ကျော်မိုးထွန်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဦးကျော်မိုးထွန်း (၁၉၆၉ဖွား) သည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။ ယခင်က ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။[၁]

ဦးကျော်မိုးထွန်း
Kyaw Moe Tun OPCW 2018.jpg
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (နယူးယောက်မြို့)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀ အောက်တိုဘာ ၂၀၂၀
သမ္မတ
၁၂ဦး​မြောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (ဂျီနီဗာမြို့)[၂]
တာဝန်သက်တမ်း
၂၀၁၈ – စက်တင်ဘာ ၂၀၂၀
ယခင်လူဦးထက်​လင်း
ဆက်ခံသူဦးမြင့်သူ
ကိုယ်ရေး အချက်အလက်များ
နိုင်ငံသားမြန်မာ

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၆၉ ခုတွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဘာသာနှင့် ဘွဲ့ရသည်။ ဂျပန် အပြည်ပြည်ဆိုင်ရာတက္ကသိုလ်မှ စီးပွားစီမံ မဟာဘွဲ့ယူခဲ့သည်။

သက်မွေးလမ်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၃ ခုမှ ၂၀၁၅ ခုအတွင်း နေပြည်တော်နှင့် ရန်ကုန်ရှိ ဝန်ကြီးဌာနရုံးများတွင် တာဝန်ထမ်းကာ အင်ဒိုနီးရှား၊ စင်္ကပူ၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံတို့သို့ သံတမန်ကိစ္စများဖြင့် သွားရောက်ဖူးသည်။

၂၀၁၆မှ ၂၀၁၈အထိ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်း​ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဂျီနီဗာရှိ ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ခဲ့သည်။[၃]ဆွစ်ဇာလန်နိုင်ငံ သံအမတ်[၄]ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အမြဲတမ်းကိုယ်စားလှယ်၊ ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ဝင်[၅] စသော တာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိသည်။

၂၀၂၀ ပြည့်၊ စက်တင်ဘာ ၅ ရက်တွင် သူ့အား ဂျီနီဗာမြို့မှ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ပြန်တမ်းထုတ်သည်။ ၂၀၂၀ ပြည့်၊ အောက်တိုဘာလ ၂၀ ရက်တွင် နယူးယောက်ရှိ ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ပြောင်းရွှေ့တာဝန်ယူသည်။[၆]

၂၀၂၁ ဖေဖော်ဝါရီလ ၂၆ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အာဏာသိမ်းကောင်စီကို ဆန့်ကျင်၍ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက်ကိုယ်စားပြု ပြောဆိုခဲ့သည်။ ထို့ကြောင့် နိုင်ငံကို သစ္စာဖောက်မှု၊ တရားဝင်မဟုတ်သောအဖွဲ့တစ်ခုအတွက် ပြောဆိုမှုဖြင့် ဦးကျော်မိုးထွန်းကို ထုတ်ပယ်သည်ဟု ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ၌ နိုင်ငံပိုင် ရုပ်မြင်သံကြားမှ အာဏသိမ်းကောင်စီက ကြေညာခဲ့သည်။ သို့သော် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို မြန်မာနိုင်ငံအစိုးရသစ်အဖြစ် အသိအမှတ်မပြုဘဲ ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံသံအမတ်အဖြစ် ဆက်လက်ရှိနေကြောင်း ကုလအရာရှိတစ်ဦးကဆိုခဲ့သည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြုကိုယ်စားလှယ်အတွက် အပြောင်းအလဲဖြစ်ကြောင်း ဆက်သွယ်ပြောဆိုမှုမရှိသေးပါဟူ၍လည်း ကုလပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကထုတ်ဖော်ပြောကြားခဲ့ပြီး[၇] ဦးကျော်မိုးထွန်းကလည်း ထိုအမိန့်ကိုတုံ့ပြန်မှုအဖြစ် ဆက်လက်တိုက်ပွဲဝင်သွားရန် သိန္နိဋ္ဌာန်ချထားသည်ဟူ၍ ပြောဆိုခဲ့သည်။[၈]

ထင်ရှားသောဆောင်ရွက်မှု[ပြင်ဆင်ရန်]

၂၀၂၁ ဖေဖော်ဝါရီလ ၂၆ တွင် နယူးယောက်မြို့၌ ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် မထင်မှတ်ထားဘဲ CRPH ကို ကိုယ်စားပြု တက်ရောက်ခဲ့၍ လက်ရှိ အာဏာရယူထားသူကို ဆန့်ကျင်ပြီး ကုလသမဂ္ဂ၌ တက်ရောက်ပြောကြားခဲ့ခြင်းသည် မြန်မာသံတမန်ရေးဖြစ်စဉ်တွင် ရှေးယခင်ကတည်းက မကြားဖူးခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့သည်။ ၎င်း၏ ဆွေးနွေးတင်ပြချက်၌ မြန်မာစစ်တပ်ကို ဆန့်ကျင်ရန်နှင့် မြန်မာပြည်သူများ၏ လုံခြုံရေး တတ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန်ကိုလည်းပြောကြားခဲ့သည်။[၉]

မိသားစုဘဝ[ပြင်ဆင်ရန်]

အိမ်ထောင်ရှိသူဖြစ်ပြီး သားသမီး ၂ ယောက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "New Permanent Representative of Myanmar Presents Credentials"။ 
  2. "ဂျီနီဗာမြို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ညွှန်ချုပ်ဦးကျော်မိုးထွန်းအား ခန့်အပ်" (in Burmese)။ 
  3. "U Kyaw Moe Tun appointed as the Permanent Representative of the Republic of the Union of Myanmar to the United Nations"၊ နိုင်ငံခြားရေး ဝန်ကြီးဌာန [လင့်ခ်သေ]
  4. "H.E. U Kyaw Moe Tun concurrently appointed as Ambassador of Myanmar to the Swiss Confederation"၊ နိုင်ငံခြားရေး ဝန်ကြီးဌာန 
  5. "မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ထံ ခန့်အပ်လွှာ ပေးအပ်"၊ နိုင်ငံခြားရေး ဝန်ကြီးဌာန 
  6. "နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်မိုးထွန်း တာဝန်စတင်ထမ်းဆောင်ခြင်း"၊ နိုင်ငံခြားရေး ဝန်ကြီးဌာန [လင့်ခ်သေ]
  7. "Myanmar coup: UN ambassador fired after anti-army speech"၊ ဘီဘီစီ၊ ၂၈ ဖေဖော်ဝါရီ ၂၀၂၁။ 
  8. "စစ်ကောင်စီက ထုတ်ပယ်သော်လည်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော"၊ မဇ္ဈိမသတင်းဌာန၊ ၂၈ ဖေဖော်ဝါရီ ၂၀၂၁။ 
  9. "ကုလက မြန်မာသံအမတ် စစ်ကောင်စီကို ဆန့်ကျင်ပြီး CRPH ကို ကိုယ်စားပြု တက်ရောက်"၊ ဘီဘီစီ၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁။ ၂၇ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး