ဒဂုံတက္ကသိုလ်

ဝီကီပီးဒီးယား မှ
(ဒဂုံ တက္ကသိုလ် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ဒဂုံတက္ကသိုလ်
Dagon University
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၉၃
ပါမောက္ခချုပ် ဒေါက်တာလှဌေး[၁]
တည်နေရာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ပိုင်ဆိုင်မှု ပညာရေးဝန်ကြီးဌာန


ဒဂုံတက္ကသိုလ်(Dagon University)သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ထဲတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ကျောင်းသားဦးရေ အများဆုံးနှင့် အကြီးဆုံးသော တက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ဝိဇ္ဇာဘာသာရပ်သိပ္ပံဘာသာရပ် ပို့ချလျက်ရှိသော တက္ကသိုလ်ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဒဂုံတက္ကသိုလ်ကို ၁၉⁠၉၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများကို ၁၉⁠၉၃ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စတင်လက်ခံသင်ကြားခဲ့သည်။ ခွင့်ပြုသည့် ကျောင်းသားဦးရေမှာ (၆၀⁠၀၀၀) ဖြစ်သည်။ ၁၉⁠၉၃-၉၄ ကျောင်းဖွင့်စ ပညာသင်နှစ်တွင် ဘာသာရပ်ဌာန(၈)ခု၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၁၃၀၀) ခန့်ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၂-၂၀⁠၀၃ ပညာသင်နှစ်အစတွင် ကျောင်းသားဦးရေ (၁၅၀⁠၀၀) ကျော်ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၃-၂၀⁠၀၄ ခု ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၂၁၄၆၃) ကိုလက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၄-၂၀⁠၀၅ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ (၂⁠၂၅၉၁)ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၅-၂၀⁠၀၆ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေ (၂၄၃၁၄) ကို လက်ခံသင်ကြားပေးခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် အဝေးသင်ကျောင်းသားကျောင်းသူများ ၏သင်ကြားရေးကိုလည်း တာဝန်ယူဆောင်ရွက်ရသည်။ ၂၀⁠၀၄-၂၀⁠၀၅ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေစုစုပေါင်း (၅၉၁၄၄) ဦး၊ ၂၀⁠၀၅-၂၀⁠၀၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း (၆၂၈၉၈) ဦး၏ သင်ကြားရေးကို တာဝန်ယူခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

ရန်ကုန်မြို့ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ထဲတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅၈၂.၁၄ဧက ကျယ်ဝန်းသည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဘာသာရပ်သင်တန်းများ[ပြင်ဆင်ရန်]

အထူးပြုဘာသာရပ်ဌာန (၁၈) ခုရှိပြီးသင်ကြားပို့ချသော အထူးပြုဘာသာရပ်များအနက်

စုစုပေါင်း အထူးပြုဘာသာရပ်နှင့် ပေါင်းစပ် ဘာသာရပ်(၃၁) ခုကို ဒဂုံတက္ကသိုလ်တွင် သင်ကြားလျက်ရှိသည်။ ဖော်ပြပါဘာသာရပ် (၃၁) ခုအနက် မနုဿဗေဒ၊ အင်ဂျင်နီယာဓာတုဗေဒ၊ အင်ဂျင်နီယာသင်္ချာ၊ မိုးလေဝသဗေဒ၊ ကွန်ပျူတာသိပ္ပံ၊ ဇီဝဓာတု၊ အဏုဇီဝ၊ စာရင်းအင်း၊ Environmental Studies, Biotechnology, English for Occupational Purpose, Southeast Asia and Pacific Studies ဘာသာရပ်များသည် အခြားတက္ကသိုလ်များတွင် သင်ကြားပို့ချနိုင်ခြင်းမရှိသေးသည့် ဘာသာရပ်များဖြစ်သည်။ စုစုပေါင်း ပုံမှန်နေ့သင်တန်း ကျောင်းသား ကျောင်းသူဦးရေမှာ (၂၄၃၁၄) ဦးဖြစ်သည်။

ကိုးကားကျမ်း[ပြင်ဆင်ရန်]

  1. ကြေးမုံသတင်းစာ (၁၃ ဇူလှိုင် ၂၀၁၂) http://myanmar.com/newspaper/kyaymon/Jul13.pdf