ပေထုံတန် ရှင်နာဝပ်
ပေထုံတန် ရှင်နာဝပ် Paethongtarn Shinawatra | |
---|---|
แพทองธาร ชินวัตร | |
![]() ၂၀၂၃ခုနှစ်ကတွေ့ရစဉ် | |
ဖူထိုင်းပါတီမိသားစု အကြီးအကဲ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀ မတ် ၂၀၂၂ | |
ယခင်လူ | ရာထူးစတင် |
ဖူထိုင်းပါတီ၏ အကြီးတန်းအကြံပေး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၈ အောက်တိုဘာ ၂၀၂၁ | |
ယခင်လူ | ရာထူးစတင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ | ၂၁ ဩဂုတ်၊ ၁၉၈၆
နိုင်ငံရေးပါတီ | ဖူထိုင်းပါတီ |
ကြင်ဖော်(များ) | Pitaka Suksawat |
သားသမီး | ၂ |
မိခင် | Potjaman Na Pombejra |
ဖခင် | သက်ဆင် ရှင်နာဝပ် |
ဆွေမျိုးသားချင်း | ပန်ထုံတန် ရှင်နာဝပ်(အကို) ယင်လပ် ရှင်နာဝပ် (အဒေါ်) |
ပညာရေး | ချူလာလောင်ကွန်း တက္ကသိုလ် (BA) ဆရီတက္ကသိုလ်(MSc) |
ပေထုံတန် ရှင်နာဝပ် (အင်္ဂလိပ်: Paethongtarn Shinawatra၊ ထိုင်း: แพทองธาร ชินวัตร) သည် ထိုင်းနိုင်ငံမှ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ၂၀၀၆ခုနှစ်တွင် စစ်တပ်မှ ဖြုတ်ချခြင်းခံခဲ့ရသော ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်၏ သမီးဖြစ်ကာ ၂၀၁၄ခုနှစ်တွင် စစ်တပ်မှဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်၏ တူမလည်းဖြစ်သည်။ ၂၀၂၃ အထွေထွေရွေးကောက်ပွဲတွင် ဖူထိုင်းပါတီ (Pheu Thai Party)မှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]
ပေထုံတန်ရှင်နာဝပ်ကို ၁၉၈၆ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မွေးဖွားခဲ့သည်။ ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီး သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သည်။ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ၊ မနုဿဗေဒဘာသာရပ်များဆိုင်ရာ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် အင်္ဂလန်နိုင်ငံ ဆရီတက္ကသိုလ်မှ ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့လွန်ဘွဲ့ရရှိခဲ့သည်။[၁] ပေထုံတန်သည် SC Asset ကော်ပိုရေးရှင်း၏ နံပတ်တစ် ရှယ်ယာရှင်ဖြစ်ကာ ထိုင်းကွန်းဖောင်ဒေးရှင်း၏ ဒါရိုက်တာလည်းဖြစ်သည်။ Pitaka Suksawat နှင့် လက်ထပ်ခဲ့ကာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။
နိုင်ငံရေး[ပြင်ဆင်ရန်]
၂၀၂၂ခုနှစ် မတ်လ ၂၀ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေး၌ ပေထုံတန်အား ဖူထိုင်းပါတီမိသားစု၏ အကြီးအကဲအဖြစ် တင်မြှောက်ခဲ့သည်။ ၂၀၂၂ခုနှစ် ဧပြီလတွင်ကျင်းပသော နှစ်ပတ်လည်တွေ့ဆုံပွဲ၌ ၎င်းအနေဖြင့် ထိုင်းနိုင်ငံတွင် စစ်အုပ်စုအပြောင်းအလဲကို မြင်လိုပြီး ဝန်ကြီးချုပ်ရာထူးအတွက် မယှဉ်ပြိုင်မီ အတွေ့အကြုံအများကြီးလိုကြောင်း ပြောကြားခဲ့သည်။
ကြိုတင်စစ်တမ်းများအရ ပေထုံတန်သည် ဖူထိုင်းပါတီ၏ လူကြိုက်အများဆုံး ဝန်ကြီးချုပ်လောင်း ဖြစ်လာခဲ့သည်။ ၂၀၂၃ခုနှစ် ဧပြီလတွင် ပေထုံတန်သည် အခြားသူနှစ်ဦးနှင့်အတူ ဖူထိုင်းပါတီ၏ ၂၀၂၃ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်လောင်း (၃)ဦးအနက် တစ်ဦး ဖြစ်လာခဲ့သည်။
မဲဆွယ်စည်းရုံးနေစဉ်ကာလတွင် ကိုယ်ဝန်အရင့်အမာဖြင့်ဖြစ်ပြီး ရွေးကောက်ပွဲရက်ရောက်ရန် နှစ်ပတ်အလိုခန့်တွင် ကလေးမီးဖွားခဲ့သည်။ သို့ရာတွင် ကလေးမီးဖွားပြီး ရက်ပိုင်းတွင် မဲဆွယ်စည်းရုံးမှုများ ပြန်လည်စတင်ခဲ့သည်။[၂][၃][၄][၅]
ကိုးကား[ပြင်ဆင်ရန်]
- ↑ matichon (2022-03-22)။ เปิดประวัติ อุ๊งอิ๊ง-แพทองธาร ทายาทชินวัตร หัวหน้าครอบครัวเพื่อไทย (in th)။
- ↑ "စစ်တပ်ကအသာစီးယူထားတဲ့ ထိုင်းရွေးကောက်ပွဲ"။
- ↑ "ထိုင်းရွေးကောက်ပွဲ - ထိုင်းနိုင်ငံရေးကို ကိုင်လှုပ်နေကြတဲ့ လူငယ်တွေ"။
- ↑ "ထိုင်းရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု စတင်ခဲ့ပြီး ဖွဲ့စည်းပုံကိုပြင်ဆင်မည်ဟု အတိုက်အခံများ ကတိပြု"။
- ↑ "ထိုင်းမဲဆန္ဒရှင်များက ရှင်နာဝပ် တတိယမျိုးဆက်ကို အာဏာပြန်ရစေမှာလား"။