မော်စကို တက္ကသိုလ်

ဝီကီပီးဒီးယား မှ
လာမာနိုဆော့ဗ် မော်စကို တက္ကသိုလ်
Московский государственный университет имени М. В. Ломоносова
လာမာနိုဆော့ဗ် မော်စကို တက္ကသိုလ်၏ကျောင်းတံဆိပ်
ဆောင်ပုဒ်Наука есть ясное познание истины, просвещение разума
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်
Science is clear learning of truth and enlightenment of mind
အမျိုးအစားPublic university
တည်ထောင်၁၇၅၅ (၁၇၅၅)
ပါမောက္ခချုပ်Viktor Sadovnichiy
ဆရာဦးရေ
၅,၀၀၀
သင်တန်းသား၄၇,၀၀၀
ဘွဲ့ကြိုဦးရေ၄၀,၀၀၀
ဘွဲ့လွန်ဦးရေ၇,၀၀၀
(estimate)
တည်နေရာမော်စကိုမြို့, ရုရှားနိုင်ငံ
ပရဝုဏ်
နှီးနွယ်အဖွဲ့အစည်းများAssociation of Professional Schools of International Affairs
Institutional Network of the Universities from the Capitals of Europe
International Forum of Public Universities
ဝဘ်ဆိုဒ်msu.ru
Building details
Главное здание МГУ (ГЗ МГУ)
Map
အထွေထွေ အချက်အလက်များ
တည်နေရာမော်စကိုမြို့ရုရှားနိုင်ငံ
ကိုဩဒိနိတ်55°42′14″N 37°31′43″E / 55.703935°N 37.52867°E / 55.703935; 37.52867ကိုဩဒိနိတ်: 55°42′14″N 37°31′43″E / 55.703935°N 37.52867°E / 55.703935; 37.52867
ပြီးစီး1953
အမြင့်
ဗိသုကာပုံစံ၂၄၀ m (၇၈၇ ft)
အပေါ်ဆုံးအထပ်၂၁၄ m (၇၀၂ ft)[၁]
အသေးစိတ် အချက်အလက်များ
အထပ် အရေအတွက်42
ကြမ်းခင်း ဧရိယာ၁,၀၀၀,၀၀၀ m2 (၁၀,၇၆၃,၉၁၀.၄၁၇ sq ft)

လာမာနိုဆော့ဗ် မော်စကို တက္ကသိုလ် (MSU; ရုရှား: Московский государственный университет имени М. В. Ломоносова, အတိုကောက်အဖြစ် МГУ) သည် ကျားမမရွေး ပညာသင်ကြားနိုင်သော တက္ကသိုလ်နှင့် ပြည်သူ့ သုတေသန တက္ကသိုလ်ဖြစ်ပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် တည်ရှိသည်။ ထိုတက္ကသိုလ်အား ၁၇၅၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မီခါအီရ် လာမာနိုဆော့ဗ်မှ တည်ထောင်ခဲ့သည်။ လာမာနိုဆော့ဗ် မရှိတော့သည့်နောက်ပိုင်း ၁၉၄၀ ခုနှစ်တွင်မှ မော်စကိုတက္ကသိုလ်ဟုသော အမည်ပေးခဲ့ခြင်းဖြစ်ပြီး  လာမာနိုဆော့ဗ် တက္ကသိုလ်ဟုလည်း လူသိများသည်။ အဆိုပါတက္ကသိုလ်၏ ပင်မအဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ပညာရေးဆိုင်ရာ အဆောက်အအုံများထဲတွင် အမြင့်ဆုံးဖြစ်သည်။ ထို့ပြင် ထိုတက္ကသိုလ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဂုဏ်ဒြပ်ဖြင့် ကျော်ကြားခြင်းရှိသော တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။ လက်ရှိပါမောက္ခချုပ်မှာ ဗစ်တာ ဆာဒါနီချီ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မာဟာဗာယားလမ်းရှိ တက္ကသိုလ်၏ ပင်မဆောင်ကြီး (၁၇၉၈ ခုနှစ်)

အီဗန် ရှုဗားလော့ဗ် နှင့် မီခါအီရ် လာမာနိုဆော့ဗ် တို့သည် မော်စကိုမြို့၌ တက္ကသိုလ်တစ်ခု တည်ထောင်ရန် အားပေးအားမြောက်ပြုခဲ့ကာ  ရုရှားဧကရီ အဲလီဇဘတ်  ဇန်နဝါရီ ၂၅ [O.S. ဇန်နဝါရီ ၁၂] ၁၇၅၅ ခုနှစ်တွင် ခွင့်ပြုပေးနိုင်သော အမိန့်စာတစ်ရပ်ကို ထုတ်ပြန်ပေးခဲ့သည်။ ပထမဆုံးသော စာသင်ချိန်ကို ဧပြီ ၂၆ ရက်နေ့တွင် စတင်နိုင်ခဲ့သည်။ ဇန်နဝါရီလ ၂၅ ရက်တွင် တက္ကသိုလ်တည်ထောင်ရန်ခွင့်ပြုပေးခဲ့သဖြင့် ရုရှားနိုင်ငံတွင် ဇန်နဝါရီ ၂၅ ရက်နေ့ကို ကျောင်းသားပွဲတော်နေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။

စိန့်ပီတာစဘတ် တက္ကသိုလ်နှင့် မော်စကိုတက္ကသိုလ်တို့သည် ရုရှားနိုင်ငံ၏ သက်တမ်းအရင့်ဆုံးတက္ကသိုလ်များအဖြစ် ယှဉ်တွဲတည်ရှိနေသည်။ မော်စကိုတက္ကသိုလ်ကို ၁၇၅၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်း၏ ပြိုင်ဘက်ဖြစ်သော စိန့်ပီတာစဘတ်တက္ကသိုလ်သည် "တက္ကသိုလ်"အဖြစ် ၁၈၁၉ ခုနှစ်တွင်မှ ပီတာဘုရင်၏ အမိန့်ဖြင့် ယခင် ဇန်နဝါရီ ၂၄ ၁၇၂၄ ခုနှစ်တွင် တည်ထောင်ခဲ့သော အကယ်ဒမီကို ပြောင်းလဲတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ခေတ် မော်စကိုတက္ကသိုလ်သည် ၁၇၅၅ ခုနှစ်မှ ၁၇၈၇ ခုနှစ်တွင် ရင်ပြင်နီ၌ တည်ရှိခဲ့သော ဗဟိုဆေးသိုလှောင်ရုံနေရာအား သိမ်း၍တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကြီးမြတ်သော ကတ်သရင်းဘုရင်မကြီးသည် တက္ကသိုလ်ကို မာဟာဗာယားလမ်းနံဘေးတွင် နီယိုဟန် အဆောက်အဦကြီးသို့ ပြောင်းရွေ့ပေးခဲ့သည်။ နီယို-ပါလာဒိုင်ယန်စတိုင် ပင်မအဆောင်အအုံကြီးသည် မတ်ဗီ ကာဇာကော့ဗ်၏လက်ရာဖြစ်ပြီး ၁၇၈၂ ခုနှစ်မှ ၁၇၉၃ ခုနှစ်အတွင်း တည်ဆောက်ခဲ့ကြသည်။ ၁၈၁၂ ခုနှစ် မော်စကိုမြို့ မီးလောင်ခံရခြင်းဖြစ်ခဲ့ပြီးနောက် ဒိုမီနီကို ဂီလီယာဒီမှ ပြန်လည်တည်ဆောက်ခဲ့သည်။

၁၈ ရာစုတွင် တက္ကသိုလ်၌ ဒဿနိကဗေဒဆေးပညာနှင့် ဥပဒေဟူသော ဌာန(၃) ခုရှိသည်။ ပုဂ္ဂလိက ကောလိပ်ကို တက္ကသိုလ်နှင့်အတူ ပေါင်း၍ဖွင့်လှစ်ခဲ့ပြီး ၁၈၁၂ ခုနှစ်တွင်မှ ဖျက်သိမ်းခဲ့သည်။  ၁၇၇၉ ခုနှစ်တွင် မီခါအီရ် ခီရာစကော့ဗ်သည် မျိုးရိုးမြင့်မြတ်သူ (Благородный пансион) များအတွက် ကျောင်းအိပ်ကျောင်းစားနေနိုင်သော ကျောင်းတစ်ခုကို တည်ထောင်ခဲ့သည်။ ၁၈၃၀ ခုနှစ်တွင် ထိုကျောင်းသည် ရုရှားမှူးမျိုးမတ်နွယ်တွေအတွက် ကျောင်းတစ်ခုဖြစ်လာခဲ့သည်။ တက္ကသိုလ်သတင်းစာ (နီကိုလိုင်း နိုဗီးကော့ဗ်မှ ၁၇၈၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည့်) မော်စကိုစကီးယဲ ဗျဲ့ဒါမော့စကျီ သတင်းစာသည် ရုရှားအင်ပါယာတွင် အကျော်ကြားဆုံးသော သတင်းစာတခု ဖြစ်ခဲ့သည်။

တက္ကသိုလ် စာကြည့်တိုက်

မဟာဌာနများ[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် မော်စကိုတက္ကသိုလ်၌ မဟာဌာနပေါင်း ၃၉ ခုနှင့် သုတေသနစင်တာ ၁၅ ခုအထိ ရှိလာခဲ့သည်။ Faculty of Physics and Chemistry နှင့် Higher School of Television ကဲ့သို့သော မဟာဌာနခွဲမဟာဌာနများကိုလည်း မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။  အချိန်ပိုင်းသင်ခန်းစာများကို ဘောဂဗေဒ၊ သမိုင်း၊ ဂျာနယ်လစ်ဇင်၊ ဘာသာဗေဒ၊ စိတ်ပညာနှင့် လူမှုရေးသိပ္ပံ ဌာနာကြီးများနှင့် ချိတ်ဆက်၍ တက်ရောက်နိုင်သကဲ့သို့ ဂျာနယ်လင်ဇင် ဌာနာကြီးများလည်း စာပေးစာယူဘွဲ့များ သင်ကြားပေးနေသည်။ Hereအောက်တွင် တရားဝင်ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသော ဌာနာကြီးများ၏ အမည်စာရင်း အပြည့်အစုံကို ဖော်ပြထားသည်:

ဝန်ထမ်းနှင့် ကျောင်းသားများ[ပြင်ဆင်ရန်]

လက်ရှိတွင် တက္ကသိုလ်၌ ဆရာ၊ ဆရာမ ၄,၀၀၀ ကျော်နှင့် ဝန်ထမ်း ၁၅,၀၀၀ ကျော် အလုပ်လုပ်လျက်ရှိသည်။ ၅,၀၀၀ ခန့်သော ပညာရှင်များသည် တက္ကသိုလ်၏ သုတေသနအင်စတီကျူများနှင့် သက်ဆိုင်ရာ မဟာဌာနများတွင် အလုပ်လုပ်လျက်ရှိသည်။ ၄၀,၀၀၀ ကျော်သော တက္ကသိုလ်ကျောင်းသားများနှင့် ၇,၀၀၀ ကျော်သော ဘွဲ့လွန်ဒီဂရီ ကျောင်းသားများ သင်ကြားခဲ့သည်။ ၅,၀၀၀ ကျော်ခန့်သော ပါရဂူများသည် ဉာဏ်သစ်လောင်းတန်းများတွင် လုပ်သက်များလာစေရန်အတွက် ပါဝင်သင်ကြားလျက်ရှိသည်။  နှစ်စဉ် တက္ကသိုလ်တွင် ကမ္ဘာတဝှမ်းမှ ၂,၀၀၀ ခန့်သော ကျောင်းသားများ၊ ဘွဲ့ရများ၊ သုတေသနပညာရှင်များ လက်ခံ၍ လေ့လာစေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. MSU Height။ 2 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2017 တွင် ပြန်စစ်ပြီး။


ပြင်ပလင့်များ[ပြင်ဆင်ရန်]