မာတိကာသို့ ခုန်သွားရန်

မိုင်းခရပ်ဖ်

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် ဗီဒီယိုဂိမ်း အကြောင်း ဖြစ်သည်။ လုပ်ငန်း အတွက် မိုင်းခရပ်ဖ် (လုပ်ငန်း) ကို ကြည့်ပါ။
မိုင်းခရပ်ဖ်
Minecraft  (အင်္ဂလိပ်)
The default player skin, Steve, running across a grassy plain while carrying a Iron pickaxe. Alongside him is a tamed wolf. In the background, there is a pig, a chicken, a cow, a skeleton, a zombie, and a creeper. Mountains and cliffs fill the background, and the sky is blue, filled with clouds. Hovering over the scene is the Minecraft logo.
ဖန်တီးသူ မိုဂျန်း[မှတ်စု ၁]
ထုတ်ဝေသူ
ဒီဇိုင်းနာ
ဂိမ်းအနုပညာရှင်
  • မားကက်စ် တွိုင်ဗုန်နန်
  • ဂျက်စ်ပါ ဘိုအဲစတရာ
တေးရေး C418[မှတ်စု ၇]
စီးရီးများ မိုင်းခရပ်ဖ်
ပလက်ဖောင်း
ဖြန့်ချီသည့်နေ့စွဲ
ဂိမ်းအမျိုးအစား ဆန်းဘောက်စ်စာဗိုင်ဗယ်လ်
Mode(s) တစ်ယောက်တည်းဆော့သော ဂိမ်း (single-player)၊ အများနှင့်ဆော့သော ဂိမ်း (multiplayer)

မိုင်းခရပ်ဖ်သည် မိုဂျန်း စတူဒီယိုစ်မှ ဖန်တီးထားသော ဆန်းဒ်ဘောက်စ် ဗီဒီယိုဂိမ်းဖြစ်သည်။ ဤဂိမ်းကို ဂျာဗား ပရိုဂရမ်းမင်းဘာသာစကားဖြင့် "နော့ချ်" (Notch) ဟူ၍ အွန်လိုင်းတွင် လူသိများသော မားကက်စ် ပါစင်မှ ဖန်တီးခဲ့ခြင်းဖြစ်သည်။ အစောပိုင်း ကိုယ်ပိုင်စမ်းသပ်ဗားရှင်းများစွာကို စမ်းသပ်ပြီးနောက်၊ ၎င်းကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အပြည့်အဝ မဖြန့်ချိမီတွင် နော့ချ်မှ နုတ်ထွက်ကာ "ဂျက်ဘ်" (Jeb) ဟူ၍ အွန်လိုင်းတွင် လူသိများသော ဂျန်းစ် ဘာဂန်စတန်က ဖွံ့ဖြိုးတိုးတက်မှုအား တာဝန်ယူဆောင်ရွက်ခဲ့သည်။ မိုင်းခရပ်ဖ်သည် နောက်ပိုင်းတွင် အခြားပလက်ဖောင်းများစွာသို့ သယ်ဆောင်လာခဲ့သည်။ ၂၀၂၁ ခုနှစ်အထိ ကော်ပီပေါင်း ၂၃၈ သန်းကျော် ရောင်းချခဲ့ရပြီး ၂၀၂၁ ခုနှစ်အထိ လစဉ်အသုံးပြုသူ သန်း ၁၄၀ နီးပါးဖြင့် အရောင်းရဆုံး ဗီဒီယိုဂိမ်းဖြစ်သည်။

မိုင်းခရပ်ဖ်တွင် ဂိမ်းဆော့သူများသည် အဆုံးမရှိနီးပါး မြေပြင်အနေအထားဖြင့် ဘလောက်တုံးများနှင့် စီမံဖန်တီးထားသော 3D ကမ္ဘာကို စူးစမ်းရှာဖွေကာ ကုန်ကြမ်းများ၊ လက်မှုကိရိယာများနှင့် ပစ္စည်းများကို ရှာဖွေဖော်ထုတ်ကာ အဆောက်အဦများ၊ မြေထုထည်များနှင့် ရိုးရှင်းသောစက်များကို တည်ဆောက်နိုင်သည်။ ဂိမ်းမုဒ်ပေါ် မူတည်၍ ဂိမ်းဆော့သူများသည် ကွန်ပျူတာဖြင့် ထိန်းချုပ်ထားသော အကောင်များကို တိုက်ထုတ်နိုင်သည့်အပြင် တူညီသောကမ္ဘာရှိ အခြားဆော့သူများနှင့် ပူးပေါင်း၍ ဆော့နိုင်မည်ဖြစ်သည်။

မိုင်းခရပ်ဖ်သည် ချီးကျူးဂုဏ်ပြုခံရပြီး ဆုများစွာကို ရရှိခဲ့ပြီး နောက်ပိုင်းတွင် ခေတ်အဆက်ဆက် အကောင်းဆုံး ဗီဒီယိုဂိမ်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဆိုရှယ်မီဒီယာ၊ ပြောင်လှောင်မှု၊ ရောင်းကုန်များနှင့် နှစ်စဉ် မိုင်ကွန် (Minecon) အစည်းအဝေးကြီးများသည် ဂိမ်းကို ရေပန်းစားလာစေရန် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဓာတုဗေဒ၊ ကွန်ပြူတာအကူအညီပေးသည့် ဒီဇိုင်းနှင့် ကွန်ပျူတာသိပ္ပံတို့ကို သင်ကြားရန် ပညာရေးဆိုင်ရာ ပတ်ဝန်းကျင်များတွင်လည်း ဂိမ်းကို အသုံးပြုထားသည်။ ၂၀၁၄ ခုနှစ်တွင် မိုဂျန်း နှင့် မိုင်းခရပ်ဖ် ဉာဏပစ္စည်းပိုင်ဆိုင်မှုကို မိုက်ခရိုဆော့ဖ်မှ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။ မိုင်းခရပ်ဖ် ဒန်ဂျင်သည် ဘေးပန်းရလဒ်တစ်ခုဖြစ်ပြီး မိုင်းခရပ်ဖ် လဲဂျန့်ကိုလည်း ၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်ရန် စီဆင်ထားကြသည်။

ဂိမ်းကစားခြင်း

[ပြင်ဆင်ရန်]

မိုင်းခရပ်ဖ်သည် ပြီးမြောက်ရန်လိုသော အဆင့်များ၊ ရည်မှန်းချက်များ မပါရှိသော 3D ဆန်းဒ်ဘောက်စ် ဗီဒီယိုဂိမ်းဖြစ်ပြီး ဆော့သူများအား ဂိမ်းကစားနည်းကို ရွေးချယ်ရာတွင် များစွာသော လွတ်လပ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။[၁၈]သို့သော်၊ ဂိမ်း၏ ဂျာဗားဗားရှင်းတွင် "advancements" ဟုလူသိများသောအောင်မြင်မှုစနစ်တစ်ခုရှိပြီး PlayStation ports များတွင် "ဆုဖလားများ" ရှိသည်။

ဂိမ်းရှိကမ္ဘာသည် အခြေခံအားဖြင့် အဆုံးမရှိဖြစ်သည်။ သို့သော်၊ ဆော့သူများသည် ၎င်းတို့၏ ကမ္ဘာကိုဖန်တီးသည့်အခါ ၎င်းတို့ပေါက်ဖွားသည့်နေရာမှ ဘလောက်ပေါင်း ၃၀,၀၀၀,၀၀၀ ထက်ကျော်လွန်သောနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုရန် အတားအဆီးတစ်ခုရှိသည်။ ဂိမ်းသည် ဆော့သူများအနီးတွ င်ရှိသည့်အခါတွင်သာ ဖန်တီးထားသည့် သို့မဟုတ် ဒေါင်းလုဒ်လုပ်ထားသည့် ကမ္ဘာဒေတာကို "chuncks" ဟုခေါ်သော အပိုင်းငယ်များခွဲခြင်းဖြင့် ဖော်ပြပါ အတားအဆီးများဖြစ်စေသည်။[၁၉]ကမ္ဘာကြီးကို သဲကန္တာရမှ တောတောင်များအထိ နှင်းခင်းများအထိ ဇီဝမွှားအဖြစ် ပိုင်းခြားထားသည်။[၂၀] မြေမျက်နှာသွင်ပြင်တွင် လွင်ပြင်များ၊ တောင်များ၊ သစ်တောများ၊ ဂူများ၊ နှင့် ချော်ရည်များ/ရေများ ပါဝင်သည်။ ဂိမ်းတွင်းအချိန်စနစ်သည် နေ့နှင့်ည စက်ဝန်းကို လိုက်နာပြီး လည်ပတ်မှုတစ်ခုသည် လက်တွေ့တွင် မိနစ် (၂၀) ကြာပါသည်။

ဂိမ်းတွင် ကမ္ဘာသစ်တစ်ခုကို စတင်သောအခါ ဆော့သူများသည် ငြိမ်းချမ်းမှု (peaceful) အဆင်မှ့ အလွန်ခက်ခဲအဆင့် (hardcore)ဟူ၍ ဂိမ်းမုဒ်ငါးခုအနက်မှ တစ်ခုကို ရွေးချယ်ရမည်ဖြစ်သည်။ ဂိမ်း၏အခက်အခဲကို တိုးလာခြင်းသည် ဆောသူသည် ဂိမ်းရှိအကောင်များမှ ထိခိုက်မှုပိုမိုရရှိစေသည့်အပြင် အခြားအခက်အခဲများနှင့် အထူးသက်ရောက်မှုများပါရှိသည်။ ဥပမာအားဖြင့်၊ ငြိမ်းချမ်းသောအခက်အခဲသည် ရန်လိုသောလူအုပ်များပေါက်ပွားခြင်းမှကာကွယ်ပေးသည်၊ ခက်ခဲသောအခက်အခဲသည် ဆော့သူများအား ၎င်းတို့၏ဆာလောင်မှုပြသင်္ကေတ (hunger bar) ကုန်သွားပါက ငတ်သေသွားစေသည်။ ရွေးချယ်ပြီးသည်နှင့် အခက်အခဲကို ပြောင်းလဲနိုင်သော်လည်း ဂိမ်းမုဒ်ကို လော့ခ်ချထားပြီး မသမာနည်း (cheats) ဖြင့်သာ ပြောင်းလဲနိုင်သည်။

ဆော့သူသည် "ပြီးဆုံးစေသော နဂါး" (Ender Dragon) ကို အောင်မြင်စွာ တိုက်ခိုက်ပြီးမှသာလျှင် ဂိမ်းပြီးမြောက်သည်ဟု လူအများကခံယူကြသည်။

မှတ်စုများ

[ပြင်ဆင်ရန်]
  1. Ports to consoles developed by 4J Studios;[] New Nintendo 3DS port developed by Other Ocean Interactive[]
  2. PC/Java, Android, iOS, Wii U, Nintendo 3DS, Nintendo Switch
  3. Xbox 360, Xbox One, Windows Phone, Windows 10 Edition
  4. PlayStation 3, PlayStation 4, PlayStation Vita
  5. 2009–2011
  6. 2011–present
  7. Samuel Åberg, Gareth Coker, Lena Raine, and Kumi Tanioka have also contributed since release.
  8. Minecraft was first publicly available on 17 May 2009,[၁၇] and was fully released on 18 November 2011.

ပြင်ပလင့်ခ်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Sarkar၊ Samit (6 November 2006)။ Microsoft officially owns Minecraft and developer Mojang now (in en)။ 19 March 2020 တွင် ပြန်စစ်ပြီး။
  2. Minecraft: New Nintendo 3DS Edition။ 3 February 2019 တွင် ပြန်စစ်ပြီး။
  3. MinecraftCBS Interactive။ 15 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2012 တွင် ပြန်စစ်ပြီး။
  4. Minecraft – Pocket Edition – Android။ 16 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2012 တွင် ပြန်စစ်ပြီး။
  5. Minecraft: Pocket EditionCBS Interactive။ 23 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2012 တွင် ပြန်စစ်ပြီး။
  6. Brown၊ Mark (22 March 2012)။ Minecraft for Xbox 360 release date announced, amongst others။ 18 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2022 တွင် ပြန်စစ်ပြီး။
  7. Minecraft Raspberry PiMojang။ 27 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2013 တွင် ပြန်စစ်ပြီး။
  8. "Amazon's first Fire TV games include in-house titles and Minecraft (update: video)"၊ Engadget 
  9. Minecraft PS4 Edition Release Date Confirmed။ IGN Entertainment, Inc. (3 September 2014)။ 1 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2014 တွင် ပြန်စစ်ပြီး။
  10. Minecraft for Xbox One to launch on Friday။ 7 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2014 တွင် ပြန်စစ်ပြီး။
  11. Minecraft: PS Vita Edition Release Date Revealed for North America (10 October 2014)။ 12 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2014 တွင် ပြန်စစ်ပြီး။
  12. Minecraft Comes to Windows Phones (17 July 2019)။ 30 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  13. Announcing Minecraft Windows 10 Edition Beta။ 9 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  14. Makuch၊ Eddie (7 December 2015)။ Minecraft Wii U Confirmed, Coming Very SoonCBS Interactive။ 7 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2015 တွင် ပြန်စစ်ပြီး။
  15. Jones၊ Owen (19 December 2016)။ minecraft.net – Apple TV Edition released!။ 27 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2016 တွင် ပြန်စစ်ပြီး။
  16. Pereira၊ Chris (13 September 2017)။ New 3DS Version Of Minecraft Announced, Release Date Set For Today။ 13 September 2017 တွင် ပြန်စစ်ပြီး။
  17. Persson၊ Markus (17 May 2009)။ Minecraft 0.0.11a for public consumption : The Word of Notch။ 16 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2022 တွင် ပြန်စစ်ပြီး။
  18. https://www.ign.com/articles/2011/11/24/minecraft-review
  19. https://web.archive.org/web/20110312082752/http://notch.tumblr.com/post/3746989361/terrain-generation-part-1
  20. https://www.rockpapershotgun.com/biomeshock-the-new-minecraft-worlds