မိုးစက်ဝိုင်
မိုးစက်ဝိုင် | |
---|---|
မွေးဖွား | ဝေဝေခိုင် ၂၀ မေ၊ ၁၉၈၈[၁] ရန်ကုန်, မြန်မာ |
ပညာရေး | BBA (Marketing) BA in English |
အလုပ်အကိုင် | အလှမယ် |
တက်ကြွလှုပ်ရှားနှစ်များ | 2013–present |
အရပ် | ၁.၇၇ m (၅ ft ၁၀ in) |
ဘွဲ့ | Miss Universe Myanmar 2013[၂] |
အလှမယ်ဘွဲ့ ရရှိသူ | |
ဆံပင်အရောင် | နီညိုရောင် |
မျက်လုံးအရောင် | အမည်းရောင် |
အဓိက ပြိုင်ပွဲ(များ) | Miss Chinese Burma 2009 (1st Runner-up) Miss Universe Myanmar 2013 (Winner) Miss Universe 2013 (Unplaced) |
မိုးစက်ဝိုင် (၁၉၈၈-ခုနှစ်၊ မေလ (၂၀)ရက်၊ ရန်ကုန်မြို့ဖွား)သည် မြန်မာနိုင်ငံ အလှမယ်ကိုယ်စားပြု မယ်စကြဝဠာ မြန်မာဆုကို ၂၀၁၃ခုနှစ်တွင်ရှိခဲ့သူဖြစ်သည်။ သူမသည် မော်စကိုမြို့၊ ရုရှားနိုင်ငံတွင်ကျင်းပမည့် မယ်စကြဝဠာ ၂၀၁၃ ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၁၉၆၁-ခုနှစ် မယ်စကြဝဠာ ပြိုင်ပွဲပြီးကတည်းက အခုအချိန်အထိ ယှဉ်ပြိုင်ခြင်းမရှိပဲ မိုးစက်ဝိုင်သည် ယခု ၂၀၁၃-ခုနှစ် မယ်စကြဝဠာ ပြိုင်ပွဲတွင် ပထမဦးဆုံး မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးဖြစ်သည်။ အရင် မယ်စကြဝဠာနောက်ဆုံးပြိုင်ပွဲတွင် ဗမာဟူသောအမည်ဖြင့် ယှဉ်ပြိုင်ခဲ့ရာမှ သူမသည် ယခု မြန်မာဆိုသောနာမည်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဘဝအစောပိုင်း
[ပြင်ဆင်ရန်]မိုးစက်ဝိုင်သည် ၁၉၈၈-ခုနှစ်၊ မေလ (၂၀)ရက်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည်။ သူမသည် ဒဂုံ တက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာဖြစ် ကျောင်းပြီးခဲ့သည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယား လူတရန် တက္ကသိုလ်မှ စီးပွားစီမံပညာဖြင့် ပညာရေးဆက်ခဲ့၍ စီးပွားစီမံဘွဲ့ကို ရရှိခဲ့သည်။
ပြိုင်ပွဲများ
[ပြင်ဆင်ရန်]၂၀၀၉-ခုနှစ်တွင် မိုးစက်ဝိုင်သည် တရုတ်အမည်(ရန်ရှင်းရုန့် - 楊鑫榮)ဖြင့် တရုတ်နိုင်ငံ ဒေသသတင်းစာဖြစ်သော ရွှေဇာမဏီမှ ဦးစီးကျင်းပသော တရုတ် - မြန်မာ အလှမယ်ပြိုင်ပွဲတွင် ဒုတိယဆုကို ရရှိခဲ့သည်။
မယ်စကာဝဠာ မြန်မာ ၂၀၁၃
[ပြင်ဆင်ရန်]မိုးစက်ဝိုင်သည် ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ (၃)ရက်၊ အမျိုးသားကဇာတ်ရုံ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် ကျင်းပသော မယ်စကြဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲကို Hello Madam မီဒီယာအဖွဲ့မှ ဦးစီး၍ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲသည် ၁၉၆၁-ခုနှစ် ကတည်းက ကျင်းပခြင်းမရှိ၍ ယခုအချိန်မှ ပြန်လည်ကျင်းပသော ပထမဦးဆုံးသော ပြိုင်ပွဲကြီး ဖြစ်သည်။ သူမသည် အသားရေအလှဆုံးဆုနှင့် အကျော်ကြားဆုံးဆုကို အင်တာနက်နှင့် SMS မတ်ဆေ့ဂျ်မှ မဲအများဆုံးရရှိခဲ့သည်။ သူမသည် မယ်စကြဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲကြီး အပြီးတွင် မယ်စကြဝဠာ မြန်မာ ၂၀၁၃ဆုကို ဆွတ်ခူးရရှိခဲ့သည်။
အငြင်းပွားမှု
[ပြင်ဆင်ရန်]တရုတ်နိုင်ငံ သတင်းစာတွင် မိုးစက်ဝိုင်၏ တရုတ် - မြန်မာ အလှမယ်ပြိုင်ပွဲတွင် ပါဝင်မှုကို ကြေညာပြီးနောက် အချို့သော မြန်မာမီဒီယာများက သူမ၏ မျိုးရိုးနဲ့ ပတ်သတ်၍ မေးခွန်းထုတ်ခဲ့သည်။ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတစ်ယောက်မှ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အနေဖြင့် ယှဉ်ပြိုင်သင့်မသင့်ကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ မယ်စကြဝဠာ မြန်မာ ၂၀၁၃ ပြိုင်ပွဲကြီးကို ဦးစီး၍ကျင်းပသော Hello Madam မီဒီယာအဖွဲ့မှ ပြောရေးဆိုခွင့်ရသူ တစ်ဦးမှ သူမသည် မြန်မာနိုင်ငံသား ဖြစ်ကြောင်းကို ဖော်ပြခဲ့သည်။ ပြီးတော့ သူမ၏ မိဘများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ဇာတိဖြစ်၍ ရှမ်း - ဗမာ လူမျိုးများဖြစ်ကြောင်းကိုလည်း ရှင်းလင်းခဲ့သည်။
- ↑ Moe Set Wine Biography. Missuniversemyanmar.com. Retrieved on 21 October 2013.
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedMiss Myanmar 2013