ဖရန်စစ် ဖာဒီနန်

ဝီကီပီးဒီးယား မှ

အာ့ချ်ဒျု ဖရန့်ဇ် ဖာဒီနန် ကားလ် လုဒ်ဝစ်ချ် ဂျိုးဆက် မာရီယာ အော့ဖ် ဩစတြီးယား ( ၁၈ ဒီဇင်ဘာ ၁၈၆၃ - ၂၈ ဇွန် ၁၉၁၄) သည် ဩစတြီးယား-ဟန်ဂေရီ မင်းဆက်၏ အိမ်ရှေ့မင်းသား ဖြစ်သည်။[၁] ဆာရာယေဗိုတွင် သူ့အား လုပ်ကြံခံရခြင်းသည် ပထမကမ္ဘာစစ် ဖြစ်ပွားစေသော အဓိက အကြောင်းရင်းဟု ဆိုကြသည်။

  အိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန်နှင့်ကြင်ယာတော်တို့ ဘောစနီးယားမြို့တော်ဆာရာယေဗိုတွင် လုပ်ကြံခံရသောကြောင့်ဖြစ်သည်။ဩစတြီးယား အိမ်ရှေ့မင်းသားအား လုပ်ကြံသူမှာ ဆားဘီးယားအကြမ်းဖက်အသင်ဝင် ဘော့စနီးယန်း အမျိုးသားတစ်ဦးဖြစ်သည်။ ၎င်းသည်ဘော့စနီးယားနှင့် ဆားဘီးယားပူးပေါင်းရေးကို လိုလားသူဖြစ်သည်။ ထိုလုပ်ကြံမှုကို အခွင့်ကောင်းယူကာ ဩစတြီးယားကဆားဘီးယားကို ချေမှုန်းရန် ကြံစည်သည်။ ဩစတြီးယားက ဂျာမနီထောက်ခံမှုဖြင့် ဆားဘီးယားထံ ပြင်းထန်သည့် ရာဇသံပေးပို့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Brook-Shepherd၊ Gordon (1987)။ Royal Sunset: The European Dynasties and the Great War။ Doubleday။ p. 139ISBN 978-0-385-19849-3