နေတိုးမဟုတ် မဟာမိတ်နိုင်ငံကြီး

ဝီကီပီးဒီးယား မှ
နေတိုးမဟုတ်သော မဟာမိတ်နိုင်ငံကြီးများ
Major non-NATO ally

  အမေရိကန်ပြည်ထောင်စု   နေတိုးမဟုတ်သော မဟာမိတ်နိုင်ငံကြီးများ   ယခင်မဟာမိတ်နိုင်ငံဟောင်းများ   နေတိုးအဖွဲ့ဝင်နိုင်ငံများ
  နေတိုးမဟုတ်သော မဟာမိတ်နိုင်ငံကြီးများ
  ယခင်မဟာမိတ်နိုင်ငံဟောင်းများ
  နေတိုးအဖွဲ့ဝင်နိုင်ငံများ
အမျိုးအစားအမေရိကန်နှင့် နေတိုးမဟုတ်သောနိုင်ငံများ၏ စစ်ဘက်မဟာမိတ်အဖွဲ့
အဖွဲ့ဝင်များ
တည်ထောင်၁၉၈၇

နေတိုးမဟုတ် မဟာမိတ်နိုင်ငံကြီး (အင်္ဂလိပ်: Major non-NATO ally) သည် အမေရိကန်အစိုး‌ရမှ နေတိုး (မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့) ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း အမေရိကန်ပြည်ထောင်စု တပ်မတော်နှင့် နီးစပ်စွာဆောင်ရွက်လျက်ရှိသော မဟာမိတ်နိုင်ငံများကိုခေါ်ဝေါ်သည့် အခေါ်အဝေါ်ဖြစ်သည်။

အကျိုးအမြတ်များ[ပြင်ဆင်ရန်]

နေတိုးမဟုတ်သော မဟာမိတ်နိုင်ငံကြီးများသည် အောက်ဖော်ပြပါ အကျိုးအမြတ်များကို ရရှိနိုင်သည်။[၃]

  • ကုန်ကျစရိတ်မျှဝေသုံးစွဲ၍ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်များတွင်ပါဝင်နိုင်ခြင်း
  • အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအချို့တွင်ပါဝင်နိုင်ခြင်း
  • တင့်ကားကိုဖျက်ဆီးနိုင်သည့် "Depleted Uranium" ခေါ် ယူရေနီယမ်သတ္တုပြတ်များ ပါဝင်သည့်ကျည်ဆန်များ ဝယ်ယူနိုင်ခြင်း
  • ပိုလျှံစစ်ဘက်ပစ္စည်းများကို ဦးစွာရရှိနိုင်ခြင်း
  • အမေရိကန်စစ်စခန်းများပြင်ပရှိ ကာကွယ်ရေးဦးစီးဌာနပိုင် အရံစစ်ပစ္စည်းများရရှိနိုင်ခြင်း
  • သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်များအတွက် စက်ကိရိယာနှင့်ပစ္စည်းများရယူနိုင်ခြင်း
  • အချို့သောကာကွယ်ရေးပစ္စည်းကိရိယာများ ဝယ်ယူခြင်းသို့မဟုတ် ငှားရမ်းခြင်းအတွက် အမေရိကန်ဘဏ္ဍာငွေကို အသုံးပြုခွင့်ရခြင်း
  • အပြန်အလှန်စစ်ရေးလေ့ကျင့်မှုများ
  • အာကာသနည်းပညာဆိုင်ရာတို့ကို အလျင်အမြန်ရရှိနိုင်ခြင်း
  • နိုင်ငံ၏ကော်ပိုရေးရှင်းများအနေဖြင့် အချို့သောကာကွယ်ရေးဦးစီးဌာနဆိုင်ရာများကို အမေရိကန်ပြည်ထောင်စုပြင်ပရှိ စစ်လက်နက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် ငွေကြေးပေး၍တောင်းဆိုနိုင်ခြင်း

ဆက်စပ်ကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Major Non-NATO Ally Status (in en-US)။ 2020-05-07 တွင် ပြန်စစ်ပြီး။
  2. What’s New။ October 21, 2021 တွင် ပြန်စစ်ပြီး။ “The US Government designates 20 countries as Major Non-NATO Allies (MNNA) with which it has strategic working relationships in the areas of defense trade and security cooperation. The countries are: Argentina, Afghanistan, Australia, Bahrain, Brazil, Colombia, Egypt, Israel, Japan, Jordan, Kuwait, Morocco, New Zealand, Pakistan, Philippines, Qatar, South Korea, Thailand, and Tunisia. While MNNA status provides military and economic privileges, it does not entail any security commitments. Information on MNNA status has been added to the “Military – note” for each of these countries.”
  3. Major Non-NATO Ally (MNNA) (September 15, 2012)။ July 24, 2018 တွင် ပြန်စစ်ပြီး။