မြန်မာနိုင်ငံရေးသမိုင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ သမိုင်း တစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သော နိုင်ငံရေး လှုပ်ရှားမှုများကို ဤသို့ မှတ်တမ်း တင်နိုင်ပေသည်။ ဦးစွာ ပထမ အာရှတိုက် အလယ်ပိုင်းဒေသမှ မျက်မှောက် မြန်မာနိုင်ငံတည်ရာ ဒေသသို့ တစ်ရွေ့ရွေ့ ဆင်းသက်လာ ကြသော ပျူ၊ ကမ်းယံ၊ သက်စသော လူမျိုးများသည် ဧရာဝတီမြစ်ဝှမ်း ဒေသသို့ ရှေးဦးစွာ ရောက်လာကြကာ မြစ်ကမ်း တစ်လျှောက်၌ အခြေစိုက် နေထိုင်ခဲ့ကြသည်။ ထိုသူတို့တွင် အချို့က ပင်လယ်ကမ်းခြေသို့ ဆင်းကြသည်။ ထိုသူတို့သည် မိမိတို့ နေထိုင်ရာ ဒေသအသီးသီးတွင် ဆယ်အိမ်တစ်စု၊ ဆဲငါးအိမ်တစ်စု၊ အိမ် ၂ဝ တစ်စု စသည်ဖြင့် အိမ်စုများဖွဲ့ကာ အနှံ့အပြား နေထိုင်ကြ သည်။ လူဦးရေတိုးလာသောအခါ အိမ်စုများ စုပေါင်း၍ ရွာဖြစ်လာသည်။ ရွာလုံခြုံစေရန် ခြံစည်းရိုး ကာခြင်း၊ ရွာတံခါးအနီးတွင် ကင်းတဲ ဆောက်၍ ကင်းစောင့်ခြင်းတို့ကို ပြုကြသည်။ ထိုအချိန်၌ မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၌ တကောင်းအမည်ရှိသောပြည်၊ ရခိုင်ဘက်တွင် မြောက်အရပ်၌ ဝေသာလီအမည်ရှိသော ပြည်၊ တောင်ဘက် ပင်လယ်ကမ်းခြေတွင် ယခုခေတ် သထုံမြို့တည်ရာ အရပ်၌ သထုံ အမည်ရှိသောပြည်၊ ယခုခေတ် ပြည်မြို့၏ အရှေ့ဘက် မှော်ဇာရွာ တည်ရာအရပ်၌ သရေခေတ္တရာ အမည်ရှိသော ပြည်ဟု ပြည်လေးပြည် ထွန်းကားလာသည်။ ထို့ပြင် ယခုခေတ် ပဲခူးမြို့တည်ရာ အရပ်၌လည်း ဟံသာဝတီ ပဲခူးမြို့ ထွန်းကား လာသည်။ ထိုပြည်ကြီးများသည် င်္မိဒေသနှင့်လည်းကောင်း၊ ပမ္ဖဝါတိုင်းနှင့်လည်းကောင်း အဆက်အသွယ် ရှိလာလေသည်။ ထိုပြည်ကြီးများ၏ အကြီးအကဲတို့သည် င်္မိဒေသမင်း၊ ပမ္ဖဝါမင်းတို့၏ ဓလေ့ထုံးစံ အချို့ကို သုံးစွဲလာကြသည်။ င်္မိမ ဒေသမင်း၊ ပမ္ဖဝါမင်းများသည် သက်ဦးဆံပိုင်သော လောကသမုတိ နတ်ဟူ၍လည်းကောင်း၊ ရေမြေ့ရှင် ဘဝရှင် ဟူ၍ လည်းကောင်း၊ စကြဝတေးမင်းဟူ၍ လည်းကောင်း အခေါ်ခံခဲ့ကြလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် ရေမြေ့ရှင် သက်ဦးဆံပိုင် ဘုရင်စနစ် ထွန်းကား လာခဲ့လေသည်။ မြန်မာဘုရင်များ စိုးမိုးသည့်ခေတ် တစ်လျှောက်လုံး သက်ဦးဆံပိုင် စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ဘုန်းပညာနှင့် ပြည့်စုံ၍ အမြော်အမြင်ရှိသော မင်းများလက်ထက်တွင် နိုင်ငံကြီးကျယ် စည်ကား ဖွံ့ဖြိုးပြီးလျှင် ဘုန်းပညာ နည်း၍ အမြော်အမြင် မရှိသော မင်းများ လက်ထက်၌ မြန်မာနိုင်ငံသည် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ကာ နိုင်ငံပျက်ရသည့်အခြေသို့ ရောက်ခဲ့ရသည်။ အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားမင်းတို့ သည် အစိတ်စိတ်ကွဲပြားနေသော မြန်မာနိုင်ငံကို စုစည်းတည် ထောင်သော မင်းများဟု သမိုင်းတွင် ထင်ရှားလေသည်။

ကုန်းဘောင်ခေတ်ဟူ၍ အမည်တွင်သော နောက်ဆုံး မြန်မာဘုရင်များ ခေတ်တွင် ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဒပ်ချစသော ဥရောပ တိုက်သားတို့သည် မြန်မာနိုင်ငံတွင် ရှေးဦးစွာ ကုန်ရောင်း ကုန်ဝယ်များအဖြစ် ရောက်လာကြ ပြီးသည့်နောက် တဖြည်းဖြည်း နယ်ချဲ့ ဝါဒကို ကျင့်သုံးလာကြ သည်။ ယင်းသို့ဖြင့် ၁၈၂၆ ခုနှစ် အင်္ဂလိပ်န္ထမြန်မာ ပထမ စစ်ပွဲတွင် မြန်မာတို့က အင်္ဂလိပ်အစိုးရအား အာသံ၊ မဏိပူရ၊ ရခိုင်၊ တနင်္သာရီနယ်များ ပေးအပ်လိုက်ရခြင်း၊ ၁၈၅၂ ခုနှစ် ဒုတိယစစ်ပွဲတွင် အောက်အကြေပိုင်းကို မြေထဲမြို့၊ တောင်ငူမြို့များအထိ ပေးလိုက်ရခြင်းတို့ ပေါ်ပေါက်လာသည်။ ထိုအခါ မြန်မာပိုင် အထက်မြန်မာနိုင်ငံ၌ မင်းတုန်းမင်းကြီး အုပ်စိုး၍ အင်္ဂလိပ်မင်းပိုင် အောက်နိုင်ငံကိုမှု ရခိုင်တိုင်း၊ တနင်္သာဲရီတိုင်း၊ ပဲခူးတိုင်းဟူ၍ တိုင်းသုံးတိုင်းခွဲပြီးလျှင် တိုင်းမင်းကြီးတစ်ဦးစီ ခန့်၍ အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ်က အုပ်ချုပ်သည်။ ၁၈၆၂ ခုနှစ်တွင် တိုင်းသုံးတိုင်းကို စုပေါင်းအုပ်ချုပ်ရန် မဟာဝန်ရှင်တော်မင်းကြီး တစ်ဦးကိုခန့်ထားလေသည်။ ပထမ မဟာဝန်ရှင်တော် မင်းကြီး သည် ဆာအာသာ ပါဗီ ဖယ်ယာဖြစ်သည်၊၊ ( ဖယ်ယာ၊ ဆာအာသာ။) မဟာဝန်ရှင်တော် မင်းကြီရုံးကို ရန်ကုန်မြို့၌ ရုံးစိုက်သဖြင ့် ရန်ကုန်မြို့သည် အင်္ဂလိပ်မင်းပိုင် အောက်နိုင်ငံ၏ မြို့တော်ဖြစ်လာလေသည်။ ရန်ကုန်မြို့ကိုလည်း ခေတ်မီဆိပ်ကမ်းမြို့ကြီး ဖြစ်စေရန် တိုးချဲ့၍ မြို့သစ်တည်သည်။ ( ရန်ကုန်မြို့ ။) စီးပွားရေးလုပ်ငန်း မှန်သမျှကို လည်း အင်္ဂလိပ် အရင်းရှင်ကြီးများသည် ငွေအရင်းအနှီးနှင့်တကွ ရန်ကုန်မြို့သို့ ရောက်လာကြသော လက်ဝါးကြီးအုပ်လုပ်ကိုင်ကြ တော့သည်။ မြန်မာပိုင် အထက်မြန်မာနိုင်ငံနှင့် အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံတို့သည် အကူးအသန်း အဆက်အဆံ မပြတ်ရှိ၍ ရင်းနှီးမြဲရင်းနှီးကြလေသည်။ နယ်ချဲ့ခွင့်ရတိုင်း နယ်ချဲ့ရန် ကြံစည်နေကြသော အင်္ဂလိပ်အစိုးရနှင့်လည်းကောင်း၊ ပြင်သစ် အစိုးရနှင့်လည်း

ကောင်း သင့်မြတ်အောင် ဆက်ဆံတတ်သော မင်းတုန်းမင်းသည် ၁၈၇၈ ခုနှစ်တွင်လွန်၍ ထိုနှစ်၌ပင် သားတော် သီပေါမင်း နန်းတက်သည်။ မင်းတုန်းမင်းတွင် သားတော်ကြီးများ ဖြစ်ကြသော သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားတို့ ရှိှလေသည်။ ထိုသားတော်ကြီး သုံးပါသည် ခမည်းတော်ရှိသဖြင့် ပြည်တွင်းပြည်ပအရေးတို့၌ လောကအကြားအမြင် အတွေ့ အကြုံများ၍ ဝါရင့်သူများ ဖြစ်လေသည်။ သို့ရာတွင် ထိုသားတော်ကြီးများကို ကျော်ကာ အသက် ၂ဝ ခန့်သာရှိ၍ ဝါနုသေးသော သီပေါမင်းသားကို အလယ်နန်းမိဖုရား ဖြစ်သော ဆင်ဖြူမရှင်နှင့် မှူးမတ်အချို့က နန်းတင်လိုက်သောအခါ နိုင်ငံအရေး ရှုပ်ထွေးလာလေသည်။ မင်းသား မင်းသမီးများသာမက ရှေ့နောက် ထောက်ထား တတ်သော မှူးမတ် အများအပြား အသက်ဆုံးကြရသည်။ အချို့လည်း အရာကျကြလေသည်။ မင်းမိဖုရားတို့ မြေ|ာက်စားထားသော အိမ်တော်ပါ လက်သုံးတော်များ၏ အာဏာပြင်းလာ၍ လွတ်တော်ရုံးတော်တို့၏ အာဏာညံ့လာလေသည်။ တိုင်းရေးပြည်မှု၌ ကျွမ်းကျင် လိမ်မာသော ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်၊ ရေနံချောင်း ဝန်ကြီး၊ ခန်းပတ်ဝန်ကြီး စသည်တို့ အရာကျ၍ အရည်အချင်းညံ့သော မှူးမတ်များ တွင်ကျယ်လာရာ နိုင်ငံရေး အခြေအနေ ပျက်ပြားလာသည်။ ပြည်ပြ ဆက်ဆံရေး၌လည်း မင်းတုန်းမင်း လက်ထက်မှာကဲ့သို့ မဟုတ်ဘဲ မပြေမလည်ရှိရာ နောက်ဆုံး၌ သီပေါမင်း ပါတော်မူပြီးလျှင် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အင်္ဂလိပ် အစိုးရတို့က အထက်မြန်မာနိုင်ငံကို သိမ်းယူပြီး ဖြစ် ကြောင်း ကြေညာခဲ့ရသည်အထိ မြန်မာ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ခဲ့ရလေသည်။ အင်္ဂလိပ်မင်းများသည် အထက်အောက် မြန်မာနိုင်ငံတဝန်းလုံးကို ဗင်္ဂလား ပြည်နယ်၊ မဒရပ်ပြည်နယ် တို့ကဲ့သို့ အိန္ဒိယပြည်၏ ပြည်နယ်တစ်နယ်အဖြစ် အိန္ဒိယပြည် အုပ်ချုပ်ရေး၌ ထည့်သွင်း အုပ်ချုပ်လေသည်။ အင်္ဂလိပ်မင်းများ၏ အုပ်ချုပ်ရေးသည် မြန်မာဘုရင်များ လက်ထက်က ကဲ့သို့ သက်ဦးဆံပိုင် အုပ်ချုပ်ရေး မဟုတ်တော့ချေ။ မြန်မာဘုရင်များ လက်ထက်က ပြည့်ရှင်မင်းသည် တန်ခိုးအကြီးဆုံး ဖြစ်သော်လည်း အင်္ဂလိပ်မင်းများ၏ အုပ်ချုပ်ရေးတွင် ဥပဒေသည် တန်ခိုးအကြီး ဆုံးဖြစ်သည်။ မြန်မာတိုင်းသူပြည်သားများသည် သီပေါမင်း ပါတော်မူပြီးနောက် နိုင်ငံခြားသား အင်္ဂလိပ် အစိုးရအုပ်စိုးလာ သည်ကို မကြိုက်နိုင်သဖြင့် ဟိုတစ်စု သည်တစ်စု ပုန်ကန်ထကြွ ကြသည်ကို အင်္ဂလိပ်အစိုးရသည် အတန်ကြာ လိုက်လံနှိမ်နှင်းရ လေသည်။ မြန်မာ့တော်လှန်ရေး

သို့ရာတွင်၁၉ဝဝ ပြည့်နှစ်ခန့်တွင် တိုင်းပြည်လည်း ငြိမ်ဝပ်လာသည်။ အင်္ဂလိပ် အစိုးရကို လက်နက် လက်ရုံးဖြင့် တော်လှန်သူများ အင်အားလည်း ဆုတ်ယုတ်လာ၍ နောက်ဆုံး ကွယ်ပျောက်သွားလေသည်။ ထိုနောက် ဗြိတိသျှအစိုးရတို့သည် မြန်မာပြည်၌ ဗြိတိသျှအရင်းရှင်တို့၏ အကျိုးစီးပွားကို ရှေးရှူ၍ အရင်းရှင် စီးပွားရေးစနစ်ကို ထူထောင် အုပ်စိုးခဲ့လေသည်။ ဤစနစ်၏ အောက်တွင် ဗြိတိသျှ လူမျိုးနှင့်တကွ အခြားတိုင်းတစ်ပါး သားများသည် မြန်မာပြည်၌ စီးပွားရှာကြံ၍ အကျိုးများစွာ ဖြစ်ထွန်းကြသော်လည်း မြန်မာတိုင်းရင်းသား ငွေရှင်ကြေးရှင် တို့မှာမူကား အကျိုးစီးပွားမခံစားရအောင် အမျိုးစုံသော နည်းလမ်းတို့ဖြင့် ချုပ်ချယ်ဖိနှိပ်ခြင်း ခံခဲ့ရလေသည်။ အထိုအချင်း အရာကို မြန်မာအမျိုးသား ခေါင်းဆောင်တို့ သိမြင်လာသောအခါ ဗြိတိသျှတို့၏ လက်အောက်မှ လွတ်မြောက်ရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြိုး ပမ်းခဲ့ကြလေသည်။ ထိုစဉ်က မြန်မာပြည်၏ အုပ်ချုပ်ရေးသည် ဗြိတိသျှပါလီမန်မှ စီစဉ်၍ အိန္ဒိယအစိုးရမှ တစ်ဆင့် ညွန်ကြား အုပ်ချုပ် သောအုပ်ချုပ်ရေးပင်ဖြစ်သည်။ ၁၈၉၇ ခုနှစ်တိုင်အောင် မြန်မာပြည်နှင့် သက်ဆိုင်သော ဥပဒေများကို အိန္ဒိယပြည်၌ တင်သွင်း အတည်ပြုရလေသည်။ ထို ၁၈၉၇ ခုနှစ်တွင် မဟာမင်းကြီးရာထူးကို ဖျက်သိမ်း၍ ဒုတိယဘုရင်ခံ မင်းကြီး ခန့်ကာ အတိုင်ပင်ခံ အမတ်ကိုးယောက်နှင့် အုပ်ချုပ်ပြန်သည်။ ၁၉ဝ၉ ခုနှစ်တွင် မော်လေန္ထမင်တို ပြုပြင်ရေး စီမံကိန်းဖြင့် မြန်မာပြည် အုပ်ချုပ်ရေးကို ပြုပြင်ကာ အတိုင်ပင်ခံများအစား အဖွဲ့ဝင် ၁၇ ဦးပါဝင်သော ဥပဒေပြုအဖွဲ့ အကူအညီဖြင့် အုပ်ချုပ်ပြန်သည်။ သို့ရာတွင် အုပ်ချုပ်ရေးပိုင်း၌ကား မြန်မာတို့ ဩဇာမရှိသေးချေ။ ထို့ပြင် မြန်မာ့အကျိုးလည်း မပေါ်ထွန်းဘဲ အင်္ဂလိပ် ကုန်သည်ကြီးများ အကျိုးကိုသာ ရှေးရှူခဲ့သည်။ မြန်မာခေါင်းဆောင် အချို့သည် သတင်းစာများ ထောင်၍ ဝံသာနုတရားများကို ရေးကာ လှုံ့ဆော်သူက လှုံ့ဆော် ကြသည်။ အချို့ကလည်း နယ်ထွက်၍ ဝံသာနုတရား ဟောပြောကြသည်။ ဝံသာနုစိတ်ဓာတ်များ တက်ကြွလာသော အခါ နယ်များ၌ မြန်မာအသင်းများ ဖွဲ့စည်းကြသည်။ သာသနာရေးကို အခြေခံ၍ ၁၉ဝ၈ ခုနှစ်တွင် ဖွဲ့စည်းလိုက်သော ဝိုင်-အမ်-ဘီ-အေ ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းသည် မြန်မာအမျိုးသားတို့၏ အမျိုးသားစိတ်ဓာတ် နိုးကြွအောင် စတင်ဆောင်ရွက်သော အသင်းဟုဆိုရပေမည်။


ထိုနောက် ဂျီ စီ ဘီ အေ ခေါ် မြန်မာအသင်းချုပ်ကြီးမှတစ်ဆင့် မြန်မာတိုင်းသူ ပြည်သား များ၏ အကျိုးကို ရှေးရှူသော ဥပဒေမျိုးကို ပြုလုပ်ပေးရန် အင်္ဂလိပ်အစိုးရထံ တောင်းကြလေသည်။


ထိုအခါ အင်္ဂလိပ်အစိုးရသည် မြန်မာအမျိုးသားများ လိုလားတောင့်တသော ဥပဒေမျိုးကို မပေးရုံမက၊ ဝံသာနုတရား ဟောသော ခေါင်းဆောင်များကို ဖမ်းဆီး ချုပ်နှောင်ခြင်းဖြင့် ဖိနှိပ်လေသည်။ ဝံသာနုတရား ဟောသူများတွင် ဆရာတော် ဦးဥတ္တမနှင့် ဦးထွန်းရှိန်တို့သည် ထင်ရှားသည်။


သို့ရာတွင် အင်္ဂလိပ်အစိုးရက ဖိနှိပ်လေလေ ပြည်သူလူထု ခပ်များများ၏ ဝံသာနု စိတ်ဓာတ်က လည်း ပြင်းပြလာလေလေ ဖြစ်သည်။ ၁၉၂ဝ ပြည့်နှစ်တွင် အင်္ဂလိပ် အစိုးရသည် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို မြန်မာမျိုးချစ်ပုဂ္ဂိုလ်ကြီးများ ကန့်ကွက်သည့်ကြားမှပင် ပြဋ္ဌာန်းလိုက်သည့်အခါ၊ ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်ကျောင်းမှ ကျောင်းသားကြီး များသည် ပညာရေးစနစ်ကို စတင်တော်လှန် သပိတ်မှောက်လိုက်၏။ ထိုအခါမှစ၍ အမျိုးသားကျောင်းများနှင့် အမျိုးသား ကောလိပ်တို့ ပေါ်ပေါက်လာသည်သာမက ပြည်သူလူထုတွင်လည်း နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်များ အထူးပြင်းထန် လာလေသည်။ မြို့မအထက်တန်းကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ဗဟန်း မြို့နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြို့မ အမျိုးသားကျောင်း နှင့် အမျိုးသားကျောင်း အမြုတေများကို အမြို့ မြို့ရှိ ဝံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍ တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီ ကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန် အခွင့်အရေးရခဲ့ကြ၏။ မြို့မ မိသားစု စိတ်ဓာတ် မှသည် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်လာသည်။ နောင်အခါတွင် ထိုပြည်ထောင်စု စိတ်ဓာတ်သည် မျိုးချစ်စိတ်ဓာတ်ကို ပိုမိုရင့်သန်လာစေပြီး မြန်မာ့လွတ်လပ်ရေးကို အောင်မြင်စွာ ရရှိစေခဲ့သည်။ အဆိုပါ မြို့မ မိသားစု စိတ်ဓာတ် နှင့် နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်တို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ လူမျိုး၊ ဘာသာ သာသနာ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ခေတ်အဆက်ဆက်တွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သည်။ လွတ်လပ်ရေးအစ-အမျိုးသားနေ့က၊ အမျိုးသားနေ့အစ-အမျိုးသားကျောင်းများက၊ အမျိုးသားကျောင်းများအစ-မြို့မကျောင်းက ဟူ၍လည်း မြန်မာ့သမိုင်းစာမျက်နှာများတွင် မြင်တွေ့နိုင်သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေးမြို့၌ ကျင်းပ၍ လူတစ်သိန်းကျော် တက်ရောက်သော ဂျီ စီ ဘီ အေ၏ နဝမ ကြိမ်မြောက် ကွန်ဖရင့်ကြီးက ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားအောင်ပွဲ နေ့ဟု သတ်မှတ်လိုက်လေသည်။ မြန်မာလူမျိုးတို့၏ အမျိုးသားစိတ်ဓာတ် ပြင်းထန်ပုံကို သိမြင်လာသော အင်္ဂလိပ်အစိုးရသည် ဝှိုက်ကော်မတီခေါ် အထူးကော်မတီတစ်ခု ဖွဲ့စည်း၍ မြန်မာပြည်သို့ လာရောက်စစ်ဆေးစေကာ လူထု၏အလိုသို့လိုက်သော သဘောဖြင့် ၁၉၁၉ ခုနှစ် အိန္ဒိယပြည် အုပ်ချုပ်ရေး အက်ဥပဒေဟု ခေါ်တွင်သော မွန်တေဂူန္ထချမ်းစဖို့ ပြုပြင်ရေး စီမံကိန်းကို မြန်မာပြည်နှင့်လည်း သက်ဆိုင်သည်ဟူ၍ အုပ်ချုပ်ရေးကို အနည်းငယ်ပြုပြင်ပေးလေသည်။ ထိုအုပ်ချုပ်ရေးကို အင်္ဂလိပ် အစိုးရနှင့် မြန်မာပြည်သားတို့ နှစ်ဦးနှစ်ဘက် ခွဲဝေအုပ်ချုပ်သော အုပ်ချုပ်ရေး ဖြစ်သဖြင့် ဒိုင်အာခီ အုပ်ချုပ်ရေးဟုခေါ်သည်။ ယင်းအုပ်ချုပ်ရေးအရ မြန်မာပြည်သည် ယခင်ကကဲ့သို့ ဒုတိယ ဘုရင်ခံအုပ်ချုပ်သော ပြည်နယ်တစ်နယ် မဟုတ်တော့ချေ။ ဘုရင်ခံအုပ်ချုပ်သော ပြည်နယ်ဖြစ်လာ၍ ဘုရင်ခံသည် ပြည်သူတို့ ရွေးကောက်တင်မြေ|ာက်သော အမတ် ၈၄ ယောက်နှင့် ဘုရင်ခံခန့် အမတ် ၁၉ ယောက်တို့ပါဝင်သော ဥပဒေပြု မင်းတိုင်ပင်အဖွဲ့ဖြင့် အုပ်ချုပ်ရသည်။ သို့ရာတွင် အုပ်ချုပ်ရေးကို ချုပ်ကိုင်သူကား ဘုရင်ခံသာဖြစ်သည်။ အင်္ဂလိပ်အစိုးရသည် မြန်မာတို့အား အုပ်ချုပ်ရေးပြုပြင်ပေးသည်မှာ အမည်သာဖြစ်ရကား မြန်မာခေါင်းဆောင်တို့က မကျေနပ်ချေ။ ၁၉၂၂တွင် သရက်မြို့၌ကျင်းပသော ၁ဝ ကြိမ်မြောက် ဂျီ စီ ဘီ အေ အသင်းကြီး၌ မြန်မာပြည်အတွက် ဟုမ္မရှုးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်ဆိုရန် ဆုံးဖြတ်ကြလေသည်။ ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်အရ မြန်မာပြည် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ ကျင်းပချိန် ရောက်လာသည့်အခါ ဂျီစီဘီအေ အသင်းကြီး၌ ရွေးကောက်ပွဲ ဝင်နွှဲလိုသူကတစ်စု၊ နှစ်စုကွဲလေသည်။ ရွေးကောက်ပွဲဝင်မည့် အစုတွင် ခေါင်းဆောင် ၂၁ ဦးရှိသဖြင့် ၂၁ ဦးပါတီဟုခေါ်သည်။ ၂၁ ဦးပါတီက ရာထူးလက်ခံပြီးလျှင် မြန်မာနိုင်ငံကို ဟုမ္မရူးပေးရန် တောင်းဖို့ ဆုံးဖြတ်ကြသည်။ ရွေးကောက်ပွဲ သပိတ်မှောက်လိုသည့်အစုကို ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ ခေါင်းဆောင်သဖြင့် လှိုင်၊ပုး၊ကျော် ပါတီဟူ၍လည်းကောင်း၊ မူရင်းဂျီစီဘီအေဟူ၍လည်းကောင်း၊ ဝံသာနုဂျီစီဘီအေဟူ၍လည်းကောင်းခေါ်ကြသည်။ ထိုအချိန်က လူထုသည် အစိုးရကို မုန်းတီး၍ ဝံသာနုစိတ်ဓာတ်များ မည်မျှတက်ကြွနေသနည်းဟူမူ အစိုးရနှင့် ဆက်ဆံသော ၂၁ဦးပါတီထက် ဝံသာနုပါတီက ပို၍အင်အားကောင်းနေသည်ကို ကြည့်၍သိနိုင်သည်။ ၁၉၂၃ခုနှစ်တွင် အစိုးရနှင့်မဆက်ဆံရေး ဟူသောကြွေးကြော်သံဖြင့် ဘူးအသင်းများ ပေါ်ပေါက်လာရာ၊ အစိုးရက မတရာအသင်းဟု ကြေညာ၍ ဖိနှိပ်လေသည်။ ဒိုင်အာခီ အုပ်ချုပ်ရေးရောက်၍ သုံးနှစ်မျှမကြာမီပင် ဝံသာနုအချင်းချင်း မသင့်မတင့်နှင့် အရှုပ်အရှင်းဖြစ်လာရာမှအစ လှိုင်ပုကျော် ဂျီစီဘီအေ ကွဲပြန်ရာ ဂျီစီဘီအေ အသင်းများ အမြောက်အမြား ပေါ်ထွက်လာခဲ့လေသည်။ ယင်းသို့ ပါတီများ အကွဲကွဲအပြားပြား ဖြစ်နေကြ သော်လည်း မြန်မာလူမျိုး တစ်မျိုးလုံး၏ လိုလားချက်မှာ အုပ်ချုပ် ရေးတိုမြှင့်ပေးရန် ဖြစ်သည်ကို အင်္ဂလပ်အစိုးရတို့ သိရကာ ဒိုင်အာခီ အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၈၄ (က)၌ ၁ဝ နှစ်ကုန်လွန်သောအခါ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးသင့်မပေးသင့် စုံစမ်းစစ်ဆေးရန် ကော်မရှင်အဖွဲတစ်ခု စေလွှတ်မည်ဆိုထားပြီး ရှိသည်လည်းဖြစ်သည့်အလျောက် ငါးနှစ်အတွင်းပင် ကိုယ်စားလှယ်အဖွဲ့လွှတ်၍ စုံစမ်းစေသည်။ ထိုကြောင့် ၁၉၂၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြန်မာပြည်အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး အစီရီခံရန် ဗြိတိသျှအစိုးရတို့က လွှတ်လိုက်သော ဆာဂျွန်ဆိုင်မွန် ခေါင်းဆောင်သည့် ကော်မရှင်အဖွဲ့ရောက်လာသည်။ ဥပဒေပြုလွှတ်တော်က ဆိုင်မွန် ကော်မရှင်နှင့် ဆွေးနွေးရန် ဖွဲ့စည်းပေးလိုက်သော ကော်မတီဝင်များက ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်ဖို့ အကြံပေးလေသည်။ ဆိုင်မွန်ကော်မရှင်ကလည်း ခွဲရန်ထောက်ခံ၍ အစီရင်ခံစာ တင်သည်။ ဤတွင် အိန္ဒိယနှင့်မြန်မာ ခွဲရေးတွဲရေးပြသာနာသည် ပေါ်ပေါက်လာခဲ့သည်။ ခွဲရေးတွဲရေး ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာခေါင်းဆောင်များ အကွဲကွဲဖြစ်ကာ နောက်ဆုံး ဂျီစီဘီအေ အသင်းဟူသော အမည်ပါ လုံးဝ ကွယ်ပျောက်သွားသည်အထိ ဖြစ်သည်။ ခွဲရေးတွဲရေး ပြသာနာများ အတော်လှုပ်လှုပ်ရှားရှား ဖြစ်နေစဉ်တွင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေသောာ စီးပွားရေး ကြပ်တည်းမှု ကပ်ကြီးသည် မြန်မာပြည်ကို ရိုက်ခတ်လာလေ သည်။ စီးပွားရေး ကျပ်တည်းလာလေလေ မြန်မာလူထုသည် အဖိနှိပ်ခံ ကျွန်ဘဝမှ လွတ်မြောက်လို လေလေဖြစ်ခဲ့သည်။ အင်္ဂလိပ်အစိုးရပေါ် မကျေနပ်မှုများ တော်လှန်ပုန်ကန်လိုမှုများ တိုးတက်သည်ထက် တိုးတက်လာခဲ့ရာ သာမေဓအခွန်တော် လျှော့ပေါ့ရေး တောင်းဆိုရာမှအစ သာယာဝတီနယ်မှ ဆရာစံ ခေါင်းဆောင်သော တောင်သူလယ်သမားတို့သည် ဂ။ုန်တပ်သား များဟူသော အမည်ဖြင့် ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တော်လှန်ပုန်ကန်ကြသည်။ လွတ်လပ်ရေးဟူသည် အစည်းအဝေးခေါ်၍ ဆုံးဖြတ်ချက်ချရုံဖြင့်မရနိုင်။ လက်နက် အားကိုဖြင့် အဓမ္မပြုနေသော နယ်ချဲ့အင်္ဂလိပ်အစိုးရကို လက်နက်ဖြင့် ရင်ဆိုင်ရမည်ဟုဆိုကာ ဓားဆွဲ၍ တော်လှန်ခဲ့သော ဆရာစံခေါင်းဆောင်သည့် တောင်သူလယ်သမား တပ်သားများမှာ အချိန်လည်းမဟုတ်၊ လက်နက်ချင်းလည်းမမျှ၊ စည်းကမ်း သေဝပ်မှုလည်းမရှိ၊ စည်းရုံးမှုလည်း ကင်းမဲ့သောကြောင့် နယ်ချဲ့တို့၏ အပြင်းအထန် နှိပ်ကွပ်ခြင်းကို ခံရလေသည်။


ထိုအချိန်တွင် မြန်မာနိုင်ငံရေး၌ လက်နက်နှင့် တော်လှန်ခြင်းမပြုဘဲ အင်္ဂလိပ်တို့ ပေးသဖြင့်သာ နေလိုသော လူကြီးပိုင်းနှင့် ဆရာစံခေါင်းဆောင်သော တော်လှန်ရေးထက် ပိုမိုပြင်းထန်သော ထကြွမှုပြုရန်လိုသည်ဟု ယူဆသော လူငယ်ပိုင်းဟူ၍ ရှိလာသည်။ လူငယ်ပိုင်းကမူ ဆရာစံ၏ တော်လှန်ရေးအတွင်းက အမှားအယွင်းများကို ပြုပြင်ကာ နယ်ချဲ့အား လက်နက်ဖြင့် တညီတညွတ်တည်း တိုက်ထုတ်လို ကြသည်။ ဗမာပြည်သည် တို့ပြည်၊ ဗမာစကားသည် တို့စကား၊ ဗမာစာသည် တို့စာဟူသော ဆောင်ပုဒ်ဖြင့် လူငယ်တစ်စုသည် တို့ဗမာအစည်းအရုံးဟူသော နိုင်ငံရေး အသင်းသစ် တစ်ခုကို ၁၉၃ဝ ပြည့်နှစ်ခန့်တွင် တည်ထောင်ကြသည်။


ရှေး ယခင်ကပင် သခင်မျိုး ဖြစ်ခဲ့သော မြန်မာတို့သည သခင်ဖြစ်သည်ဆိုကာ အစည်းအရုံးဝင်တို့သည် သူတို့အမည ်များတွင် သခင်တပ်၍ ခေါ်ကြသည်။ တို့ဗမာအစည်းအရုံးဝင် သခင်များသည် အင်္ဂလိပ်အစိုးရက တဖြည်းဖြည်း ပြုပြင်ပေးနေသော ပြုပြင်ရေး ဥပေဒေများကို မကြေနပ်ကြချေ။ မိမိတို့ လိုချင်သော ဥပေဒေမျိုးကို အင်္ဂလိပ်အစိုးထံမှ တစ်စာစာ အော်၍ တောင်းနေရုံဖြင့်လည်း မရနိုင်။ နိုင်ငံရေးလွတ်လပ်မှု ရမှသာလျှင် မိမိတို့လိုချင်သော ဥပဒေမျိုးကို လူထုဆန္ဒအတိုင်း ပြုလုပ်နိုင်တော့မည်ဖြစ်သဖြင့် နိုင်ငံရေး လွတ်လပ်မှုကို အရယူရန် အားထုတ်မှဖြစ်မည်။ အားထုတ်ကြရာ၌ ချွေး သွေး မျက်ရည်အကျခံ၍ တိုက်ပွဲဝင်ကြမှ ဖြစ်မည် ဟူသော အတွေးသစ် အကြံသစ်ဖြင့် လူထုအား လှုံ့ဆော်စည်းရုံးလေသည်။ ထိုအခါ လူငယ်လူလတ်ပိုင်း၌ လည်းကောင်း၊ တောင်သူလယ်သမား အလုပ်သာမားပိုင်း၌ လည်းကောင်း အချုပ်အချာအာဏာပိုင် လွတ်လပ်ရေး စိတ်ဓာတ်သည် ပြင်းပြလာလေသည်။ ရှေးနိုင်ငံရေးခေါင်းဆောင်များက မြန်မာပြည်ကို ဗြိတိသျှ ဓနသဟာယအတွင်း ဟုမ္မရူးခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးရသော နိုင်ငံအဖြစ် ရောက်ရန်သာ တောင်းဆိုခဲ့သော်လည်း၊ တို့ဗမာ အစည်းအရုံးဝင်များလက်ထက် ရောက်သောအခါ လုံးဝ လွတ်လပ်ရေးကို တောင်းဆိုလာကြ သည်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကလည်း ကျောင်းသားလောကတွင် မျိုးချစ်စိတ်ဓာတ်များ တတ်ကြွလာ စေရန် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ် အာဏာပိုင်များက ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုနု၊ ကိုအောင်ဆန်း၊ ကိုလှရွှေ စသူတို့ကိုကျောင်းမှ ထုတ်ပစ်ပြန်သဖြင့် ကျောင်းသားတို့ မခံမရပ်နိုင်ဖြစ်၍ ၁၉၃၆ ခုနှစ်တွင် တကြိမ်၊ ၁၉၃၈ ခုနှစ်တွင် တစ်ကြိမ် သပိတ်မှောက် ဆန္ဒပြလိုက်ကြသည်။ သပိတ်လှန်သောအခါ ကျောင်းသားခေါင်းဆောင် ခပ်များများသည် တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်ကာ နိုင်ငံရေးကို ဆောင်ရွက်ကြလေ သည်။ အင်္ဂလိပ်အစိုးရကလည်း မြန်မာပြည် အုပ်ချုပ်ရေး ပြုပြင်ရန်နှင့် အထူးသဖြင့် လတ်တလော ပေါ်ပေါက်နေသော ခွဲရေးတွဲရေး ပြသာနာကို ဖြေရှင်းဆွေးနွေးရန် ၁၉၃ဝ ပြည့်နှစ်တွင် တစ်ကြိမ် ၊ ၁၉၃၁န္ထ၃၂ ခုနှစ်တွင် တစ်ကြိမ်နှစ် ကြိမ်တိုင်တိုင် လန်ဒန်မြို၌ ကျင်းပသော မျက်နှာစုံညီ အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်များကို ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။ နောက်ဆုံး၌ ဗြိတိသျှပါလီမန်က အိန္ဒိယနှင့် မြန်မာပြည်အတွက် ဥပဒေကြမ်း စီစဉ်ရေးဆွဲရန် ဖွဲ့စည်းလိုက်သော ပါလီမန် တွဲဘက်ကော်မတီနှင့် တိုင်ပင်ဆွေးနွေးရန် မြန်မာကိုယ်စားလှယ်များသည် ၁၉၃၃ ခုနှစ်တွင် သွားခဲ့ရပြန်သည်။ ထိုကော်မတီ၏ အစီရင်ခံစာ အရ ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေကို အင်္ဂလိပ် အစိုးရတို့က ပြဋ္ဌာန်းလိုက်ရာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာပြည်သည် အိန္ဒိယပြည်မှ ခွဲထွက်လာသည်။ ၉၁ ဌာနအုပ်ချုပ်ရေးဟူသော အုပ်ချုပ်ရေး သစ်လည်း ပေးလိုက်ရာ အထက်အောက် လွှတ်တော်နှစ်ရပ် ပေါ်ပေါက်လာလေသည်။ ၉၁ ဌာနအုပ်ချုပ်ရေးကို ထိုစဉ်က ထင်ရှားခဲ့သောအသင်းအဖွဲ့ဝင် အတော်များများသည် ပေးသမျှဖြင့် ရောင့်ရဲကာ ရာထူး လက်ခံကြသော်လည်း ကျောင်းသားခေါင်းဆောင်များနှင့် လူငယ်များပါဝင်သည့် တို့ဗမာအစည်းအရုံးကမူ ရာထူး လက်မခံဘဲ နယ်ချဲ့ဆန့်ကျင်ရေးကို ဆောင်ရွက်ကြသည်။ နယ်ချဲ့ဆန်ကျင်ရေးသမားတို့၏ လှုံ့ဆော်မှုကြောင့် တောင်သူလယ် သမားအလုပ်သမားများ အထူးတက်ကြွလာခဲ့ကြ သည်။ ၁၉၃၈ ခုနှစ်၌ ရေနံမြေ အလုပ်သမားအရေး ပေါ်ပေါက်ကာ ထိုနှစ် ဒီဇင်လာလတွင် ရေနံမြေ အလုပ်သမားတပ်ကြီးသည် ရန်ကုန်မြို့သို့ ချီတက်လာကြသည်။ အင်္ဂလိပ်အစိုးရကလည်း ချီတက်လာသူမျးကို လမ်းတစ်လျှောက်မှ ပုဒ်မ အမျိုးမျိုးထုတ်ကာ နှိမ်နှင်းလေသည်။ ကူညီသူကျောင်းသား ခေါင်းဆောင် များကိုလည်း မကွေးမြို့၌ ဖမ်းလေသည်။ ထိုအခါ ကျောင်းသားများ မခံမရပ်နိုင်ဖြစ်ကာ ရန်ကုန်မြို့၌ အတွင်းဝန်ရုံးကိုဝိုင်း၍ ဆန္ဒပြသည်တွင် အစိုးရက ရန်ကုန်မြို့မှ ပုလိပ်အဖွဲ့နှင့် နှိမ်နှင်းသဖြင့် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုအောင်ကျော် သေဆုံး၍ ကျောင်းသား ကျောင်းသူ အများဒဏ်ရာ ရခဲ့လေသည်။


ကျောင်းသားများ သွေးမြေကျသည်နှင့်တပြိုင်နက် မြန်မာတစ်နိုင်ငံလုံး မခံမရပ်နိုင်ဖြစ်ကာ ဆူပူလှုပ်ရှားကြသည်။ အထူးသဖြင့် မန္တလေးတွင် ရဟန်းသဃာတော်များ ခေါင်းဆောင်သော လူထုကန့်ကွက်ပွဲကြီး ပြုလုပ်ရာ အစိုးရက လက်နက်နှင့် နှိမ်နှင်းပြန်သဖြင့် ရဟန်းရှင်လူ ၁ရ ဦး အသက်ဆုံးရှုံးရပြန်လေသည်။ ထိုအခါ လူထုတစ်ရပ်လုံးသည် မခံနိုင်လောက်အောင် ဆူပူကြသဖြင့် အစိုးရအဖွဲ့ အပြောင်းအလဲများပင် ပေါ်ပေါက်ခဲ့ရသည်။ ၁၉၃၉ ခုနှစ်သို့ ရောက်သောအခါ မြန်မာနိုင်ငံရေး ခေါင်းဆောင်များအတွက် လွတ်လပ်ရေး အခွင့်ကောင်းတစ်ခု ပေါ်လာလေသည်။ ထိုနှစ်တွင် ဥရောပတိုက်၌ အင်္ဂလိပ်နှင့် ပြင်သစ်တို့ကတစ်ဘက်၊ ဂျာမနီနှင့် အီတလီတို့က တစ်ဘက် စစ်ဖြစ် ကြလေသည်။ ထိုအခါဂျပန်သည် ဂျာမဏီနှင့် အီတလီတို့ဘက်သို့ပါ၍ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်တို့ ကြီးစိုးနေကြသော အရှေ့တောင်အာရှ ဒေသကို ၁၉၄၁ ခုနှစ်မှစ၍ တိုက်လေတော့သည်။


ယင်းသို့ ကမ္ဘာတဝန်း၌ စစ်မီးများ စတောက်နေသည့်အချိန်တွင် မြန်မာတို့၏ အမျိုးသား စည်းလုံးရေးစိတ်ဓာတ်၊ နယ်ချဲ့ တော်လှန်ရေး စိတ်ဓာတ်များ ပိုမို ပြင်းထန်သည်ထက် ပြင်းထန်လာရာ အင်္ဂလိပ်ကို တိုက်မည့် မည်သူနှင့်မဆို ပူးပေါင်းချင်စိတ် ဖြစ်ပေါ်နေကြသည်။ ထိုကြောင့် အရှေ့ဘက်တစ်လွှားတွင် အင်္ဂလိပ်အား တိုက်မည့် ဂျပန်တို့၏ အကူအညီကို ယူကာ လွတ်လပ်ရေး ယူမည်ဟု ဆုံးဖြတ်၍ တို့ဗမာအစည်းအရုံးဝင် အချို့သည် ဂျပန်နိုင်ငံသို့ အသက်စွန့်၍ သွားကြသည်။ အချို့မှာ ပြည်တွင်း တော်လှန်ရေးအတွက် အဆင်သင့်ရှိအောင် စည်းရုံးနေကြသည်။ အင်္ဂလိပ်အစိုးရကလည်း အရေးကြီးသော နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီး၍ ထောင်ချခဲ့လေသည်။ သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံသို့ ရောက်ကြသောအခါ စစ်အတတ်ကို သင်ကြသည်။


၁၉၄၂ ခုနှစ်တွင် ဂျပန် စစ်တပ်သည် မြန်မာပြည်သို့ ကော့သောင်မြို့မှ စစ်တကြောင်း၊ ကော့ကရိတ်မြို့ဘက်မှ စစ်တစ်ကြောင်းချီ၍ ဝင်လာကြရာ ဗိုလ်တေဇခေါ် သခင်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေးတပ်မတော်လည်း ပါလာလေသည်။ အင်္ဂလိပ် အစိုးရ၏ စစ်တပ်များသည် အကြာ အရှည် မခုခံနိုင်သဖြင့် ရန်ကုန်မှ ဆုတ်ကြလေသည်။ တဖြည်းဖြည်း ဆုတ်သွားရာ ထိုနှစ်မေလတွင် မဏိပူရကို ဖြတ်၍ အိန္ဒိယသို့ ရောက်လာကြသည်။ ဘုရင်ခံ၏ အစိုးရအဖွဲ့သည်လည်း စစ်တပ်များကဲ့သို့ပင် အိန္ဒိယသို့ ပြောင်းကာ စစ်ပြေးအစိုးရအဖြစ်ဖြင့် ဆင်းမလားမြို့၌ ရုံးစိုက်နေသည်။ အင်္ဂလိပ်စစ်တပ်နှင့် အင်္ဂလိပ်အစိုးရ မရှိသည့် နောက် ဂျပန်စစ်အစိုးရနှင့် ဂျပန်စစ်တပ်တို့ မြန်မာပြည်ကို အုပ်ချုပ်လေသည်။ ၁၉၄၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မြန်မာပြည်အစိုးရအဖွဲ့ကို ဒေါက်တာ ဘမော်အား ခေါင်းဆောင် တင်မြေ|ာက်၍ ဖွဲ့စည်းပေးခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်ဘုရင်၏ အစိုးရသည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသည်ဟု ကြေညာလေသည်။ ဒေါက်တာဘမော် အဓိပတိဖြစ်လာသည်။ သို့ရာတွင် ဂျပန်စစ်အစိုးရသာလျှင် မြန်မာပြည်၌ တန်ခိုးအကြီးဆုံး ဖြစ်လေသည်။ အုပ်ချုပ်ရာ၌လည်း ဖက်ဆစ်ပီပီ အုပ်ချုပ် လေသည်။ ထိုအခါ တွင် စစ်ဝန်ကြီးအဖြစ်ဖြင့် အုပ်ချုပ်နေသာ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့ကာကွယ်ရေး တပ်မတော်နှင့် တို့ဗမာ အစည်းအရုံးဝင်တို့သည် ဂျပန်ဘက်စစ်ကို တော်လှန်ရန် ၁၉၄၄ ခုနှစ်တွင် တိတ်တဆိတ် စည်းရုံး၍ အိန္ဒိယရှိ အင်္ဂလိပ်စစ်တပ်နှင့် အဆက်အသွယ်ပြုကြလေသည်။ ထိုနောက် ဖ၊တ၊ပ၊လ ခေါ် ဘက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ကို ဖွဲ့၍ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂျပန်စစ်အစိုးရနှင့် ဂျပန်စစ်တပ်တို့ကို လက်နက် လက်ရုံးဖြင့် တော်လှန်ကြလေသည်။တော်လှန်ရေးနေ့

ဗလငါးတန်နှင့် လူရည်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အာရှလူငယ် အစည်းအရုံးဝင်များလည်း ထိုလျှို့ဝှက်သော လုပ်ငန်း၌ အသက်စွန့်လျက် ပါဝင်ခဲ့ကြသည်။ ထိုနှစ်၌ပင် အင်္ဂလိပ်အစိုးရ၏ စစ်တပ်များသည် မြန်မာပြည်အတွင်းသို့ ပြန်ဝင်နိုင်၍ ဂျပန်စစ်တပ်ကို အောင်မြင် ကြသောအခါ မြန်မာပြည် ဘုရင်ခံသည် မြန်မာပြည်သို့ပြန်လာ၍ ၁၉၄၅ ခုနှစ် ဗြိတိသျှပါလီမန်တွင် တင်ပြအတည် ပြုခဲ့သော စက္ကူဖြူစာတမ်းအရ မြန်မာပြည်ကို ဒိုမီနီယန် အဆင့်အတန်းပေး၍ အုပ်ချုပ်ရန် စီစဉ်လေသည်။ ထိုနှစ်၌ပင် ဗိုလ်ချုပ် အောင်ဆန်းသည် စစ်တပ်မှ ထွက်ပြီးလျှင် လွတ်လပ်ရေးကို အရယူမည်ဟု ဆုံးဖြတ်ကြွေးကြော်၍ ဖ၊တ၊ပ၊လ ကို အမည်ပြောင်းလိုက်သော ဘက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့(ဖဆပလ အဖွဲ့) ဥက္ကဋ္ဌအဖြစ် တိုင်းပြည်၏ အင်အားကို စည်းရုံးလေသည်။


ထိုအခါ တိုင်းပြည်၏ အင်အားသည် ရှေးကထက်ပို၍ ကောင်လာလေသည်။ လုံးဝမလွတ်လပ်မီ စပ်ကြား၌ လူထု ကိုယ်စားလှယ် အစစ်များပါဝင်သော ယာယီ အစိုးရအဖွဲ့ဖြင့် အုပ်ချုပ်စေရန် အတိအကျ တောင်းဆိုခဲ့သည်။ မြန်မာလူထုသည် လွတ်လပ်ရေးနှင့် ထိုက်တန်သော လူမျိုးဖြစ် ကြောင်းကို ငြိမ်ဝပ်၍ စည်းကမ်းကျနသော ဆန္ဒပြပွဲများဖြင့် ပြခဲ့သည်။ နယ်ချဲ့အစိုးရ၏ လက်ပါးစေအဖြစ်ဖြင့်သာ နှစ်ပေါင်းများစွာ လူသိများခဲ့သော ပုလိပ်အဖွဲ့ကြီး တစ်ဖွဲ့လုံးသည်ပင် တညီတညွတ်တည်း သပိတ်မှောက် ဆန္ဒပြခဲ့လေသည်။ ပုလိပ်အဖွဲ့ကြီးသာ မဟုတ်၊ အမှုထမ်းပေါင်းစုံတို့ကလည်း သပိတ်မှောက်လက်နက်ဖြင့် အုံကြွဆန္ဒပြကြသည်။ အင်္ဂလိပ်အစိုးရသည် ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို ပြန်ခေါ်၍ ဆာဟူးဗတ်ရန့်ကို ဘုရင်ခံသစ် ခန့်ထားလိုက်သည်။ ဆာဟူးဗတ်ရန့်သည် ဖ၊ဆ၊ပ၊လ၊ ခေါင်းဆောင်ကြီးများအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီအဖွဲ့ကို ဖွဲ့စည်းစေသည်။ ထိုအဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးစီး၍ဖွဲ့လိုက်ရာ သပိတ်ပေါင်းစုံလည်း အစိုးရအဖွဲ့ကို ထောက်ခံသောအားဖြင့် သပိတ်လှန်လိုက် ကြသည်။ အင်္ဂလိပ်အစိုးရ၏ ဖိတ်ခေါ်ချက်အရ ဗိုလ်ချုပ်အောင် ဆန်းခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့သို့ သွားရောက်ဆွေးနွေးပြီးနောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။


ထိုစာချုပ်အရ မြန်မာပြည်ကို လွတ်လပ်ရေး ပေးမည်ဖြစ်ကြောင်း အင်္ဂလိပ်အစိုးရတို့က ကတိပြုလေသည်။ သို့ရာတွင် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပေါင်းရန် သဘောတူမှ ပြည်မ တောင်တန်း တစ်ပြိုင်နက် လွတ်လပ်ရေး ပေးမည်ဟူသော သဘောတစ်ရပ်ပါဝင်သည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်ဗိုလ်ချုပ် အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊

အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ ခေါင်းဆောင်

ကြီးများသည် ပြည်မတောင်တန်း ပူးပေါင်းရေးကို အစွမ်း ကုန်ဆောင်ရွက်ကြရာ ထိုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူသော ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။


ထိုအခါမှ ပြည်မကြီးရော တောင်တန်းဒေသများကိုပါ တစ်ပြိုင်နက် လွတ်လပ်ရေးပေးရန် အင်္ဂလိပ်အစိုးရက သဘောတူညီလေသည်။ ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသော ဖ၊ ဆ၊ ပ၊ လ အစိုးရသည် လွတ်လပ်တော့မည်ဖြစ်သော မြန်မာပြည်ကို ပြည်မသား၊ တောင်တန်းသားတို့၏ ဆန္ဒအတိုင်း မည်သို့မည်ပုံ ဖွဲ့စည်းသင့်သည် အုပ်ချုပ်သင့်သည်တို့ကို ပြည်မဒေသ၊ တောင်တန်းဒေသ တို့မှ ပြည်သူ့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးလိုသဖြင့် ထိုနှစ်ဧပြီလတွင်ပင် တိုင်းပြည်ပြု လွတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပလေသည်။ ရွေးကောက်ပွဲပြီးသောအခါ ပြည်သူအများ ယုံကြည်၍ ရွေးကောက်တင်မြေ|ာက်လိုက်သော ပြည်မ၊ တောင်တန်း ကိုယ်စားလှယ်အမတ်များ ပါဝင်သည့် တိုင်းပြုပြည်ပြု လွတ်တော်အစည်းအဝေများ ကျင်းပ၍ တိုင်းပြည်ကို ဥပဒေဖြင့်သာ အုပ်ချုပ်စေလိုသည်ဟု လည်းကောင်း၊ ကချင်၊ ကယား၊ ကရင်၊ ရှမ်း တိုင်းရင်းသားလူမျိုးများသည် ပြည်နယ် အသီးသီး ဖွဲ့လျက် ပြည်မနှင့်ပေါင်း၍ ပြည်ထောင်စုနိုင်ငံ တည်ထောင်စေလိုသည်ဟု လည်းကောင်း၊ နိုင်ငံတော် သမ္မတကို ငါးနှစ်တစ်ကြိမ် တင်မြေ|ာက်ခြင်းဖြင့် သမ္မတနိုင်ငံလည်း ဖြစ်စေလိုသည်ဟု လည်းကောင်း၊ တောင်သူ လယ်သမား အလုပ်သမားတို့ ပါဝင်သော ပြည်ထောင်စု နိုင်ငံသား အားလုံး၏ အကျိုးအတွက် နိုင်ငံသူနိုင်ငံသားများ၏ ဆန္ဒအရ နိုင်ငံကိုအုပ်ချုပ်စေလိုသည်ဟု လည်းကောင်း အများသဘောတူ ဆုံးဖြတ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြ လေသည်။ ပြည်ထောင်စု အခြေခံဥပဒေ

နိုင်ငံတော် အလံ၊ နိုင်ငံတော်သီချင်း၊၊ နိုင်ငံတော် တံဆိပ်တို့ကိုလည်း အများသဘောတူ ဆုံးဖြတ်၍ သတ်မှတ်ကြလေသည်။ ပြည်ထောင်စု အခြေခံဥပဒေကို ရေးဆွဲနေသော ကာလအတွင်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် လူမသာမာတို့၏ လက်ချက်ဖြင့် အသက်ဆုံးကြရသည်။ သို့ရာတွင် ဖ၊ဆ၊ပ၊လ ဒုတိယ ဥက္ကဋ္ဌဖြစ်သော ဦးနုက ဆက်လက်ဆောင်ရွက်သွားရာ၊ ၁၉၄၈ ခုနှစ် ဇဎ္0x046ဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စု သမတမြန်မာနိုင်ငံကို တည်ထောင်ပြီဟု ကမ္ဘာသို့ ကြေညာနိုင်ခဲ့လေသည်။ ထိုအခါမှစ၍ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော ပြည်ထောင်စုသားများ၏ အချုပ်အချာ အာဏာပိုင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံကြီး အကောင်အထည် ပေါ်ခဲ့လေသည်။ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမသမ္မတမှာ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက် ဖြစ်လေသည်။ အချုပ်အချာ အာဏာပိုင် ဖြစ်ပေါ်လာပြီး သည့်နောက်၌ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်မှ ဦးနုခေါင်းဆောင်သော အစိုးရအဖွဲ့ကို နိုင်ငံတော် သမ္မတက ခန့်အပ်ပြီးလျှင် အထက်အောက် လွှတ်တော် နှစ်ရပ်ပါရှိသော ပါလီမန်စနစ်ဖြင့် အုပ်ချုပ်လေသည်။ သို့ရာတွင် လွတ်လပ်ရေး ကြေညာပြီး၍ မကြာမီကာလမှာပင် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်ခဲ့သော အမျိုးသား ညီညွတ်ရေးသည် ပြိုကွဲစ ပြုလာသည်။ ဖ၊ ဆ၊ပ၊လ အဖွဲ့ချုပ်အတွင်း၌ လက်ဝဲ လက်ယာ နိုင်ငံရေးအုပ်စုများ စိတ်သဘောကွဲပြား၍ ၁၉၄၈ခုနှစ် မတ်လတွင် ကွန်မျူနစ်ပါတီသည် လက်နက်ကိုင်၍တောခိုသွားခဲ့သည်။ ပြည်သူ့ရဲဘော် ပါတီဝင်အချို့လည်း တောခိုကြပြန်လေသည်။ ယင်းနောက် ကရင် အမျိုးသားများကလည်း ကေ အင် ဒီ အို ခေါ် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ဖွဲ့စည်းကာ၊ ၁၉၄၈ ခုနှစ်အတွင်းမှာပင် သီးခြားကရင်ပြည်နယ် တောင်းဆို၍ အစိုးရကို ပုန်ကန်ခြားနားကြပြန်လေသည်။ ဤကဲ့သို့ ၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်များတွင် တိုင်းပြည်သည် သောင်းကျန်းသူ အမျိုးမျိုး၏ ရန်ကြောင့် ပြိုကွဲ ပျက်စီးရတော့မည်ကဲ့သို့ ရှိစဉ် ဗမာ့တပ်မတော်သည် ပြည်သူလူထု ရှေ့မှ မားမားရပ်ကာ ရှိသမျှအင်အားဖြင့် ပြည်ထောင်စု ကြီးကိုကာကွယ်ခဲ့လေသည်။ ၁၉၅ဝပြည့်နှစ်မှ အစပြု၍ တပ်မတော်သည် သောင်းကျန်းသူတို့ လက်သို့ ကျရောက်ခဲ့သည့် နယ်မြေဒေသများကို စစ်ဆင်မှု အမျိုးမျိုးဖြင့် တစ်နယ်ပြီးတစ်နယ် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုကဲ့သို့ တိုင်းပြည်ကို သောင်းကျန်းသူတို့ရန်မှ ကယ်တင် ထိန်းသိမ်းနိုင်ခဲ့သော်လည်း၊ အာဏာရ နိုင်ငံရေးပါတီ တွင်းမှာမူကား ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ အရင်းရှင် ခေါင်းပုံဖြတ်သမားများ ၊ ဂိုဏ်းဂဏစွဲ ဝါဒသမားများ စသည်တို့ ဝင်ရောက်လာသောကြောင့် အဂတိလိုက်စားမှု၊ စီးပွားရေး သောင်းကျန်းမှု အမျိုးမျိုးပေါ်ပေါက်၍ သိက္ခာလျော့ကျ ပျက်စီးနေခဲ့လေသည်။ ၁၉၅၁ န္ထ ၅၂ ခုနှစ်တွင် ကျင်းပသော ပထမအထွေထွေ ရွေးကောက်ပွဲ၌ လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ကျင်းပသော ဒုတိယ အထွေထွေ ရွေးကောက်ပွဲ၌ လည်းကောင်း ဖ၊ ဆ၊ ပ၊ လ အဖွဲ့သည် အနိုင်ရရှိ၍ အစိုးရအဖွဲ့ အဖြစ်တည်မြဲနိုင်ခဲ့သော်လည်း၊ အထက်ပါ အကြောင်းအမျိုးမျိုးကြောင့် ၁၉၅၈ ခုနှစ်၌ ကျင်းပသော ပါတီညီလာခံကြီး အပြီးတွင် နှစ်ခြမ်းကွဲ၍ သွားလေသည်။ နောင်အခါ၌ ဦးနုခေါင်းဆောင်သော အဖွဲ့က ပြည်ထောင်စု အဖွဲ့ဟူ၍လည်းကောင်း၊ ဦးဗဆွေ ခေါင်းဆောင်သော အဖွဲ့က ဖ၊ ဆ၊ ပ၊ လ အဖွဲ့ဟူ၍ လည်းကောင်း ထင်ရှားလေသည်။ အာဏာရ နိုင်ငံရေးပါတီ ပြိုကွဲသဖြင့် တိုင်းပြည်အခြေအနေ ပျက်စီး ယွင်းယိုနေသောအခါ၊ ၁၉၅၈ ခုနှစ် အောက်တိုဘာလ၌ အိမ်စောင့်အစိုးရ အမည်ဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းခေါင်းဆောင်၍ အစိုးရဖွဲ့ကာ နိုင်ငံ၏ အခြေအနေကို ထိန်းသိမ်းပေးခဲ့လေသည်။ အိမ်စောင့်အစိုးရ လက်ထက်၌ ပြည်ပရေးရာတွင် နယ်ချဲ့ အစိုးရထံမှ အမွေရလိုက်သော တရုတ်-မြန်မာ နယ်ခြားပြသာနာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချစ်ကြည်စွာ ဖြေရှင်းနိုင်ခဲ့သည်။ မြန်မာ-တရုတ် နယ်ခြား သတ်မှတ်ရေး

ပြည်တွင်းရေး၌ ၁၉၅၉ ခုနှစ် ဧပြီလတွင် ရှမ်းစော်ဘွားများ၏ ပဒေသရာဇ် အာဏာများကို စာချုပ်၍ စွန့်လွှတ်စေခဲ့လေသည်။ ၁၉၆ဝ ပြည့်နှစ်သို့ ရောက်သောအခါ ဗိုလ်ချုပ်ကြီး အစိုးရသည် မူလကတိုင်းပြည်သို့ ပေးအပ်ထားခဲ့သည့် ကတိအတိုင်း အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့လေသည်။ ရွေးကောက်ပွဲ၌ ပြည်ထောင်စုပါတီက အနိုင်ရရှိ၍ ဦးနုက ဝန်ကြီးချုပ်အဖြစ်နှင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။ သို့ရာတွင် မကြာမီပင် အာဏာရပါတီ ခေါင်းဆောင် အချင်းချင်းမသင့်မတင့်ဖြစ်ကာ ဦး၊ ဗိုလ် အုပ်စုနှင့် သခင်အုပ်စုဟူ၍ နှစ်ခြမ်းကွဲပြန်လေသည်။ ဤကဲ့သို့ မညီမညွတ် ဖြစ်သောအခါ ပဒေသရာဇ်တို့က အခွင့်ကောင်းယူကာ ဘက်ဒရယ်မူဟူသော မူကို တင်ပြ၍ ပြည်ထောင်စုပြိုကွဲစေရန် ပြည်နယ်သီးခြား တောင်းဆိုလာ ကြလေသည်။


ထိုသို့ဖြင့် တိုင်းပြည်၏ အခြေအနေသည် အမျိုးမျိုး ယိုယွင်းပျက်စီးလာသောအခါ ဗမာ့တပ်မတော်သည် လျစ်လျူရှုမနေနိုင်တော့ဘဲ၊ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော် အာဏာကို သိမ်းပိုက်ခဲ့လေသည်။ ထိုနေ့မှာပင် ဗိုလ်ချုပ်ကြီးနေဝင် ခေါင်းဆောင်သော တော်လှန်ရေး ကောင်စီအဖွဲ့ဝင်များ စာရင်းကို ထုတ်ပြန် ကြေညာသည်။ ၁၉၆၂ ခုနှစ် မတ်လ ၃ ရက်နေ့၌ တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ် ၄ ဖြင့် ဥပဒေဟောင်းအရ ဖွဲ့စည်းထားသော ပါလီမန်ကို ဖျက်သိမ်းခဲ့သည်။ ထိုနောက် ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ဝါဒ သဘောထားဖြစ်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ကြေညာသည်။


၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့၌ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထုတ်ပြန် ကြေညာပြီး လျှင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အောင်မြင်စွာ စတင် တည်ထောင်ခဲ့လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)