နတ်ဇန်ရွာ၊ တွန်းဇံမြို့နယ်
| နတ်ဇန် | |
|---|---|
| ရွာ | |
| နတ်ဇန်ရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 23°39′14″N 93°41′38″E / 23.6537990570068°N 93.6939697265625°Eကိုဩဒိနိတ်: 23°39′14″N 93°41′38″E / 23.6537990570068°N 93.6939697265625°E | |
| နိုင်ငံ | |
| ပြည်နယ် | |
| ခရိုင် | ဖလမ်းခရိုင် |
| မြို့နယ် | တွန်းဇံမြို့နယ် |
| ကျေးရွာအုပ်စု | တွီးတွမ်း |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
နတ်ဇန်ရွာ(အင်္ဂလိပ်: Nakzang)သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ တွီးတွမ်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၇၉၆၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တွီးတွမ်းကျေးရွာအုပ်စုတွင် ကျား ၃၁၇ ဦး၊ မ ၃၆၀ ဦး၊ လူဦးရေ စုစုပေါင်း ၆၇၇ ဦး နေထိုင်သည်။ [၁]
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် Zomi Revolutionary Army (ZRA) နှင့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က တွန်းဇံမြို့နယ်ရှိ CNA တပ်မဟာ (၄) စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းကျူးကျော်မှုကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မဟာမိတ်တပ်ဖွဲ့များက ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီး ZRA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့သည်။ ဆုတ်ခွာသည့် လမ်းကြောင်းတစ်လျှောက်တွင် ZRA တပ်ဖွဲ့ဝင်များသည် အိမ်ခြေ ၈၀ ခန့်ရှိသော Nakzang (နတ်ဇန်) ရွာကို ဘုရားရှိခိုးကျောင်းမှ လွဲ၍ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်။ ဤတိုက်ခိုက်မှုသည် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲထားချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ "တွန်းဇံမြို့ရှိ CNA တပ်စခန်းကို စစ်တပ်နှင့် ZRA ပူးပေါင်း အဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး Nakzang ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွား"၊ Khit Thit Media၊ 2025 April 5။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။
| ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |