ဖေဖော်ဝါရီ ၂၀၂၁
ပုံပန်းသွင်ပြင်
၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | |||
---|---|---|---|---|---|---|---|---|---|
၈ | ၉ | ၁၀ | ၁၁ | ၁၂ | ၁၃ | ၁၄ | |||
၁၅ | ၁၆ | ၁၇ | ၁၈ | ၁၉ | ၂၀ | ၂၁ | |||
၂၂ | ၂၃ | ၂၄ | ၂၅ | ၂၆ | ၂၇ | ၂၈ | |||
၂၉ |
(၁) ရက်
[ပြင်ဆင်ရန်]- နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် တခြား NLD အဖွဲ့ဝင်များ၊ အစိုးရခေါင်းဆောင်များကို စစ်တပ်မှ ဖမ်းဆီးလိုက်ပြီးနောက် တပ်မတော်က နိုင်ငံတော်အာဏာသိမ်းလိုက်သည်။ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာပါသည်။ တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်း ဒုသမ္မတ ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ် တာဝန်ယူပြီး တပ်မတော်ကို အာဏာလွှဲပေးလိုက်ခြင်း ဖြစ်သည်။
- နံနက် (၃)နာရီနောက်ပိုင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ခေတ္တ ပြတ်တောက်ခဲ့ပြီး နေ့လယ်မှ ပြန်လည်ရရှိသည်။
(၂) ရက်
[ပြင်ဆင်ရန်]- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၃) ဦး၊ စုစုပေါင်း (၁၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
- ည(၈)နာရီမှစ၍ စစ်အာဏာသိမ်းအစိုးရကို သံပုံးတီးပြီး ဆန္ဒပြထုတ်ဖော်ကန့်ကွက်ကြသည်။ (သံပုံးတီးကမ်ပိန်း)
(၃) ရက်
[ပြင်ဆင်ရန်]- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် နောက်ထပ် အရပ်သား (၅)ဦး ထပ်မံတိုးခဲ့သည်။
- အာဏာဖီဆန်ပြီး အလုပ်မဆင်းသော CDM လှုပ်ရှားမှုတွင် ကျန်းမာရေးဝန်ထမ်း အများအပြား ပါဝင်လာခဲ့သည်။
- ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာအရေး အရေးပေါ်ဆွေးနွေးခဲ့ပေမယ့် စစ်အာဏာသိမ်းမှုကို ရှုတ်ချသော ကြေညာချက်ထုတ်ဖို့ထိ သဘောမတူနိုင်ခဲ့ပါ။
(၅) ရက်
[ပြင်ဆင်ရန်]- ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
CRPH ကို ဖွဲ့စည်းလိုက်သည်။
(၈) ရက်
[ပြင်ဆင်ရန်]- ရန်ကုန်မြို့ လှည်းတန်းစင်တာအနီး ဆန္ဒပြမှုများတွင် ထောင်နဲ့ချီသော လူများ ပါဝင်ကြသည်။ အများစုက Gen Z (ခေါ်) လူငယ်များ ဖြစ်သည်။
- ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုမရှိတဲ့အကြောင်းနှင့် ရွေးကောက်ပွဲသစ်ကျင်းပပေးမည့် အကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောခဲ့သည်။
(၉) ရက်
[ပြင်ဆင်ရန်]- ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် (၅)နှစ် ထပ်မံ တာဝန်ထမ်းဆောင်နိုင်စေဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြဋ္ဌာန်းလိုက်ကြောင်း ကြေညာသည်။
- နေပြည်တော် ဆန္ဒပြမှုအတွင်း အသက် (၂၁)နှစ်အရွယ် မြသွဲ့သွဲ့ခိုင်ဆိုသူ၏ ဦးခေါင်းသေနတ်ကျည်ဆန်ထိမှန်ခဲ့သည်။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။
(၁၅) ရက်
[ပြင်ဆင်ရန်]- မိုဘိုင်းအင်တာနက်များ ည (၁)နာရီမှ နံနက် (၉)နာရီထိ နေ့စဉ် ဖြတ်တောက်မှုကို စတင်လိုက်သည်။
(၁၆) ရက်
[ပြင်ဆင်ရန်]- မီးရထားဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် အမြောက်အမြား ပါဝင်လာကြသည်။
(၁၉) ရက်
[ပြင်ဆင်ရန်]- နေပြည်တော်တွင် ဆန္ဒပြမှုအတွင်း ဦးခေါင်းကို သေနပ်ထိမှန် ရသော အသက် (၁၉)အရွယ် မြသွဲ့သွဲ့ခိုင် သေဆုံးခဲ့သည်။
(၂၀) ရက်
[ပြင်ဆင်ရန်]- မန္တလေးမြို့၊ ၄၂-လမ်း၊ ရတနာပုံ သင်္ဘောကျင်း၌ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သော အလုပ်သမားများအား ဖမ်းစီးခြင်းကို ရပ်တန့်ရန်
ဆန္ဒပြမှုအတွင်း စစ်တပ်နှင့်ရဲမှအကြမ်းဖက်ခဲ့ပြီး အသက် (၁၆)အရွယ် ဝေယံထွန်း မှာ ဦးခေါင်း သေနတ်ထိမှန်ပြီးသေဆုံးခဲ့သည်။
(၂၂) ရက်
[ပြင်ဆင်ရန်]- အာဏာသိမ်းမှုဖြစ်ပြီးနောက် အကြီးဆုံးဆန္ဒပြမှုအဖြစ် နှစ်ငါးလုံးလှုပ်ရှားမှု မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများ လမ်းပေါ်ထွက်ဆန္ဒပြကြသည်။
(၂၄) ရက်
[ပြင်ဆင်ရန်]- နိုင်ငံခြားအစိုးရတစ်ရပ်နှင့် ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုအဖြစ် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင် ဘန်ကောက်တွင် ထိုင်းအစိုးရအပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်ပါတွေ့ဆုံခဲ့သည်။
(၂၆) ရက်
[ပြင်ဆင်ရန်]- ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်၌ ပြုလုပ်သော အထွေထွေညီလာခံမိန့်ခွန်းတွင် မြန်မာပြည်မှ ဆန္ဒပြပြည်သူတွေဘက်က ရပ်တည်ကြောင်း ပြောကြားလိုက်ပြီး အာဏာရှင်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ပြခဲ့သည်။
(၂၈) ရက်
[ပြင်ဆင်ရန်]- အာဏာရှင်ဆန့်ကျင်ရေး ဒေသတွင်းလှုပ်ရှားမှုအဖြစ် Milk Tea Alliance ဆန္ဒထုတ်ဖော်ပွဲများကို မြန်မာနိုင်ငံမှာသာမက ထိုင်ပေ၊ ဘန်ကောက်၊ မဲလ်ဘုန်းနှင့် ဟောင်ကောင်တို့မှာလည်း ပြုလုပ်ခဲ့ကြသည်။