ကံရာဇာငယ်
ကံရာဇာငယ်သည် မဇ္ဈိမဒေသ ကပိလဝတ်ပြည်မှ ပထမဦးစွာ မြန်မာနိုင်ငံတွင်းသို့ ရွှေ့ပြောင်းလာသော သကျသာကီဝင်မင်း၊အဘိရာဇာ၏ သားငယ်ဖြစ်သည်။ အဘိရာဇာမှာ သင်္ကဿရဋ္ဌ တကောင်းပြည်ကြီးကို စတင်တည်ထောင်သော မင်းဖြစ်သည်။ သားတော် ကံရာဇာငယ်သည် ခမည်းတော် အဘိရာဇာ နတ်ရွာစံသောအခါ နောင်တော် ကံရာဇာကြီးနှင့် ထီးမွေနန်းမွေလုကြရာ ရန်စစ်မထိုးဘဲ ကုသိုလ်စစ်ထိုးကြရာတွင် အရေးသာရသဖြင့် တကောင်းပြည်ကို ဆက်ခံ စိုးအုပ်ရသည်။ (မှတ်ချက်။ ။ အချို့စာအုပ်များတွင် မင်းကြီး အဘိရာဇာက သားတော် နှစ်ပါးအနက် မည်သူသည် ထီးနန်းစည်းစိမ်နှင့် ထိုက်တန်လေသနည်းဟု စုံစမ်းလို၍ ညတွင်းချင်း စေတီတစ်ဆူစီ ပြီးအောင် တည်စေရာ သားတော်ငယ်က အလျှင်ပြီးသဖြင့် အိမ့်ရှေ့အရာ အပ်နှင်းတော်မူပြီး နောင်တွင် မင်းဖြစ်သည်ဟု သိရသည်။)[၁] ထိုမင်း၏ သားတော်မှာ ဇမ္ဗူဒီပရာဇာ ဖြစ်သည်။ ကံရာဇာငယ်၏ သား၊ မြေး၊ အစဉ်အဆက်တို့သည် ၃၃ ဆက်တိုင် တကောင်းပြည်၌ပင် ဆက်လက် အုပ်စိုးကြ၍ နောက်ဆုံး ဘိန္နကရာဇမင်းလက်ထက် စိန့်ပြည်မှ တရုပ်တရက်တို့ နှောင့်ယှက်သဖြင့် ကံရာဇာငယ် စိုးစံခဲ့သော တကောင်းပြည်ကြီးပျက်စီးသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့သမိုင်းပုံပြင်များ(၁၉၅၂ ခုနှစ်)