မကျီးကန်ရွာ၊ မြောင်မြို့နယ်
ပုံပန်းသွင်ပြင်
မကျီးကန် | |
---|---|
ရွာ | |
မကျီးကန်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 21°46′40″N 95°18′37″E / 21.7776508331299°N 95.310302734375°Eကိုဩဒိနိတ်: 21°46′40″N 95°18′37″E / 21.7776508331299°N 95.310302734375°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | စစ်ကိုင်းခရိုင် |
မြို့နယ် | မြောင်မြို့နယ် |
ကျေးရွာအုပ်စု | တမဆေးကန် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မကျီးကန်ရွာ (အင်္ဂလိပ်: Magyikan)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ တမဆေးကန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၂၅၅ ဖြစ်သည်။ [၁] မြိုင်မြို့၏ မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။[၂]
၂၀၂၃ ဖြစ်ရပ်
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် မကျီးကန်ရွာတွင် PDF များ ခိုအောင်းနေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ရွာလယ်ရှိ ကိုယ်ထူကိုယ်ထဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသနေသူများ အပါအဝင် ဒေသခံ ၂၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။[၂] ပစ်ခတ်စီးနင်းခံရပြီးနောက် ၂၀၁၇ ခုနှစ်က ဂျပန်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းခဲ့သော ဆေးရုံ ပင်မဆောင်အပါအဝင် ဆေးရုံရှိ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ဓာတ်မှန်စက်တို့ ပျက်စီးသွားခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ ၂.၀ ၂.၁ ၂.၂ စစ်တပ် ဝင်ရောက်စီးနင်းခဲ့သည့် မြိုင်မြို့နယ်မှ တိုက်နယ်ဆေးရုံ ပျက်စီးသွား (20 ဧပြီ 2023)။ ၂၀ ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |