ထိုင်းအထွေထွေရွေးကောက်ပွဲ၊ ၂၀၂၃

ဝီကီပီးဒီးယား မှ
၂၀၂၃ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲ

← ၂၀၁၉ ၁၄ ​မေ ၂၀၂၃ ၂၀၂၇ →

ရွေးကောက်ပွဲရလဒ်

ရွေးကောက်ပွဲ မတိုင်မီ ဝန်ကြီးချုပ်

ပရာယွတ်ချန်အိုချာ
ညီညွတ်​သောထိုင်းပါတီ (UTN)

ဝန်ကြီးချုပ်

TBD

ထိုင်းအထွေထွေရွေးကောက်ပွဲ၊ ၂၀၂၃သည် ထိုင်းနိုင်ငံတွင် ၂၀၂၃ခုနှစ် မေလ (၁၄)ရက်နေ့၌ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများအတိုင်း ပါလီမန်ကိုဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲကျင်းပမည့်ရက်အား ၂၀၂၃ခုနှစ် မတ်လ (၂၁)ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ကအတည်ပြုခဲ့သည်။[၁] ထိုင်းနိုင်ငံတွင် ၂၀၁၄ခုနှစ် အာဏာသိမ်းမှုအပြီး ဒုတိယမြောက်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲဖြစ်သည်။[၂]

ရွေးကောက်ပွဲကော်မရှင်က ပဏာမရလဒ်ကို မေလ (၁၅)ရက်နေ့တွင် ကြေညာခဲ့ရာ ရှေ့သို့ပါတီမှ အမတ်အများစု ဦးဆောင်နေကာ ဖူထိုင်းပါတီမှ ဒုတိယနေရာမှ ဦးဆောင်နေသည်။ လက်ရှိအာဏာရ ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်တို့၏ ပါတီများကမူ အ​ရေးမလှခဲ့​ပေ။ အနိုင်ရအတိုက်အခံပါတီများက အထက်လွှတ်​တော်အမတ်များ၏ အန္တရာယ်မှ ​ရှောင်ရှားပြီး အစိုးရအသစ်ဖွဲ့နိုင်ရန်အတွက် အတိုက်အခံများအချင်းချင်း မဟာမိတ်ဖွဲ့မည်ဟု ​ကြေညာခဲ့သည်။[၃]

နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံတွင် ၂၀၁၄ခုနှစ်၌ အာဏာရ ယင်လပ်အစိုးရထံမှ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာဦးဆောင်သောစစ်တပ်က အာဏာသိမ်းယူခဲ့သည်။ ထို့နောက် အမျိုးသားအေးချမ်းသာယာရေးနှင့် ငြိပ်ဝပ်ပိပြားမှုကောင်စီ၏ ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၇ခုနှစ်တွင် အခြေခံဥပဒေအသစ် အတည်ပြုခဲ့သည်။ အခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်ရှိပြီး အထက်လွှတ်တော်တွင် စစ်တပ်မှရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ် (၂၅၀)၊ အောက်လွှတ်တော်တွင် ရွေးကောက်ခံအမတ် (၅၀၀) ပါဝင်သည်။

၂၀၁၉ခုနှစ် မတ်လ (၂၄)ရက်တွင် ထိုအခြေခံဥပဒေဖြင့် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ထိုဥပဒေအရ အာဏာသိမ်းစစ်တပ်မှလာသော ဝန်ကြီးချုပ် ပရာယွတ်သည် အခွင့်အရေးအသာရခဲ့သည်။ ထို့နောက် ညွန့်ပေါင်းအစိုးရပေါ်ပေါက်လာပြီး ပရာယွတ်သည် အာဏာသိမ်းရာထူးမှနေ၍ ရွေးကောက်ခံဝန်ကြီးချုပ် အသွင်ပြောင်းလာခဲ့သည်။ ပရာယွတ်သည် ဝန်ကြီးချုပ် ဒုတိယသက်တမ်းအဖြစ် ၂၀၁၉ခုနှစ် ဇွန်လတွင် စတင်တာဝန်ယူခဲ့သည်။[၄] လက်ရှိအခြေခံဥပဒေအရ ဝန်ကြီးချုပ်တစ်ဦးသည် (၄)နှစ်သက်တမ်း နှစ်ကြိမ် စုစုပေါင်း (၈)နှစ်သာ တာဝန်ယူခွင့်ရှိသည်။ ထို့ကြောင့် ၂၀၁၄ခုနှစ်မှစ၍ ဝန်ကြီးချုပ်ဖြစ်လာသော ပရာယွတ်သည် ၂၀၂၂ခုနှစ်တွင် သက်တမ်းပြည့်ပြီဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းအားရာထူးမှ ဆိုင်းငံ့ထားခဲ့သည်။ သို့သော် တစ်လခန့်အကြာတွင် အခြေခံဥပဒေဆိုင်ရာခုံရုံးက ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းအား အခြေခံဥပဒေစတင်အသက်ဝင်သည့် ၂၀၁၇ခုနှစ်မှသာ ရေတွက်ကြောင်း ဆုံးဖြတ်သဖြင့် ဆက်လက်၍ တာဝန်ထမ်းဆောင်ခွင့် ရခဲ့သည်။

၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းတွင် ယရာယွတ်သည် အာဏာရ Palang Pracharathပါတီနှင့် သဘောထားကွဲလွဲပြီးနောက် ၂၀၂၃ခုနှစ်တွင် United Thai Nation (UTN) ပါတီ၏ ဝန်ကြီးချုပ်လောင်းကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ပရာယွတ်က ၎င်း၏ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်မရပါက နိုင်ငံရေးလောကမှ အနားယူမည်ဖြစ်ကြောင်း မဲဆွယ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိပါက ၂၀၂၅ခုနှစ်အထိသာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။

၂၀၂၃ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆၇)ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထိုပါတီများကို ယေဘူယျအားဖြင့် အုပ်စုခွဲပါက လက်ရှိညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များ၏ ပါတီများဖြစ်သော Palang Pracharath ပါတီ၊ Bhumjaithai ပါတီ၊ ဒီမိုကရက်ပါတီနှင့် UTN ပါတီတို့က တစ်အုပ်စု၊ အတိုက်အခံပါတီများဖြစ်ကြသော ဖြူထိုင်းပါတီ၊ Move Forward ပါတီများက တစ်အုပ်စုဖြစ်သည်။

အတိုက်အခံ ဖူထိုင်းပါတီ၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းမှာ ၂၀၀၆ခုနှစ်တွင် စစ်တပ်မှဖြုတ်ချခဲ့သော ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်၏ သမီး၊ ၂၀၁၄ခုနှစ်တွင် စစ်တပ်မှဖြုတ်ချခဲ့သော ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်၏ တူမ ပေထုံတန်ရှင်နာဝပ်ဖြစ်သည်။ ၎င်းသည် အသက် (၃၆)နှစ်သာရှိသေးပြီး အနိုင်ရရှိပါက ၎င်း၏အဒေါ်ပြီးနောက် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။[၃][၅]

ကိုးကား[ပြင်ဆင်ရန်]