြည်မှရခဲ့သော ယဉ်ကျေးမှုများကို တိုးပွားသင့်သလောက် တိုးပွားအောင် ဆောင်ရွက်ခွင့် မရကြချေ။ အင်းဝန္ထဟံသာဝတီ စစ်မီးငြိမ်းသောအခါမှသာ ယဉ်ကျေးမှု တိုးတက်မှုများကို ဆောင်ရွက်နိုင ်ကြသည်။ ရဟန်း သဃာများမူကား ပိဋကတ်တော် စာပေကို အစဉ်မပြတ်လေ့လာကြသည်။ ရှင်အရိယဝံသသည် အင်းဝမြို့၌ ထင်ရှားကျော်စော၏။ ဗုဒ္ဓဝင်နှင့် ဇာတ်နိပါတ်တော်လာ အကြောင်းအရာ များကို မြန်မာကဗျာဖွဲ့သော ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်အဂ္ဂသမာဓိတို့လည်း ထင်ရှားကြ၏။ ဟံသာဝတီမင်း ဗညားကျန်းသည် ရွှေတိဂုံစေတီ၏ ဉာဏ်တော်ကို မြှင့်တင်၏။ ရှင်စောပု၏ သားမက်တော် ဓမ္မစေတီမင်းသည် သဃာတော်အပါး ၂ဝ ကို သီဟို။်ကျွန်းသို့ စေလွတ်၏။ သဃာတော်တို့သည် သီဟို။်ကျွန်းတွင် ဆဋ္ဌဘုဝနေကဗာဟုမင်း၏ ခြီးမြေ|ာက်ချက်အရ ကလျာဏီ မြစ်ရေသိမ်၌ အစဉ်အလာသန့်စင်သော ပဉ္စင်း အဖြစ်ကို ခံယူ၍ ဟံသာဝတီသို့ ပြန်ရောက ်ကြသောအခါ ဓမ္မစေတီမင်းသည် သန့်စင်သော ပဉ္စင်းအဖြစ်ကို သဃာတော်များ ခံယူနိုင်စိမ့်သောငှာ သံဟာဝတီ အနောက်မြောက်ဘက် ဇိုင်းဂနိုင်အရပ်၌ ကလျာဏီသိမ်ကို သမုတ်စေ၏။ ကလျာဏီ ကျောက်စာတွင် ထိုအကြောင်းကို ပါ။ိဘာသာဖြင ့်လည်းကောင်း၊ မွန်ဘာသာဖြင့်လည်းကောင်း ရေးထား၏။ ဓမ္မစေတီမင်းသည် ကျိုက်ပွန် လေးဆူဘုရားကိုလည်း တည်သည်။မြောက်ဦးမြို့၌ ရှစ်သောင်းဘုရား၊ ဒုက္ခံသိမ်ဘုရာုးတို့သည် ရခိုင်ပြည်တွင် ဗုဒ္ဓအယူဝါဒ ထင်ရှားခြင်း၏ သက်သေ ဖြစ်ကြသည်။ မြောက်ဦးမြို့၌ အဒူမင်းညိုသည် ရခိုင်မင်းသမင်း ဧချင်းကိုရေးသည်။ ထိုဧချင်းတွင် မင်းသမီး၏ ဆွေတော် မျိုးတော် အရင်းအချာများ၏ အစဉ်အဆက် နွယ်တော် ပြန့်ပွားလာပုံကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ဤဧချင်းသည် ရခိုင်ပြည်တွင် မြန်မာစာပေ ပွင့်လင်း ပြန့်ပွားလျက်ရှိကြောင်း ပြသောသက်သေ ဖြစ်သည်။အနော်ရထာမင်းသည် ပုဂံပြည်ကို စည်းလုံးထူထောင်သကဲ့သို့ မြန်မာနိုင်ငံကို ပြန်လည် ထူထောင်ခြင်းငှာ အင်းဝမင်း၊ ဟံသာဝတီမင်း၊ မြောက်ဦးမင်းတို့ မစွမ်းနိုင်ကြသည်ကိုသိသော လက်အောက်ခံ အကြီးအကဲ အချို့တို့သည် ခြားနားကြ၏။ ဤသို့ဖြင့် မြန်မာနိုင်ငံ အရပ်ရပ်၌ ထီးပြိုင် နန်းပြိုင် မင်းငယ်များ ပေါ်ပေါက်လာကြ ၏။ ထိုမင်းငယ်များ တည်ထောင်သော မြို့များ အနက် တောင်ငူမြို့သည်ထင်ရှား၏။ ကော်သူးလေပြည်နယ်၊ ကယားပြည်နယ်တို့ ပါဝင်သော စစ်တောင်းမြစ်ဝှမ်း ဒေသ၌ ထွန်းကား၏။ မြန်မာတို့သည် တောင်ငူမြို့ကို အချက်အချာပြု၍ ကွဲပြားလျက်ရှိသော နိုင်ငံကို စည်းလုံးနိုင်ကြ၏။ ပုဂံမြို့ပျက်သောအခါ အချို့မြန်မာတို့သည် တောင်ငူ သို့ တိမ်းရှောင်ခဲ့ကြ၏။ မောရှမ်းတို့ နှောင့်ယှက်ကြ သောအခါ လူအမြောက်အမြား တောင်ငူသို့ ရွှေ့ပြောင်းနေထိုင်ကြ၏။ ဤသို့ဖြင့် လူအင်အား၊ စီးပွားအင်အား၊ ဉာဏ်အင်အား တိုးလျက်ရှိသော တောင်ငူမြို့ကို မင်းကြီးညို တည်ထောင်သည်။ မင်းကြီးညို၏ သားတော် တပင်ရွှေထီးနှင့် သားမက်တော် ဆင်ဖြူများရှင်မင်းတို့သည် တောင်ငူမြို့ကို ဆက်လက်စည်းလုံးကြရာ၊ တောင်ငူ သည် ပုဂံပြည်ကဲ့သို့ ထွန်းကားလာ၏။

တပင်ရွှေထီး (ခရစ် ၁၅၃၁-၁၅၅ဝ)နှင့် ဆင်ဖြူများရှင်မင်း (ခရစ် ၁၅၅၁-၁၅၈၁)တို့သည် ထီးပြိုင် နန်းပြိုင် မင်းများကို တိုက်ခိုက်ရာ အောက်အကြေ၌ ဟံသာဝတီ၊ မုတ္တမ၊ မော်လမြိုင်၊ ပြည်၊ ပုသိမ်၊ မြောင်းမြ၊ ထားဝယ်၊ တနင်္သာရီ တို့ကိုလည်းကောင်း၊ အထက်အညာ၌ အင်းဝမြို့နှင တောင်တန်း ဒေသများကိုလည်းကောင်း အောင်မြင် ကြသည်။ ထိုပြင် ကသည်းပြည်၊ ဇင်းမယ်ပြည်၊ လင်းဇင်းပြည်၊ ယိုးဒယားပြည်တို့သည် သစ္စာခံ ပြည်များ ဖြစ်လာ ကြ၏။ ထိုမင်းနှစ်ပါးသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရာ၌ တိုက်ခိုက်မှု သာမက စည်းလုံးမှုကိုလည်း ပြုလုပ်ကြသည်။ တိုက်ခိုက်သိမ်းယူပြီးသော မြို့များကို များသော အားဖြင့် အကြီး အကဲ ဟောင်းတို့အား သစ္စာ ဆိုစေ၍ ပြန်ပေးလေ့ ရှိကြသည်။ တပင်ရွှေxD; မင်းသည် ဟံသာဝတီကို အောင်မြင်သောအခါ မွန်တို့ကို နှိပ်စက်ညှင်းပန်းခြင်းမပြု။ မွန်အဆောက် အဦးများကို မဖျက်ဆီး။ မြန်မာ မြို့စား ရွာစားများကို မခန့်ဘဲ မွန်မြို့စား ရွာစားများကို ခန့်သည်။ မွန်ထက်ဝက် မြန်မာထက်ဝက် ပါဝင်သော ဝန်ကြီး အဖွဲ့သည် ဘုရင်အား အကြံဉာဏ်ပေးသည်။ ဆင်ဖြူများရှင်မင်းလည်း မြန်မာအမတ်၊ မွန်အမတ်၊ ရှမ်းအမတ်များနှင့် တိုင်ပင်သည်။ တပ်မတော်တွင် မြန်မာစစ်သည်၊ မွန်စစ်သည်၊ ရှမ်းစစ်သည်၊ ကရင်စစ်သည်၊ ချင်းစစ်သည်၊ ကချင်စစ်သည်၊ လဝစစ်သည်တို့ပါ ဝင်ကြသည်။ ထိုမင်းနှစ်ပါးသည် ဟံသာဝတီကို နေပြည်တော် ပြုကြသည်။ တပင်ရွှေထီးသည် ဟံသာဝတီ၌ မွန်ထုံနည်းအတိုင်း၊ ပုဂံမြို၌ မြန်မာမင်း ထုံနည်းအတိုင်း ရာဇာဘိသက်ခံသည်။ ဆင်ဖြူများရှင် မင်းသည် တောင်တန်းဒေသများတွင် ဗုဒ္ဓဘာသာ ပြုစေသည်။ မြန်မာစပါးစိုက်ပျိုးမှုကို အားပေးသည်။ ကူးသန်းရောင်းဝယ်ရေးကို ပြုစုသည်။ ပုသိမ်၊ ပဲခူး၊ သံလျင်၊ မုတ္တမမြို့များသည် ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာန သင်္ဘောဆိပ်မြို့များ ဖြစ်ကြသည်။ ထိုမင်း လက်ထက်တွင် နိုင်ငံခြား ယဉ်ကျေးမှုများကို မြန်မာ တို့ရခဲ့ကြ၏။ ယွန်းထည် လုပ်ငန်း ပညာရပ်များသည် ဇင်းမယ် ပြည်မှ ရောက်လာကြ သည်။ ယိုးဒယားအဆို၊ အက စသည်တို့ကိုလည်း ယိုးဒယားပြည်မှ ရကြသည်။ ဆဲ့ငါးရာစုနှစ် မတိုင်မီကပင် အိန္ဒိယကုန်သည်၊ အာရပ်ကုန်သည်တို့သည် နှစ်ပင်တိုင် သင်္ဘော၊သုံးပင်တိုင် သင်္ဘောများဖြင့် ပသျှူးကျွန်းဆွယ်နှင့် ဂျားဗားကျွန်းစုတို့သို့ သွားပြီးလျှင် သစ်ကြံပိုး၊ လေးည|င်း၊ ချင်းတက်၊ ငရုတ်ကောင်း စသော ဟင်းခတ် အသီးအရွက်များကို ဝယ်၍ အီရက်နိုင်ငံ ဆိပ်ကမ်းသို့ သွားရောက်ရောင်းချ ကြသည်။ တစ်ခါတစ်ရံ ထိုကုန်သင်္ဘောများသည် ပုသိမ်ဆိပ်ကမ်း၊ ဒလဆိပ်ကမ်း၊ သံလျင်ဆိပ်ကမ်း၊ မုတ္တမဆိပ်ကမ်း၊ ရခိုင် ဆိပ်ကမ်းသို့ ရောက်လာ၍ ခါသာပိတ်၊ က။ီပါ၊ ကော်ဇော၊ သက္ကလပ် စသည်တို့ကို ရောင်းချတတ်ကြသည်။ ထိုနောက် အိန္ဒိယ သင်္ဘော၊ အာရပ်သင်္ဘောများ မရောက်တော့ဘဲ ပေါ်တူဂီသင်္ဘော များသာ ရောက်လာတတ်ကြ၏။ မြန်မာတို့ ဗရင်ဂျီခေါ်သော ပေါ်တူဂီ သင်္ဘောသားများသည် ကိုယ်တွေ့ ဗဟုသုတများကို ရှာသူများ ဖြစ်ကြသည်။ တပင်ရွှေထီး နန်းတက်မည့် အချိန်လောက်တွင် ပေါ်တူဂီအမျိုးသား ဗက်စကိုဒါဂါးမဆိုသူသည် အာဖရိကတိုက် တောင်ပိုင်းကို ပတ်၍ အိန္ဒိယ ကျွန်းဆွယ်သို့ ရောက်လာသည်။ ထိုအခါမှစ၍ ပေါ်တူဂီတို့သည် ကုန်တင်သင်္ဘော၊ ရဲမက် တင်သင်္ဘောများဖြင့် အိန္ဒိယသို့ နှစ်စဉ် လာရောက်ကြ၏။ အာရှတိုက်တွင် ဆိပ်ကမ်း ကောင်းသော အရပ်များ၌ ကုန်တိုက်များဆောက်၍ နေထိုင် တတ်ကြသည်။ ကာလကြာသော် ထိုကုန်တိုက်တို့သည် ခံတပ်မြို့များ ဖြစ်လာကြ၏။ အမြောက်သေနတ်ကိုင် ပေါ်တူဂီ တို့သည် ခံတပ်မြို့များကို အခြေပြုလျက် တိုင်းရင်းသားများ၏ နယ်ပယ်များကို တိုက်ခိုက်ကြသည်။ အရောင်းအဝယ် ပြုလုပ်သည်သာမက တိုင်းရင်းမင်းများထံ၌ အငှားလိုက် စစ်မှုထမ်းကြသည်။ တပင်ရွှေထီး တပ်မတော်တွင် ပေါ်တူဂီ အငှားလိုက် စစ်မှုထမ်း ရဝဝ မျှရှိသည်ဟူ၏။ ထိုခေတ်မှစ၍ မြန်မာနိုင်ငံ စစ်မှုရေးရာတွင် ပေါ်တူဂီ စစ်မှုထမ်းတို့သည် များစွာ ပါဝင်ကြသည်။ ဟံသာဝတီ ဆင်ဖြူများရှင်မင်း၏ အရိုက်အရာကို ဆက်ခံသော သားတော် နန္ဒဘုရင်သည် စီမံအုပ်ချုပ်မှု၌ ညံ့သည်။ အင်းဝမင်းငယ်၊ ပြည်မင်းငယ်၊ တောင်ငူ မင်းငယ်တို့နှင့် သင့်မြတ်စွာ မနေတတ်။ ယိုးဒယားမင်း၊ ရခိုင်မင်းတို့သည် ခြားနားကြ၏။ နန္ဒဘုရင် လွန်သော အခါ ပေါ်တူဂီတို့ကပင် မြန်မာနိုင်ငံကို သိမ်းယူလိုကြ၏။ သို့ဖြစ်၍ သံလျင်မြို့၌ ရှိနှင့်ကြသော ပေါ်တူဂီတို့သည် အကြီးအကဲဖြစ်သူ ငစင်္ကာခေါ် ဒီဗရစ်တိုသည် ၁၆ဝဝ ပြည့်နှစ်တွင် သံလျင်မြို့ကို သိမ်းယူ၍ မင်းပြု၏။ အိန္ဒိယနိုင်ငံဆိုင်ရာ ပေါ်တူဂီ ဘုရင်ခံချုပ် ရှိရာ ဂိုအားမြို့သို့ သွား၍ သံလျင်မြို့နယ်ကို ပေါ်တူဂီနယ် ပယ်ဟု အသိအမှတ်ပြုစေ၏။


အနောက်ဘက်လွန် မင်းသည် (ခရစ် ၁၆ဝ၅-၁၆၂၈) အင်းဝမြို့ကို အသစ်တည်ထောင်သော ခမည်းတော် ညာင်ရမ်းမင်း၏ မြန်မာနိုင်ငံစည်းလုံးမှုကို ဆက်လက် ဆောင်ရွက်စီမံသည်။ မြန်မာ၊ ရှမ်းတို့ပါဝင်သော ဆင်တပ်၊ မြင်းတပ် ခြေသည်တပ်တို့ဖြင့် ဖွဲ့စည်းသော တပ်မတော်ဖြင့် ချီ၍ ပြည်မြို့ကို သိမ်းသည်။ ထိုနောက် တောင်ငူမြို့ကို သိမ်းသည် သံလျင်မင်း ဒီဗရစ်တို့လည်း မြန်မာနိုင်ငံ၌ နယ်ချဲ့လျက်ရှိ၏။ သ့လျင်ကနေ၍ ပဲခူးနယ်တစ်ဝိုက်ကို တိုက်ခိုက်အုပ်ချုပ်သည်။ ပုသိမ်၊ မုတ္တမ၊ ဒဂုံစသည့် သင်္ဘောဆိပ်မြို့များသို့ သွားရောက်မည့် သင်္ဘောများကို သံလျင်သို့သာ လာရောက်စေခြင်းအားဖြင့် ကူးသန်းရောင်းဝယ်မှုကို ချုပ်ချယ်၍ လက်ဝါးကြီးအုပ်၏။ သံလျင် သစ်တပ်မြို့ရိုးကို အခိုင်အမာပြုသည်။ ဘုရားပုထိုးများကို ဖောက်ပြီးလျှင် ဌာပနာထားသော ရွှေငွေတို့ကိုယူ၍၊ ကြေးခေါင်းလောင်းကြီးများကို ထုခွဲအရည်ကျို၍ အမြောက်ဆန်၊ ကျည်ဆန် ပြုလုပ်သည်။ ထိုနောက် တောင်ငူကို တိုက်သည်။ထိုအခါ အနောက်ဘက်လွန်မင်းသည် ကုန်းကြောင်း ရေကြောင်းချီ၍ သံလျင်ကိုတိုက်ရာ အောင်မြင်သည်။ ဒီဗရစ်တိုကို ကွပ်၍ ပေါ်တူဂီသုံ့ပန်းများကို ရွှေဘိုနယ်သို့ပို့၍နေရာချထားသည်။


မြောက်ဦးမြို့၌လည်း ပေါ်တူဂီတို့သည် နယ်ချဲ့ကြ၏။ ၁၆၁၅ ခုနှစ်တွင် ပေါ်တူဂီအကြီအကဲဖြစ်သူ တီဗာအိုဖ(တေပုတ်)သည် ရခိုင်ဆိပ်ကမ်းသို့ သင်္ဘောများဖြင့် လာပြီးလျှင် မြောက်ဦးမြို့ကိုတိုက်သည်။ ရခိုင်မင်း မင်းခမောင်းသည် ဆင်လုံး မြင်းလုံးဖြင့်ချီ၍ ပေါ်တူဂီ တို့ကို တွန်းလှန်ရာ အောင်မြင်သည်။အနောက်ဘက်လွန် မင်း၏ ညီတော် သာလွန်မင်းသည် (ခရစ် ၁၆၂၉-၁၆၄၈) မင်းကောင်း မင်းမြတ်ဖြစ်သည်။ နိုင်ငံကို အေးချမ်း သာယာစွာ အုပ်ချုပ်သဖြင့် ပြည်ရွာသာယာ စည်ပင်သည်။ စီးပွားရေးတိုးတက် ကောင်းမွန်အောင် နိုင်ငံတော်အတွင်း မြို့သူကြီး ရွာသူကြီးတို့ကို စစ်ကြော မေးမြန်၍ ဆိုင်ရာနယ်အသီးအသီးတို့တွင် လူဦးရေမည်မျှ၊ လယ်ယာလုပ် မြေအကျယ်အဝန်းမည်မျှ စသည်တို့ကို စစ်တမ်းရေးသားသည်။ အုပ်ချုပ်ရေး၌ အစုအဝန်းဖွဲ့ပုံတို့မှာ သာလွန်မင်းတရားကြီး လက်ထက်ကဖြစ်သည်။


ပင်းတလဲမင်း (ခရစ် ၁၆၄၈န္ထ၁၆၆၁) လက်ထက်၌ကား မြန်မာနိုင်ငံသည် တရုတ်စစ်ပြေး စစ်သည်တို့ကြောင့် ဒုက္ခနှင့်တွေ့ရ၏။ တစ်ရက်ဟုခေါ်သော မန်ချူးတို့သည် တရုတ်နိုင်ငံကို တိုက်ခိုက်၍ ပီကင်းမြို့တော်ကို သိမ်းယူသောအခါ …မင် ခေါ် တရုတ်မင်းဆက်က ရုံလှီအမည်ရှိသောမင်းသည် စစ်သည်ဗိုလ်ပါ အနည်းငယ် ကို သိမ်းရုံး၍ ယူနန်ပြည်နယ်သို့ ပြေးဝင်လာ၏။ ူနန်ပြည်နယ်၌ တာရှည်ခိုလှုံနေ၍ မဖြစ်နိုင်ရကား နောက်လိုက်နောက်ပါတို့နှင့်တကွ ပင်းတစ်လဲမင်းထံ ခွင့်တောင်း၍ မြန်မာနိုင်ငံ၌ ခိုလှုံသည်။ သို့ရာတွင် နောက်ကထပ်လိုက်လာကြသော ရုံလှီမင်း၏ စစ်ပြေး စစ်သည်တို့သည် မိမိတို့မင်း အဖမ်းခံနေရသည် အထင်ရှိသဖြင့် မြန်မာတို့ကို ရန်မူကြသည်။ ရှမ်းပြည်မြောက်ပိုင်းမှစ၍ ကျောက်ဆည် နယ်အတွင်းသို့ ရောက်အောင် တိုက်ခိုက်လုယက်ကြသည်။ ကျောက်ဆည် လယ်တွင်းနယ်များတွင် အိုးအိမ် ထူထောင်ကာ အခိုင်အလုံနေထိုင်၍ လှည့်လည်တိုက်ခိုက် လုယက် ကြသဖြင့် မြန်မာတို့သည် လယ်ယာမလုပ်နိုင်အောင် ဒုက္ခတွေ့ကြရ၏။ မန်ချူးမင်းဆက်သည် တရုတ်နိုင်ငံ၌ အခြေစိုက်မိသောအခါ ရုံလှီမင်းကို နောက်လိုက်နောက် ပါတို့နှင့် တကွ အပ်ရမည်ဟု စစ်တပ်တတပ်ကို စေလွှတ်၍ တောင်းခံ၏။ မြန်မာတို့သည်ရုံလှီမင်းသားနှင့် နောက်လိုက် နောက်ပါတို့ကို ပေးအပ်လိုက် ကြရ၏။


ဤအချိန်လောက်တွင် ဦးကုလားသည် မဟာရာဇင်ကြီးကို ရေးသည်။အင်းဝတွင် နောက်ဆုံး စိုးစံသော မဟာဓမ္မရာဇာဓိပတိလက်ထက် (ခရစ် ၁၇၃၃-၁၇၅၂)တွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးချွတ်ယွင်းချက်ကြောင့် စီးပွားရေး ဆုတ်ယုတ်လာသည်။ ဟံသာဝတီ ဆင်ဖြူများရှင် လက်ထက်က မြန်မာနိုင်ငံသို့ အခွန်ဆက်ရမည့် မဏိပူရ ကသည်းစော်ဘွားသည် မြန်မာနိုင်ငံကို ထိပါးလာသည်။ ကသည်းတို့သည် မြင်း ဒုန်းစိုင်းကာ မြေဒူးမြို့၊ စစ်ကိုင်းမြို့အထိ ဝင်လာ၍ ရွာများကိုမီးရှို့ကြသည်။ လူူသူကျွဲနွားများကို ဖမ်းယူပြီးနောက် ပြန်သွားတတ်ကြသည်။ အထက်အညာ၌လည်း မိုးခေါင်သဖြင့် ဆန်စပါးသီးနှံ အလုံအလောက် မစိုက်နိုင် ဖြစ်လာသောအခါ ခိုးသား ဓားပြ ထူထပ်လာ၍ အင်းဝမင်းကို ပုန်ကန်ချင်သူများ ပေါ်ပေါက်လာကြ၏။ အထက်အညာ၌ ကသည်း မြင်းသည်တို့က အနှောက်အယှက်ပြုနေကြောင်းကို သိသောအခါ အင်းဝမင်းက ခန့်ထားသော မြန်မာလူမျိုး ဟံသာဝတီမြို့ဝန်သည် အင်းဝကို ပုန်ကန်သည်။ အင်းဝစစ်သည်တို့က နှိမ်နှင်းကြရသည်။ ဟံသာဝတီ၌ အသစ်ခန့်သော မြန်မာမြို့ဝန်သည် အအုပ်အချုပ် မတတ်။ သူပုန်အရေးကြောင့် မသင်္ကာသူဟူသမျှ မွန်၊ မြန်မာ၊ ရှမ်း အမှုထမ်းများကို စစ်ဆေးမေးမြန်ခြင်း မပြုပဲ ဖမ်းဆီး သတ်ဖြတ်သောအခါ အင်းဝမင်း၏ ဆင်ဝန်ဟောင်း၊ ဟံသာဝတီမြို့နေ ဦးအောင်လှခေါင်းဆောင်သော မွန်၊ မြန်မာ၊ ရှမ်း တို့သည် မခံမရပ်နိုင်ဖြစ်၍၊ ထိုမြို့ဝန်ကို လုပ်ကြံလိုက်ကြ၏။ ထိုအခါဦးအောင်လှသည် မြန်မာနိုင်ငံကို ဟံသာဝတီ ဆင်ဖြူများရှင်ကဲ့သို့ စည်းလုံးအုပ်ချုပ်လိုသဖြင့် ဗညားဒလဘွဲ့ခံ၍ မင်းပြုသည်။ ထိုနောက် စစ်သည်များကို စုဆောင်းပြီးလျှင် ပြည်၊ တောင်ငူတို့ကို သိမ်းယူသည်။ ၁၇၅၂ ခုနှစ်တွင် အင်းဝမြို့ကိုလည်းသိမ်း၍ မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ပို့သည်။ ထိုကြောင့် ထိုမင်းကို ဟံသာဝတီရောက်မင်းဟု ခေါ်၏။


မတ္တရာက ကွေ့ရှမ်း တို့သည် မွန်တို့လက်အောက်မခံပဲ ရှိနေကြ၏။ ယိုးဒယားနှင့် မဏိပူရတို့သည်လည်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် တိုက်ခိုက် လုယက် လျက်ပင် ရှိကြ၏။ အထက်အညာတွင် မွန်တို့သည် ဩဇာမခံသော မြန်မာတစ်စုလည်းရှိ၏။ ထိုသူတို့ကား မုဆိုးဘိုရွာနှင့် ပတ်ဝန်းကျင်ရှိ ရွာသားများဖြစ် ကြသည်။ ထိုသူတို့ကို အလောင်းမင်းတရားဘွဲ့ခံ ဦးအောင်ဇေယျက ခေါင်းဆောင်၏။ ဤသို့ဖြင့် မြန်မာနိုင်ငံကို တစ်ဖန် စည်းလုံးအုပ်ချုပ်လို ကြသော လူစု နှစ်စုကား ဗညားဒလ၏ လူစုနှင့် အလောင်းမင်တရား (ခရစ် ၁၇၅၂-၁၇၆ဝ)လူစုတို့ ဖြစ်ကြသည်။ ထိုလူစုတို့တွင် ပါဝင်ကြသော စစ်သည်များကား မွန်၊ မြန်မာ၊ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်တို့ ဖြစ်ကြသည်။ ဗညားဒလ စစ်သည်များသည် ဟံသာဝတီမှ အင်းဝအထိ မြစ်စဉ်တစ်လျှောက် အောင်မြင်၍ မုဆိုးဘိုမြို့ရှိ အလောင်းမင်းတရား၏ ထန်းလုံးတပ်ကို တိုက်ရာ အရေးနိမ့် ကြ၏။ ထိုနောက် အလောင်းမင်းတရား၏ ထိုးစစ်ကို မခံနိုင်သော ဗညားဒလစစ်သည်များသည် အင်းဝမြို့သို့ ဆုတ်ကြရ၏။ အလောင်းမင်း တရား သည်လည်း မုဆိုးဘိုမြို့ကို ရွှေလိုသမုတ်၍ ထီးနန်းစိုက်၏။ ထိုနောက် အင်းဝသို့ စုန်၍တိုက်ရာ၊ ဗညားဒလစစ်သည် တို့သည် ဟံသာဝတီသို့ စုန်ကြရ၏။ ဟံသာတဝီ၌လည်း တိုင်းရေး ပြည်ရေး ရှုပ်ထွေးလျက် ရှိနေသည်။ အလောင်းမင်းတရားသည် ဟံသာဝတီကို တိုက်ရန် ဧရာဝတီမြစ်ကိုစုန်သည်။ ပြည်မြို့ကို သိမ်းယူ၍ ဆက်လက် စုန်ဆင်းပြီးနောက် လွန်ဆေးမြို့ကို သိမ်း၏။ တောင်ငူ၊ ဟင်္သာတ၊ ဓနုဖြူ၊ ပုသိမ်၊ မြောင်းမြ၊ သံတွဲစသည်တို့မှ ရာထမ်းမှုထမ်းတို့သည် လာ၍ သစ္စာခံယူကြသည်။ ထိုသို့ အမြန်အောင်သည်ကို အကြောင်းပြု၍ လွန်ဆေးမြို့ကို မြန်အောင်မြို့ဟု သမုတ်သည်။ ထိုနောက် ဒဂုံကို သိမ်းယူ၏။ ထိုမြို့ ကနေ၍ ဗညားဒလ၏ရန်ကို ကုန်အောင်တိုက်မည်ဟု အမိန့်ရှိ၍ ဒဂုံမြို့ကို ရန်ကုန်မြို့ဟု သမုတ်၏။ အလောင်းမင်းလည်း ရန်ကုန်၌ သင်္ဘောများ၊ တိုက်လှေ များကို တည်၍ သံလျင်ကို တိုက်စေသည်။ အောင်မြင်၏။ ထိုနောက် ဟံသာဝတီသို့ ချီ၍ တိုက်ရာ ဗညားဒလသည် ၁၇၅၇ ခုနှစ်တွင် အညံ့ခံရ၏။ ဤသို့ဖြင့် ဟံသာဝတီ ဆင်ဖြူများရှင်၏ အဆက်အနွယ် ဖြစ်သော တောင်ငူ ဟံသာဝတီ မင်းဆက်သည် ပြတ်၍ ကုန်းဘောင်ဟူသော မင်းဆက်သည် အလောင်းမင်းတရားဖြင့်စသော မင်းဆက် ဖြစ်၏။ အလောင်းမင်းတရားသည် မဏိပူရကို နှစ်ကြိမ် တိုက်၍ အောင်မြင်၏။မဏိပူရမှ ရက်ကန်းပညာ၊ ပန်းထိမ်ပညာ၊ နက္ခတ်ပညာစသော အတတ်ပညာ တို့ကိုရ၏။ အလောင်းမင်းတရားသည် ယိုးဒယားသို့ စစ်ချီတက်ရာ၊ နာဖျားမကျန်းရှိ၍ အပြန်တွင်လွန်သည်။

အလောင်းမင်းတရား၏ သားတော်အလတ် ဖြစ်သော ဆင်ဖြူရှင်သည် (ခရစ် ၁၇၆၇-၁၇၇၆) အင်းဝမြို့ဟောင်း သို့ ပြောင်း၍ မြို့သစ်နန်းသစ်တည်သည်။ ဇင်းမယ်၊ မဏိပူရ၊ ယိုးဒယားတို့ကို တိုက်ခိုက် သိမ်းယူသည့်ပြင် တရုတ်နှင့်လည်း စစ်တိုက်ရသည်။ ထိုအခါ၌ တရုတ်နိုင်ငံတွင် ပီကင်းမြို့တော်၌ နန်းစံသော မန်ချူးမင်း ချင်းလုံးသည် ရှေးယခင် မွန်ဂိုတာတာ ဘုရင် ကူဗလိုင်ခန် ကဲ့သို့ အိမ်နီးချင်း နိုင်ငံများကို တိုက်ခိုက်သောမင်း ဖြစ်လိုသဖြင့် ၁ရ၆၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို လေးကြိမ်တိိုင်တိုင် တိုက်ခိုက်သည်။ မအောင်မြင်ချေ။ နောက်ဆုံးအကြိမ်တွင် အင်းဝစစ်သည်တို့၏ အဝိုင်းခံ ရသော မန်ချူး တပ်မကြီးသည် အစာရေစာ ပြတ်၍ ငတ်မွတ်ခေါင်းပါးသော ဘေးနှင့် ကြုံနေသောကြောင့် မန်ချူးဗိုလ်ချုပ်တို့သည် စစ်ပြေငြိမ်းပါမည့် အကြောင်း အခွင့်တောင်းဆိုလာကြ၏။ မြန်မာဗိုလ်ချုပ် မဟာသီဟသူရလည်း ကြီးမားသော အိမ်နီးချင်း တရုတ်နိုင်ငံနှင့် မဟာမိတ်ဖွဲ့ခြင်း၏ အကျိုးကို မြေ|ာ်ခေါ်၍ မန်ချူးဗိုလ်ချုပ်တို့၏ တောင်းဆိုချက်ကို လက်ခံကာ စစ်ပြေငြိမ်း လိုက်၏။ ထိုအခါမှစ၍ တရုတ်မြန်မာ နှစ်ပြည်ထောင်သည် အေးချမ်းသာယာ၍ အရောင်းအဝယ် ကို ရှေးကကဲ့သို့ ပြန်လည် လုပ်ကိုင်ကြသော တရုတ်ကုန်သည်တို့သည် ပိုးထည်၊ ဖဲထည်၊ သစ်သီးယို၊ ကြွေအိုး၊ ကြွေပန်းကန်၊ အပ်၊ ဘီးစိပ်၊ မှန်မီးအိမ် စသည် တို့ကို မြန်မာတို့အား ရောင်းကြသည်။ မြန်မာတို့ကလည်း ဝါဂွမ်း၊ ပယင်း၊ ကျောက်စိမ်း စသည်တို့ကို တရုတ်တို့အား ရောင်းကြ၏။


ပေါ်တူဂီတို့သည် ဖော်ပြပြီးသည့်အတိုင်း မြန်မာနိုင်ငံတွင် နယ်ချဲ့မှု မအောင်မြင်ခဲ့ကြသော်လည်း အရှေ့အိန္ဒိယ ကျွန်းစုတို့တွင်ကား အခြေစိုက်မိသဖြင့် ကူးသန်း ရောင်းဝယ်မှုကြောင့် ကြွယ်ဝချမ်းသာလာကြ၏။ ပေါ်တူဂီတို့ကို အားကျသော ဒပ်ချကုန်သည်၊ အင်္ဂလိပ် ကုန်သည်၊ ပြင်သစ်ကုန်သည်တို့သည် ၁၆ဝဝ ပြည့်နှစ် လောက်တွင် အာရှတိုက်၌ အစုစပ် ကုမ္ပဏီများကို ထောင်ကြသည်။ ထိုကုမ္ပဏီတို့သည် အရောင်းအဝယ် အလုပ်ကို လုပ်ကိုင်ကြရာ တွင် တိုင်းရင်းမင်းများတစ်ပါး နှင့်တစ်ပါး မညီမညွတ်ဖြစ်နေကြသည်ကို သိမြင်လာကြ သောအခါ၊ တစ်မင်းကိုအားပေး၍ တမင်းကိုနှိမ တတ်ကြသည်။ ဒပ်ချတို့သည် အင်းဝ၊ ပဲခူးတွင် တိုက်ခွဲများ ဖွင့်ကြ၏။ အင်္ဂလိပ်တို့သည် သံလျင်၌ ကုန်တိုက် ဖွင့်ကြ၏။ ထိုနောက် ပြင်သစ် ကုန်တိုက်တို့မှာ ဗန်းမော်အထိ ပျံ့နှံ့ကြ၏။ ဗညားဒလနှင့် အလောင်းမင်းတရားတို့ ပြိုင်ဆိုင်တိုက်ခိုက် နေချိန်တွင် ဒပ်ချကုမ္ပဏီသည် ဂျားဗားကျွန်းစုကို သိမ်းယူ၏။ အင်္ဂလိပ်ကုမ္ပဏီနှင့် ပြင်သစ် ကုမ္ပဏီတို့သည် အိန္ဒိယနိုင်ငံတွင် အချင်းချင်း တိုက်ကြရာ၊ အင်္ဂလိပ ်ကုမ္ပဏီက နိုင်၍ ဗင်္ဂလားပြည်နယ်၊ ဂင်္ဂါမြစ်ဝှမ်းရှိ ပြည်နယ်၊ မဒရပ်ပြည်နယ်၊ ဘုံဘိုင်ပြည်နယ်တို့ကို သိမ်းယူအုပ်ချုပ်၏။ ၁၈၂၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အစိုးရသည် ထိုပြည်နယ်များကို စီမံအုပ်ချုပ်ရန် ဘုရင်ခံချုပ် တစ်ဦးကို အိန္ဒိယ၌ ခန့်ထားရာ ကာလကတ္တားမြို့သည် ဘုရင်ခံချုပ် ရုံးစိုက်ရာမြို့တော ်ဖြစ်လာ၏။ဤသို့ဖြင့် ရခိုင်ပြည်ပါဝင်သော မြန်မာနိုင်ငံ သည် အင်္ဂလိပ်ပိုင်နက်နှင့် နယ်စစ်ဖြစ်လာ၏။ နယ်စပ် အရေးကိစ္စနှင့် စပ်လျင်း၍ မရှင်းမလင်းမှုများကို ရှင်းလင်းနိုင်ရန် လည်းကောင်း၊ ပြန်လည် လွှမ်းမိုးကြသော ပြင်သစ်တို့နှင့် မြန်မာတို့ မဆက်မိစေရန် လည်းကောင်း၊ မိမိတို့ရောင်းဝယ်မှုအခွင့်အရေး ပိုမိုရရှိရန် လည်းကောင်း အင်္ဂလိပ်တို့သည် အလောင်းမင်း တရား၏ စတု။ သားတော်ဖြစ်သော ဘိုးတော်ဘုရားမင်း (ခရစ် ၁၇၈၂-၁၈၁၉)ထံသို့ သံများကို အကြိမ်ကြိမ် စေလွှတ် ကြသည်။ အင်္ဂလိပ်ဘုရင်ကိုယ်တိုင်က လွှတ်သော သံများမဟုတ်သဖြင့် မြန်မာတို့သည် နိုင်ငံရေးကိစ္စများ၌ ယင်းတို့နှင့် မစေ့စပ်လိုကြချေ။


ဘိုးတော်ဘုရား၏ မြေးတော် ဘကြီးတော်မင်း (ခရစ် ၁၈၁၉-၁၈၃ရ) လက်ထက်တွင် အင်္ဂလိပ်နှင့် မြန်မာတို့ ဆက်ဆံ ပြောဆိုရမည့် အရေးနှစ်ခု ပေါ်ပေါက်ကြ၏။


ဘကြီးတော်မင်း နန်းတက်သောအခါ မဏိပူရ ကသည်းစော်ဘွားသည် မိမိဆက်မြဲဖြစ်သော ကန်တော့ လက်ဆောင်ကို မဆက်ဘဲနေ၏။ ဘကြီးတော်မင်းသည် စစ်တပ်လွှတ်၍ မဏိပူရ ကသည်းစော်ဘွားကို ဆုံးမ၏။ ကသည်းစော်ဘွားလည်း အင်္ဂလိပ်ပိုင်နယ်သို့ ထွက်ပြေးရာ မြန်မာတို့က ချင်းနင်းလိုက်လံသဖြင့် အင်္ဂလိပ်တို့နှင့် စကားများ ကြ၏။ တစ်ဖန် အာသံစော်ဘွားသည် အင်္ဂလိပ်တို့ကို အားထား၍ သစ္စာဖောက်သည်ကို မြန်မာတို့သွားရောက် ဖမ်းဆီးရာ အင်္ဂလိပ်ပိုင်နယ်သို့ ပြေးဝင်သည်။ မြန်မာ တို့က လိုက်လံ ဖမ်းဆီးရာ အင်္ဂလိပ်တို့နှင့်စကားများ ကြသည်။ မြန်မာတို့သည် ဟံသာဝတီဆင်ဖြူများရှင ်မင်းတရားကြီး၊ အနောက်ဘက်လွန်မင်း အင်းဝဆင်ဖြူရှင် မင်းတို့၏ အောင်မြင်မှုများကို တွေးတောကာ၊ မာန်မာနကြီးလျက် ဥရောပ နယ်ချဲ့ဝါဒကို ကောင်းစွာ လေ့လာခြင်းမပြုကြချေ။ အင်္ဂတို့သည်လည်း အာရှ တိုက်တွင် နယ်ချဲ့ဝါဒ အောင်မြင်မှုကြောင့် တန်ခိုး ကြီးလျက် တိုး၍သာ နယ်ချဲ့လိုက်ကြ၏။ သို့ဖြစ်၍ ငြိမ်းချမ်းစွာ ဆွေးနွေး၍ ပြီးပြေကောင်းသော အဆိုပါ အရေးနှစ်ခုတို့သည် မပြီးပြေဘဲ တိုး၍သာ ဆိုးရွားလာကြ၏။ စစ်သူကြီး မဟာဗ'ုလသည် အာသံပြည်သို့ စစ်ချီ သောအခါ အင်္ဂလိပ်ဘုရင်ခံချုပ်သည် အင်္ဂလိပ်ကွပ်ကဲသော အိန္ဒိယ စစ်ပါရီတပ်ကို အာသံသို့လွှတ်၍ ခုခံစေသည်။ တစ်ဖန် မဏိပူရ ကသည်းစော်ဘွားများအား စစ်ကူပေး၍ မြန်မာတပ်များကို တိုက်စေသည်။

ဤသို့တိုက်ခိုက်နေကြစဉ်အတွင်း စစ်တကောင်းနှင့် ရခိုင် နယ်စပ်တွင်ရှိသော ရှင်မဖြူကျွန်းကို အင်္ဂလိပ်တို့က သိမ်း၍ အင်္ဂလိပ်အလံကို စိုက်ကြသည်။ မြန်မာတို့ ကလည်း ထိုကျွန်းကို တိုက်ခိုက်သိမ်းယူ၍ မြန်မာ အလံစိုက်ကြသည်။ ထိုအခါ အင်္ဂလိပ်ဘုရင်ခံချုပ်သည် မိမိပိုင်နယ်မြေကို မြန်မာမင်းက တိုက်သည်ဟု ဆို၍ စစ်ကြေညာပြီးလျှင် မြန်မာနိုင်ငံကိုတိုက်၏။ အင်္ဂလိပ်တို့သည် စနစ်တကျ လေ့ကျင့်ပြီးသော အင်္ဂလိပ်ဂေါ်ရာနှင့် အိန္ဒိယစစ်ပါရီများကို အသုံးပြုသည်။ ခေတ်မီ အမြောက်သေနတ်နှင့် ရဲမက်တို့ကို ကာလကတ္တားမြို့မှ မီးသင်္ဘောများဖြင့် အလျင်အမြန်ပို့သည်။ အာသံပြည်သို့စစ်တစ်ကြောင်း၊ ရခိုင်ဘက်သို့ စစ်တစ်ကြောင်း၊ ရန်ကုန်သို့ စစ်တစ်ကြောင်း၊ တနင်္သာရီသို့ စစ်တစ်ကြောင်း ချီကြသည်။ မြန်မာစစ်သည် များသည် စွမ်းအားရှိသမျှ ခုခံတိုက်ခိုက်ကြသော်လည်း ဆုတ်ရသည်ကများသည်။ မဟာဗန္ဓုလသည် ဓနုဖြူ တိုက်ပွဲတွင်ကျ၍ မြန်မာတို့ စစ်ရှုံးကြသည်။ ၁၈၂၆ ခုနှစ် တွင် စစ်ပြေငြိမ်း၍ ရန္တပိုစာချုပ်အရ၊ ရခိုင်၊ တနင်္သာရီနယ် ်တို့ကို မြန်မာတို့က ဝင်ရောက် ချယ်လှယ်ခြင်းမပြု မလုပ်ကြရ။ စစ်စရိတ်အဖြစ် မြန်မာတို့က ငွေတစ်ကုဋေ ပေးရသည်။


ဘကြီးတော်မင်းလက်ထက်တွင် မှန်နန်း ရာဇဝင် တော်ကြီးကို ရေး၏။ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် အုပ်ချုပ်ရေးကလည်းညံ့၊ အင်္ဂလိပ်တို့ကလည်း နယ်ချဲ့လိုကြ သဖြင့် သေးငယ်သော အမှုများသည် ကြီးမားလာကြသော ကြောင့် ဒုတိယအကြိမ် အင်္ဂလိပ်နှင့်မြန်မာတို့ စစ်ဖြစ်ကြရာ၊ အောက် မြန်မာနိုင်ငံကို မြေထဲမြို့မှ တောင်ငူမြို့အထိ အထက်အောက် နယ်နိမိတ် သတ်ကာ အင်္ဂလိပ်တို့က သိမ်းယူကြ၏။ ၁၈၅၃ ခုနှစ်တွင် ပုဂံမင်း၏ ညီတော် မင်းတုန်းမင်းသည် အမရပူရမြို့၌ နန်းတက်သည်။


ငြိမ်းချမ်းမှုကို လိုလားသဖြင့် အင်္ဂလိပ်တို့နှင့်သင့်မြတ်အောင် ဆက်ဆံ၏။ အင်္ဂလိပ်တို့ မြန်မာတို့ အလိုကို လိုက်သင့် သလောက်လိုက်ကြ၏။ ကာလကတ္တားမြို့ ဘုရင်ခံချုပ် လတ်မင်းကြီးဒါလဟိုဇီထံ သံလွှတ်၍ ပဲခူးနယ်ကို ပြန်ပေးရန် တောင်းဆိုသည် မရချေ။ အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီတလီနိုင်ငံတို့ကို ကင်းဝန်မင်း ကြီး ဦးဆောင်သော သံအဖွဲ့ကို လွှတ်သည်။ အမေရိကန်ပြည်ထောင်စုနှင့်လည်း ဆက်ဆံသည်။ ဥရောပတိုက်သို့ ပညာတော်သင်များ စေလွှတ်၍ စက်မှု လက်မှု လောကဓာတ်ပညာများကို သင်ကြားစေသည်။ မင်းညီမင်းသား၊ မှူးမတ်၊ စော်ဘွား၊ ချင်း၊ ကချင်၊ ကရင် စသည်တို့ကို ထိုက်သင့်အားလျော်စွာ မစချီးမြှင့်ကာ တိုင်းပြည်ကို ငြိမ်းချမ်းစွာ စီမံအုပ်ချုပ်သည်။ မှန်နန်း ရာဇဝင်တော်ကို ဆက်လက်ရေးသားစေသည်။ မန္တလေးတောင်ခြေရင်းတွင် ရတနာပုံ မန္တလေးဟု ခေါ်သော မြို့သစ်ကို တည်သည်။ မန္တလေးတောင်ခြေ၌ မဟာသကျမာရဇိန် (ကျောက်တော်ကြီး)ဘုရား၊ မဟာလော ကမာရဇိန်(ကုသိုလ်တော်)ဘုရားတို့ကို တည်သည်။ ပိဋကတ်သုံးပုံကို ကျောက်ထက် အက္ခရာတင်သည်။ ပထမပြန် စာပေးပွဲကို ဆက်လက် ပြုလုပ်သည်။ ပဉ္စမသင်္ဂါယနာတင်သောကြောင့် မင်းတုန်းမင်းကို ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးဟု ခေါ်၏။ ဆည်ဟောင်း မြောင်းဟောင်းများကို ထပ်မံပြုပြင်သည်။ မိတ္ထီလာကန်စသော ကန်များကိုလည်း ပြုပြင်သည်။ ဆန်စက်၊ သကြားစက်၊ သစ်စက်၊ ရက်ကန်းစက်များကို ဥရောပတိုက်မှ ဝယ်ယူသည်။ အင်္ဂလိပ်တို့နှင့် ကူးသန်းရောင်းဝယ်ရေးစာချုပ် ချုပ်ဆိုသည်။ အင်္ဂလိပ်ကျောင်းဆရာကြီး ဆရာမှတ်အား မြေနှင့်တကွ အင်္ဂလိပ်စာသင်ကျောင်း ဆောက်ပေးပြီးလျှင် သားတော် များကို အင်္ဂလိပ်စာ သင်စေသည်။


မြတ်စွာဘုရား အ။ုပ္ပတ္တိကျမ်း တစ်စောင်ရေးသောပြင်သစ် ဗရင်ဂျီဘုန်းကြီး ဘိဂန္ဓေ (ဘီဂန်းဒက်)ကိုလည်း ချီးမြေ|ာက်သည်။


အထက်မြန်မာနိုင်ငံ၌ မင်းတုန်းမင်း အုပ်စိုးသောအခါတွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က ရခိုင်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းဟူ၍ တိုင်းသုံးတိုင်းခွဲပြီးလျှင် တိုင်းအသီး အသီး၌ တိုင်းမင်းကြီး တစ်ဦးစီ ခန့်ထား၍ အုပ်ချုပ်သည်။ ၁၈၆၂ ခုနှစ်တွင် တိုင်းသုံးတိုင်းကို စုပေါင်း၍ မဟာဝန်ရှင်တော်မင်းကြီး တစ်ဦးတည်းက အုပ်ချုပ်သည်။အောက်ပြည်၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့၌ ပထမ မဟာဝန်ရှင်တော်မင်းကြီးသည် မြန်မာရာဇဝင်ကျမ်း တစ်စောင်ရေးသော ဆာအာသာဖယ် ယာဖြစ်သည်။

ဖယ်ယာသည် ရန်ကုန်မြို့ဟောင်းကို တိုးချဲ့၍စည်ကားသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်အောင် မြို့သစ်ကိုတည်သည်။ ဒါလဟိုဇီလမ်း ( မဟဗန္ဓုလလမ်း )၊ ဖယ်ယာလမ်း ( ပန်းဆိုးတန်း )၊ ဂေါ်ဒွင်လမ်း ( လမ်းမတော် )၊ ဖရေဇာလမ်း(အနော်ရထာလမ်း)စသည်တို့သည် အင်္ဂလိပ် ရာထမ်း မှုထမ်းတို့၏ အမည်များကို အကြောင်းပြု၍ ပေးသော လမ်းအမည်များဖြစ်ကြသည်။ ထိုအခါမှစ၍ ဆန်အလုပ်၊ ရေနံအလုပ်၊ သတ္တုတွင်းအလုပ်၊ မီးသင်္ဘော အလုပ်၊ မီးရထား အလုပ်စသော အလုပ်အကိုင်များကို လုပ်ရန် အရင်းရှင်များသည် ရန်ကုန်မြို့သို့ တရွေ့ရွေ့ လာရောက်ကြ၏။ အိန္ဒိယ အရင်းရှင်၊ တရုတ်အရှင်းရှင် များလည်း ရောက်လာကြသည်။ ထိုပြင် အိန္ဒိယပြည်နှင့် တရုတ်နိုင်ငံမှ အမြောက်အမြား လာရောက်နေထိုင်၍ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ကြ၏။ အရင်းရှင်များသည် ရန်ကုန်မြို့တွင် ဘဏ်ကြီး ဘဏ်ငယ်၊ တိုက်ကြီး တိုက်ငယ်များ ဖွင်ကြသည်။ မြန်မာတိုင်းရင်းသားများမူကား စပါး အမြောက်အမြား စိုက်ရန် အားထုတ်ကြသည်။

အထက်မြန်မာနိုင်ငံ မြန်မာတို့သည် အောက်အင်္ဂလိပ်ပြည မြန်မာတို့နှင့် ကူးသန်းရောင်းဝယ်ရေး၌ အဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်ကြ၏။ အထက်နိုင်ငံထွက် ပဲ၊ ပြောင်း၊ နှမ်း၊ ဆီ၊ ဆေး၊ ဝါဂွမ်း၊ ထန်းလျက်၊ ရေနံတို့ကို အောင်ပြည်သို့ ပို့၍၊ အောက်ပြည်ထွက် ဆန်စပါး၊ငပိ၊ ငခြောက်တို့ကို အထက်နိုင်ငံသို့ ပို့ဆောင်ကြသည်။ မင်းတုန်းမင်းသည်လည်း ရတနာကိုးပါးစီခြယ်သော ထီးတော်နှင့် ရွှေဆိုင်းများကို ရွှေတိဂုံစေတီအား လှူဒါန်းသည်။ ၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်း လွန်သောအခါ အလယ်နန်း မိဖုရား ဆင်ဖြူမရှင်နှင့် မှူးမတ်အချို့သည် မင်းတုန်းမင်း၏ သားတော်ကြီးများကို ကျော်၍ သီပေါမင်းသားငယ်ကို နန်းတင်ကြ၏။


တိုင်းရေး ပြည်ရေး ရှုပ်ထွေးလာ၏။ အောက်မြန်မာပြည်ပိုင် အင်္ဂလိပ် အစိုးရနှင့် ဆက်ဆံရေးတွင် မင်းတုန်းမင်း လက်ထက်ကဲ့သို့ မသင့်မြတ်ချေ။ တိုင်းရေး ပြည်ရေးစီးပွားကုန်သွယ်ရေး စာချုပ်များကို ပြင်သစ်တို့နှင့် ချုပ်ဆိုသည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်၏။ မြန်မာတို့ အပေါ်တွင် ပြင်သစ်အစိုးရ၏ ဩဇာအာဏာ လွှမ်းမိုးမည်ကို စိုးရိမ်သော အင်္ဂလိပ်အစိုးရသည် အထက်မြန်မာနိုင်ငံကို သိမ်းယူရန် ပြင်ဆင်လျက်ရှိ၏။ ဘုံဘိုင်ဘားမားကုမ္ပဏီ သစ်လုပ်ငန်းနှင့် စပ်လျဉ်း၍ မြန်မာတို့က ဒဏ်ရိုက်သည်ကိုအကြောင်းပြုလျက် အင်္ဂလိပ်တို့သည် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြေထဲမြို့နယ်စပ်ကို ကျော်၍ စက်အမြောက်တင် သင်္ဘောတပ်ဖြင့် မန္တလေးမြို့သို့ချီပြီးလျှင် သီပေါမင်းနှင့် မိဖုရား စုဖုရားလက်တို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးကြ၏။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ အထက်ပိုင်းသည် အင်္ဂလိပ်ပိုင်ဖြစ်ကြောင်း ကြေညာကြ၏။ မြန်မာတို့က အားကိုးသော ပြင်သစ်အစိုးရသည် မည်သည့် အကူအညီမျှ မပေးနိုင်ချေ။ ဤသို့ဖြင့် မြန်မာပြည် တဝှန်းလုံးသည် ဗြိတိသျှအင်ပိုင်ယာ၏ တစ်စိတ် တစ်ဒေသဖြစ်လာ၏။ မြန်မာပြည်ကို အုပ်ချုပ်ရာ၌ အင်္ဂလိပ်အစိုးရသည် ဥပဒေများ ပြဋ္ဌာန်း၍ အုပ်ချုပ်၏။ ၁၉ဝဝ ပြည့်နှစ်လောက်တွင် မြန်မာတို့လည်း ဥပဒေဖြင့် အရာရှိအုပ်ချုပ်ပုံကို စ၍ နှစ်သက်လာကြသည်။ ဆန်အရောင်းအဝယ်၊ သစ်အလုပ်စသော စီးပွားရေး အလုပ်အကိုင် တိုးတက်ကြီးကျယ်လာရာ၊ ကူးသန်း ရောင်းဝယ်မှုကို နိုင်ငံခြားသားတို့က အုပ်ချုပ်လျက် ရှိသောကြောင့် မြန်မာတို့ အကျိုးခံစားသင့်သလောက် မခံစားကြရချေ။ စီးပွားရေးအလုပ်အကိုင် အရောင်းအဝယ် အသယ် အပို့ တိုးတက်လာသောအခါ မြို့များသည် တိုးတက်စည်ကားလာကြ၏။ အစိုးရသည်လည်း အခွန်ငွေ ပို၍ရသဖြင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ စာသင် ကျောင်းများနှင့် ကောလိပ်ကို ဖွင့်ပေးသည်။ သို့ရာတွင် တောင်သူလယ်သမားဖြစ်ကြသော မြန်မာတို့ကား ဆင်းရဲ လျက်ပင်ရှိကြ၏။ လယ်ယာစိုက်ပျိုးရာ၌ လိုအပ်သော ကျွဲ၊ နွားနှင့် လယ်လုပ် ပစ္စည်းများကို ဝယ်ရန် နိုင်ငံခြား အရင်းရှင်များထံမှ ငွေချေးကြရ၏။ ငွေတိုးကလည်း များ၊ စပါးဈေးကလည်း မကောင်းသဖြင့် ကြွေးမဆပ်နိုင်၍ လက်ရှိ လယ်ယာများကို အရင်းရှင်များအား ပေးဆပ် လိုက်ကြရ၏။ သို့ဖြစ်၍ အချို့သော လယ်သမားတို့သည် အင်္ဂလိပ် အစိုးရကို ပုန်ကန်ကြ၏။မြန်မာတို့သည် ဥပဒေဖြင့် အုပ်ချုပ်ပုံကို နှစ်သက်လက်ခံခဲ့ကြသော်လည်း၊ ထိုအုပ်ချုပ်ပုံအားဖြင့် အင်္ဂလိပ် အစိုးရသာ တန်ခိုးကြီး၍ နိုင်ငံခြား အရင်းရှင်များသာ ကြီးပွားနေကြသည်ကို သိမြင်လာကြသောအခါ မကျေမနပ် ဖြစ်ကြ၏။ ထိုအင်္ဂလိပ်ကြိုက် ဥပဒေအစား မြန်မာကြိုက် ဥပဒေမျိုးကို ရအောင်အားထုတ်ရန် ကြံစည်ကြ၏။၁၉ဝ၅ ခုနှစ်တွင် ဂျပန်က ရုရှကို စစ်ပွဲ၌ အနိုင်ရသည်မှစ၍ မြန်မာတို့၏ စိတ်၌ ငုပ်နေသော အမျိုးသား စိတ်ဓာတ်သည် ပြန်၍ ပေါ်ပေါက်လာ၏။ ၁၉ဝ၈ ခုနှစ်လောက်တွင် မြန်မာတို့သည် ဝိုင်၊ အမ်၊ စီ၊ အေခေါ် ခရစ်ယာန် လူငယ်များအသင်းကို အတုယူ၍ ဝိုင်.အမ်.ဘီ.အေ ခေါ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို တည်ထောင် ကြသည်။ အယူဝါဒရေးကို ရည်ရွယ်၍ဖွဲ့သော ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းသည် နိုင်ငံရေး လုပ်ငန်းကို လေ့လာလိုက်စား၏။ ခေါင်းဆောင်အချို့သည် သတင်း စာတိုက်များကို ထောင်ကြ၏။ သတင်းစာများ၌ ရေးသူက ရေး၊ နယ်ထွက်၍ ဟောသူက ဟောနှင့် အလုပ်များကြ၏။ ဤသို့ ရေးကြ ဟောကြသော တရားကို ဝံသာနုတရား ဟုခေါ်၏။ မကြာမီအတွင်း ဝံသာနုစိတ်ဓာတ် တက်ကြွလာသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျီ.စီ.ဘီ.အေ အသင်းကြီး ပေါ်ပေါက်လာ၏။


ထိုနောက် မြန်မာတိုင်းသူပြည်သားများ၏ အကျိုးဖြစ်မည့် ဥပဒေမျိုးကို အစိုးရထံ၌ တောင်းကြ၏။ ထိုပြင်ဟုမ္မရူးခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေး စနစ်ကိုလည်း တောင်းကြ၏။ အစိုးရသည် ဝံသာနုခေါင်းဆောင်များကို ဖမ်းဆီး ချုပ်နှောင်သည်။ အစိုးရကဖိနှိပ်လေလေ၊ ဝသာနု စိတ်ဓာတ်က တက်ကြွလေလေ ဖြစ်ရာ၊ အင်္ဂလိပ် အစိုးရသည် ဒိုင်အာခီခေါ် နှစ်ဘက်စပ် အုပ်ချုပ်ရေး စနစ်ကို ပေး၏။ အမျိုးသား စိတ်ဓာတ်ကို တက် ကြွစေသော သူတို့တွင် တက္ကသိုလ် ကျောင်းသားများ ပါဝင်ကြ၏။ ၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကို တည်ထောင်သောအခါ ကျောင်းသားများသည် သပိတ်မှောက်ကြ၏။ ထိုသပိတ်သည် ကျောင်းအားလုံးသို့ ပျံ့နှံ့သွား၍ အမျိုးသားကျောင်းများ အနှံ့အပြားပေါ် ပေါက်လာကြ၏။ ထိုအမျိုးသားကျောင်းတို့သည် အမျိုးသား စိတ်ဓာတ်ကို ပိုမိုခိုင်မြဲအောင် ပြုစုပျိုး ထောင်ပေးကြ၏။ အမျိုးသားတက္ကသိုလ်ကား ကြာရှည်စွာ မတည်တံ့ချေ။တိုင်းသူ ပြည်သားတို့သည် ဒိုင်အာခီ အုပ်ချုပ်ရေးကို မနှစ်သက်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းကြသည်။

မြို့မအထက်တန်းကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ဗဟန်း မြို့နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြို့မ အမျိုးသားကျောင်း နှင့် အမျိုးသားကျောင်း အမြုတေများကို အမြို့ မြို့ရှိ ဝံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍ တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီ ကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန် အခွင့်အရေးရခဲ့ကြ၏။ မြို့မ မိသားစု စိတ်ဓာတ် မှသည် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်လာသည်။ နောင်အခါတွင် ထိုပြည်ထောင်စု စိတ်ဓာတ်သည် မျိုးချစ်စိတ်ဓာတ်ကို ပိုမိုရင့်သန်လာစေပြီး မြန်မာ့လွတ်လပ်ရေးကို အောင်မြင်စွာ ရရှိစေခဲ့သည်။ အဆိုပါ မြို့မ မိသားစု စိတ်ဓာတ် နှင့် နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်တို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ လူမျိုး၊ ဘာသာ သာသနာ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ခေတ်အဆက်ဆက်တွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သည်။ လွတ်လပ်ရေးအစ-အမျိုးသားနေ့က၊ အမျိုးသားနေ့အစ-အမျိုးသားကျောင်းများက၊ အမျိုးသားကျောင်းများအစ-မြို့မကျောင်းက ဟူ၍လည်း မြန်မာ့သမိုင်းစာမျက်နှာများတွင် မြင်တွေ့နိုင်ပါသည်။၁၉၃ဝ ပြည့်နှစ်လောက်တွင် တို့ဗမာ အစည်းအရုံးဝင် သခင်ခေါင်းဆောင်များသည် နိုင်ငံရေး လွတ်လပ်မှုကို ရမှသာလျှင် လိုအပ်သော ဥပဒေကို ရမည်ဖြစ်၍ လွတ်လပ်ရေးအတွက် ပြင်းထန်စွာ ဆောင်ရွက်ရမည်ဟူသော ဝါဒကို လှည့်လည် ဟောပြောရာ တိုင်းသူပြည်သား၏ စိတ်ဓာတ်တို့သည် တက်ကြွလာကြ၏။ ပြောဟောသူအများကိုလည်း အစိုးရက ဖိနှိပ်၏။

၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သဖြင့် မြန်မာပြည်သည် သီးသန့်တိုင်းပြည်တစ်ခုဖြစ်လာ၏။ အုပ်ချုပ်ရေးတွင် ၉၈ ဌာနအနက် ၉၁ ဌာနကို တိုင်းသူပြည်သားတို့က ရွေးချယ် တင်မြေ|ာက်သော ကိုယ်စားလှယ် အမတ်တို့ အုပ်ချုပ်ခွင့် ရသဖြင့် ၉၁ ဌာနအုပ်ချုပ်ရေးဟု ခေါ်သည်။ ပါလီမန်စနစ်အရ အထက်လွတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ ခွဲခြားအုပ်ချုပ်သည်။ သို့ရာတွင် မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရက တိုက်ခိုက် သိမ်းယူခြင်းကို မမေ့နိုင်သော မြန်မာတို့သည် လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး အတွက်သာ ဆူပူနေကြ၏။ ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီးစ၍ ဖြစ်ရာ၊ ဂျပန်သည် အရှေ့တောင်အာရှဒေသရှိ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်ပိုင် နယ်များကို တိုက်မည်ကို သိသော တို့ဗမာအစည်းအရုံး ခေါင်းဆောင်များသည် ဂျပန်၏ အကူအညီဖြင့် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေးကို ယူမည်ဟု ကြံစည်ကြ၏။ ထိုကြံစည်ချက်အတိုင်း သခင်အောင်ဆန်း ခေါင်းဆောင်သော ရဲဘောသုံးကျိပ် တို့သည် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ကာ ဂျပန် နိုင်ငံသို့သွား၍ စစ်အတတ်သင်ကြ၏။

၁၉၄၂ ခုနှစ်တွင် သခင်အေင်ဆန်း၏ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်စစ်တပ်နှင့်အတူ မြန်မာပြည် တောင်ပိုင်းသို့ ဝင်လာသည်။ အင်္ဂလိပ်စစ်တပ်များသည် မခုခံနိုင်သဖြင့် ရန်ကုန်မှ ပြည်သို့၊ ထိုနောက် မန္တလေးသို့၊ ထိုနောက် မြစ်ကြီးနားသို့ဆုတ်၍ မေလတွင် မဏိပူရကိုဖြတ်၍ အိန္ဒိယသို့ဝင်ကြသည်။ မြန်မာပြည် ဘုရင်ခံသည်လည်း ဆင်းမလားမြို့၌ စစ်ပြေး အစိုးရရုံးစိုက်သည်။ ဖက်ဆစ်ဆန်သော ဂျပန်အစိုးရသည် မြန်မာပြည်ကို ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အဝင်အထိ အုပ်ချုပ်၏။ အစ၌သော် မြန်မာတို့သည် ဂျပန်တို့အား ကိုးစားခဲ့ကြ၏။ သို့ရာတွင် ဂျပန်တို့ပေးသော လွတ်လပ်ရေးသည် လွတ်လပ်ရေး အတုမျှသာ ဖြစ်သည ်ကို သိလာကြသောအခါ မြန်မာလူငယ် ခေါင်းဆောင်တို့သည် ဂျပန်၏ လက်အောက်မှ လွတ်မြောက်ရန် စိုင်းပြင်းကြ၏။ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့တပ်မတော်နှင့် တို့ဗမာ အစည်းအရုံးဝင်တို့သည် ဖက်ဆစ် ဂျပန်ကို တော်လှန်ရန် ၁၉၄၄ ခုနှစ်တွင် အင်္ဂလိပ်စစ်တပ်နှင့် တိတ်တဆိတ် ဆက်သွယ်ကြ၏။ ထိုနောက် ဖ.တ.ပ.လ ခေါ် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့သည် ၁၉၄၅ ခုနှစ် မတ်လကစ၍ ဂျပန်တို့ကို တော်လှန်သည်။


ထိုတော်လှန်မှုကြောင့် ထိုနှစ်၌ပင် အင်္ဂလိပ်စစ်တပ်များသည် မြန်မာပြည်သို့ လွယ်ကူစွာ ပြန်ဝင်ပြီးလျှင် ဂျပန် စစ်တပ်များကို အောင်မြင်နိုင်ကြ၏။ မြန်မာပြည်ဘုရင်ခံ သည်လည်း မြန်မာပြည်သို့ ပြန်ရောက်၍ ပြန်လည် အုပ်ချုပ်ရေးကို စီမံသည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း စစ်တပ်မှ ထွက်၍ ဖ ဆ ပ လ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၏။ ၁၉၄၆ ခုနှစ်တွင် ဖ၊ ဆ၊ ပ၊ လ ခေါင်းဆောင်သော မြန်မာလူထုသည် တိုင်းပြုပြည်ပြု လွတ်တော် ခေါ်ရေး၊ အချုပ်အချာအာဏာပိုင် လုံးဝ လွတ်လပ်ရေးစသော အဆိုများကို အတည်ပြုကြ၏။ အင်္ဂလိပ်အစိုးရသည် ဖ၊ဆ၊ပ၊လ ခေါင်းဆောင်သော ပြည်မဒေသနှင့် တောင်တန်း ဒေသတို့၏ အင်အားကို မခံနိုင်သဖြင့် ဖ၊ဆ၊ပ၊လ ခေါင်းဆောင်နှင့်တောင်တန်းဒေသ ခေါင်းဆောင်တို့အား အုပ်ချုပ်ရေး အာဏာကို အပ်ရလေသည်။ လွတ်လပ်ရေးကို ပေးပါမည် ဟုလည်း ကတိပြုရလေသည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးသော ဖ၊ဆ၊ပ၊လ အစိုးရသည် ပြည်သူ့ ကိုယ်စားလှယ်များနှင့် ဆွေးနွေး လိုသဖြင့် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြု လွှတ်တော် အတွက် ရွေးကောက်ပွဲကို ကျင်းပပြီးနောက် ပြည်သူများက ရွေးကောက်လိုက်သော ကိုယ်စားလှယ်အမတ်များ ပါဝင်သည့် တိုင်းပြုပြည်ပြု လွှတ်တော်ကို ကျင်းပသည်။ ထိုနောက် အများသဘောတူ ဆုံးဖြတ်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြ၏။ ထိုအတော အတွင်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖ၊ဆ၊ပ၊လ ခေါင်းဆောင်၊ တောင်တန်းဒေသခေါင်းဆောင် အချို့တို့သည် လူမသမာ တို့၏ လက်ချက်ဖြင့် အသတ်ခံကြရသည်။ သို့ရာတွင် ဖ၊ဆ၊ပ၊လ ဒုတိယ ဥက္ကဋ္ဌဖြစ်သော သခင်နုသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အောင်မြင်စွာ ရေးဆွဲ၏။ ထိုနောက် မြန်မာ ခေါင်းဆောင်များသည် အက်တလီ ခေါင်းဆောင်သော ဗြိတိသျှ အစိုးရအဖွဲ့နှင့် သွားရောက် စေ့စပ်ကာ သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့သည်။

မြန်မာတိုင်းသူပြည်သူသား များသည် ၁၉၄၈ ခုနှစ် ဇန်နဝါ၄ ရက်နေ့တွင် မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် နိုင်ငံဖြစ်ပြီဟု ကြေညာခဲ့ကြသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)