မာတိကာသို့ ခုန်သွားရန်

မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်

ဝီကီပီးဒီးယား မှ
(Microsoft Windows မှ ပြန်ညွှန်းထားသည်)
မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်
ဖန်တီးသူမိုက်ခရိုဆော့ဖ်
ပရိုဂရမ်းမင်းဘာသာစကားC, C++, Assembly[]
လက်ရှိအခြေအနေPublicly released
ရင်းမြစ်အမျိုးအစားClosed / Shared source
ကနဦးဖြန့်ချိခြင်းနိုဝင်ဘာ ၂၀၊ ၁၉၈၅; ၃၉ နှစ် အကြာက (၁၉၈၅-၁၁-20)Windows 1.0 အဖြစ်
ဈေးကွက်ပစ်မှတ်တစ်ကိုယ်ရေသုံးကွန်ပျူတာ
ရရှိနိုင်မည့်
ဘာသာစကားများ
ဘာသာစကား ၁၃၇ မျိုး[]
အဆင့်မြှင့်တင်မှုနည်းလမ်း
Package managerWindows Installer (.msi), Windows Store (.appx)[]
ပလက်ဖောင်းများARM, IA-32, Itanium, x86-64
ကာနဲလ် အမျိုးအစား
Default user interfaceWindows shell
လိုင်စင်Proprietary commercial software
ဝက်ဘ်ဆိုဒ်windows.microsoft.com

Microsoft Windows (သို့မဟုတ် Windows) ဆိုသည်မှာ မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း မှထုတ်လုပ်သော ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် ကိုရည်ညွှန်းခြင်းဖြစ်သည်။ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းမှ Windows ဆိုသောအမည်ဖြင့် ယခင် MS-DOS တွင် Graphical User Interfaces (GUIs) များအပေါ် စိတ်ဝင်စား မှုကြီးထွား လာသည် နှင့်အမျှထပ်မံအဆင့်မြှင့်ကာ ၁၉၈၅ နိုဝင်ဘာလတွင်စတင် မိတ်ဆက်ခဲ့သည်။ Microsoft Windows သည် ကမ္ဘာ့ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၏ ဈေးကွက်တွင် အချိန်တိုတိုဖြင့် ကြီးထွားစိုးမိုးလာနိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် IDC conference မှာ IDC မှ Vice President ဖြစ်သူ Avneesh Saxena က Windows သည် လက်ရှိ Client Operatingsystem ဈေးကွက်မှာ ၉၀% ခန့်နေရာယူထားပြီလို့ ပြောကြားခဲ့သည်။ လက်ရှိ နောက်ဆုံး Windows ၏ client version အဖြစ် Windows 10 နေရာယူထားပြီး၊ Server version အဖြစ် Windows Server 2012 ကိုအသုံးပြုနေပြီဖြစ်သည်။

16-bit Operating Environments

[ပြင်ဆင်ရန်]

(GUI)Graphical User Interface ကို အသုံးပြုထားသည့် အစောဆုံး Windows version များဖြစ်သည်။ များသောအားဖြင့် ယင်းတို့ကို MS-DOS အပေါ်မှာတင်၍ run ထားပြီး ၎င်းတို့ကို file system services များအတွက် အသုံးပြုခဲ့သည်။ အစောဆုံးဟု ယူဆနိုင်သည့် 16-bit Windows version များတွင် operating system ၏လုပ်ဆောင်ချက်များ မပါဝင်ပေ။ ၎င်း၏ ကိုယ်ပိုင် executable file format များနှင့် ကိုယ်ပိုင် device drivers (timer, graphics, printer, mouse, keyboard )စသည့် application များအတွက် လိုအပ်ချက်များလည်း မပါဝင်ပေ။ MS-DOS နှင့်မတူသည်မှာ Windows သည် အသုံးပြုသူများအား အမျိုးမျိုးသော graphical application တွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် အသုံးပြုနိုင်ခြင်းဖြစ်သည်။

ထုတ်လုပ်မှု အဆင့် ကြာရှည်စွာ အချိန်ယူပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့မှာ Windows Vista ကို မိတ်ဆက်ခဲ့သည်။ User Interface မွန်းမံမှုများ ပါဝင်ပြီး နည်းပညာပိုင်းနှင့် လုံခြုံရေးပိုင်းအရ ပြောင်းလဲမှုများစွာ ပါဝင်သည်။ သို့သော် စက်အတက် နှေးခြင်း၊ အလုပ်လုပ်နိုင်မှု ကျဆင်းခြင်း စသည်တို့ကြောင့် Windows Vista ဟာ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပေ။ 2008 ခုနှစ် နှစ်စပိုင်းတွင် Windows Server 2008 ကို မိတ်ဆက်ခဲ့သည်။

၂၀၀၉ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့တွင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ Windows 7 နှင့် Windows Server 2008 R2 တို့ကို ကွန်ပျူတာ ထုတ်လုပ်သူများကို စတင်ထုတ်ဝေခဲ့သည်။ ယခင် Windows Vista ထက် ပိုမိုများပြားသော လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ပြသနိုင်ခဲ့သည်။ Windows Vista နှင့် အသုံးပြု၍ ရသော အက်ပလီကေးရှင်းများ အားလုံးကို Windows 7 မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ထားသည်။ Windows 7 တွင် Multi-touch ဟုခေါ်သော ပိုမိုထားခြားသောထိတွေ့မှု စနစ်၊ Windows Task-bar အသစ်ပြောင်းလဲခြင်း နှင့် Home-Group ဟုခေါ်သော ချိတ်ဆက်မှုစနစ်အသစ် တို့ အပါအဝင် လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ထားရှိသည်။

Windows 8 နှင့် 8.1

[ပြင်ဆင်ရန်]

Windows 7 ပြီးနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် Windows 8 ကို မိတ်ဆက်ခဲ့သည်။ အကြီးမားဆုံး ပြောင်းလဲမှုမှာ Metro Design ဖြစ်သည်။ ပုံမှန် Start Menu မပါဝင်တော့ဘဲ Touch-Screen အသုံးပြုသော မိုဘိုင်းပစ္စည်းများကိုပါ အသုံးပြုနိုင်ရန် ရည်ရယ်ထားရှိသည်။ ထို့ပြင် Touch-Screen ကို အထောက်အပံ့ပေးနိုင်သော အက်ပလီကေးရှင်းအသစ်များကိုပါ မိတ်ဆက်ပြသခဲ့သည်။ အခြားပြောင်းလဲမှုများမှာ မိုက်ခရိုဆော့၏ မူပိုင် Cloud အဖြစ် SkyDrive ကို မိတ်ဆက်ခဲ့သည်။ Windows Store အသစ်ကိုပါ အက်ပလီကေးရှင်းများ ရယူနိုင်ရန်အတွက် မွမ်းမံခဲ့သည်။

Windows 8 ၏ အဆင့်မြှင့်တင်မှုအဖြစ် Windows 8.1 ကို အောက်တိုဘာလ ၁၇ ရက်နေ့ ၂၀၁၃ ခုနှစ်က ထုတ်ခဲ့သည်။ Metro UI ကို ထပ်မံမွန်းမံပြီး SkyDrive ကိုလည်း ကောင်းမွန်အောင် ထပ်မံလုပ်ဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အသစ်ထွက်ရှိမည့် Windowsအဖြစ် Windows 10 ကို ကြော်ငြာခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လိုင်လ ၂၉ ရက်နေ့တွင် တရားဝင်ထွက်ရှိခဲ့သည်။ Windows 8 တွင် မပါဝင်ခဲ့သော Start Menu ပြန်လည်ထည့်သွင်းခဲ့သည်။ Windows Store ကိုလည်း မျက်နှာပြင်အပြည့်အသုံးမပြုတော့ပေ။ Virtual Desktop System ကိုလည်းအသစ်ထပ်မံ ထည့်သွင်းခဲ့သည်။ Windows 10 ကို Windows 7 SP1 မှ စတင်၍ အလွယ်တကူ အဆင့်မြှင့်တင်နိုင်မည်ဟု ဆိုသည်။

ယခင်က Windows XP သည် လူသုံးအများဆုံးဖြစ်ခဲ့သော်လည်း အခုအချိန်တွင် Windows 7 ကို အသုံးပြုသူပိုမိုများပြားလာခဲ့သည်။ မိုက်ခရိုဆော့ဖ် သည် Windows XP နှင့်ပက်သက်သောထောက်ပံ့မှုများကို ၂၀၁၄ ဧပြီလ ၈ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။ Tablet များနှင့် Windows Phone များပေါ်မှာတော့ ဝင်းဒိုးစ် ၈ ကို စတင်အသုံးပြုခဲ့ပြီး Windows 8.1 နှင့် Windows 10 ကိုလဲ အသုံးပြုလာကြပြီဖြစ်သည်။

၂၀၂၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း Windows 11 ကို Windows 10 ၏ ဆက်ခံသူအဖြစ် ကြေညာခဲ့သည်။ လည်ပတ်မှုစနစ်အသစ်သည် အသုံးပြုသူများ ပိုမိုအဆင်ပြေပြီး နားလည်နိုင်စေရန် ဒီဇိုင်းထုတ်ထားသည်။ ၎င်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ 5 ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ မေလ ၂၀၂၂ ခုနှစ်အထိ၊ Windows 11 သည် စနစ်လိုအပ်ချက်များနှင့် ကိုက်ညီသော Windows 10 အသုံးပြုသူများအတွက် အခမဲ့ အဆင့်မြှင့်တင်မှုဖြစ်သည်။

Windows ထုတ်လုပ်မှုသမိုင်း

[ပြင်ဆင်ရန်]
အမည်စတင်ရောင်းချသည့်နေ့ဆက်လက်ထောက်ပံ့မှု ရှိ၊မရှိ
Windows 1.01နိုဝင်ဘာ-၁၉၈၅မရှိ
Windows 2.03နိုဝင်ဘာ-၁၉၈၇မရှိ
Windows 2.10မေ-၁၉၈၈မရှိ
Windows 2.11မတ်-၁၉၈၉မရှိ
Windows 3.0မေ-၁၉၉၀မရှိ
Windows 3.1မတ်-၁၉၉၂မရှိ
Windows For Workgroups 3.1အောက်တိုဘာ-၁၉၉၂မရှိ
Windows NT 3.1ဇူလိုင်-၁၉၉၃မရှိ
Windows For Workgroups 3.11ဒီဇင်ဘာ-၁၉၉၃မရှိ
Windows 3.2ဇန်နဝါရီ-၁၉၉၄မရှိ
Windows NT 3.5စက်တင်ဘာ-၁၉၉၄မရှိ
Windows NT 3.51မေ-၁၉၉၅မရှိ
Windows 95ဩဂုတ်-၁၉၉၆မရှိ
Windows NT 4.0ဇူလိုင်-၁၉၉၆မရှိ
Windows 98ဇွန်-၁၉၉၈မရှိ
Windows 98 SEမေ-၁၉၉၉မရှိ
Windows 2000ဖေဖော်ဝါရီ-၂၀၀၀မရှိ
Windows MEစက်တင်ဘာ-၂၀၀၀မရှိ
Windows XPအောက်တိုဘာ-၂၀၀၁မရှိ
Windows XP 64-bit Edition (IA-64)မတ်-၂၀၀၃မရှိ
Windows Server 2003ဧပြီ-၂၀၀၃မရှိ
Windows XP Professional x64 Edition (x86-64)ဧပြီ-၂၀၀၅မရှိ
Windows Fundamentals for Legacy PCsဇူလိုင်-၂၀၀၆မရှိ
Windows Vistaနိုဝင်ဘာလ-၂၀၀၆မရှိ
Windows Home Serverဇူလိုင်-၂၀၀၇မရှိ
Windows Server 2008ဖေဖော်ဝါရီ-၂၀၀၈မရှိ
Windows 7 and Windows Server 2008 R2အောက်တိုဘာ-၂၀၀၉မရှိ
Windows Home Server 2011ဧပြီ-၂၀၁၁မရှိ
Windows Server 2012စက်တင်ဘာ-၂၀၁၂မရှိ
Windows 8အောက်တိုဘာ-၂၀၁၂မရှိ
Windows 8.1 and Windows Server 2012 R2အောက်တိုဘာ-၂၀၁၃မရှိ
Windows Server 2016 စက်တင်ဘာ-၂၀၁၆ မရှိ
Windows Server 2019 အောက်တိုဘာ-၂၀၁၈ မရှိ
Windows 10ဇူလိုင်-၂၀၁၅ရှိ (အောက်တိုဘာ-၂၀၂၅ ထိ)
Windows 11 အောက်တိုဘာ-၂၀၂၁ ရှိ

ကိုးကား

[ပြင်ဆင်ရန်]
  1. Lesson 2 - Windows NT System Overview Microsoft TechNet Microsoft။ November 25, 2014 တွင် ပြန်စစ်ပြီး။
  2. Listing of available Windows 7 language packs Msdn.microsoft.com။ April 5, 2014 တွင် ပြန်စစ်ပြီး။
  3. App packages and deployment (Windows Store apps) (Windows) Msdn.microsoft.com။ April 5, 2014 တွင် ပြန်စစ်ပြီး။