မာတိကာသို့ ခုန်သွားရန်

ထွန်းထွန်းဟိန်

ဝီကီပီးဒီးယား မှ
ဦး

ထွန်းထွန်းဟိန်
တတိယ ဦးမြောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၂ မတ် ၂၀၁၈  ၃၁ ဇန်နဝါရီ ၂၀၂၁
ယခင်လူဦးတီခွန်မြတ်
ပြည်သူ့လွှတ်တော်အမတ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆  ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်နောင်ချိုမြို့နယ်
ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် (၁၉၉၀)
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း
မဲဆန္ဒနယ်နောင်ချိုမြို့နယ်
အနိုင်ရမဲ အရေအတွက်၁၈၈၈၆ (၅၆.၅၉%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1949-04-30) ၃၀ ဧပြီ၊ ၁၉၄၉ (အသက် ၇၆)
ဇီးပင်ကြီးရွာ၊ ပြင်ဦးလွင်မြို့နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီNLD
ကြင်ဖော်စိန်စိန်သိန်း (လက်ထပ် 1973)
သားသမီးမေသင်္ကြန်ဟိန်
မိဘဦးကျဟိန်
ဒေါ်မြခင်
နေထိုင်ရာကော့မှူး၊ ရန်ကုန်
ပညာရေးB.Sc. Zoology
မိခင်ကျောင်းမန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်

ဦးထွန်းထွန်းဟိန် (ဦးထွန်းအောင်) သည် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရသော်လည်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။[]

နိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သမ္မတဖြစ်ပြီးနောက်တွင် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဥက္ကဋ္ဌဖြစ်လာခဲ့ကာ ဦးထွန်းထွန်းဟိန်သည် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရချိန်တွင် ဦးထွန်းထွန်းဟိန်သည် အခြားသော ထိပ်တန်းနိုင်ငံရေးသမားများနည်းတူ အစောဆုံး ထိန်းသိမ်းခံခဲ့ရသည်။ စစ်ကောင်စီက ၎င်းကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ နေအိမ်တွင် အကျယ်ချုပ်ချခဲ့သည်။ တစ်ပတ်ကြာ အကျယ်ချုပ်ထားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ရန်ကုန်သို့ မသွားရန် တားမြစ်ခဲ့သည်။

ဦးထွန်းထွန်းဟိန်သည် ၎င်း၏ဇာတိ နောင်ချိုမြို့နယ်၊ ကျောက်တောကျေးရွာသို့ ပြန်ရောက်ပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရကာ လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။။[] []

အကျဉ်းချခံရခြင်း

[ပြင်ဆင်ရန်]

ဦးထွန်းထွန်းဟိန်ကို စွဲဆိုထားသော အမှုများနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်-

  • ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ပုဒ်မ ၅၀၅ (က) နှင့် (ခ) အမှုများဖြင့် လားရှိုးထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့သည်။[]
  • ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် လားရှိုးထောင်တွင်းတရားရုံးကပင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ ဖြင့် ထောင်နှစ် ၂၀ ချမှတ်ခဲ့သည်။[]
  • ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် နောင်ချိုတရားရုံးက ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက် အမှုသုံးမှုဖြင့် တစ်မှုလျှင် ထောင်ဒဏ် ၃ နှစ်စီ စုစုပေါင်း ထောင်ကိုးနှစ် ချမှတ်ခဲ့သည်။[]

ယင်းကြောင့် ဦးထွန်းထွန်းဟိန် ကျခံရမည့် စုစုပေါင်း ထောင်ဒဏ်မှာ ၃၃ နှစ်အထိ ရှိလာခဲ့သည်။ ၎င်းက စွပ်စွဲချက်များနှင့် ပတ်သက်၍ အပြစ်မရှိဟု ထုချေကာ အယူခံတက်ခဲ့သော်လည်း အယူခံများ ပယ်ချခံခဲ့ရသည်။[]

လွတ်မြောက်ခြင်း

[ပြင်ဆင်ရန်]

ကိုးကန့်တပ်ဖွဲ့မှ လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ထောင်ပွင့်သွားပြီး၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဦးထွန်းထွန်းဟိန်သည် လားရှိုးထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. https://www.facebook.com/share/gffTccDwiq5uinw3/?mibextid=WC7FNe
  2. “ခေါင်းငုံ့ခံနေရင် ဒီမိုကရေစီဆိုတာ ကျမတို့နဲ့ အဝေးကြီးဖြစ်သွားပြီ”- ဒေါ်မေသင်္ကြန်ဟိန် DVB News (၁၃ မတ် ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. လွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်ကို ထပ်မံဖမ်းဆီးထိန်းသိမ်း DVB News (၁၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဦးထွန်းထွန်းဟိန် အလုပ်ကြမ်းနဲ့ ထောင်လေးနှစ် အမိန့်ချခံရ RFA (၂၂ ဒီဇင်ဘာ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ VOA Burmese (၂၉ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။}}
  6. ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို ထောင်နှစ် ၂၀ထပ်ချ Myanmar Now (၂၉ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်ကိုးနှစ်ထပ်ချခံရ၊ ပေါင်း ၃၃ နှစ်ရှိလာ RFA (၂၇ ဇန်နဝါရီ ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ကျဉ်း ၂၀၀ကျော် လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းထား Ayeyarwaddy Times။ 2025-7-29 တွင် ပြန်စစ်ပြီး။