မာတိကာသို့ ခုန်သွားရန်

နှိုင်းရအလျင်

ဝီကီပီးဒီးယား မှ
ရထားပေါ်၌ လမ်းလျှောက်နေသူ၏ နှိုင်းရအလျင်မှာ ရထား-တွေ့ကြုံရှုထောင့်အတွင်း၌ အရှေ့သို့ 10 km/h ဖြစ်ပြီး၊ ရထား၏ သွားနေနှုန်း နှိုင်းရအလျင်မှာမူ (လမ်းဘေးကျန်ရစ်သူ၏) ကျန်ရစ်မြေပြင်-တွေ့ကြုံရှုထောင့်အတွင်း၌ 40 km/h ဖြစ်အံ့။ သို့လျှင် လမ်းဘေးကျန်ရစ်သူ၏ မြေပြင်-တွေ့ကြုံရှုထောင့်၌ (ဂါလီ ပြောင်းကြည့်နည်းအရလျှင်) 10+40 = 50 km/h ဖြစ်တော့မည်။ တစ်နာရီကြာချိန်၌၊ ရထားပေါ်အတွင်း (ရထားရှုထောင့်တွင်) ထိုသူ၏ ရွေ့လျားအလျားမှာ 10km သာ ဖြစ်သော်လည်း၊ မြေပြင် အမှတ်ချအိမ် (ကိုဩဒီးနိတ်အိမ်) အတွင်း၌မူ လူ၏ သီးသန့်ရွေ့လျားမှုက 50 km စာ ရထားလမ်းတလျှောက် ဖြစ်တော့၏။

အရာတ္ထု(သို့မဟုတ် ကြည့်ရှုဇာတ်ကောင်) A အဖို့ အရာတ္ထု(သို့မဟုတ် ကြည့်ရှုဇာတ်ကောင်) Bနှိုင်းရအလျင် (အင်္ဂလိပ်: relative velocity) (သို့) (သို့) ဆိုသည်မှာ - Aတွေ့ကြုံရှုထောင့်ထဲ၌ တွေ့ကြုံတိုင်းတာရရှိသည့် Bအလျင် ဖြစ်၏။

ထို့ကြောင့် သာဓကအားဖြင့် ၎င်း A နှင့် B တို့က လောကအတွင်း တူညီသော အလျင်(velocity) နှင့် တူညီစွာ ရွေ့လျားနေသော်၊ ၎င်းတို့ကြား တည်နေရာအကွာအဝေးက မပြောင်းမလဲ ရှိနေမည်ဖြစ်၍ တခုကိုတခု (တဦးကိုတဦး) "ငြိမ်ရပ်နေသည်၊ ဖြစ်နေသည်" ဟု တွေ့ကြုံတိုင်းတာမိမည် ဖြစ်၏၊ ဤသည်မှာ ၎င်းတို့၏ [[တွေ့ကြုံရှုထောင့် (frame of reference) အသီးသီးတွင် ကျန်တခု (ကျန်တဦး)၏ နှိုင်းရအလျင် ကို သုညအဖြစ် တွေ့ကြုံတိုင်းတာရခြင်း ဖြစ်၏။ ထို့နောက် တတိယဇာတ်ကောင် C ၏ တွေ့ကြုံရှုထောင့်အတွင်း၌မူ ၎င်း ၂ခုစလုံးက အချင်းချင်းကြားမူ အကွာအဝေးတူညီလျက် တပါတည်း ရွေ့လျားနေကြသည်ဟု တွေ့ကြုံရလျှင် A နှင့် B တို့၏ နှိုင်းရအလျင်များ သုညဖြစ်နေမည် မဟုတ်၊ ဤတွေ့ကြုံရှုထောင့်အတွင်း ရွေ့လျားမှု ဖြစ်ပေါ်နေမည် ဖြစ်တော့၏။

အကိုးအကား[ပြင်ဆင်ရန်]