ဗစ်ကာစ် စက်သေနတ်
Vickers Medium Machine Gun | |
---|---|
![]() ၁၉၁၇ ခုနှစ် စက်တင်ဘာလ Menin Road Ridge တိုက်ပွဲတွင် ဗစ်ကာစ် စက်သေနတ်ဖြင့် ပစ်ခတ်နေစဉ် | |
အမျိုးအစား | အလတ်စား စက်သေနတ် |
မူလထုတ်လုပ်ရာ | ယူနိုက်တက်ကင်းဒမ်း |
သုံးစွဲမှု မှတ်တမ်း | |
တာဝန်ထမ်းချိန် | ၁၉၁၂-၁၉၆၈ |
အသုံးပြုသူ | အသုံးပြုသူများ ကို ရှု |
စစ်ပွဲများ | ပထမ ကမ္ဘာစစ် ချာကိုစစ်ပွဲ ဒုတိယ ကမ္ဘာစစ် ၁၉၄၇ အင်ဒို-ပါကစ္စတန် စစ်ပွဲ ၁၉၄၈ အာရပ်-အစ္စရေး စစ်ပွဲ ကိုရီးယားစစ်ပွဲ ကွန်ဂိုအရေးအခင်း တောင်အာဖရိက နယ်စပ်စစ်ပွဲ |
ထုတ်လုပ်မှု မှတ်တမ်း | |
ဒီဇိုင်းထုတ်သည့်နေ့ | ၁၉၁၂ |
ထုတ်လုပ်သူ | ဗစ်ကာစ် |
စတင်ထုတ်လုပ်သည့်နေ့ | ၁၉၁၂-၁၉၆၈ |
အသေးစိတ်အချက်အလက် | |
အလေးချိန် | ၃၃–၅၁ lb (၁၅–၂၃ kg) all-up |
အလျား | ၃ ft ၈ in (၁.၁၂ m) |
ပြောင်း အရှည် | ၂၈ လက်မ(၇၂၀ mm) |
မောင်းနှင်သူ | သုံးဦး |
ကျည်ခွံ | ပွိုင့် ၃၀၃ ဗြိတိသျှ |
Action | recoil with gas boost |
ပစ်ခတ်နှုန်း | ၄၅၀ မှ ၅၀၀ round/min |
ကျည်ထွက်နှုန်း | ၂၄၄၀ ft/s (၇၄၄ m/s) |
ထိရောက်သည့် အကွာအဝေး | ၂,၁၈၇ yd (၂,၀၀၀ m) |
အများဆုံး အကွာအဝေး | ၄,၅၀၀ yd (၄,၁၀၀ m) indirect fire |
Feed system | 250-round canvas belt |
ဗစ်ကာစ်စက်သေနတ် သို့မဟုတ် ဗစ်ကာစ်သေနတ် သည် အဓိကအားဖြင့် မူလတွင် ဗြိတိသျှတပ်အတွက် ဗစ်ကာစ်လီမိတက်မှ ထုတ်လုပ်သော ရေဖြင့်အအေးပေး ပွိုင့် ၃၀၃ ဗြိတိသျှ (၇.၇ မမ) စက်သေနတ်ကို ရည်ညွှန်းသော အမည်တစ်ခု ဖြစ်သည်။ ယင်းစက်သေနတ်သည် တပ်ဆင်လည်ပတ်ရန် ပုံမှန်အားဖြင့် ၆ ယောက်မှ ၈ယောက်ထိရှိသော အဖွဲ့ ၁ ဖွဲ့ (ပစ်သူ ၁၊ ကျည်ဖြည့်သူ ၁၊ ကျန်လူများသည် လက်နက်၊ ကျည်နှင့် အပိုပစ္စည်းများသယ်ရန်) လိုအပ်သည်။ ယင်းစက်သေနတ်ကို မဟာမိတ် ပထမ ကမ္ဘာစစ် တိုက်လေယာဉ်များအတွက် လေအေးပေးစနစ်သုံး စက်သေနတ် အပါအဝင် ပထမကမ္ဘာစစ်မတိုင်မီမှ ၁၉၆၀ နှစ်များမတိုင်မီအထိ အသုံးပြုခဲ့သည်။
အသုံးပြုသူများ[ပြင်ဆင်ရန်]
အယ်လ်ဘေးနီးယား
ဩစတြေးလျ
ဘယ်လ်ဂျီယမ် လေယာဉ်တွင် အသုံးပြုခဲ့သည်။
ဘိုလီးဗီးယား ချာကိုစစ်ပွဲအတွင်း အသုံးပြုခဲ့သည်။
ကနေဒါ
စီလုံ
တရုတ်
ချက်ကိုဆလိုဗားကီးယား (Avia B-534 လေယာဉ်တွင် ပြုပြင်ပြောင်းလဲထားသည့် ဗစ်ကာစ်သေနတ် Mk 30s ကို တပ်ဆင်ခဲ့သည်။)[ကိုးကားချက်လိုသည်]
အီဂျစ်
ပြင်သစ် ပထမကမ္ဘာစစ်အတွင်း ပြင်သစ်လေတပ် (SPAD IX and XIII)
အိန္ဒိယ
အင်ဒိုနီးရှား အင်ဒိုနီးယားပြည်သူ့တော်လှန်ရေးကာလတွင် အသုံးပြုခဲ့သည်။
အိုင်ယာလန်
အီတလီ ခြေလျင်တပ်များအတွက် ၆.၅ မမ နှင့် လေယာဉ်များအတွက် ပွိုင့် ၃၀၃[၁]
လူဇင်ဘတ်
မက္ကဆီကို
နီပေါ
နယ်သာလန်
နယူးဇီလန်
- တမ်းပလိတ်:နိုင်ငံ စာရင်းအင်း Dominion of Newfoundland
ပါကစ္စတန်
ပါရာဂွေး ချာကိုစစ်ပွဲအတွင်း အသုံးပြုခဲ့သည်။
ဖိလစ်ပိုင်
ပေါ်တူဂီ ၁၉၂၉ ခုနှစ်တွင် ပြည်တွင်း၌ ထုတ်လုပ်ခဲ့သည်။
တောင်အာဖရိကသမဂ္ဂ
တောင်ပိုင်းရိုဒီးရှား
ယူနိုက်တက်ကင်းဒမ်း
အမေရိကန် ပထမကမ္ဘာစစ်ကာလအတွင်း အမေရိကန်စက်သေနတ်များရှားပါးမှုကြောင့် ပြင်သစ်သို့စေလွှတ်သည့် အမေရိကန်တပ်များအား ထုတ်ပေးခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ di Difilippo၊ Max (2006)။ Le mitragliatrici italiane della Grande Guerra (in Italian)။ Peaks and Trenches Historical Association။ 20 February 2015 တွင် ပြန်စစ်ပြီး။