သဘာဝတ္ထဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဖီလိုဆိုဖီဟူသောစကားရပ်မှာ မြန်မာဘာသာအားဖြင့် အတွေးအခေါ်ဆိုင်ရာ ဒဿနိကဗေဒ အဖြစ်လူသိများပါသည်။ ဖီလိုဆိုဖီ ဆိုသည့် စာလုံးမှာ ဂရိစကားလုံးဖြစ်ပြီး ဖီလို(တွေးခေါ်ခြင်း) နှင့် ဆိုဖီ(ချစ်ခင်နှစ်သက်ခြင်း)ဟူသည့် စကားလုံးနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟုလေ့လာသိရှိရပါသည်။

လူသားတို့၏ အစ ပထမ ကတည်းက တွေးခေါ်ခြင်းစဉ်းစားချင့်ချိန်ခြင်းများ ဖြင့်စတင်ခဲ့ကြသည်။ ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း ဆိုသည့်သတ်မှတ်ချက်များစွာကို ဦးစွာ တွေးတော ပြီး စဉ်းစားဆင်ခြင် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားဖြစ်တည်မှု၏ အဓိကကျသော ပင်မ အထောက်အပံ့မှာ ဖီလိုဆိုဖီသာ ဖြစ်သည်။

သဘာဝတ္ထဗေဒ (ဒဿနိကဗေဒ)[ပြင်​ဆင်​ရန်​]

သဘာဝတ္ထဗေဒ (ဒဿနိကဗေဒ)သည် အရာရာတို့၏သဘောတရား စစ်စစ်ကိုခွဲခြားလေ့လာ၍ သိမြင်သောပညာရပ်ဖြစ်လေသည်။ 'သဘာဝတ္ထဗေဒပညာရှင် (ဒဿနိကဗေဒပညာရှင်)သည် သာမန်မျက်စိဖြင့်မြင်ရသောသဘော၏နောက်ကွယ်တွင် ရှိသော တကယ့်သဘောတရားစစ်ကို လေ့လာရ၏။ ဒဿနိကဗေဒကိုအင်္ဂလိပ်ဘာသာအားဖြင့် ဖီလော်ဆိုဖီဟူ၍ခေါ်သည်။

ဗီလော်ဆိုဖီဆိုသောစကားမှာဂရိစကား နှလုံးမှပေါက်ပွားလာသောစကားဖြစ်၏။ ဂရိစကားတွင် ဖီလီအင်ဆိုသောစကားနှင့်ဆိုဖီယားဟူသောစကားနှစ်လုံးရှိ လေသည်။ ဖီလီအင်ဆိုသည်မှာ နှစ်သက်ခြင်းဟု အဓိပ္ပါယ်ဆောင်လျက်ဆိုဖီယားဆိုသည်မှာ အသိပညာဟူ၍ အဓိပ္ပါယ်ရလေသည်။ ထို့ကြောင့်ဖီလော်ဆိုဖီဆိုသည်မှာ အသိပညာကိုနှစ်သက်ခြင်းဟုဆိုလိုပေသည်။ ဖီလော်ဆိုဖီကိုလေ့လာသူတစ်ယောက်အား ဖီလော်ဆိုဖာ ဟူ၍ခေါ်၏။ ဖီလော်ဆိုဖာတစ်ယောက်၏တာဝန်မှာ အမှန်တရားကိုသာမန်မျက်မြင်တရားမှခွဲခြား၍ လေ့လာရခြင်း ဖြစ်သည်။

အကြမ်းသဘောအားဖြင့်ကြည့်လျှင် ဒဿနိကဗေဒမှာ နှစ်မျိုးနှစ်စားရှိလေသည်။ ယင်းတို့မှာအရှေ့တိုင်းဒဿနိက ဗေဒနှင့် အနောက်တိုင်းဒဿနိကဗေဒတို့ဖြစ်ကြသည်။ အရှေ့တိုင်းဒဿနိကဗေဒနှင့်အနောက်တိုင်း ဒဿနိကဗေဒတို့ထူးခြားချက်မှာ အရှေ့တိုင်းဒဿနိကဗေဒသည် အနောက်တိုင်းဒဿနိကဗေဒ ထက်ဘဝနှင့်ပိုမိုနီးစပ်လေသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့တိုင်းဒဿနိကဗေဒသည် ဘာသာရေးနှင့် နီးကပ်စွာတည်ရှိသောကြောင့်ဖြစ်သည်။ ပညာအနေအားဖြင့်ကြည့်ပါမူ အနောက်တိုင်းဒဿနိကဗေဒ သည် အရှေ့တိုင်းဒဿနိကဗေဒထက် စနစ်ဖွဲ့ပုံ၌ပိုမိုစနစ်ကျသညူ်ဆိုလျှင်မှားမည်မဟုတ်ပေ။ အကြမ်း သဘောအားဖြင့် ဆိုရပါမူအရှေ့တိုင်းဒဿနိကဗေဒသည် လူတို့၏ဒုက္ခပယ်ဖျက်ရေးကိုအဓိကထားလျက် အနောက်တိုင်း ဒဿနိကဗေဒ သည်စကြဝဠာကြီး၏ပုံကားချပ်ကို အဓိကထား၍ လေ့လာလေသည်။

အရှေ့တိုင်းဒဿနိကဗေဒသမိုင်း (အထူးသဖြင့် အိန္ဒိယဒဿနိကဗေဒသမိုင်း) ကိုလေ့လာကြည့်လျှင် ယင်း ဒဿနိကဗေဒစတင်ပေါ်ပေါက်လာသောခုနှစ်ကို တိကျစွာ သတ်မှတ်ဖေါ်ပြရန်ခက်လေသည်။ အနောက်တိုင်းဒဿနိက ဗေဒမူသေးလီးဆိုသောဂရိပညာရှိကြီးမှ စတင် ပေါက်ပွားလာလေသည်။ သေးလီးသည် အနောက်တိုင်းဒဿနိကဗေဒ၏ ဖခင်ကြီးဖြစ်လျက် ဘီစီ ခြောက်ရာစုခန့်တွင် ပေါ်ပေါက်သောဒဿနိက ဗေဒဆရာတစ်ဦး ဖြစ်လေသည်။

ဒဿနိကဗေဒကို အမျိုးမျိုးသောနည်းများဖြင့် လေ့လာနိုင်သည်။ ဤတွင်ဤဘာသာရပ်ကို သုံးပိုင်းပိုင်း၍ လေ့လာ ရမည်။ ယင်းတို့မှာ (၁)တန်ဖိုးများကို လေ့လာသောဒဿနိကဗေဒ၊ (၂)မျက်မြင်လောကကို ကျော်လွန်လျက် မပြောင်း လဲသောအမှန်သဘောကို လေ့လာသော'မတ်တာဖစ်ဆစ်'ဟုခေါ်သည့် ပရမတ္တပညာဆိုင်ရာ ဒဿနိကဗေဒ၊(၃)ဆင်ခြင်မှု အခြေခံသဘော အသိမှန်သဘောတို့ကို လေ့လာသော'မက်သောဒေါလိုဂျီ'ဟု ခေါ်သည့်ဒဿနိကဗေဒဟူ၍ ဖြစ်လေသည်။

(၁) တန်ဖိုးများကို လေ့လာသော ဒဿနိကဗေဒ။ ယင်းပညာရပ်ကို ထပ်မံ၍နှစ်စားခွဲနိုင်လေသည်။ (က) သဘာဝ အလှ၊ လူဖန်တီးမှုအလှတို့၏သဘောကိုလိုက်လံ၍ စုံစမ်း စစ်ဆေးဝေဖန်ခြင်းကိုပြုသော'အက်စသက်တစ်'ဟု ခေါ်သည့် အလှအဆိုပညာဆိုင်ရာဒဿနိကဗေဒပညာခွဲတစ်ရပ်၊ (ခ)လူတို့၏အကျင့်သီလနှင့်စပ်လျဉ်း၍ အခြေခံသဘောအဝဝ ကိုလိုက်လံရှာဖွေဝေဖန်ခြင်းကိုပြုသော 'အက်သစ်'ဟုခေါ်သည့် လောကနီတိဆိုင်ရာဒဿနိကဗေဒ ပညာခွဲတစ်ရပ် တို့ဖြစ်လေသည်။

(၂) 'မက်တာဖစ်ဆစ်'ခေါ်သော မျက်မြင်လောကကို ကျော်လွန်၍ မပြောင်းလဲသော အမှန်တရားကိုရှာသော ဒဿနိကဗေဒ။ ယင်းပညာရပ်တွင်လည်း ပညာခွဲနှစ်ရပ် ပါဝင်သည်။ (က)'အွန်တောလိုဂျီ'ဟုခေါ်သောကမ္ဘာကြီး တစ်ခုလုံး ၏အခြေခံသဘောတရားများ၏ အဓိပ္ပါယ်ကို လေ့လာသောယထာဘူတဗေဒ၊ ပုံပမာ•ဤပညာရပ်တွင် 'ရုပ်'ဆိုသည်မှာ အဘယ်နည်း၊ စိတ်ဆိုသည်မှာအဘယ်နည်း၊ 'ဘဝ' ဆိုသည်မှာ အဘယ်နည်းစသောမေးခွန်းများကိုမေး၍ ဖြေကြားခြင်းပြုလေသည်။ ထိုမှတစ်ဆင့်တက်၍လည်း စိတ်နှင့် ရုပ်ရှိသည့်အနက် စိတ်သည်ရုပ်ထက် အခြေခံကျသလော၊ ရုပ်သည် စိတ်ထက်အခြေခံကျသလော ဟူသော မေးခွန်းများ ကိုလည်း မေး၍ဖြေကြားခြင်းပြုလေသည်။ ဤပညာရပ်သည် မျက်မြင်ပြောင်းလဲနေသော သဘော၏ နောက်ကွယ်၌ မပြောင်းလဲသော သဘောတရားကိုရှာသည်ဟု အချူပ်အားဖြင့် ဆိုသော် မှားမည်မဟုတ်ပေ။ (ခ) 'ကောစမောလိုဂျီ'ဟု ခေါ်သော ဗဟိဒ္ဓလောကဗေဒသည် စကြဝဠာကြီးတစ်ခုလုံး၏ ပုံကားချပ်ကို ဘာသာရပ်အသီးသီးတို့၏ အခြေခံသဘောများ၊ နိယာမများကို အမှားအမှန်စိစစ်ပြိီး စုပေါင်း၍ ရေးဆွဲခြင်းပြုလေ သည်။

(၃)ဆင်ခြင်မှု အခြေခံသဘော အသိမှန်သဘောကို လေ့လာသော 'မက်သောဒေါလိုဂျီ'ဟုခေါ်သည့် ဒဿနိကဗေဒ။ ဤပညာရပ်ကိုလည်း ပညာခွဲနှစ်ရပ်ထပ်၍ ခွဲနိုင်လေသည်။ (က)'အပစ်တိီလိုမိုဂျ'ီခေါ် သိမှုဗေဒ။ ယင်းကို လေ့လာခြင်းအားဖြင့် ကမ္ဘာကြီးအကြောင်း၊ စကြဝဠာကြီး အကြောင်း၊ များကိုလေ့လာရာ၌လက်တွေ့သဘောကို အခြေခံ ထားသင့်သလော၊ သို့မဟုတ်တွေးခေါ်မှုကို အခြေခံထားသင့်သလောဟူသော မေးခွန်းများကိုမေးလျက် ဤဘာသာခွဲတွင်ဖြေကြားခြင်းပြု လေသည်။ (ခ) 'ယုတ္တိဗေဒ' ဟူသောပညာရပ်မှာတွေးခေါ်ကြံဆခြင်းတို့၏ အခြေခံသဘောကို လေ့လာလေသည်။ ယုတ္တိ ဗေဒတွင်သာမည ဆင်ခြင်ခြင်းနှင့် ဝိသေသဆင်ခြင်ခြင်းဟူ၍ ရှိပြန်လေသည်။ ပေးထားချက်များ ထက် ကျော်လွန်ခြင်းမပြုဘဲ ဆင်ခြင်ခြင်းကို သာမည ဆင်ခြင်ခြင်းဟု ခေါ်လျက်ပေးထားချက်များထက် ကျော်လွန်၍ ဆင်ခြင်ခြင်းကိုဝိသေသဆင်ခြင်ခြင်းဟုခေါ်လေသည်။

တစ်ဖန်ဒဿနိကဗေဒကို သမိုင်းသဘောအားဖြင့် ကြည့်လျှင် အရှေ့တိုင်းဒဿနိကဗေဒတွင် အိန္ဒိယနိုင်ငံ၌ထင် ပေါ်ကျော်ကြားသော 'ချာရဝါက'ဂျိန္န၊'ဗုဒ္ဓဒဿနိကဗေဒ'၊ 'နျာယ'၊'ဗိုင်ရှိရှိကာ'၊' သင်္ချာ(သံချာ)'၊'ယောဂ'၊'မိမံသ'၊ 'ဝေဒန္တ'ဟူသောဒဿနိကဗေဒများကိုလည်းကောင်း၊ တရုတ်နိုင်၌ ထင်ပေါ်ကျော်ကြားသောတာအိုဝါ'နှင့်၊ ကွန်ဖူးဇီးဝါ' တို့ကို့လည်းကောင်းတွေ့ရမည်ဖြစ်လေသည်။

အနောက်တိုင်း ဒဿနိကဗေဒသမိုင်းကိုမူ သုံးပိုင်း ခွဲခြား၍ကြည့်နိုင်လေသည်။ ယင်းတို့မှာ (၁)ရှေးဂရိခေတ်၊ (၂)အလယ်ခေတ်နှင့်(၃) ခေတ်သစ်နှင့် မျက်မှောက်ခေတ်ဟူ၍ ဖြစ်လေသည်။ (၁)ရှေးဂရိခေတ်တွင် ထင်ပေါ်ကျော်ကြားဆုံးသော ဒဿနိကဗေဒပညာရှင်ကြီးများမှာ ဆိုကရေးတီး၊ ပလေးတို နှင့်အယ်ရစ္စတိုတယ်တို့ဖြစ်ကြလေသည်။ အယ်ရစ္စတိုတယ်သည် ပလေးတို၏ တပည့်ဖြစ်၍ ပလေးတိုသည် ဆိုကရေး တီး၏ တပည့်ဖြစ်လေသည်။ ပလေးတိုသည် စဉ်းစားဆင်ခြင်ခြင်း သဘောအားဖြင့် အမှန်တရားကိုသိနိုင်သည်ဟုဆို၍ အယ်ရစ္စတိုတယ်ကမူ လက်တွေ့သဘော၏အရေးကြီးပုံကိုလည်း ဖော်ပြလေသည်၊၊

( ဆိုကရေးတီး။)

(၂)အလယ်ခေတ်တွင်မူ ထင်ရှားကျော်ကြားသော ဒဿနိကဗေဒပညာရှင်များမှာ စိန်0x100သဂက်စတင်၊ စိန်သောမတ် အကွိုင်းနပ်၊ အုတ်ခမ်မှဝီလျံစသည်တို့ ဖြစ်လေသည်။ ဤ ခေတ်တွင်ဒဿနိကဗေဒပညာရှင်များသည် ခရစ်ယန်အယူဝါဒ နှင့်ဂရိဒဿနိကဗေဒတို့ကိုစနစ်တကျ ပေါင်းစပ်၍ တွေးခေါ်ခြင်းအမှုကိုပြုကြသည်။

(၃)ခေတ်သစ်နှင့်ဒဿနိကဗေဒမှာမူ ဖရန်စစ်ဗေကင်၊ ဒေးကတ်အစရှိသော ဒဿနိကဗေဒပညာကြီးများမှစတင် ပေါ်ပေါက်လာလေသည်။ ခေတ်သစ်တွင်ဒဿနိကဗေဒ ပညာရှင်ကြီးများ၏အဓိကရည်ရွယ်ချက်မှာ ခရစ်ယန်အယူဝါဒ၊ ဂရိက ဒဿနိကဗေဒနှင့်ခေတ်သစ်သိပ္ပံပညာများကို စံနစ်တကျ ဖွဲ့စည်းပေးရန်ဖြစ်လေသည်။

( ဗေကင်ဖရန်စစ်။) ( ဒေးကတ် အာ။)

ဤခေတ်သစ်ကို(က)ရှေးကျသောခေတ်သစ် ၊(ခ)မျက်မှောက်ခေတ်ဟူ၍ နှစ်ပိုင်းခွဲခြားခြင်းအားဖြင့် လေ့လာရာ၌ လွယ်ကူနိုင်လေသည်။ ရှေးကျသော ခေတ်သစ်တွင်ဗေကင်၊ဒေးကတ်တို့အပြင် အခြားကျော်ကြားကြ သောဒဿနိကဗေဒ ပညာရှင်ကြီးအချို့ကိုဖော်ပြရသော် ဂျွန်လော့၊ဂျော့ဗာကလေ၊ ဒေးဗစ်ဟယွမ်း၊ ဆပင်နိုဇာ၊ လိုက်ဗနစ်၊ ကန့်၊ ဟေးဂဲ စသည်တို့ကိုတွေ့ရပေမည်။

( ဆပင်နို်ဇာဗီ။) ( ကန့်အိုင်။)

ဤခေတ်ကြီး၏ အဓိကအချက်မှာ စကြဝဠာကြီး တစ်ခုလုံးကိုစံနစ်ဖွဲ့ပြီးလေ့လာခြင်းပင်ဖြစ်သည်။ (ခ)ဤခေတ်ကြီး၏များစွာသော ဒဿနိကဗေဒ ပညာရှင်များသည် စကြဝဠာကြီးတစ်ခုလုံးကိုစံနစ်ဖွဲ့ခြင်းအား ဖြင့်နားလည်နိုင်သည်ဟုယူဆကြလေသည်။ မျက်မှောက်ခေတ် ဒဿနိကဗေဒပညာရှင်ကြီးများကား စကြာဝဠာကြီးတစ်ခုလုံး အကြောင်းကိိုုလုံးဝဥဿုံနားလည်ရန်မဖြစ်နိုင်၊ စကြာဝဠာကြီး တစ်ခုလုံးနှင့်စပ်လျဉ်း၍ စံနစ်မဖွဲ့နိုင်ဟုယူဆကြလေသည်။ မျက်မှောက်ခေတ်တွင် ဒဿနိကဗေဒပညာရှင်များသည် သိပ္ပံပညာကို မှတ်ကျောက်အဖြစ်ထားကြလေသည်။ မျက်မှောက်ခေတ်တွင် ပေါ်ထွန်းကြသော ဒဿနိ်က ဗေဒပညာရှင်များအနက် ကျော်ကြားသော ဒဿနိကဗေဒ နှစ်မျိုးကိုယူကြည့်လျှင်' လောဂျစ်ကယ်ပေါ်စစ်တစ်ဗစ်ဝါဒ'နှင့် 'မတ်'ဝါဒတို့ကိုတွေ့ရပေလိမ့်မည်။ 'လောဂျစ်ကယ်ပေါ်စစ်တစ်ဗစ်ဝါဒနှင့် မတ်ဝါဒ နှစ်ခုစလုံးပင် သိပ္ပံပညာကို မှတ်ကျောက်အဖြစ်ထားကြ လေသည်။ မတ်ဝါဒသည် သိပ္ပံပညာကို အခြေခံထားလျှက် လူမှုအဆောက်အအုံကို အဓိကထားကာ လေ့လာလေသည်။ လောဂျစ်ကယ် ပေါ်စစ်တစ်ဗစ်ဝါဒသည် လူမှုအဆောက်အအုံ ထက်သိပ္ပံပညာ၏ အခြေခံသဘောတရားများကို တက္ကနည်း ကျကျဖြင့် ဝေဖန်သုံးသပ်လေသည်။

အခြားသော ခြားနားချက်တစ်ခုမှာ မတ်ဝါဒသည် အနုပဋိလောမနည်းကိုသုံးလျက် ရုပ်ဝါဒကိုယုံကြည်လေသည်။ လောဂျစ်ကယ်ပေါ်စစ်တစ်ဗစ်ဝါဒသည် အနုပဋိလောမ နည်းကို လည်းမသုံး၊ ရုပ်ဝါဒကိုလည်း ယုံကြည်သည်ဟုမဆို ပေ။ဤဝါဒများအပြင်မျက်မှောက်ခေတ်တွင် ထွန်းကားကြသော အခြားသောဝါဒများမှာ အိပ်စစ်တင်ရှယ်လစ်ဇင် ဟုခေါ်သော 'ရှိမှဖြစ်မှု'ကို မူရင်းအခြေခံအဖြစ်ထားရှိသောဝါဒ၊ 'ပရက်မက်တစ်ဇင် ဟူသော'အောင်မြင်ခြင်း' မှာ 'မှန်ကန်မှု၏' မှတ်ကျောက် ဖြစ်သည်ဟုဆိုသောဝါဒ၊ 'ရီယယ်လစ်ဇင်' ဟူသော စိတ်ကမ္ဘာ၊ ရုပ်ကမ္ဘာနှစ်ခုရှိကြသည်ဟု ယုံကြည်သောဝါဒ စသည်ဖြင့် အသီးသီးလည်းရှိကြလေသေးသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)