မီဆို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဤဆောင်းပါးသည် အရှေ့အာရှ ရိုးရာ ဟင်းခတ်အမွှေးအကြိုင် အကြောင်း ဖြစ်သည်။ အခြား အသုံးအနှုန်းများ အတွက် MISO (disambiguation) ကို ကြည့်ပါ။
တိုကျိုစားခန်းဆောင်တွင် ရောင်းသော မီဆို
(ဝဲမှယာ) ကူဂျီမီဆို၊အကာမီဆို၊ အဝါဆီမီဆို
Miso
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး
စွမ်းအင် ၈၃၁ kJ (၁၉၉ kcal)
26.47
သကြား 6.2
Dietary fiber 5.4
6.01
ပြည့်ဝ 1.139
Monounsaturated 1.242
Polyunsaturated 3.204
11.69
Tryptophan 0.155 g
Threonine 0.479 g
Isoleucine 0.508 g
Leucine 0.82 g
Lysine 0.478 g
Methionine 0.129 g
Cystine 0 g
Phenylalanine 0.486 g
Tyrosine 0.352 g
Valine 0.547 g
Arginine 0.784 g
Histidine 0.243 g
Alanine 0.5 g
Aspartic acid 1.171 g
Glutamic acid 1.915 g
Glycine 0.447 g
Proline 0.619 g
Serine 0.601 g
ဗီတာမင်များ
ဗီတာမင် အေ
(1%)
4 μg
(0%)
52 μg
0 μg
Thiamine (B1)
(9%)
0.098 mg
Riboflavin (B2)
(19%)
0.233 mg
Niacin (B3)
(6%)
0.906 mg
(7%)
0.337 mg
ဗီတာမင် ဘီ6
(15%)
0.199 mg
Folate (B9)
(5%)
19 μg
Vitamin B12
(3%)
0.08 μg
Choline
(15%)
72.2 mg
ဗီတာမင် စီ
(0%)
0 mg
ဗီတာမင် ဒီ
(0%)
0 IU
ဗီတာမင် အီး
(0%)
0.01 mg
ဗီတာမင် ကေ
(28%)
29.3 μg
သတ္တုဓာတ်များ
ကယ်လဆီယမ်
(6%)
57 mg
သံဓါတ်
(19%)
2.49 mg
မဂ္ဂနီစီယမ်
(14%)
48 mg
မက်ဂနိစ်
(41%)
0.859 mg
ဖော့စဖရပ်
(23%)
159 mg
ပိုတက်ဆီယမ်
(4%)
210 mg
ဆိုဒီယမ်
(249%)
3728 mg
သွပ်
(27%)
2.56 mg
အခြားပါဝင်ပစ္စည်း
ရေ 50
0
Percentages are roughly approximated using US recommendations for adults.
ရင်းမြစ်: USDA Nutrient Database

မီဆို (みそ or 味噌?) သည် ရိုးရာဂျပန် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပြီး ပဲပိစပ်ကို ဆားနှင့် ခိုးဂျီ (?)ဟု ဂျပန်လိုခေါ်သော မှိုတစ်မျိုးကို(တစ်ခါတရံ ဆန်သို့မဟုတ် ဘာလီကို) အချဉ်ဖောက်ခြင်းဖြစ်သည်။ ရလာဒ်မှာ အနှစ်ထူလပျစ်တစ်မျိုးဖြစ်လာ၍ စားမြိန်ရည်(ဆော့)အဖြစ်လည်းကောင်း၊ အသားနှင့် အသီးအရွက်များကို သနပ်ပြုလုပ်ရာတွင်လည်းကောင်း၊ သုတ်လိမ်းစားသောက်ရန်လည်းကောင်း၊ ဒါရှီဟင်းရည်နှင့်ရော၍ ဂျပန်ဟင်းအတွဲအစပ်တစ်မျိုးအဖြစ် မီဆိုရှီရူ (味噌汁?)ဟုခေါ်သော မီဆို စွပ်ပြုတ်ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုသည်။ ပရိုတိန်းဓာတ်ကြွယ်ဝ၍ ဗီတာမင်သတ္တုဓာတ်များနှင့် ပြည့်စုံသည်။ ဂျပန် ပဒေသရာဇ်ခေတ်တွင် မီဆိုသည် အရေးပါသော အာဟာရတစ်မျိုးဖြစ်သည်။ ဂျပန်နိုင်ငံတဝန်းတွင် မီဆိုကို ရိုးရာဟင်းချက်ရာတွင်၎င်း၊ ခေတ်ပေါ်ဟင်းချက်ရာတွင်၎င်း ယနေ့တိုင် ကျယ်ပြန့်စွာ အသုံးပြုနေကြဆဲဖြစ်၍ ကမ္ဘာအနှံ့မှ နှစ်ချိုက်မှုကိုလည်း ရရှိလာပြီဖြစ်သည်။

ထုံးစံအရ မီဆိုသည် ငံသောအရသာရှိသော်လည်း ၎င်း၏ အနံ့အရသာသည် ပါဝင်ပေါင်းစပ်သော ပစ္စည်းများနှင့် အချဉ်ဖောက်ခြင်းဖြစ်စဉ်အပေါ်တွင် မူတည်သည်။ ငန်သော၊ချိုသော၊ ဖန်သော၊ အရသာရှိသော၊ ငံစပ်စပ်ရှိသော မီဆိုဟူ၍ အမျိုးအစားအမျိုးမျိုးရှိသည်။ မီဆိုနှင့် ဆင်သော တရုတ်ရိုးရာပစ္စည်းတစ်မျိုးမှာ ဒူကျန်းန် (豆酱)ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

ဂျပန့် မီဆို၏ မူလသမိုင်းကြောင်းမှာ မတိကျပေ။

  • စပါးစေ့ နှင့် ငါး မီဆိုများကို ကျောက်ခေတ်သစ်(ဂျိုမန် ခေတ် (14,000–300 BC))ကပင် တီထွင်ထုတ်လုပ်ခဲ့သည်။[၁]ထိုမီဆိုများကို "ဂျိုမန် မီဆို"ဟုခေါ်သည်။ အရှေ့အာရှအစောပိုင်းကာလရှိ အခြားသော ငါးနှင့် ပဲပိစပ်အခြေခံ စားမြိန်ရည်(ဆော့)ပုံစံများနှင့်တူသည်။
  • ဤမီဆိုထွင်သူတို့၏ မူလဇစ်မြစ်သည် သုံးရာစုဘီစီဝန်းကျင်မှ တရုတ်ပြည်တွင် အခြေခံသည်။ ဟီရှီရို နှင့် အခြားအချဉ်ဖောက်ထားသော ပဲပိစပ်အခြေခံအစားအစာများသည် ခြောက်ရာစု အေဒီတွင်မှ ဗုဒ္ဓဘာသာနှင့်အတူ ဂျပန်သို့ စတက်ရောက်ရှိလာသည်။[၂][၃]ထိုအချဉ်ဖောက်ထားသော စားစရာများကို "ရှီ"ဟုခေါ်သည်။

ကမာကူရ ခေတ် (၁၁၉၂–၁၃၃၃)တွင် ပုံမှန်တစ်နပ်စာအဖြစ် ထမင်းတစ်လုံး၊ ငါးခြောက်နှင့် မီဆိုပါသော ဟင်းသီးဟင်းရွက်လတ်လတ်ဆတ်ဆတ်တစ်မျိုး ကို စားကြသည်။ မူရိုမာချီ ခေတ် (၁၃၃၇ မှ ၁၅၇၃)မတိုင်မှီထိ မီဆိုပြုလုပ်ရာတွင် ပဲပိစပ်များကို ကျေအောင်မကြိတ်ကြချေ။မူရိုမာချီ ခေတ်တွင် ဘိက္ခု(ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး)များသည် ပဲပိစပ်ကို အနှစ်အဖြစ်ပြုလုပ်နိုင်ကြောင်း စတင်တွေ့ရှိခဲ့၍ ဟင်းချက်နည်းအသစ်အဖြသ် အခြားဟင်းများကို မီဆိုဖြင့် အရသာခတ်စမ်းသပ်ခဲ့ကြသည်။ အလယ်ခေတ်တွင် "တေမယ်မီဆို"ဟူသော စကားလုံးသည် အိမ်လုပ် မီဆိုကို ခေါ်ဆိုခြင်းဖြစ်သည်။ မီဆိုပြုလုပ်ခြင်းသည် ရိုးရှင်းလွယ်ကူလှ၍ အိမ်လုပ်ပုံစံများသည် ဂျပန်အနှံ့ပြန့်သွားလေသည်။ ဆန်ဂိုကူး ခေတ်တွင် မီဆိုကို စစ်တပ်ရိက္ခာအဖြစ်အသုံးပြု၍ မီဆိုထုတ်လုပ်ရေးလုပ်ငန်းသည် ထိုခေတ်ဒိုင်မျို၏ အရေးပါသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

အီဒို ခေတ်(၁၆၀၃-၁၈၆၈)အတွင်း"ဟီရှီအိုး (醤) နှင့်"ကူကီ (豆支)ဟုခေါ်သည်။ ထို့အပြင် ဒေသရာသီကိုလိုက်၍ အမျိုးမျိုးအထွေထွေသော မီဆိုတို့သည် ဂျပန်ပြည်အနှံ့ပြန့်နှံ့ခဲ့သည်။

ယခုအခါ မီဆိုကို စက်ဖြင့် အမြောက်အများထုတ်လုပ်နေကြပြီး အိမ်လုပ်မီဆိုမှာ ရှားပါးလာသည်။ ပြီးခဲ့သောနှစ်များအတွင်း မီဆိုအမျိုးအစားသစ်များ ပေါ်ပေါက်ခဲ့သည်။ ဥပမာအားဖြင့် ကယ်လစီယမ်ပိုပါသော်လည်း ကျန်းမာရေးအတွက် ဆားလျော့ထားသည့် မီဆိုမျိုးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. お味噌の歴史 (The History of Miso) (in Japanese)။ Yamajirushi Jyozo။ 2013-11-20 တွင် ပြန်စစ်ပြီး။
  2. (2009) History of Miso, Soybean Jiang (China), Jang (Korea) and Tauco (Indonesia) (200 BC-2009). Soyinfo Center, 627. ISBN 978-1-928914-22-8. 
  3. Albala, Ken (2007). Beans: a history. Berg Publishers, 216. ISBN 1-84520-430-1.