တရုတ်တန်း (ရန်ကုန်)

ဝီကီပီးဒီးယား မှ

ရန်ကုန်မြို့ရှိ တရုတ်တန်းသည် ဆူးလေစေတီတော်၏ အနောက်ဘက် ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ ဆူးလေဘုရားမှ အနောက်ဘက်ကို ဆက်လက်သွားမည်ဆိုပါက ဆူးလေဘုရားလမ်း၊ ၂၄ လမ်း၊ ၂၃ လမ်း၊ ၂၂ လမ်း၊ ၂၁ လမ်း၊ လမ်း ၂၀၊ ၁၉ လမ်း၊ ၁၈ လမ်း၊ ဗိုလ်ရွေးလမ်း၊ လသာလမ်း၊ စဉ့်အိုးတန်းလမ်းတလျှောက် စည်ကားရာနေရာများသည် မြို့တော်၏ စီးပွားရေးအချက်အချာနေရာများဖြစ်ပြီး ၎င်းနေရာများသည် တရုတ်တန်းတွင်ပါဝင်ကာ သီးခြားကမ္ဘာလေးတစ်ခုသို့ ရောက်ရှိသွားသလို ဖြစ်နေသည်။ ထိုလမ်းများအားလုံးသည် လသာမြို့နယ်ထဲတွင် ပါဝင်သည်။

သမိုင်း[ပြင်ဆင်ရန်]

ရန်ကုန်တရုတ်တန်းကို ဗြိတိသျှတို့ မြို့တော်ကို ချဲ့ထွင်သည့် ၁၈၅၀ ခုနှစ်များတွင် တည်ထောင်ခဲ့သည်။ တရုတ်တန်းသည် အနောက်ဘက်တွင် ရွှေတောင်တန်းလမ်းနှင့် အရှေ့ဘက်တွင် ရွှေတိဂုံဘုရားလမ်းအကြား တည်ရှိသည်။ မြောက်ဘက်နှင့် တောင်ဘက် အနားသတ်လမ်းများမှာ မဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်းတို့ ဖြစ်ကြသည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

လမ်းပြအိမ်မြှောင်[ပြင်ဆင်ရန်]

တရုတ်တန်းနှင့်ဆက်စပ်နေသော နေရာဒေသများမှာ: