တောဆက်ရက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တောဆက်ရက်
Common Hill Myna (Gracula religiosa) at Jayanti, Duars, West Bengal W.jpg
G. r. peninsularis at Jayanti in the Buxa Tiger Reserve
(Jalpaiguri district, West Bengal, India)
Note wattles extending around nape
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
မျိုးပေါင်း:
ငှက်
Subclass:
Infraclass:
Superorder:
မျိုးစဉ်:
ပက်စာရီ‌ဖောမီး
မျိုးစဉ်သေး:
Infraorder:
Superfamily:
မျိုးရင်း:
စတာနီဒီး
မျိုးစု:
မျိုးစိတ်:
G. religiosa
ဒွိနာမ
Gracula religiosa
Linnaeus, 1758
Synonyms

Gracula indica (but see text)


တောဆက်ရက်သည် မျိုးစဉ်‘ပက်စာရီ‌ဖောမီး’မျိုးရင်း ‘စတာ နီဒီး’တွင် ပါဝင်သည်။ သတ္တဗေဒ(ပါဏဗေဒ‎) အမည်အားဖြင့် ‘အက်ကရီဒိုသီး ရီး ဖပ်စကပ်’ဟု‌ခေါ်သည်။ အလျား ၉ လက်မရှိသည်။ ခပ် လှမ်း လှမ်းမှကြည့်လျှင် ဆက်ရက်နှင့် ခွဲခြား၍မရအောင်တူ သည်။


သို့‌သော် ဆက်ရက်နှင့် ကွာခြား ချက်များကားရှိ၏။ ဆက်ရက်ထက် အ‌မွေးအ‌တောင် ညိုမှိုင်းသည်။ နှာ‌ပေါက် အထက်နားတွင် အ‌မွှေးများ‌ထောင်‌နေသည်။ ဆက်ရက်မှာကဲ့သို့ နှုတ်သီး‌အောက်ဘက်တွင် တွဲကျ‌နေ‌သော အဝါ‌ရောင်အ‌ရေပြား မရှိ‌ပေ။ ပျံသန်း‌နေစဉ် အ‌တောင်ရှိအဖြူ ကွက်များနှင့် အမြီးစွန်းရှိ အဖြူ‌ရောင်ကို ထင်ရှားစွာ မြင်နိုင်သည်။ သွင်ပြင်မူရာနှင့် ပျံသန်းပုံမှာ ဆက်ရက်နှင့်တူ၏။ သို့‌သော် ဆက်ရက်‌လောက် အတင့်မရဲသည့်ပြင် ဆက်ရက်ကဲ့သို့ ညစ်ညမ်းသည့်အစာကို မစား‌ချေ။ ‌တောဆက်ရက်ဟု အမည်တွင် ‌သော်လည်း ‌တောနက်တွင် ကျက်စား‌သောငှက်မျိုး မဟုတ်‌ပေ။ ဥယျာဉ်၊ ‌တောစပ်တို့တွင် ကျက်စား‌လေ့ရှိသည်။ လယ်‌တောတွင် ကျွဲနွားတို့၏ ဦး‌ခေါင်းထက်၌ နား‌နေသည်ကို မကြာခဏ ‌တွေ့ရသည်။ ‌ရေကန်နံ‌ဘေးရှိ ကိုင်း‌တောများနှင့် ‌ညောင်ပင်၊ လက်ပံပင်များ‌ပေါ်တွင်နား၍ အသီးအပွင့်များကို စား‌သောက် ‌လေ့ရှိသည်။ သား‌ပေါက်ချိန်တွင် ရန်ကုန်မြို့အနီးအနားတွင် ‌တွေ့ရတတ်သည်။

ချင်းတွင်းမြစ်တစ်‌လျှောက် ကင်းတပ်အထက်တွင် သဲထူထပ် ‌သောကမ်း‌ခြေနှင့် ‌တောင်ကမ်းပါး၌ ‌တောဆက်ရက်များကို ဆက်ရက်လည်နက်၊ ပုစဉ်းထိုးငှက်နှင့်အတူ ‌ရော‌နှော၍ ‌တွေ့ရ သည်။ ‌တောဆက်ရက် များသည်အများအားဖြင့် သစ်ပင် အ‌ခေါင်းများတွင် သား‌ပေါက်ကြသည်။ မြစ်ကြီးနားတွင် နှစ်စဉ် ‌ဖေ‌ဖေါ်ဝါရီလ ၂၀ ရက် ‌နေ့‌လောက်မှစ၍ ‌ပေါက်သည်ဟုဆို သည်။ ‌တောဆက်ရက်ကို ကမ္ဘာ့အ‌ရှေ့ပိုင်း နိုင်ငံများတွင် အနှံ့ အပြား ‌တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကွင်းပြင်များ၌၎င်း၊ ရှမ်း ကုန်း‌မြေမြင့်၌၎င်း အများအားဖြင့်‌တွေ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)