ဘားဘာ ရိုးရာဘာသာတရား

ဝီကီပီးဒီးယား မှ

ဘားဘာ ရိုးရာဘာသာတရား (အင်္ဂလိပ်: traditional Berber religion) သည် မြောက်အာဖရိကဒေသကြီး၏ ဘားဘာလူမျိုးများ (အဲမယ်ဇီးမူရင်းနေထိုင်သူများ) လက်ခံကျင့်သုံးသော ယုံကြည်မှုများ၊ ကိုးကွယ်သော နတ်ဒေဝါများအကြောင်းကို စုစည်းထားသော ရှေးဟောင်း ယုံကြည်မှုအယူအဆတစ်ခုဖြစ်သည်။ များစွာသော ရှေးဟောင်းအဲမယ်ဇီး ယုံကြည်မှုများသည် ဒေသတွင်း၌ ဖွံ့ဖြိုးတိုးတက်လာခဲ့စဉ် အခြားတစ်ဖက်တွင် အချို့သောယုံကြည်မှုအယူအဆများသည် အခြားသောအာဖရိက ရိုးရာဘာသာတရားများဖြစ်သော အီဂျစ်ရိုးရာဘာသာတို့နှင့် ထိတွေ့မှုရှိခြင်း (သို့) ရှေးခေတ်ကာလများ၌ ဟဲလင်နစ်ဂရိဝါဒ၊ အိုင်ဘဲရီးယန်း ဒဏ္ဍာရီ၊ ဂျူးဘာသာ၊ ပျူးနစ်ဘာသာတို့မှ ချေးယူသုံးစွဲခြင်း စသည်တို့၏ လွှမ်းမိုးခြင်းခံခဲ့ရသည်။ များမကြာသေးမီက အဓိကလွှမ်းမိုးသော ဘာသာတရားမှာ အစ္စလာမ်ဘာသာ နှင့် အလယ်ခေတ်အတွင်းက အစ္စလာမ်ခေတ်မတိုင်မီ အာရေးဘီးယားရှိ ဘာသာတရား တို့ဖြစ်ကြသည်။ ရှေးခေတ် အဲမယ်ဇီး ယုံကြည်မှုအချို့သည် ဤအဲမယ်ဇီး ယဉ်ကျေးမှု၊ ရိုးရာအစဉ်လာများအတွင်း ယခုထိတိုင် ညင်သာသိမ်မွေ့စွာ တည်ရှိလျက် ရှိသည်။ အဲမယ်ဇီး ရိုးရာဘာသာတရားမှ ရောနှောပေါင်းစပ်ထားသည့် လွှမ်းမိုးမှုများကို အချို့သော အခြားယုံကြည်မှုများတွင် တွေ့ရှိနိုင်ပေသည်။

ဈာပနဆိုင်ရာ ကျင့်ထုံးများ[ပြင်ဆင်ရန်]

မက်ဂရက် (Maghreb) ဒေသရှိ သမိုင်းမတင်မီခေတ် အုတ်ဂူများနှင့်ပတ်သက်၍ ပြုလုပ်ထားသော ရှေးဟောင်းသုတေသနများက လူသေအလောင်းများကို မြေဝါရောင် (ochre) (ရံခါတွင် အနီ/အညို လည်းရှိသည်) ဆေးသုတ်သည်ဟု ဖော်ပြသည်။ ထိုထုံးတမ်းများကို အိုင်ဘဲရိုမောင်းရူးရှန်းဒေသ နေသူများအဖို့ သိရှိကြသော်လည်း ဤယဉ်ကျေးမှုသည် ကဲပ်ဆီရန်တို့ အလုပ်ကျင့်ထုံးဖြစ်နိုင်ဖွယ်ရာရှိသည်။ သေသူများကို တစ်ခါတစ်ရံတွင် ငှက်ကုလားအုတ် ဥခွံများ၊ ကျောက်မျက်ရတနာ၊ လက်နက်များနှင့်အတူ မြှုပ်နှံကြသည်။ အလောင်းများကို (မိခင်ဝမ်းထဲရှီ)သန္ဓေသားအနေအထားဖြင့် မြှုပ်နှံကြသည်။[၁]

ပြည်မ(ကုန်းမ)နေ ဘားဘာလူမျိုး အများစုနှင့်မတူဘဲ ဂွားန်ချီဘားဘာလူမျိုးတို့က သေသူများကို မံမီ ပြုလုပ်ကြသည်။ ရောမတက္ကသိုလ် ပါမောက္ခ ဖေဘရီဇီယို မိုရီ (၁၉၂၅-၂၀၁၀)သည် သိရှိသမျှသော ရှေးမံမီရုပ်အလောင်းများထက် နှစ်တစ်ထောင်ပို၍စောသော နှစ်ပေါင်း (၅,၅၀၀) သက်တမ်းရှိ လစ်ဗျား မံမီရုပ်အလောင်းတစ်ခုကို ၁၉၅၈တွင် တွေ့ရှိခဲ့၏။[၂][၃]

သေသူများကို ကိုးကွယ်ယုံကြည်မှု[ပြင်ဆင်ရန်]

"ဘားဘာလူမျိုးများ" စာအုပ်ရေးသားသူများက သေလွန်သူများကို ယုံကြည်ကိုးကွယ်ခြင်းသည် ရှေးဟောင်းဘားဘားတို့၏ အထူးထင်ရှားသော ဝိသေသလက္ခဏာများအနက် တစ်ခုဖြစ်သည်ဟု ဆိုကြသည်။[၄] ပွန်ပွန်းညပ်စ် ​မေလာ (Pomponius Mela) က အောဂျစ်လေ (Augilae) (ယနေ့ခေတ် - လစ်ဗျားနိုင်ငံ အောဂျစ်လာမြို့ (Awjila)) မြို့သားများသည် ၎င်းတို့၏ ရှေးဘိုးဘေးဝိဉာဉ်များကို နတ်များဟူ၍ ယူဆထင်မှတ်ကြသည်။ ထိုနတ်များကို တိုင်တည်၊ ဆွေးနွေးကြသည်။ တောင်းဆိုမှုများပြုပြီးသည့်နောက် ထိုအုတ်ဂူများတွင် အိပ်ကြ၍ အိပ်မက်မှတဆင့် အဖြေများကို စောင့်စားကြသည်။[၅]

ဟစ်ရောဒထ(စ်) (ဘီစီ ၄၈၄ - ဘီစီ ၄၂၅ ဝန်းကျင်) က နဲဆာမုန်းနက်စ် များတွင်လည်း ထိုအကျင့်မျိုးရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။ နဲဆာမုန်းနက်စ်များသည် ဆီဝါအိုအေစစ်နှင့် အောဂစ်လာ ဒေသများတဝိုက်ရှိ ကန္တရများတွင်နေထိုင်သော ဘားဘာအစုဖြစ်သည်။ ၎င်းက ဤသို့ရေးသားခဲ့သည်။

[..] သီလသမာဓိကောင်း၍ ရဲရင့်ဆုံးသူများဟု ဆိုနိုင်ခဲ့သည့်သူများကို ထိုအုပ်စုဝင်များက တိုင်တည်ကြသည်။ ဤနည်းအားဖြင့် လက်များကို သင်္ချိုင်းအုတ်ဂူများအပေါ်တင်ကြသည်။ ၎င်းတို့၏ ရှေးဘိုးဘေးများ၏ အုတ်ဂူမြေပုံများဆီသို့ သွား၍ စမ်းတဝါးဝါးရှာဖွေကြသည်။ ထို့နောက် ဆုတောင်းကာ ထိုအုတ်ဂူများအပေါ်သို့တက်ရောက်အိပ်စက်ကြသည်။ ထိုသူသည် အိပ်မက်၌ မြင်မက်သည့်အရာတိုင်းကို လက်ခံကြ၏။[၆]

ဘားဘာတို့သည် ၎င်းတို့၏ အရှင်ဘုရင်ကိုလည်း ကိုးကွယ်ကန်တော့ကြ၏။[၇] နျူးမစ်ဒီယန်ဘုရင်များ၏ အုတ်ဂူများသည် ဂန္ထဝင်ဘားဘားလူမျိုးတို့၏ အထင်ရှားဆုံး ကြွင်းကျန်ရစ်သော အထိမ်းအမှတ်အဆောက်အဦးများအနက်က တစ်မျိုးဖြစ်လေသည်။

ခေတ်သစ် ဘားဘာလူမျိုးများကြား မူစလင် သူတော်စင်များ (Marabout) ကို ပူဇော်ခြင်း (ကိုးကွယ်ခြင်းမဟုတ်)သည် အနောက်မြောက် အာဖရိကဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ကြ၍ ထိုအလေ့သည် သေသောသူများနှင့် သက်ဆိုင်သော ဦးစားပေးဓလေ့၊ ယုံကြည်မှုများနှင့်ပတ်သက်၍ သဲလွန်စအရိပ်အရောင် ပါရှိနိုင်သလို မပါရှိဟုလည်းဆိုနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Ouachi, Moustapha. “The Berbers and the death.” El-Haraka
  2. Wan Muhuggiag။ 16 November 2015 တွင် ပြန်စစ်ပြီး။ (See Uan Muhuggiag for some additional details.)
  3. Hooke, Chris (Director) (2003)။ The mystery of the Black Mummy (Motion picture)။ Libya, USA: Magellan TV7 October 2019 တွင် ပြန်စစ်ပြီး
  4. Brett, Michael, and Elizabeth Fentress. 1996. The Berbers. Oxford: Blackwell, p. 35
  5. Brett, Michael, and Elizabeth Fentress p. 35
  6. Herodotus, Histories, Book 4, 170
  7. James Hastings, Encyclopedia of Religion and Ethics Part 4 - p. 512