မာတိကာသို့ ခုန်သွားရန်

ပေထုံတန် ရှင်နာဝပ်

ဝီကီပီးဒီးယား မှ
ပေထုံတန် ရှင်နာဝပ်
Paethongtarn Shinawatra
แพทองธาร ชินวัตร
ပေထုံတန် ရှင်နာဝပ်အား ၂၀၂၄ ဇူလိုင်လက တွေ့ရစဉ်
၃၁ ဦးမြောက် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁၆ ဩဂုတ်၂၀၂၄  ၂၉ ဩဂုတ် ၂၀၂၅
ဧကရာဇ်မဟာဝဇိရာလင်္ကရဏ
ယခင်လူဆေထာ ထဝီဆင်
ဆက်ခံသူအာနုထင်း ချာန်ဝီရာကွန်း
ယဉ်ကျေးမှုဝန်ကြီး
တာဝန်သက်တမ်း
၃၀ ဇွန် ၂၀၂၅  ၂၉ ဩဂုတ် ၂၀၂၅
ယခင်လူSudawan Wangsuphakijkosol
ဖွေထိုင်းပါတီ ခေါင်းဆောင်
တာဝန်သက်တမ်း
၂၇ အောက်တိုဘာ ၂၀၂၃  ၂၂ အောက်တိုဘာ ၂၀၂၅
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1986-08-21) ၂၁ ဩဂုတ်၊ ၁၉၈၆ (အသက် ၃၉)
ဘန်ကောက်မြို့ထိုင်းနိုင်ငံ
နိုင်ငံရေးပါတီဖူထိုင်းပါတီ
ကြင်ဖော်Pitaka Suksawat
သားသမီး
မိခင်Potjaman Na Pombejra
ဖခင်သက်ဆင် ရှင်နာဝပ်
ဆွေမျိုးသားချင်းပန်ထုံတန် ရှင်နာဝပ်(အကို)
ယင်လပ် ရှင်နာဝပ် (အဒေါ်)
ပညာရေးချူလာလောင်ကွန်း တက္ကသိုလ် (BA)
ဆရီတက္ကသိုလ်(MSc)
လက်မှတ်

ပေထုံတန် ရှင်နာဝပ် (အင်္ဂလိပ်: Paethongtarn Shinawatraထိုင်း: แพทองธาร ชินวัตร)(၂၉ ဩဂုတ် ၁၉၈၆ ဖွား) သည် ထိုင်းနိုင်ငံ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး (၃၁) ဦးမြောက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖြစ်သည်။သူသည် အသက် (၃၇) နှစ် နှင့် ထိုင်းနိုင်ငံ၏ အသက်ငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်ပြီး၊ သူ့ အဒေါ် ယင်လပ် ပြီးနောက် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်သည်။[]

၂၀၂၃ အထွေထွေရွေးကောက်ပွဲတွင် ဖွေထိုင်းပါတီ (Pheu Thai Party)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆေထာ ထဝီဆင် ရာထူးမှ ရပ်စဲခံရပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ၎င်းသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် ရာထူးမှ ဆိုင်းငံ့ခံရပြီးနောက်၊၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ သောကြာနေ့တွင် ကျင့်ဝတ်ဆိုင်ရာ အရှုပ်တော်ပုံဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

၂၀၀၆ခုနှစ်တွင် စစ်တပ်မှ ဖြုတ်ချခြင်းခံခဲ့ရသော ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်၏ သမီးဖြစ်ကာ ၂၀၁၄ခုနှစ်တွင် စစ်တပ်မှဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်၏ တူမ လည်းဖြစ်သည်။

ပေထုံတန်ရှင်နာဝပ်ကို ၁၉၈၆ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မွေးဖွားခဲ့သည်။ ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီး သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သည်။ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ၊ မနုဿဗေဒဘာသာရပ်များဆိုင်ရာ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် အင်္ဂလန်နိုင်ငံ ဆရီတက္ကသိုလ်မှ ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့လွန်ဘွဲ့ရရှိခဲ့သည်။[]

ပေထုံတန်သည် SC Asset ကော်ပိုရေးရှင်း၏ နံပါတ်တစ် ရှယ်ယာရှင်ဖြစ်ကာ ထိုင်းကွန်းဖောင်ဒေးရှင်း၏ ဒါရိုက်တာလည်းဖြစ်သည်။ Pitaka Suksawat နှင့် လက်ထပ်ခဲ့ကာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။

နိုင်ငံရေး

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် မတ်လ ၂၀ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး၌ ပေထုံတန်အား ဖွေထိုင်းပါတီမိသားစု၏ အကြီးအကဲအဖြစ် တင်မြှောက်ခဲ့သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင်ကျင်းပသော နှစ်ပတ်လည်တွေ့ဆုံပွဲ၌ ၎င်းအနေဖြင့် ထိုင်းနိုင်ငံတွင် စစ်အုပ်စုအပြောင်းအလဲကို မြင်လိုပြီး ဝန်ကြီးချုပ်ရာထူးအတွက် မယှဉ်ပြိုင်မီ အတွေ့အကြုံအများကြီးလိုကြောင်း ပြောကြားခဲ့သည်။

ကြိုတင်စစ်တမ်းများအရ ပေထုံတန်သည် ဖွေထိုင်းပါတီ၏ လူကြိုက်အများဆုံး ဝန်ကြီးချုပ်လောင်း ဖြစ်လာခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီလတွင် ပေထုံတန်သည် အခြားသူနှစ်ဦးနှင့်အတူ ဖွေထိုင်းပါတီ၏ ၂၀၂၃ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်လောင်း (၃)ဦးအနက် တစ်ဦး ဖြစ်လာခဲ့သည်။

မဲဆွယ်စည်းရုံးနေစဉ်ကာလတွင် ကိုယ်ဝန်အရင့်အမာဖြင့်ဖြစ်ပြီး ရွေးကောက်ပွဲရက်ရောက်ရန် နှစ်ပတ်အလိုခန့်တွင် ကလေးမီးဖွားခဲ့သည်။ သို့ရာတွင် ကလေးမီးဖွားပြီး ရက်ပိုင်းတွင် မဲဆွယ်စည်းရုံးမှုများ ပြန်လည်စတင်ခဲ့သည်။[][][][]

ဝန်ကြီးချုပ် သက်တမ်း

[ပြင်ဆင်ရန်]

သူသည် ၂၀၂၃ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ တွင် ဖွေထိုင်းပါတီကိုယ်စားပြုပြီး ဝင်ပြိုင်ခဲ့သည်။မဲနိုင်ခဲ့ပြီး ဖွေထိုင်းပါတီ ၏ ဝန်ကြီးချုပ်လောင်း အဖြစ် ရေပန်းစားခဲ့သည်။သို့သော်လည်း သူ သည် ဝန်ကြီးချုပ် အမည်စာရင်း မတင်သွင်းခဲ့ဘဲ ဆေထာ ထဝီဆင် ကိုသာ အမည်တင်သွင်းခဲ့သည်။ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာသည့်   ဆေထာ ထဝီဆင် သည်  အစိုးရအဖွဲ့ထဲ ဝန်ကြီးတစ်ဦး ခန့်အပ်ခဲ့မှုနှင့်စပ်လျဉ်းပြီး ဥပဒေချိုးဖောက်သည်ဟု ဆိုကာ  ထိုင်းအခြေခံဥပဒေတရားရုံး က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် ရာထူးမှရပ်ဆိုင်းခဲ့သည်။ ထိုင်းနိုင်ငံ၏ အာဏာရဖြူထိုင်းပါတီက  သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ  ၎င်းအား ဝန်ကြီးချုပ်လောင်းအဖြစ်ရွေးချယ်ကြောင်း ဩဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။ ထို့နောက် ၂၀၂၄ ဩဂုတ်လ ၁၆ ရက် တွင် ထိုင်းလွှတ်တော် က မဲခွဲဆုံးဖြတ်ပြီး သူ့အား ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။[][]

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ထိုင်းအောက်လွှတ်တော် အတိုက်အခံခေါင်းဆောင် Natthaphong Ruengpanyawut က ဝန်ကြီးချုပ်ပေထုံတန် အား ပြဿနာများစွာကို ဖြေရှင်းရန် ပျက်ကွက်ခြင်းနှင့် သူမ၏ မိသားစုနှင့် သက်ဆင်ရှင်နာဝပ်၏ အကျိုးစီးပွားကို ဆောင်ရွက်နေခြင်းတို့ဖြင့် စွပ်စွဲကာ အယုံအကြည်မရှိ အဆိုကို တင်သွင်းခဲ့သည်။ [] သို့သော် မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မဲခွဲဆုံးဖြတ်မှု၌ ဖယ်သောင်းတန်က ၃၁၉ မဲဖြင့် အနိုင်ရရှိခဲ့သဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့သည်။[၁၀]

ရာထူးမှ ဆိုင်းငံ့ခံခြင်းနှင့် ထုတ်ပယ်ခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ကို ရာထူးမှ ထုတ်ပယ်ရန် စွပ်စွဲထားသည့် အမှုနှင့်ပတ်သက်၍ ၇-၂ မဲဖြင့် ဝန်ကြီးချုပ်တာဝန်ယာယီမှ ဆိုင်းငံ့ခြင်း ခံရသည်။ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် တယ်လီဖုန်းပြောဆိုမှု ပေါက်ကြားခဲ့ခြင်းအပေါ် ရိုးသားမှုမရှိခြင်းနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခြင်းတို့ဖြင့် စွပ်စွဲထားသည့် အထက်လွှတ်တော်အမတ် ၃၆ ဦး၏ လျှောက်လွှာကို ခုံရုံးက လက်ခံခဲ့သည်။[၁၁]

ဤဆုံးဖြတ်ချက်သည် ဖုန်းပြောဆိုမှုတစ်ခုအတွင်း သူမကို မရိုးသားမှုနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများချိုးဖောက်မှုများဖြင့် စွပ်စွဲခဲ့သော အထက်လွှတ်တော်အမတ် ၃၆ ဦး၏ တင်ပြချက်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇွန်လ ၂၀ ရက်နေ့တွင် အထက်လွှတ်တော်ဥက္ကဋ္ဌ Mongkol Surasajja က တင်သွင်းခဲ့သည့် တင်ပြချက်တွင် Paetongtarn သည် ရာထူးကို အလွဲသုံးစားလုပ်ခြင်းနှင့် နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေခြင်းဖြင့် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၆၀ နှင့် ၁၇၀ ကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အမှုကို လက်ခံခဲ့ပြီး ခုခံချေပရန်အတွက် ၁၅ ရက် အချိန်ပေးခဲ့သည်။[၁၂][၁၃]

ထို့နောက် Suriya Jungrungreangkit သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၎င်းနောက် Phumtham Wechayachai က ဝန်ကြီးချုပ်ရာထူးကို ဆက်ခံခဲ့ပြီး ၎င်း၏ ကြားဖြတ်အစိုးရအဖွဲ့တွင် Paetongtarn ကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် ထည့်သွင်းခန့်အပ်ခဲ့သည်။[၁၄]

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ သောကြာနေ့တွင် အပြီးသတ်စီရင်ချက်ချခဲ့ရာ Paetongtarn မှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။[၁၅][၁၆]

ဆက်စပ် ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ထိုင်းနဲ့ အာရှရဲ့ အသက်အငယ်ဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ပေထုန်တန် BBC Burmese။ 2025-6-23 တွင် ပြန်စစ်ပြီး။
  2. matichon (2022-03-22)။ เปิดประวัติ อุ๊งอิ๊ง-แพทองธาร ทายาทชินวัตร หัวหน้าครอบครัวเพื่อไทย (in th)။
  3. "စစ်တပ်ကအသာစီးယူထားတဲ့ ထိုင်းရွေးကောက်ပွဲ"။
  4. "ထိုင်းရွေးကောက်ပွဲ - ထိုင်းနိုင်ငံရေးကို ကိုင်လှုပ်နေကြတဲ့ လူငယ်တွေ"။
  5. "ထိုင်းရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု စတင်ခဲ့ပြီး ဖွဲ့စည်းပုံကိုပြင်ဆင်မည်ဟု အတိုက်အခံများ ကတိပြု"။
  6. "ထိုင်းမဲဆန္ဒရှင်များက ရှင်နာဝပ် တတိယမျိုးဆက်ကို အာဏာပြန်ရစေမှာလား"။
  7. Paetongtarn Shinawatra becomes Thailand’s next PM, youngest ever aljazeera (16 Aug 2024)။ 16 Aug 2024 တွင် ပြန်စစ်ပြီး။
  8. Paetongtarn Shinawatra elected Thailand’s 31st prime minister bangkokpost (16 Aug 2024)။ 16 Aug 2024 တွင် ပြန်စစ်ပြီး။
  9. "Thailand's prime minister faces a no-confidence vote over alleged influence by her father"၊ AP News၊ 24 March 2025။
  10. Thai prime minister survives a challenge by rivals who say her father is pulling the strings (in en) (26 March 2025)။ 2025-03-26 တွင် ပြန်စစ်ပြီး။
  11. Wongcha-um၊ Panu။ "Thai court suspends PM from duty pending case seeking her dismissal" (in en)၊ Reuters၊ 2025-07-01။
  12. Thai government faces leadership vacuum as court suspends Paetongtarn The Nation (2 July 2025)။ 13 August 2025 တွင် ပြန်စစ်ပြီး။
  13. Court suspends Thailand's prime minister to investigate a leaked phone call (in en-US) (1 July 2025)။ 1 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2025 တွင် ပြန်စစ်ပြီး။
  14. Thailand swears in new Cabinet including suspended prime minister (in en-US) (3 July 2025)။ 3 July 2025 တွင် ပြန်စစ်ပြီး။
  15. Thai court removes Prime Minister Paetongtarn Shinawatra from office aljazeera (29 August 2025)။ 29 August 2025 တွင် ပြန်စစ်ပြီး။
  16. Thailand PM Paetongtarn Shinawatra sacked over Cambodia call (in en) (29 August 2025)။ 29 August 2025 တွင် ပြန်စစ်ပြီး။