နီလင်းအောင်
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် | |
---|---|
အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၄ ဩဂုတ် ၂၀၂၄ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး |
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်သက်တမ်း ၂၁ ဇူလိုင် ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၄ | |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဗိုလ်ချုပ်ဇင်မင်းထက် |
ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ | |
တာဝန်သက်တမ်း ၂၁ ဇူလိုင် ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၄ | |
ယခင်လူ | ဗိုလ်ချုပ်ဇင်မင်းထက် |
ဆက်ခံသူ | ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး[၁] |
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး | |
တာဝန်သက်တမ်း ၂၀၂၂ – ၂၀၂၃ | |
ယခင်လူ | ဗိုလ်ချုပ် မျိုးမင်းထွန်း |
ဆက်ခံသူ | ဗိုလ်ချုပ်အောင်ခိုင်ဝင်း [၂] |
ကိုယ်ရေး အချက်အလက်များ | |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်လဲ့လဲ့မာ |
သားသမီး | ၂ |
မိခင်ကျောင်း | စစ်တက္ကသိုလ် အမှတ်စဉ်(၃၇) |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သည် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်သည်။[၃]ယခင်က ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ရဲချုပ် အဖြစ်လည်း ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။[၄][၅][၆]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် စစ်တက္ကသိုလ်အပါတ်စဉ် ၃၇ ဆင်းဖြစ်သည်။သူသည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မဖြစ်ခင် တပ်မတော်တွင် တိုင်းမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။နောက်ဆုံး တာဝန်မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သည်။ယင်းမတိုင်ခင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူးကို ၂၀၂၃ ဇူလိုင်လ တွင်မှ ရရှိလာခြင်းဖြစ်သည်။[၇] [၈][၉][၁၀] သူသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ တွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး တာဝန် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် တာဝန် အပ်နှင်းခံရသည်။၂၀၂၄ ခုနှစ် ဩဂုတ် လ ၃ရက်နေ့တွင် ၎င်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထိုတာဝန်များမှနေ၍ စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခဲ့သည်။
အရေးယူပိတ်ဆို့ခံရမှု
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့သော အရပ်သား ၃၅ယောက်သတ်ဖြတ်ခဲ့ရမှုတွင် အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရပြီး ယင်းကိစ္စနှင့် ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုက ၎င်းကို အရေးယူပိတ်ဆို့ထားသည်။[၁၁][၁၂][၁၃][၁၄][၁၅]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဇနီးဖြစ်သူမှာ ဒေါ်လဲ့လဲ့မာ ဖြစ်ပြီး သားသမီး ၂ဦးရှိသည်။[၁၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်။ MOI Myanmar (၉ ဩဂုတ် ၂၀၂၄)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြောက်ပိုင်းတိုင်း တိုင်းမှူးအပါအဝင် တိုင်းမှူးတချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၂၂ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်တန်းအရာရှိကြီး ၅၀ ကျော် ဖယ်ရှားခံရ။ BBC Burmese (၈ ဩဂုတ် ၂၀၂၄)။ ၈ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇ / ၂ဝ၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် ( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်) ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်းနှင့် ရဲချုပ်တာဝန် ပူးတွဲတာဝန်ပေးခြင်း။ MOI Myanmar (၂၁ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဖရူဆိုလူသတ်ပွဲ တာဝန်ရှိသူဟု စွပ်စွဲခံရသည့် စစ်ဗိုလ်ချုပ်တဦး ရဲချုပ်ဖြစ်လာ။ Myanmar Now (၂၁ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခြင်း။ MOI Myanmar (၃ ဩဂုတ် ၂၀၂၄)။ ၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Myanmar Junta Reshuffles Regional Commanders။ The Irrawaddy (21 July 2023)။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ ကယားဌာနေ ပြည်သူ့စစ်များကို စည်းရုံးပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေ။ ဧရာဝတီသတင်း (၂၂ မတ် ၂၀၂၂)။ ၂၂ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော် တပ်နယ်နှင့် ဖယ်ခုံတပ်နယ်တို့မှ အရာရှိ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား။ MWD Weportal (၃ ဖေဖော်ဝါရီ ၂၀၂၂)။ ၂၂ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံလေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နိုင်မည့် အခြေအနေများနှင့် ကျိုင်းတုံဟော်နန်း ပုံစံတူ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး။ CINCDS Myanmar (၁၁ မေ ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Myanmar: Japan-Trained General Linked to Abusive Forces။ HRW (10 August 2022)။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ Treasury Sanctions Military Leaders, Military-Affiliated Cronies and Businesses, and a Military Unit Prior to Armed Forces Day in Burma။ U.S. DEPARTMENT OF THE TREASURY (25 March 2022)။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ Ni Lin Aung။ OpenSanctions။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ မိုဆိုရွာ အစုအပြုံလိုက် အသတ်ခံရမှု ၂၇ ယောက် အတည်ပြု၊ ၁၄ ဦး ပျောက်ဆုံးနေဆဲ။ RFA Burmese (၂၇ ဒီဇင်ဘာ ၂၀၂၁)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဖရူဆိုမြို့နယ်ထဲက အစုလိုက် အသတ်ခံရတဲ့ အလောင်းတွေ သယ်လို့မရသေး။ BBC Burmese (၂၆ ဒီဇင်ဘာ ၂၀၂၁)။ ၂၂ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မင်းအောင်လှိုင် လက်ကိုင်တုတ် စစ်ရာဇဝတ်မှုများ၏ တရားခံ လူမိုက် ဗိုလ်ချုပ်နီလင်းအောင်။ ရန်ကုန်ခေတ်သစ်မီဒီယာ (၁၁ မေ ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။