မာတိကာသို့ ခုန်သွားရန်

မောင်သင်း

ဝီကီပီးဒီးယား မှ
မောင်သင်း

ဒေါက်တာ
တတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ရက်တွင် တွေ့ရသော ဒေါက်တာမောင်သင်း (၂၀၂၆)
လူငယ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
လက်ထောက်စစ်နိုင်
ယခင်လူဝန်ကြီးဌာနစတင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၈ မတ် ၂၀၂၆  ၁၀ ဧပြီ ၂၀၂၆
ယခင်လူကိုယ်တိုင်
(USDP)
(၂၀၁၅ ရွေးကောက်ပွဲ)
ဆက်ခံသူလစ်လပ်
မဲဆန္ဒနယ်မိတ္ထီလာမြို့နယ်
အနိုင်ရမဲ အရေအတွက်ခိုင်လုံမဲ ၇၇၈၄၁
(၅၆.၁၈ရာခိုင်နှုန်း)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆  ၃၁ ဇန်နဝါရီ ၂၀၂၁
ယခင်လူဦးဝင်းထိန်
(NLD)
(ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၂)
ဆက်ခံသူကိုယ်တိုင်
မဲဆန္ဒနယ်မိတ္ထီလာမြို့နယ်
အနိုင်ရမဲ အရေအတွက်၉၆၃၁၄ (၅၈.၈၀%)[]
မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်
တာဝန်သက်တမ်း
၆ မေ ၂၀၁၄  ၃၁ ဇူလိုင် ၂၀၁၅
ယခင်လူဒေါက်တာခင်ဆွေမြင့်
ဆက်ခံသူဒေါက်တာစောပြုံးနိုင်
မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်
တာဝန်သက်တမ်း
၂၇ ဇွန် ၂၀၁၈  ၆ မေ၂၀၁၄
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1955-04-13) ၁၃ ဧပြီ၊ ၁၉၅၅ (အသက် ၇၁)
မြန်မာနိုင်ငံ
လူမျိုးဗမာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မိဘဦးမာစီ(ဖခင်)
နေထိုင်ရာ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ရန်ကုန်မြို့
မိခင်ကျောင်း
အလုပ်အကိုင်ပါမောက္ခချုပ် (ငြိမ်း)၊နိုင်ငံရေးသမား

ဒေါက်တာမောင်သင်းသည် တက္ကသိုလ်ဆရာတစ်ဦးဖြစ်ပြီး လက်ရှိတွင် လူငယ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[]

ယခင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တွင်လည်းကောင်း၊ လက်ရှိ တတိယအကြိမ် ပြည်သူ့လွှတ်တော် တွင်လည်းကောင်း မိတ္ထီလာမြို့နယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။[]

ပညာရေး

[ပြင်ဆင်ရန်]

ဆရာမောင်သင်းမှာ အခြေခံပညာကို သနပ္ပင်မြို့တွင်သင်ကြားခဲ့သည်။ ရုက္ခဗေဒအထူးပြုဖြင့် မော်လမြိုင်တက္ကသိုလ်ရန်ကုန်တက္ကသိုလ်တို့တွင် ၁၉၇၃ မှ ၁၉၈၃ အထိ သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့များ ရရှိခဲ့သည်။[] ၁၉၈၅ မှ ၁၉၈၉ အထိ ဂျာမနီနိုင်ငံ၊ မားဘတ်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့ ရရှိခဲ့သည်။ အိန္ဒိယနိုင်ငံ ဂျာဒါဗျူတက္ကသိုလ်တွင် ၂၀၀၇ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ ခရိုင်ရိုဘိုင်အိုလော်ဂျီ ဘာသာရပ်ကို ဘွဲ့လွန်သင်တန်းတက်ခဲ့သည်။ တဖန် ၁၉၉၆၊ ၁၉၉၉၊ ၂၀၀၁ ခုနှစ်များတွင်လည်း မားဘတ်တက္ကသိုလ်တွင် ဘွဲ့လွန်သုတေသနတန်းများ တက်ရောက်ခဲ့သည်။

ပညာရေးဝန်ထမ်း

[ပြင်ဆင်ရန်]

ဒေါက်တာမောင်သင်းသည် ၁၉၈၀ မှ ၁၉၈၁ ခုနှစ်အထိ ရန်ကုန်ဆေးတက္ကသိုလ် ၁ ၊ ရုက္ခဗေဒဌာနတွင် သရုပ်ပြအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၈၂ ခု ဇန်နဝါရီ ၁ ရက်မှ ၁၉၉၂ ခု ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်တွင် သရုပ်ပြ၊ လက်ထောက်ကထိက ရာထူးများဖြင့် အလုပ်လုပ်ခဲ့သည်။

၁၉၉၃ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၂၀၀၀ ခုနှစ်မေလ ၂၁ ရက်နေ့အထိ မော်လမြိုင်တက္ကသိုလ်တွင် လက်ထောက်ကထိက၊ ကထိကရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၀၁ ခု ဒီဇင်ဘာ ၁၁ ရက်နေ့အထိ တောင်ငူတက္ကသိုလ်တွင် တွဲဖက်ပါမောက္ခ၊ ၂၀၀၁ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ ၂၀၀၅ နိုဝင်ဘာ ၂၁ ရက်နေ့အထိ မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဖြစ်လာသည်။ ထိုအတောအတွင်း ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ မတ်လ ၁၄ ရက်နေ့အထိ မားဘတ်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၀၀၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရတနာပုံတက္ကသိုလ်၏ဒုတိယပါမောက္ခချုပ်၊ ၂၀၀၇ ဧပြီ ၁ ရက်မှ ၂၀၀၈ ဇွန် ၂၆ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်မှ ၂၀၁၄ မေလ ၆ ရက်နေ့အထိ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်၊ ၂၀၁၄ ခုနှစ် မေလ ၆ ရက်နေ့မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့သည်။[]

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

[ပြင်ဆင်ရန်]

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။

၂၀၁၈ခုနှစ် မတ်လတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရာထူးမှ နှုတ်ထွက်ခဲ့သည်။ဤတွင် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌနေရာအတွက် ၎င်းဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးကောက်မခံရဘဲ ဦးထွန်းထွန်းဟိန်သည် ဒုတိယဥက္ကဋ္ဌ ဖြစ်သွားခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး မိတ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။အဆိုပါမဲဆန္ဒနယ်တွင် ပြည်သူ့ပါတီတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီ၊ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပါ ဝင်ပြိုင်ခဲ့ကြသည်။ဒေါက်တာ မောင်သင်းသည် မိတ္ထီလာမြို့နယ်အတွင်း မဲပေးကြသူများ၏ ခိုင်လုံမဲ စုစုပေါင်း ၁၃၈၅၆၀ မဲ ရှိရာတွင် ၇၇၈၄၁မဲ ဖြင့် (မဲပေးကြသူများ၏ ရာခိုင်နှုန်း ၅၆.၁၈ ရာခိုင်နှုန်းဖြင့်)အနိုင်ရရှိခဲ့သည်။ဤသို့ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။[]

၂၀၂၆ ခုနှစ်၊ဧပြီ ၇ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံရသူမှ ၎င်းအား လူငယ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် သို့အဆိုပြခဲ့သည်။လွှတ်တော်က ဧပြီ ၉ရက်တွင် လက်ခံခဲ့ပြီးနောက်၊ဧပြီ ၁၀ရက်တွင် ကျမ်းသစ္စာကျိန်ဆိုပြီး စတင်တာဝန်ထမ်းဆောင်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Votes Records (in en)။ mypilar.org 8 October 2017 တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အဆိုပြုတင်ပြသည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၏ အမည်စာရင်းအား လွှတ်တော်သို့တင်သွင်း (in my)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  3. မြန်မာနိုင်ငံ၏ အစိုးရသစ်၌ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခု ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု (in en-US)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  4. • Open Myanmar Initiative
  5. ဧရာဝတီ (2026-04-07)။ စစ်ခေါင်းဆောင်ရဲ့ အစိုးရသစ် ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်းရံ (in en-US)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  6. ၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၁၉ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  7. တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်

[ပြင်ဆင်ရန်]