မာတိကာသို့ ခုန်သွားရန်

တပ်မြို့စည်ပင်သာယာရေးဥပဒေ

ဝီကီပီးဒီးယား မှ

တပ်မြို့စည်ပင်သာယာရေးဥပဒေသည် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက် ရက်စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင်ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည်။ ဥပဒေတွင် အခန်းပေါင်း (၁၄)ခန်း နှင့် ပုဒ်မပေါင်း (၁၄၁)ခု ပါဝင်သည်။ ဤဥပဒေပြဋ္ဌာန်းခြင်းဖြင့် ယခင်က ကျင့်သုံးခဲ့သော The Cantonments Act.[မှတ်စု ၁] နှင့် The Cantonments (House Accommodation) Act.[မှတ်စု ၂] ဥပဒေတို့ကို ရုပ်သိမ်းခဲ့သည်။[]

ဥပဒေပါ အခန်းများ

[ပြင်ဆင်ရန်]

ဥပဒေတွင် အခန်း(၁၄)ခန်း၊ ပုဒ်မ(၁၄၁)ခုပါဝင်ပြီး ပြဋ္ဌာန်းထားသည့် အခန်းနံပါတ်အလိုက် ခေါင်းစဉ်နှင့် အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်[]

  1. အမည် နှင့် အဓိပ္ပာယ်ဖော်ပြချက်
  2. တပ်မြို့ သတ်မှတ်ခြင်းနှင့် ဖျက်သိမ်းခြင်း
  3. တပ်မြို့စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းခြင်း
  4. တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းတာဝန်များ
  5. တပ်မြို့ ရငွေ၊ သုံးငွေနှင့် ပစ္စည်းများ
  6. အခွန်စည်းကြပ်ခြင်း
  7. ကန်ထရိုက်စာချုပ်များ
  8. ဈေးများ၊ သားသတ်ရုံများနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်များ
  9. ပြည်သူများအန္တရာယ်ကင်းစေမှုနှင့် အနှောင့်အယှက်ကင်းလွတ်စေမှုကိစ္စများ
  10. အဆောက်အအုံများ၊ လမ်းများ၊ စည်းရိုး၊ သစ်ပင်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေး
  11. တပ်မြို့ကျန်းမာသန့်ရှင်းရေး
  12. လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်ဒဏ်နှင့် အယူခံခြင်းများ
  13. နည်းဥပဒေနှင့်စည်းကမ်းဥပဒေများ
  14. အထွေထွေ

တပ်မြို့

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် တပ်ရင်း၊ တပ်ဖွဲ့ အများအပြား အခြေစိုက်၍ တပ်မြို့စည်ပင်သာယာရေးကော်မတီဖြင့် ဖွဲ့စည်းအုပ်ချုပ်သော တပ်မြို့များရှိပြီး ဤဥပဒေအား ၎င်းမြို့များ၌ အဓိကကျင့်သုံးမည်ဖြစ်၏ -

ကာကွယ်ရေးဝန်ကြီးဌာန

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အောက်ပါတပ်မတော်အက်ဥပဒေ (၁၅)မျိုးအား လက်ရှိကိုင်တွယ်ကျင့်သုံးလျှက်ရှိသည် –

  1. ၁၉၄၈ ခုနှစ် လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ၊
  2. ၁၉၅၆ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်) အက်ဥပဒေ၊
  3. ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ
  4. မြန်မာနိုင်ငံပြည်စောင့်တပ်အက်ဥပဒေ (THE MYANMAR TERRITORIAL FORCE ACT)
  5. စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေ၊
  6. တပ်မတော်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အသုံးပြုခြင်းဥပဒေ၊
  7. တပ်မြို့စည်ပင်သာယာရေးဥပဒေ၊
  8. နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံနှင့် လုပ်ငန်းများဥပဒေ၊
  9. ပြည်သူ့စစ်မှုထမ်းဥပဒေ
  10. မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပဒေ၊
  11. မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဥပဒေ၊
  12. ရေယာဉ်များ လက်နက်တပ် ဆင်မှုတားမြစ်ရေးဥပဒေ၊
  13. အရန်တပ်ဖွဲ့ဥပဒေ
  14. နယ်ခြားစောင့်တပ်ဥပဒေ (ခေတ္တဆိုင်းငံ့)၊
  15. မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ

ရှင်းလင်းချက်မှတ်စုများ

[ပြင်ဆင်ရန်]
  1. THE CANTONMENTS ACT.[INDIA ACT II, 1924.] (မြန်မာဥပဒေသတင်းအချက်အလက်စနစ်)
  2. THE CANTONMENTS (HOUSE ACCOMMODATION) ACT. [INDIA ACT VI, 1923.] (မြန်မာဥပဒေသတင်းအချက်အလက်စနစ်)

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 တပ်မြို့စည်ပင်သာယာရေးဥပဒေ[လင့်ခ်သေ] (မြန်မာဥပဒေသတင်းအချက်အလက်စနစ်)

ပြင်ပလင့်များ

[ပြင်ဆင်ရန်]