မဟာမုနိမြတ်ရှင်တော်

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာ အကြောင်း ဖြစ်သည်။ မန္တလေးမြို့ရှိ ရုပ်ပွားတော် အတွက် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး) ကို ကြည့်ပါ။ ကျောက်တော်မြို့ရှိ ရုပ်ပွားတော် အတွက် မဟာမုနိ (ရခိုင်ပြည်) ကို ကြည့်ပါ။

မဟာမုနိမြတ်ရှင်တော် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ရေးသားထားသည်မှာ ရက္ခပူရအမည်ရှိ ရခိုင်ပြည် ဓညဝတီသို့ ဂေါတမမြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူလာသောအခါ သတ္တဝါတို့အား တရားဟောတော်မူသည်။ ထို့နောက် ပြန်လည်ကြွချီတော်မူမည်ကို မင်းနှင့်တိုင်သူပြည်သားတို့က တောင်းပန်သောကြောင့် ကိုယ်စားထားတော်မူခဲ့သည့် အကြောင်းအရာကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

မဟာမုနိမြတ်ရှင်တော်[ပြင်ဆင်ရန်]

သမိုင်းအစဉ်၊ တိင်းဓညတွင်မှ၊ ပဉ္စလောဟာကြေးတို့၊ ဂေါတမာအသွေးတူ တွေးယူဘိသို့၊ သူရိယာစန္ဒာမင်းက၊ ကမ္ဘာချဉ်းအောင် သာသနာထွန်းစေဘို့၊ ကိုယ်စားတော် ကျိုလှော်သွန်းသည်ဟု၊ မော်ကွန်းစာညွှန်းကာနှိပ်ခဲ့၊ ကျွန်းညာထိပ် တောင်ဇမ္ဗူ။

စိန္တေရှင်ရွှေရင်ငွေ့နှင့်၊ တင်ရွေ့လှုံမွေ့ယူဘိလို့၊ တုဏှိဘာဝါဖြင့် သာသနာ အရှေခေတ်ထိ၊ နေရစ်ပါ ငါ့ညီပွားငဲ့၊ ကိုယ်စားတော်ထက်ဝယ်ဖွဲ့သို့၊ ထားခဲ့တော်မူ။

ကျမ်းသင်္ဂါယနာတင်တဲ့၊ ပါအဝင် စာတွင်မတွေ့ပြီဘု၊ အိမ်ရှေ့စံ ပြေရခိုင်က၊ ရွှေညာတိုင် ဒေသစာပင့်ခဲ့၊ ရာမင့်နောင် ပြောင်ဖြူရတဲ့၊ မူလပဉ္စမံဖြင့်၊ ပူရစံမန္ဓာတ်မျိုးက၊ မြတ်နိုးဖွယ်ကိုးကွယ်လို့ထားခဲ့၊ ဘုရားမြတ်သသမ္ဘူ၊ မြန်ဇမ္ဗူပျံ့လှိုင်း။

ပြည်တကာ သည်မှာဆုံကြ၊ တည်ရတနာပုံ၊ အမည်ဘဂဝါမုနိသို့၊ ဦးရှိတင် ဝစီနှုတ်ကယ်နှင့်၊ လက်အုပ်ပြိုင်မုခ်လှိုင်သို့သွားမိရင်၊ နှုတ်ဖျားတော် သွားပေါ်မလောက်ပြုံးသည်ဟု၊ နှလုံးတွင်ဘဝင်ပီတိနှင့်၊ ထင်မိထင်ယောင်မှားကြ၊ အများပင် လူပူဇော်လော့၊ တရားတော် သင်မဟောရစ်နှင့်၊ ရှင်ဂေါတမာ ဩဇာနှင့်ပိတ်ခဲ့လို့၊ ဗျာဒိတ်တော် ထုတ်ဖော်မကြွေးရှာသတဲ့၊ အစိန္တိတံကို အနိမ္မိသံလို့ရေးခဲ့၊ ဘုရားပုံစံ နသုန္ဒရံဖြင့် တွေးကြတော့၊ ရှေးကသမိုင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ အစိန္တတံ = မကြံစည်အပ်သော။

၂။ အနိမ္မိသံ = အနိမိသ၊ မျက်စိမမှိတ်သော။

၃။ နသုန္ဒရံ = မကောင်းသော၊ မတင့်သော။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။